← Chapters

ကောင်းကင်နယ်စားမင်း၏ ရောက်ရှိလာမှု

Vol. 99 Ch. 1298

ကောင်းကင်နယ်စားမင်း၏ ရောက်ရှိလာမှု

Vol. 99 Ch. 1298

ဟုန်စုနှင့် ကြောင်ဖြူက အရာအားလုံး တည်ငြိမ်သွားသည်အထိ စောင့်ဆိုင်းနေသည်။ သူတို့ ကျောက်တုံးတွင်းထဲ ပြန်လာကြတော့မည်အချိန် ထူးဆန်းသော အလင်းတန်းက ကျောက်တုံးတွင်းထဲမှ ထပ်မံထွက်ပေါ်လာပြန်၏။

“ကောင်းကင်နတ်အရှင်မူ…. ဒီလူက မသေသေးဘူးလား”

ဟုန်စုမှာ အံတင်းတင်းကြိတ်လိုက်သော်လည်း မည်သို့မျှ မတတ်နိုင်ပေ။

ထိုက်ရှီကျောက်တုံးတွင်းထဲတွင် သူမသည် သုံးခါတိတိ ရှုံးနိမ့်ခဲ့ပြီး ခဲမှန်ဖူးသော စာသူငယ်အဖြစ်သို့ ရောက်ခဲ့ဖူးပြီး ဖြစ်သည်။ ယခုမူ ကျောက်တုံးတွင်းက အပြင်းအထန် ပေါက်ကွဲနေသဖြင့် သူမကဲ့သို့ ဧကရာဇ်ပလ္လင်အဆင့် သိုင်းပညာရှင်တစ်ဦးပင်လျှင် အတင်းအဓမ္မ ဝင်ရောက်သွားပါက သေဆုံးရလိမ့်မည်။

‘သူ ဘယ်လိုလုပ် အသက်ရှင်နိုင်ခဲ့တာလဲ’ သူမမှာ အမြင်ကပ်မိသလို နားမလည်နိုင်လည်း ဖြစ်နေမိသည်။

ကျောက်တုံးတွင်းက နှစ်ကြိမ်ပေါက်ကွဲသွားခဲ့ပြီး ဒုတိယအကြိမ်သည် ပထမအကြိမ်ထက် ပိုမိုပြင်းထန်၏။ သူမ၏ အစွမ်းအစများဖြင့်ပင် ခံနိုင်ရည် မရှိပေ။ သူမသာ ပေါက်ကွဲမှု၏ အလယ်ဗဟိုတွင် ရှိနေခဲ့ပါက သေချာပေါက် ဖျက်ဆီးချေမှုန်းခံရမည်ဖြစ်ကာ လွတ်မြောက်နိုင်မည့် နည်းလမ်းမရှိချေ။ ချင်မူကား အဘယ်သို့ပြု၍ ပေါက်ကွဲမှုမှ ရှင်ကျန်ခဲ့ပါသနည်း။

ရုတ်တရက် ကြောင်ဖြူက မေးသည်။ “ကောင်းကင်နတ်အရှင်မူက မူလကျောက်တုံးကို တကယ်ပဲတွေ့သွားတာများလား”

ဟုန်စု အံ့အားသင့်သွားမိသည်။

သူမအနေဖြင့် မူလကျောက်တုံးအကြောင်း များများစားစား မသိပေ။ သုံးကြိမ်မြင်ဖူးခဲ့သော်လည်း မြင်ဖူးမိတိုင်း အန္တရာယ်ရှိမှန်း သိရှိခဲ့သဖြင့် ထွက်ပြေးခဲ့သည်။

မူလကျောက်တုံးသည်သာ ကျောက်တုံးတွင်း၏ ပေါက်ကွဲမှုကို ခုခံနိုင်လောက်သည်။

မကြာမီ ကျောက်တုံးတွင်း၏ ဒုတိယအကြိမ် ပေါက်ကွဲမှုလည်း ပျောက်ကွယ်သွားသည်။ ဟုန်စုက နှုတ်ခမ်းကို ကိုက်ထား၏။ “ကောင်းကင်နတ်အရှင်မူ ဒီတစ်ခါတော့ ရပ်သင့်ပြီ”

သို့သော် ကျောက်တုံးတွင်းသည် တတိယအကြိမ် ပေါက်ကွဲလာပြီး အလင်းတန်းက ကောင်းကင်ထက်သို့ ပြေးတက်၍ ဘိုးဘေးနန်းတော်အပြင်တွင် တောက်ပနေပြန်သည်။ ကောင်းကင်ထက်တွင် ပျံဝဲလျက် ကောင်းကင်ထဲရှိ ဧရာမအပေါက်ကြီးကို စိတ်ဝင်တစား ကြည့်နေကြသော ဟင်းလင်းပြင်သားရဲများကိုပင် သူတို့ မြင်တွေ့နေရသည်။

စပ်စုသည့် ဟင်းလင်းပြင်သားရဲတစ်ကောင်က ကျောက်တုံးတွင်းထဲရှိ အလင်းတန်းဆီသို့ ခေါင်းစိုက် ထည့်ကြည့်လိုက်၏။ ထိုဟင်းလင်းပြင်သားရဲက ဝှစ်ခနဲ ခေါင်းပြန်ထုတ်လိုက်သော်လည်း ၎င်း၏ဦးခေါင်းမှာ ပါမလာတော့ပေ။ ၎င်း၏လည်ပင်းကြီးပေါ်၌ မည်သည့်အရာမှ မရှိတော့။

တခြားဟင်းလင်းပြင်သားရဲများလည်း ကြောက်လန့်တကြား ထွက်ပြေးကုန်ကြသည်။

ခေါင်းပြတ်ဟင်းလင်းပြင်သားရဲသည် မသေဘဲ အခြားဟင်းလင်းပြင်သားရဲများနှင့်အတူ ထွက်ပြေးသွား၏။ ၎င်းက ကျန်သားရဲများကို ပိုမိုကြောက်လန့်သွားစေသဖြင့် အရပ်လေးမျက်နှာသို့ အသည်းအသန် ထွက်ပြေးသွားစေသည်။

“နတ်ဘုရားဘုရင်၊ ကျွန်မ ရှင့်ကို နားမလည်နိုင်ခဲ့ဘူး”

နတ်အရှင်မယန်နှင့် ရှေးဟောင်းနတ်ဘုရားဘုရင်တို့က အမိကမ္ဘာမြေကို ရှာရင်း စကားစမြည် ပြောနေကြသည်။ နတ်အရှင်မယန်သည် မျက်ဝန်းများ လင်းလက်နေပြီး ပြောနေ၏။ “အသက်အကြီးဆုံး နတ်ဘုရားဘုရင်နဲ့ နတ်ဘုရားတစ်ပိုင်းတွေရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ရှင့်အနေနဲ့ ကောင်းကင်နယ်စားမင်းကို ဖယ်ရှားပစ်ချင်ပြီး သူ့နေရာမှာ အစားထိုးနေရာယူချင်တာက သဘာဝပဲ… ဒါပေမဲ့ ကောင်းကင်နယ်စားမင်းက ရှင့်အဖေမလား… ရှင် တကယ်ပဲ သူ့ကို သတ်နိုင်လို့လား… ကျွန်မတင် သူ့ကို နားမလည်နိုင်တာ မဟုတ်ဘူး… ကောင်းကင်နတ်အရှင်ဟောင်တောင်မှ နားမလည်နိုင်လောက်ဘူး”

ရှေးဟောင်းနတ်ဘုရားဘုရင်က လက်ဝှေ့ရမ်းလိုက်ရာ ကောင်းကင်တစ်လျှောက် ကြယ်တာရာများ တဖိတ်ဖိတ် တောက်ပသွားလေသည်။ မရေမတွက်နိုင်သော မျက်လုံးများက ဘိုးဘေးနန်းတော်ထဲမှ လှုပ်ရှားမှုများကို ကြည့်ရှုနိုင်အောင် ကူညီပေးနေသည့်အလား ထင်ရသည်။ သူက စိတ်မဝင်စားစွာ ဖြေ၏။ “ကောင်းကင်နတ်အရှင်ဟောင်လား… သူက အပြင်းအထန် ဒဏ်ရာရထားပြီး သူ့ကိုယ်သူတောင် မကာကွယ်နိုင်တော့ဘူးလေ”

နတ်အရှင်မယန်လည်း ထိုသတင်းများကို ကြားထားသည်။ ကောင်းကင်နတ်အရှင်ဟောင်သည် မဟာဧကရာဇ်နှင့် တိုက်ခိုက်၍ မဟာလေဟာနယ်ကို ပြိုလဲစေခဲ့၏။ ထို့နောက် ချင်မူက အခွင့်အရေးကို အသုံးချကာ သူ့အား သတ်ဖြတ်ရန် မိုင်ခြောက်သိန်းအထိ လိုက်လံဖမ်းဆီးခဲ့သည်။ သို့သော် ကောင်းကင်နတ်အရှင်ဟောင်သည် သနားစဖွယ် လွတ်မြောက်သွားခဲ့၏။ ဤကိစ္စကား အပေါ်ယံကြည့်ပါက သတင်းမပျံ့ခဲ့သော်လည်း လောကတွင် ရေမစိမ့်နိုင်သည့် နံရံဟူ၍ မရှိပေ။ ထိုအကြောင်းက သူမနားထဲ ရောက်လာခဲ့သေးသည်။

“ကောင်းကင်နတ်အရှင်ဟောင်က ဘယ်လောက်အစွမ်းထက်တာ မှတ်လို့”

သူမက အပြုံးမဟုတ်သောအပြုံးဖြင့် ပြောသည်။ “ကောင်းကင်နတ်အရှင်ဟောင်က အဲဒီလို ရှုံးနိမ့်သွားတဲ့အတွက် ဘယ်တော့မှ သက်သာလာတော့မှာ မဟုတ်ဘူး ထင်နေတာလို့တော့ ကျွန်မကို မပြောနဲ့နော်”

“မဟုတ်ပါဘူး... ကောင်းကင်နတ်အရှင်ဟောင်ကို စိတ်ရင်းနဲ့ အသိအမှတ်ပြုပါတယ်”

ရှေးဟောင်းနတ်ဘုရားဘုရင်က ဆွေး‌ဆွေးမြေ့မြေ့ သက်ပြင်းချလိုက်ရင်း ပြောသည်။ “ကျုပ် သူ့ကို အလေးစားဆုံးအချက်က ကောင်းကင်နတ်အရှင်ယွင်နဲ့ မဟာမိတ်ဖွဲ့ပြီး သူ့အဖေကို ရှင်းလင်းပစ်ဖို့ သတ္တိရှိခဲ့တာပဲ… အမှန်ပြောရရင် ကျုပ် အရင်က ရွှမ်တုကနေ ထွက်လာခဲ့တာက ကျုပ်အဖေ အားနည်းလွန်းလို့ ထွက်လာခဲ့တာ… သူက အနာဂတ်မှာ ကမ္ဘာခေတ်နှောင်းသတ္တဝါတွေ အင်အားကြီးမားလာမှာကို သေချာမြင်ခဲ့ရတယ်… ကမ္ဘာခေတ်နှောင်းသတ္တဝါတွေက ရှေးဟောင်းနတ်ဘုရားတွေနဲ့ နတ်ဘုရားတစ်ပိုင်းတွေကို သေချာပေါက် ရှင်းလင်းပြီး ခမ်းနားတဲ့ သမိုင်းကြောင်းတွေကို ဖျက်ဆီးပစ်ကြမှာ… ဒါပေမဲ့ သူက စိတ်မဝင်စားဘဲ လုံးဝ ဝင်မပါခဲ့ဘူး”

“ကျုပ်အဖေက အိုနေပြီ…. ကောင်းကင်နယ်စားမင်းအနေနဲ့ သူက လောကကြီးထဲက ဘယ်အရာကိုမှ ဝင်ပါမပတ်သက်ဘဲ တရားမျှတဖို့ပဲ ကြိုးစားဆောင်ရွက်နေတာလေ… အဟက်… ဒီလောကမှာ တရားမျှတမှုဆိုတာ ရှိသေးလို့လား… ကျုပ် အရာအားလုံးကို ပြောင်းလဲပစ်ချင်တယ်”

သူက ကောင်းကင်သို့ လေးနက်စွာ မော့ကြည့်လိုက်သည်။ “ကောင်းကင်နတ်အရှင်မူ ပထမဆုံး ရှေးဟောင်းနတ်ဘုရားကို သတ်ပစ်ခဲ့ကတည်းက ကျုပ် အရာအားလုံးကို ပြောင်းလဲပစ်မယ်လို့ ဆုံးဖြတ်ချက်ချခဲ့တယ်…. အဲဒီလို အဆင့်နိမ့်တဲ့ကောင်တွေ ကောင်းကင်နဲ့ မြေကြီးရဲ့ ရှေးရိုးထုံးစံကို ဖျက်ဆီးခွင့် မပေးနိုင်ဘူး… အစက ရှေးဟောင်းနတ်ဘုရားတွေ နတ်ဘုရားတစ်ပိုင်းတွေနဲ့ ပူးပေါင်းပြီး အဲဒီပိုးကောင်တွေကို ရှင်းလင်းပစ်နိုင်မယ် ထင်ခဲ့တာ… ဒါပေမယ့် စိတ်ပျက်ဖို့ကောင်းစွာနဲ့ပဲ ကျုပ်နဲ့အတူ ပူးပေါင်းချင်တဲ့ ရှေးဟောင်းနတ်ဘုရားတွေက‌ စောက်သုံးမကျတဲ့သူတွေ ဖြစ်နေတယ်… အင်အားကြီး ရှေးဟောင်းနတ်ဘုရားတွေကလည်း အဖေ့လိုပဲ… အဲဒီကစပြီး ကျုပ် သိခဲ့ရတယ်…”

သူက နှာခေါင်းရှုံ့၍ ပြော၏။ “ရှေးဟောင်းနတ်ဘုရားတွေနဲ့ နတ်ဘုရားတစ်ပိုင်းတွေက မတူညီကြဘူး… နတ်ဘုရားတစ်ပိုင်းတွေက ရှေးဟောင်းနတ်ဘုရားတွေကနေ မွေးဖွားလာတာဆိုပေမယ့် မျိုးနွယ် မတူကြဘူး… အဲဒီအစား ရှေးဟောင်းနတ်ဘုရားတွေက နတ်ဘုရားတစ်ပိုင်းတွေရဲ့ အဟန့်အတား ဖြစ်လာလိမ့်မယ်… အရင်က ကျုပ်တို့နတ်ဘုရားတစ်ပိုင်းတွေဟာ ရှေးဟောင်းနတ်ဘုရားတွေနဲ့ ပူးပေါင်းရင်း ဖန်ဆင်းရှင်တွေကို သတ်ဖြတ်ပြီး လောကကို သိမ်းပိုက်နိုင်ခဲ့တယ်… အဲဒီဂုဏ်က ရှေးဟောင်းနတ်ဘုရားတွေပဲ ပိုင်တာမဟုတ်ဘူး… ရှေးဟောင်းနတ်ဘုရားတွေက ပိုင်ဆိုင်နိုင်ဖို့ မတိုက်ခိုက်ကြတဲ့အတွက် နတ်ဘုရားတစ်ပိုင်းတွေပဲ ပိုင်သင့်တယ်… ဒါကြောင့် ကျုပ်လမ်းကို ပိတ်တဲ့သူမှန်သမျှ ကျုပ်အဖေ ဖြစ်နေရင်တောင် ဖယ်ရှားဖို့ ဆုံးဖြတ်ချက်ချပြီးသွားပြီ”

သူက ပြုံးရင်း ဆက်ပြောသည်။ “အဖေက အသက်ကြီးနေပြီ… အနားယူပြီး သူ့ရဲ့ရာထူးကို လက်လျှော့လိုက်ဖို့ အချိန်ရောက်ပြီ…. လက်မလျှော့ရင်တော့ သေလမ်းတစ်လမ်းပဲ ကျန်လိမ့်မယ်”

နတ်အရှင်မယန်က သဘောကျစွာ ရယ်၍ တစ်စုံတစ်ခု ပြောတော့မည်အချိန် ရုတ်တရက် ကောင်းကင်သို့ မော့ကြည့်လိုက်သည်။ အလင်းတန်းတစ်တန်း ကောင်းကင်ထက်သို့ ထိုးတက်လာသည်ကို တွေ့မြင်လိုက်ရသည်။

သူမမျက်နှာ အနည်းငယ် ပျက်သွား၏။

ရှေးဟောင်းနတ်ဘုရားဘုရင်ကလည်း လှမ်းကြည့်၍ သံသယအပြည့်ဖြင့် ပြောသည်။ “အရှင့်မိဖုရား၊ အဲဒီအလင်းတန်းက ကြည့်ရတာ ခင်ဗျားရဲ့ ပိုင်နက်ကမလား”

နတ်အရှင်မယန်က ခေါင်းညိတ်သည်။ သူမ၏မျက်နှာအမူအရာမှာ မျိုးစုံပြောင်းလဲနေလေသည်။

ရှေးဟောင်းနတ်ဘုရားဘုရင်၏ အကြည့်က ရိပ်ခနဲ ဖြတ်ပြေးသွားပြီး သူက အပြုံးဖြင့် ပြောသည်။ “ဂုဏ်ယူပါတယ် အရှင့်မိဖုရား… ကြည့်ရတာ ခင်ဗျားရဲ့ ကျောက်တုံးတွင်းထဲကနေ ရတနာကြီးတစ်ခု ရလိုက်တဲ့ပုံပဲ… ဘိုးဘေးနန်းတော်ရဲ့ ကျောက်တုံးတွင်း ငါးတွင်းထဲမှာ မူလကျောက်တုံး ငါးမျိုးရှိတယ်… မဟာဧကရာဇ်က တစ်ခုရသွားပြီးပြီ… သူက စကြဝဠာကို နှစ်ပေါင်းကုဋေနဲ့ချီအောင် အုပ်စိုးခဲ့တာ… အခု အရှင်မလည်း တစ်ခုရသွားပြီဆိုတော့ အနာဂတ်မှာ အရှင်မရဲ့ နေရာက တည်မြဲပါလိမ့်မယ်”

နတ်အရင်မယန်က ဟက်ခနဲ အသံတစ်ချက်ပြုလိုက်သော်လည်း သူမ၏စိတ်မှာ ကစဉ့်ကလျားဖြစ်နေသည်။ အလင်းတန်းသည် ကောင်းကင်နှင့် ကောင်းကင်နတ်အရှင်တို့၏ ချိပ်တံဆိပ်ကို ပြောင်းလဲ၍ ဘိုးဘေးနန်းတော်အား အပြင်လောကနှင့် ဆက်သွယ်နေကြောင်း သူမတွေ့မြင်နေရ၏။

အလင်းတန်း ပျောက်ကွယ်သွားလေသည်။

နတ်အရှင်မယန်က စိတ်ထိန်းလိုက်ရင်း တွေးလိုက်၏။ ‘ဒီလို အကြီးအကျယ် ဖြစ်သွားဖို့ဆိုတာက… ကြည့်ရတာ ကောင်းကင်နတ်အရှင်မူတော့ ငါ မရှိတာ အခွင့်ကောင်းယူပြီး မူလကျောက်တုံးကို ရှာပြီးတော့ ကျောက်တုံးတွင်းထဲမှာ ပြဿနာရှာနေပြီဖြစ်မယ်… ဒီလိုပြဿနာမျိုးကို ကမ္ဘာလောကအမျိုးမျိုးရဲ့ အမှောင်ထုကို အသုံးပြုပြီး ဖန်တီးထားတဲ့ ချိပ်တံဆိပ်နဲ့တောင် တားဆီးလို့မရနိုင်ဘူး… သူ အဲဒီဟာကို ခုခံဖို့ ခက်ခဲပြီး ငါ့ရဲ့ကျောက်တုံးတွင်းထဲမှာ သေသွားလိမ့်မယ်’

သူမ ထိုသို့တွေးနေစဉ် နောက်ထပ်အလင်းတန်းတစ်တန်းက ရုတ်တရက် ကောင်းကင်ပေါ်သို့ မြင့်တက်လာကာ တောက်ပသွားပြန်သည်။

နတ်အရှင်မယန်မှာ ကြောင်အနေပြီး ရှေးဟောင်းနတ်ဘုရားဘုရင်မှာလည်း အလားတူပင်။ သူက ရေရွတ်လိုက်သည်။ “အရှင်မ၊ ခင်ဗျားရဲ့ ကျောက်တုံးတွင်းထဲမှာ မူလကျောက်တုံး နှစ်တုံးတောင် ရှိနေတာလား”

နတ်အရှင်မယန်က ပြန်မဖြေပဲ ရုတ်တရက် ပျံသန်းထွက်ခွာသွား၏။ သူမမှာ ဒေါသူပုန်ထနေတော့သည်။ ‘ကောင်းကင်နတ်အရှင်မူ မသေသေးဘူး… အဲဒီကောင်စုတ်လေး ငါ့ရဲ့ကျောက်တုံးတွင်းထဲမှာ လျှောက်ကလိနေတာပဲ’

သူမ ပျံသန်းနေစဉ်မှာပင် ထိုက်ရှီကျောက်တုံးတွင်းထဲတွင် တတိယမြောက် ပေါက်ကွဲမှု ဖြစ်ပေါ်လာ၏။

နတ်အရှင်မယန်၏ မျက်နှာကြီးမှာ ပို၍မည်း‌မှောင်နေပြီး သူမက အံတင်းတင်း ကြိတ်လိုက်သည်။ “သူ့အိမ်ကိုများ ရောက်နေတယ် ထင်နေတာလား… ကျောက်တုံးတွင်း တစ်ခုခု ဖြစ်သွားလို့ကတော့ နင့်ကို အဆုံးသတ်မြို့ပျက်ဆီ ခေါ်သွားပြီး နတ်ဘုရင်ပိုယန်လို ခံစားရအောင် လုပ်ပစ်မယ်’

ရှေးဟောင်းနတ်ဘုရားဘုရင်မှာ အနည်းငယ် စိတ်လှုပ်ရှားသွားသည်။ ‘နတ်အရှင်မယန်က အလောတကြီး ဖြစ်နေတာပါလား… သူ့ရဲ့ကျောက်တုံးတွင်းမှာ ပြဿနာကြီးတစ်ခုခု ဖြစ်သွားတဲ့ပုံပဲ…. တစ်ယောက်ယောက်က ခိုးဝင်ပြီး မူလကျောက်တုံးကို တွေ့သွားတာ ဖြစ်နိုင်တယ်…’’

သူ သူမအနောက်သို့ လိုက်တော့မည့်အချိန်တွင် ရုတ်တရက် တစ်စုံတစ်ခုအား ခံစားလိုက်ရသည်။ သူ ကောင်းကင်သို့ မော့ကြည့်လိုက်ရာ မိုင်တစ်ထောင် အကျယ်အဝန်းရှိသည့် အပေါက်ကြီးတစ်ပေါက်ကို တွေ့လိုက်ရပြီး ဘိုးဘေးနန်းတော်၏ ချိပ်တံဆိပ်ကားမှာ ကျိုးပျက်သွားချေပြီ။

ဧရာမအပေါက်ကြီးသည် ကောင်းကင်ကို ကျော်လွန်၍ပင် မြင်ရနိုင်ပြီး ကြယ်တာရာများ တဖျတ်ဖျတ် တောက်ပ၍ ဖြူဖွေးနေသော မျက်လုံးကြီးတစ်လုံး ဖြစ်နေစေသည်။

တို့မျက်လုံးကြီးမှာ နှိုင်းယှဉ်မရလောက်အောင် ကြီးမားပြီး မိုင်တစ်ထောင် ကျယ်ဝန်းသည့် အပေါက်ကြီးပင်လျှင် ထိုမျက်လုံးကြီးနှင့် မဆံ့ပေ။ ထိုအခိုက်အတန့်တွင် မျက်လုံးကြီးက အပေါက်ကြီးဘေးမှ ဘိုးဘေးနန်းတော်ထဲသို့ စိုက်ကြည့်နေသည်။

ကောင်းကင်နယ်စားမင်း….

ဘိုးဘေးနန်းတော်၏ ချိပ်တံဆိပ် ပျက်စီးသွားသဖြင့် ကောင်းကင်နယ်စားမင်းသည် ဘိုးဘေးနန်းတော်ကို မြင်ရနိုင်ပြီး ဝင်ပင် ၀င်လာနိုင်၏။

ကောင်းကင်ထက်တွင် ကြယ်တာရာအလင်းတန်းများက အပေါက်ကြီးမှ ကျဆင်းလာကြသည်။

“အဖေ…”

ရှေးဟောင်းနတ်ဘုရားဘုရင် တုံ့ခနဲ ရပ်သွားသည်။ သူ့မှာ အလန့်တကြားဖြစ်သွားပြီး နတ်အရှင်မယန်အနောက်သို့လိုက်ရန် အတွေးမှန်သမျှကို ဖယ်ရှားပစ်လိုက်သည်။ ‘ကောင်းကင်နယ်စားမင်းက ဒီမှာဆိုတော့… မြေအောက်ဘုံအရှင်သခင်လည်း ဘိုးဘေးနန်းတော်ထဲကို ရောက်နေပြီလား.. -ီးပဲ… ဘယ်ခွေးကောင်က ကျောက်တုံးတွင်း ပေါက်ကွဲအောင် လုပ်လိုက်တာလဲ’

All Chapters