← Chapters

ယောက်ျားဆန်သော ခွန်အား

Vol. 99 Ch. 1296

ယောက်ျားဆန်သော ခွန်အား

Vol. 99 Ch. 1296

ချင်မူမှာ ရှောင်ချီလို မင်းသားရှုံးအောင် ချောမောခံ့ညားသည့် ယောက်ျားတစ်ဦးဆီမှ ချီးကျူးခံလိုက်ရသည့်အတွက် အတော်လေး ကျေနပ်ကာ ပီတိဖြာနေတော့သည်။

ငွေရောင်သံချပ်ကာဖြင့် တပ်မှူးလေးမှာတော့ ဒေါသထွက်လာသည်။ “ကောင်းကင်နတ်အရှင်မူ၊ ခင်ဗျားက ချောပြီး ယောက်ျားပီသတာနဲ့ပဲ လုပ်ချင်တိုင်း လုပ်လို့ရမယ်မထင်နဲ့”

ချင်မူကား ပို၍ပင် ဂွမ်းဆီထိသွားပြန်သည်။ “မင်းလည်း ချောပေမယ့် မင်းက ဆွဲဆောင်မှုရှိလွန်းပြီး မိန်းမဆန်လွန်းတယ်…. ငါနဲ့ယှဉ်ရင်တော့ ယောက်ျားဆန်တဲ့ စိတ်သဘောထား လိုအပ်တာ အမှန်ပဲ…. ရှောင်ချီ၊ မင်းက ချီးကျူးမှတော့ ငါ မင်းအသက်ကို ချမ်းသာပေးလိုက်ပါမယ်”

ငွေရောင်သံချပ်ကာဖြင့် တပ်မှူးလေးခမျာ ဒေါသမထိန်းနိုင်တော့ချေ။ သူ့အ‌နောက်တွင် ကောင်းကင်နန်းဆောင် ဖွဲ့တည်လာပြီး သူ့၏မူလဝိညာဉ်က ကောင်းကင်နန်း‌ဆောင်ထဲရှိ နတ်ကောင်းကင်ခန်းမအရှေ့တွင် ရပ်နေသည်။ သူ၏မူလဝိညာဉ်သည်လည်း ကြောင်ခေါင်းနှင့် လူခန္ဓာကိုယ်ရှိသည့် ကြောင်ဖြူတစ်ကောင်ဖြစ်ကာ ချောမောပြီး ဆွဲဆောင်မှုရှိနေသည်။

ရှောင်ချီကား ယန်အာနှင့် တစ်ကြိမ် တိုက်ခိုက်ခဲ့ဖူးပြီး မရှုံးနိမ့်ခဲ့သဖြင့် သူ၏အစွမ်းအစမှာ သူများနှင့်မတူပေ။

သူက လှံဖြင့် ထိုးလိုက်သည့်အခါ နတ်ကောင်းကင်ခန်းမအရှေ့တွင် ရပ်နေသည့် ကြောင်ဖြူမူလဝိညာဉ်ကလည်း လှံဖြင့် ထိုးလိုက်သည်။ လှံအရိပ်နှစ်ခုသည် အတူတကွပေါင်းစည်းသွားပြီး လှံထဲတွင် ပါရှိသည့် စွမ်းအားက ကြောက်မက်ဖွယ်ကောင်းလာ၏။ သို့သော် ဤတိုက်ကွက်တွင် စွမ်းအားပုံပျက်ပြောင်းလဲသွားမှု မရှိပေ။

ချင်မူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “ခိုင်ဧကရာဇ်ခေတ်ရဲ့ ကောင်းကင်နတ်သိုင်းလား…. မင်းက ခိုင်ဧကရာဇ်‌ခေတ်က ကြောင်မိစ္ဆာလား”

ချင်မူက လက်ဝါးမြှောက်လိုက်ရာ ငွေသံချပ်ကာ၀တ် တပ်မှူးလေး၏ လှံက သူ့လက်ဖဝါးထဲသို့ ထိုးစိုက်လိုက်သည်။ လှံထိပ် သူ၏လက်ဖဝါးနှင့် ထိတွေ့သွားစဉ် ကောင်းကင်ရာနာနယ်ပယ် ပေါ်ထွက်လာတော့သည်။

ဝီ….

ကောင်းကင်ရတနာနယ်ပယ်၏ စွမ်းအား ဖြာထွက်သွားသည်နှင့် ငွေသံချပ်ကာတပ်မှူးမှာ နောက်သို့ လွင့်ထွက်သွားသည်။ သူ၏ခန္ဓာကိုယ်က ကျောက်တုံးတွင်းထဲရှိ မြူခိုးများကြား ဝင်ရောက်ပျောက်ကွယ်သွား၏။

ချင်မူက လက်ဖဝါးကို ပြန်ရုတ်၍ ငုံ့ကြည့်လိုက်သည်။

သူ့လက်ဖဝါးမှာ ငွေရောင်သံချပ်ကာတပ်မှူး၏ ထိုးစိုက်ခြင်း ခံလိုက်ရသည်။

ထိုသူ၏ ခိုင်ဧကရာဇ်ခေတ် ကောင်းကင်နတ်သိုင်းမှာ ထင်ရှားသိသာလွန်းသည့် ဟန်ပန်များ ရောယှက်နေသည်။ အခြားခေတ်များနှင့်ယှဉ်လျှင် ခိုင်ဧကရာဇ်ခေတ်တွင် လက်မှုပညာသည်တစ်ယောက်၏ စိတ်သဘောထားဟန်ပန် ပိုင်ဆိုင်ကြပြီး ပြီးပြည့်စုံမှုကို ဖမ်းဆုပ်ကြသည်။

ယင်းခေတ်၏ ကောင်းကင်နတ်သိုင်းများက သေးငယ်အောင် လုပ်၍ လှပအောင် ကြိုးစားကြကာ ကောင်းကင်နတ်သိုင်းတို့၏ စွမ်းအားများကို အဆုံးအစွန်အထိ ဖိနှိပ်ထားကြခြင်း ဖြစ်သည်။ ရန်သူကို မထိခိုက်လျှင်ချင်း စွမ်းအားက ထွက်ပေါ်လာမည်မဟုတ်သလို ပေါက်ကွဲလိမ့်မည်မဟုတ်ချေ။

ကောင်းကင်နတ်သိုင်း၏ စွမ်းအားကို အမြင့်ဆုံးအခြေအနေအထိ သိပ်သည်းဖိနှိပ်စေ၍ ကောင်းကင်နတ်သိုင်း ပေါက်ကွဲမည့် နေရာကို ချုံ့လိုက်ခြင်းအားဖြင့် ကောင်းကင်နတ်သိုင်းသည် ပိုမိုအားကောင်းသော အတိုက်အခိုက်စွမ်းရည်ကို ပိုင်ဆိုင်ပေလိမ့်မည်။

အမှန်တွင် ခိုင်ဧကရာဇ်ချင်ယဲ့၏ ဓားသိုင်းကွက်မှာလည်း ထိုသို့ပင် ဖြစ်သည်။

ခိုင်ဧကရာဇ် ရွှင်ပျော်ပျော်ဓားဖြင့် ကောင်းကင်နတ်အရှင်ဟွေ့၏ ရုပ်ခန္ဓာကို ထိုးဖောက်၍ ကောင်းကင်နတ်အရှင်ဟောင်၏ လက်ဖဝါးကို ထိုးစိုက်ခဲ့ခြင်းမှာ ဤအကြောင်းပြချက်ကြောင့် ဖြစ်၏။

ချင်မူ့လက်ဖဝါး ငွေရောင်သံချပ်ကာတပ်မှူး၏ ငွေရောင်လှံဖြင့် ထိုးခံခဲ့ရခြင်းမှာလည်း ၎င်းကြောင့်ပင်ဖြစ်သည်။

ချင်မူသည် ခိုင်ဧကရာဇ်ခေတ်၏ လမ်းစဉ်များ၊ ကျင့်စဉ်များနှင့် သိုင်င်းကွက်များကို သင်ယူခဲ့သော်လည်း သူ၏စွမ်းအားကို အပြည့်အဝ ထိန်းချုပ်ရန် ခက်ခဲလေသည်။ ထိုခေတ်မှ လူတစ်ယောက်သာ မဟုတ်လျှင် ခိုင်ဧကရာဇ်ခေတ်မှ ပြီးပြည့်စုံမှုကို မျှော်မှန်းကြသည့် လက်မှုပညာသည်တစ်ဦး၏ စိတ်စွမ်းအင်မျိုးကို နားလည်နိုင်မည်မဟုတ်ပေ။

ထို့ကြောင့် ဤတပ်မှူးလေးကား ခိုင်ဧကရာဇ်ခေတ်မှ မိစ္ဆာမျိုးနွယ် အဆင့်မြင့်သိုင်းပညာရှင်တစ်ယောက် ဖြစ်တန်ရာသည်။

ကြောင်ဖြူရှောင်ချီ၏ အသံက မြူခိုးများထဲမှ ထွက်ပေါ်လာပြီး အချိန်မရွေး ပြောင်းလဲနေသည်။ တစ်ခါတရံတွင် ချင်မူ့နောက်မှ ထွက်ပေါ်လာပြီး တစ်ခါတလေတွင်တော့ အပေါ်ဘက် ဘယ်ဘက်ထောင့်မှ ထွက်ပေါ်လာတတ်၏။ တစ်ချက်တစ်ချက်၌မူ ချင်မူ့ခြေထောက်အောက်မှ ထွက်ပေါ်လာရာ သူ၏တည်နေရာကို မမှန်းဆနိုင် ဖြစ်နေသည်။

“ခင်ဗျား နတ်အရှင်မယန်ကို လှည့်စားနိုင်ပေမယ့် ကျုပ်ကိုတော့ မရဘူး… ခင်ဗျား ကျောက်တုံးတွင်းထဲ ဝင်ပြီး ကျောက်တုံးရိုင်းကို ယူနိုင်တယ်လို့ ဘာလို့ ယုံကြည်ချက်ပြင်းပြနေမှန်း မသိပေမယ့်… ကျုပ် ခင်ဗျားကို သိသလောက်ကတော့ ခင်ဗျားမှာ သေချာပေါက် ယူနိုင်မယ့် ယုံကြည်ချက်ရှိနေတယ်”

သူသည် ပေါ့ပါးသွက်လက်သော ကြောင်တစ်ကောင်ဖြစ်သည့်အလျောက် ထိုက်ရှီကျောက်တုံးတွင်း၏ ထူးဆန်းမှုကို အသုံးပြု၍ သူ၏ ခြေရာလက်ရာများကို ဖျောက်ထားသည်။ သူက နှာခေါင်းရှုံ့လျက် ပြော၏။ “အရှင်မက ခင်ဗျားကို နားမလည်တော့ ကျောက်တုံးတွင်းထဲမှာ ခင်ဗျား သေသွားမယ်ထင်နေတာ… ကျုပ်ကတော့ အဲ့လိုမဟုတ်ဘူး… ခင်ဗျားအကြောင်းကို ကျုပ် ကောင်းကောင်းသိတယ်”

ချင်မူက အာရုံမစိုက်ဘဲ ရှေ့ဆက်လျှောက်နေသည်။

ကြောင်ဖြူရှောင်ချီ၏ အသံက သူ့နားအနီးတွင် ပွစိပွစိ ပြောနေသကဲ့သို့ ဝေးသွားလိုက်၊ နီးလာလိုက် ဖြစ်နေသည်။ “ခင်ဗျားက တုံးအတဲ့ သမင်တစ်ကောင်လို သိပ်စပ်စုတယ်… ကိုယ့်ကိုကိုယ် သေတွင်းထဲ တွန်းပို့နေတာ… ဒါပေမဲ့ အမြဲတမ်း အသက်ရှင်နိုင်ခဲ့တယ်… ကံကောင်းလို့မဟုတ်ဘူး.. အန္တရာယ်တွေထဲ ရောက်တိုင်း မှန်ကန်တယ်လို့ ခင်ဗျား ခံစားရလို့ပဲ… သေခါနီးဖြစ်နေရင်တောင်မှ လွတ်နိုင်မယ့် နည်းလမ်းတွေ ခင်ဗျားမှာ ရှိတယ်”

ချင်မူက ပတ်ဝန်းကျင်ကို အကဲခတ်လျက် မူလကျောက်တုံးအား ရှာတွေ့ရန် ကြိုးစားနေသည်။ သူက ပြုံး၍ တုံ့ပြန်လိုက်၏။ “ငါ့မှာ ဘယ်လိုနည်းလမ်းတွေများ ရှိလို့လဲ… ငါ ကျောက်တုံးတွင်းနဲ့ တစ်သားတည်းဖြစ်သွားရင် သေသွားမှာမဟုတ်လား..”

“မှားတယ်… ဒီတစ်ကြိမ်မှာ ခင်ဗျား ဘယ်လိုအန္တရာယ်မျိုးမှ မကြုံရဘူးဆိုတာကို သိထားလို့ ယုံကြည်ချက်အပြည့် ဖြစ်နေတာပဲ”

မြူခိုးထဲတွင် ငွေရောင်လှံတစ်လက်က ချင်မူ့နှလုံးသားအနောက်သို့ တိတ်တဆိတ် ထိုးစိုက်လိုက်သည်။

ကြောင်ဖြူရှောင်ချီမှာ တိတ်တဆိတ် လုပ်ကြံသတ်ဖြတ်သူတစ်ဦးနှင့် တူပြီး အမှောင်ထဲတွင် ပုန်းခိုနေသည့် မြွေတစ်ကောင်အလား သွက်သည်။

ချင်မူက ချာခနဲ လှည့်လိုက်ရင်း ဓားကို လွှဲရမ်းကာ လှံထိပ်ကို တွန်းဖယ်လိုက်သည်။ ထိုအခိုက်အတန့်တွင် လှံထိပ်မှ ပေါက်ကွဲထွက်လာသော စွမ်းအားက သူ့လက်မောင်းကို ထုံကျင်သွားစေ၏။

သူ ‌လှံထိပ်ကို တွန်းဖယ်လိုက်သည့်နှင့် ဧရာမကြောင်ဖြူတစ်ကောင်၏ မူလဝိညာဉ်က သူ့အနောက်တွင် ပေါ်လာသည်။ ၎င်းက နှိုင်းမရ‌နိုင်အောင် ချွန်ထက်သော လက်သည်းကြီးများဖြင့် သူ့အား လှမ်းကုတ်သည်။

သိုင်းပညာရှင်များ၏ မူလဝိညာဉ်များ ကောင်းကင်တံတားအဆင့်အထိ ကျင့်ကြံပြီးသောအခါတွင် မူလဝိညာဉ်သည် ရုပ်ခန္ဓာနီးပါး အဆင့်မြင့်လာတတ်ကြ၏။

အစစ်အမှန်နတ်ဘုရားအဆင့်အထိ ကျင့်ကြံပြီးပါက မူလဝိညာဉ်များသည် ရုပ်ခန္ဓာအသွင်သဏ္ဍာန်နှင့် ထပ်တူကျလုနီးပါး ဖြစ်လာသည်။ ထိုမျှသာမက အလွန်မြန်ဆန်ကြသည့်အပြင် အင်အားကြီးမားသောကြောင့် နတ်လက်နက်များထက် သာလွန်၏။

နတ်ဘုရားစီရင်ရာစင်မြင့်အဆင့်သို့ ရောက်၍ နတ်ဘုရားစီရင်ရာစင်မြင့်၏ စမ်းသပ်မှုကို ကျော်ဖြတ်ပြီးသောအခါ ထိုမူလဝိညာဥ်များသည် ရှေးဟောင်းနတ်ဘုရားတို့၏ အင်အားနှင့် တူညီလာသည်။ မဟာတာအိုကို ခြယ်လှယ်ရာတွင် ရှေးဟောင်းနတ်ဘုရားအား မယှဉ်နိုင်သော်လည်း စွမ်းအားကတော့ အလွန်အမင်း ပြင်းထန်ကြသည်။

နတ်ကောင်းကင်ခန်းမအဆင့်သို့ ကျင့်ကြံပြီးသည့်အခါတွင်တော့ မူလဝိညာဉ်၏ စွမ်းအားသည် ကျောက်စိမ်းမြို့တော်အဆင့် ဖြစ်တည်မှုများကို အလွယ်တကူ သတ်ပစ်နိုင်ပြီး သူတို့၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်များကိုပင် ဖျက်ဆီးပစ်နိုင်သည်။

ကြောင်ဖြူမူလဝိညာဉ် လက်သည်းများဖြင့် ကုတ်ချလိုက်ချိန်တွင် ချင်မူက နှာခေါင်းရှုံ့လိုက်၏။ “ရှောင်ချီ၊ ငါက ယိုတုသားတော် ဖြစ်ခဲ့ဖူးတာ မင်း မသိဘူးလား… ငါရှေ့မှာ ဘယ်သူကမှ မူလဝိညာဥ် သုံးပြီးတော့ မတိုက်ခိုက်ရဲဘူး… မင်းက ပထမဆုံးပဲ”

သူ၏ ကောင်းကင်ရတနာနယ်ပယ်ထဲတွင် မြေအောက်ဘုံအရှင်သခင်ချင်မူက ဖြည်းဖြည်းချင်း ထရပ်၍ ချင်မူ့နောက်တွင် မားမားမတ်မတ် ရပ်နေသည်။

ကြောင်ဖြူမူလဝိညာဉ်၏ ချွန်ထက်သော လက်သည်းများက ချင်မူ့ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာ၏။ ဤတိုက်ကွက်၏ စွမ်းအားမှာ ပြင်းထန်သော်လည်း တန်ပြန်တွန်းကန်အားက ပို၍ပင် ပြင်းထန်သည်။

ကြောင်ဖြူမူလဝိညာဥ်က အမြှီးနင်းခံလိုက်ရသည့် ကြောင်တစ်ကောင်အလား မရှုမလှ အော်ဟစ်လိုက်သည်။ မူလဝိညာဥ်၏ ယင်ဝိညာဉ်သုံးခု၊ ယန်ဝိညာဉ်ခုနစ်ခုတို့မှာ ခန္ဓာကိုယ်ထဲမှ တွန်းထုတ်ခံလိုက်ရပြီး ဝိညာဉ်သန္ဓေသားနှင့် တကွဲတပြား ဖြစ်သွားသည်။

“မင်းက ကောင်းကင်နတ်ဧကရာဇ်ရဲ့ အဆောင်ထဲမှာ နေတာ ကြာသွားပြီ”

မြေအောက်ဘုံအရှင်သခင်ချင်မူ၏ ဧရာမခန္ဓာကိုယ်ကြီးက ကောင်းကင်နှင့် မြေကြီးကြားတွင် မားမတ်စွာ ရပ်တည်နေသည်။ သူက လက်ဆန့်တန်း၍ ထွက်ပြေးရန် ကြိုးစားနေသော ယင်ဝိညာဉ်သုံးခု၊ ယန်ဝိညာဉ်ခုနစ်ခုတို့ကို ဆုပ်ယူလိုက်၏။ ဝိညာဉ်သန္ဓေသားပင်လျှင် မြေအောက်ဘုံအရှင်သခင်ချင်မူ၏ လက်ထဲသို့ ကျလာသည်။

“ငါနဲ့ တိုက်ခိုက်တဲ့ နတ်ကောင်းကင်ခန်းမအဆင့် အဆင့်မြင့်သိုင်းပညာရှင်တွေ အများကြီးရှိပေမယ့် ယိုတုသားတော်အရှေ့မှာ မူလဝိညာဥ်နဲ့ တိုက်ခိုက်ရင် သေကြမယ်ဆိုတာကို သူတို့အကုန်လုံး သိထားကြတယ်… ဒါကြောင့် နတ်လက်နက်တွေရဲ့ စွမ်းအားတွေနဲ့ပဲ ငါ့ကို တိုက်ခိုက်ကြတာ”

မြေအောက်ဘုံအရှင်သခင်ချင်မူက လက်ဝါးဖြန့်လိုက်သည့်အခါ ကြောင်ဖြူ၏ ဝိညာဥ်နှင့် ဝိညာဥ်သန္ဓေသားမှာ တဆတ်ဆတ် တုန်နေသည်။ သူ၏ဝိညာဉ်သည် ယင်ဝိညာဉ်သုံးခု၊ ယန်ဝိညာဉ်ခုနစ်ခုအဖြစ် ဖြိုခွဲခံထားပြီး ဝိညာဉ်တစ်ခုစီတိုင်း ကွဲထွက်နေ၏။

မြေအောက်ဘုံအရှင်သခင်ချင်မူက သူ၏ ယင်ဝိညာဉ်သုံးခု၊ ယန်ဝိညာဉ်ခုနစ်ခုကို ပြန်စုစည်း၍ ဝိညာဉ်သန္ဓေသားထဲ ထိုးထည့်လိုက်ပေးလိုက်ကာ သူ၏မူလဝိညာဥ်ကို ပြန်လည်ပြည့်စုံသွားစေပြီး မြေပေါ် ချပေးလိုက်သည်။

“ရှောင်ချီ၊ မင်း သွားလို့ရပြီ… ငါ မင်းရဲ့အသက်ကို ချမ်းသာပေးမယ်လို့ ကတိပေးခဲ့တယ်”

ချင်မူက လက်ဖဝါးရုတ်လိုက်ရင်း အပြုံးဖြင့် ပြော၏။ “မင်းကို သတ်ဖို့က ငါ့အတွက် လက်ကလေး မြှောက်သလောက် လွယ်တယ်…. မင်း ငါ့ကို နောက်တစ်ကြိမ် တိုက်ခိုက်လာရင် သနားနေမှာမဟုတ်ဘူး … မြှောက်ပင့်စကားလေးက အသက်ကို နှစ်ခါ ချမ်းသာပေးဖို့ မလုံလောက်ဘူး”

မလှမ်းမကမ်းတွင် ငွေရောင်သံချပ်ကာဖြင့် တပ်မှူလေးသည် သွေးဆုပ်ဖြူလျော်နေသော မျက်နှာဖြင့် မြူခိုးထဲမှ ထွက်ခွာသွား၏။ သူက မူလဝိညာဉ်ကို အလျင်အမြန် ပြန်ရုတ်သိမ်း၍ ကြောင်ဖြူတစ်ကောင်အဖြစ် ပြောင်းလဲကာ လမ်းတလျှောက် ပြေးသွားတော့သည်။

ကြောင်ဖြူက ချင်မူ့ကို တစ်ချက်လှည့်ကြည့်ပြီးနောက် မြူခိုးများကြား ဝင်ရောက်ပျောက်ကွယ်သွားချေပြီ။

ချင်မူက အနည်းငယ် ပြုံးလိုက်ပြီး မျက်ခုံးနှစ်ဖက်ကြားရှိ မျက်လုံးကို ဖွင့်ကာ ရှာဖွေနေသည်။

ကြောင်ဖြူရှောင်ချီ၏ နှောင့်ယှက်မှုကြောင့် ကျောက်တုံးတွင်း၏ လူသူကင်းမဲ့သော နေရာသို့ ရောက်ရှိလာခဲ့ပြီး ဖြစ်၏။ ရုပ်ခန္ဓာပျောက်ကွယ်၍ လျှောက်သွားနေကြသော နတ်ဘုရားများမရှိသလို မည်သည့်အသံမှလည်း မကြားရပေ။ မြူခိုများသာ ဟိုနေရာတွင် ခပ်ထူထူ၊ သည်နေရာတွင် ခပ်ပါးပါးဖြင့် နေရာယူထားကြ၏။

ဤသည်က မည်သူမှ ခြေမချရဲသော နေရာပင်။

“ကောင်းကင်နတ်အရှင်မူ၊ မူလကျောက်တုံးက ဒီမှာ”

ဒေါင်လိုက်မျက်လုံးထဲတွင် ထိုက်ရှီမှာ စိတ်လှုပ်ရှားလာသည်။ ဥထဲရှိ တာအိုသံမှာလည်း အနည်းငယ် အက်ကွဲနေသည်။ “ငါ ခေါ်လိုက်တော့မယ်”

သူ နောက်ဆုံးတော့ အိမ်ပြန်ရောက်ခဲ့ချေပြီ။

All Chapters