← Chapters

အဆုံးသတ်သို့ ပြန်ရောက်ခြင်း၊ ချီ၏ မွေးဖွားမှု

Vol. 99 Ch. 1301

အဆုံးသတ်သို့ ပြန်ရောက်ခြင်း၊ ချီ၏ မွေးဖွားမှု

Vol. 99 Ch. 1301

ရှေးဟောင်းနတ်ဘုရားလေးပါးမှာ ရုတ်တရက် ပေါ်လာသော ချင်မူ့ကို ကြည့်ရင်း မျက်ဝန်းထောင့်စွန်းများ တွန့်လာကြသည်။

အမိကမ္ဘာမြေက ဒေါသမထိန်းနိုင်တော့သဖြင့် ခြင်အား ရိုက်လိုက်သကဲ့သို့ လက်ဖဝါးဖြင့် ရိုက်ချလိုက်သည်။ စွမ်းအားကြီးတစ်ရပ် ပေါ်ထွက်လာပြီး သူမ၏လက်ဖဝါးသည် ကြယ်တာရာများကိုပင် ကြိတ်ချေနိုင်၏။

“မလုပ်နဲ့” ကောင်းကင်နယ်စားမင်းနှင့် ‌မြေအောက်ဘုံအရှင်သခင်က တစ်ပြိုင်တည်း အော်ဟစ်လိုက်ကြသည်။

သို့သော် နောက်ကျသွားခဲ့ချေပြီ။

အမိကမ္ဘာမြေ၏ လက်ဖဝါး ချင်မူ့အပေါ် ကျရောက်သွားသည့်အခါ သူ၏ခန္ဓာကိုယ်ကို ဖောက်ထွက်သွားသည်။ ချင်မူက သူမ၏ လက်ခုံပေါ်တွင် လမ်းဆက်လျှောက်နေရာ အမိကမ္ဘာမြေမှာ သူမလက်အား ငေးကြောင်ကြည့်နေရင်း မည်သို့လုပ်ရမည်မှန်း မသိတော့ပေ။

“ကောင်းကင်နတ်အရှင်မူ၊ မင်းက ထူးဆန်းနေပြန်ပြီ”

ရှေးဟောင်းနတ်ဘုရားဘုရင်လည်း ရုတ်တရက်ကြီး ‌ဒေါသထွက်လာသည်။ ကောင်းကင်တာအိုရတနာ၏ စွမ်းအားတို့က ကောင်းကင်ထက်တွင် ပေါက်ကွဲထွက်လာပြီး ချင်မူ့ထံသို့ ပြေးဝင်သွားကြသည်။

ချင်မူက ‘စောင်ကြွားကြွားဖြင့်’ သူ၏ ရွှမ်တုကမ္ဘာအား ဖြတ်လျှောက်နေပြီး အားလုံးကို အထင်သေးနေသယောင် မဟုတ်ပါလော။ ၎င်းကို သူ မည်သို့ သည်းခံပေးရမည်နည်း။

သူ လှုပ်ရှားလိုက်သည်နှင့် ကောင်းကင်နယ်စားမင်းက ပြုံးလျက် ပြောသည်။ “ငါ့ရဲ့သားမိုက်တော့ အားနည်းချက်တစ်ခုကို ဖော်လိုက်မိပြီ”

ချော်ရည်ပူမြေအောက်ဘုံအရှင်သခင်နှင့် အမိကမ္ဘာမြေသည် ရှေးဟောင်းနတ်ဘုရားဘုရင်၏ ရိုက်နှက်မှုကို ခံထားရသောကြောင့် ပြန်ချနိုင်တော့မည်ထင်ကာ ဝမ်းသာသွားကြသည်။ သို့သော် ကောင်းကင်နယ်စားမင်း၏ နောက်စကားတစ်ခွန်းက သူတို့မျက်ခွက်အား ဖြတ်ချလိုက်ချေပြီ။ “ပြေးကြစို့… ငါ့နောက်က လိုက်ခဲ့”

ကောင်းကင်နယ်စားမင်းက ရုတ်တရက် စွမ်းအင်ထုတ်လွှတ်လိုက်ရာ ကြယ်တာရာအလင်းရောင်တို့က သူ၏မျက်လုံးထဲတွင် စုဝေးသွားသည်။ သူက ရွှမ်တုကမ္ဘာဆီသို့ အလင်းတန်း ပစ်လွှတ်လိုက်ရင်း ဧရာမအပေါက်ကြီးတစ်ပေါက် ပေါက်သွားစေ၏။ ထို့နောက် သုံးယောက်သား အလောတကြီး ထွက်ပြေးသွားကြသည်။

ရုတ်တရက် ရွှမ်တုကမ္ဘာမှာ တုန်ရီလာသည်။ ရှေးဟောင်းနတ်ဘုရားဘုရင်အနောက်ရှိ ကောင်းကင်နန်းဆောင်ထဲမှ ကောင်းကင်တာအိုပုံရိပ်များက မြင့်တက်လာကြပြီး သူတို့သုံးယောက်ကို တိုက်ခိုက်ကြသည်။

ကောင်းကင်နယ်စားမင်း၊ မြေအောက်ဘုံအရှင်သခင်နှင့် အမိကမ္ဘာမြေတို့မှာ အားကုန်တိုက်ခိုက်ကြပြန်သည်။ တစ်ချိန်တည်းမှာပင် ရှေးဟောင်းနတ်ဘုရားဘုရင်၏ ကောင်းကင်တာအိုရတနာများက ချင်မူ့ကို တစ်ခုပြီးတစ်ခု တိုက်ခိုက်နေကြသဖြင့် မြေကြီးမှာ ကွဲအက်လာပြီး ချော်ရည်ပူများအဖြစ် ပြောင်းလဲကာ အငွေ့ပျံကုန်တော့သည်။

ချင်မူမှာတော့ မည်သည်ကိုမှ ခံစားရပုံမပေါ်ဘဲ ချော်ရည်ပူထက်တွင် လမ်းလျှောက်မြဲ လမ်းလျှောက်နေဆဲ။

ရှေးဟောင်းနတ်ဘုရားဘုရင်မှာ ဆွေ့ဆွေ့ခုန်နေသည်။ သူက ချင်မူကို လွှတ်ထားလိုက်ပြီး ရွှမ်တုကမ္ဘာမှ ထွက်ပြေးနေသော ကောင်းကင်နယ်စားမင်း၊ မြေအောက်ဘုံအရှင်သခင်နှင့် အမိကမ္ဘာမြေတို့ကို လှည့်၍ တိုက်ခိုက်သည်။ သူက နှာခေါင်းရှုံ့လိုက်၏။ “ကျုပ် ကောင်းကင်နတ်အရှင်မူကို ဘာမှမလုပ်နိုင်ပေမယ့် ခင်ဗျားတို့ကိုရော မလုပ်နိုင်ဘူး ထင်နေတာလား”

သူက ကောင်းကင်တာအိုပုံရိပ်ယောင်များကို ပြန်လည်စုစည်းကာ အားဖြည့်လိုက်ပြီး ကောင်းကင်နယ်စားမင်း၊ မြေအောက်ဘုံအရှင်သခင်နှင့် အမိကမ္ဘာမြေတို့အား သွေးအန်သည်အထိ ရိုက်နှက်နေ၏။

ထိုအခိုက်အတန့်တွင် ချင်မူကား ရွှမ်တုကမ္ဘာထဲမှ အေးအေးလူလူ ထွက်သွားပြီး သူတို့မျက်စိရှေ့မှာတင် လွတ်မြောက်သွားချေပြီ။

ကောင်းကင်နယ်စားမင်းနှင့် မြေအောက်ဘုံအရှင်သခင်တို့က ထွက်ပြေးနေရင်း အမိကမ္ဘာမြေကို ကာကွယ်ပေးနေကြသည်။ အဝေးရှိ ချင်မူ့ကို လှမ်းမြင်လိုက်သည့်အခါ အနည်းငယ် ကြောင်အသွားကြသည်။ “ချင်သားတော်တော့ လမ်းမှားသွားတဲ့ပုံပဲ… ဟုတ်တယ်.. သူက ငါတို့ရဲ့ ကောင်းကင်နတ်တိုင်းတွေကြောင့် မသိလိုက်ဘဲ လမ်းမှားသွားတာ ဖြစ်မယ်”

သို့သော် သူတို့မှာ ချင်မူ့ကို ဂရုမစိုက်အားပေ။ ရှေးဟောင်းနတ်ဘုရားဘုရင်ကို အစွမ်းကုန် တိုက်ခိုက်နေကြသော်လည်း အရေးနိမ့်နေသည်။

“အမိကမ္ဘာမြေ သေလို့မရဘူး”

ကောင်းကင်နယ်စားမင်းက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ “ပင်မခန္ဓာကိုယ်ကနေ ခွန်အားငှားယူလိုက်”

သူ၏ခေါင်းအထက်တွင် ကြယ်အလင်းရောင်များသည် မြစ်တစ်စင်းအဖြစ် စုဝေးသွားကြ၏။ နဂါးငွေ့တန်းတစ်စင်းက ကောင်းကင်မှ ဆင်းသက်လာပြီး သူ၏ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားသည့်အလား ထင်ရသည်။

တစ်ချိန်တည်းမှာပင် မြေအောက်ဘုံအရှင်သခင်လည်း သူ၏ခန္ဓာကိုယ်မှ စွမ်းအားငှားယူလိုက်သည်။ ယိုတုမဟာတာအိုက မိစ္ဆာချီတို့ဖြင့် ပေါင်းစည်းသွားပြီး သူ၏ခန္ဓာကိုယ်ထဲ စီးဆင်းလာ၏။

သူတို့နှစ်ယောက်လုံး၏ အစွမ်းအစတို့က သိသိသာသာ တိုးတက်သွားကြသော်လည်း ရှေးဟောင်းနတ်ဘုရားဘုရင်ကို မယှဉ်နိုင်ဘဲ ထွက်ပြေးနေရဆဲပင်။

လေးယောက်သား ဘိုးဘေးနန်းတော် မြေပြင်တွင် အပြင်းအထန် တိုက်ခိုက်နေကြသဖြင့် ချိုင့်ဝှမ်းတစ်ခုပင် နိမ့်ဝင်သွားသည်။ ချင်မူက ချိုင့်ဝှမ်းကို ပတ်၍ လျှောက်နေသည်။

ကောင်းကင်နယ်စားမင်းနှင့် ‌မြေအောက်ဘုံအရှင်သခင်မှာ စိတ်ထဲမှ ချင်မူ့အတွက် စိုးရိမ်နေကြသော်လည်း ထူးဆန်းသည်က ချင်မူသည် သူတို့ကောာင်းကင်နတ်သိုင်းများဆီမှ သက်ရောက်မှုကို လုံးဝမခံစားရချေ။ အကောင်းပကတိအတိုင်း ရှိနေသေး၏။

“သူက အင်မတန်ကိုမှ ဆန်းကြယ်တဲ့ မဟာတာအိုတစ်ခုကို သိမြင်နားလည်နေတာ…. ဒီလို လမ်းစဉ်ဝင်ရောက်နေတဲ့ အခြေအနေက ငါတို့ရဲ့ ကောင်းကင်နတ်သိုင်းစွမ်းအားတွေကနေ လွတ်မြောက်စေတာပဲ”

မြေအောက်ဘုံအရှင်သခင်က ချက်ချင်း သဘောပေါက်သွားပြီး ကောင်းကင်နယ်စားမင်းထံသို့ အသံပေးပို့လိုက်သည်။ “သူ ဒီအခြေအနေကနေ နိုးထလာခဲ့ရင်… မသေရင်တောင်မှ ဒဏ်ရာအပြင်းအထန် ရလိမ့်မယ်”

ကောင်းကင်နယ်စားမင်းလည်း ချက်ချင်း နားလည်သွားသည်။ ချင်မူ၏ လမ်းစဉ်ဝင်ရောက်ခြင်း အခြေအနေမှာ မဟာတာအိုနှင့် ကိုက်ညီပုံရ၏။ ဤအဆင့်မှာ အလွန်မြင့်မားသော်လည်း ထိုအခြေအနေမှ သတိပြန်လည်လာလျှင် ဤသို့ပြိုင်ဘက်ကင်း‌နေမည် မဟုတ်တော့ပေ။

၎င်းက ချင်မူ့အတွက် အန္တရာယ်အများဆုံး အချိန်ဖြစ်လာမည်။

“ငါ သူ ထွက်သွားလို့ရအောင် ချိုင့်ဝှမ်းထဲမှာ လမ်းဖောက်ပေးလိုက်မယ်”

ကောင်းကင်နယ်စားမင်းက လက်ဝှေ့ရမ်းလိုက်ရာ ချိုင့်ဝှမ်းပတ်ပတ်လည်ရှိ တောင်တန်းများမှာ ရုတ်တရက် ကွဲသွားကြပြီး ဧရာမတောင်ကြားတစ်ခုအား ဖော်ဆောင်ပေးလိုက်၏။ ချင်မူက တောင်ကြားဆီသို့ လျှောက်သွားပြီး သူ၏ခြေလှမ်းများက မရပ်တန့်ပဲ ထွက်ခွာသွားလေသည်။

ကောင်းကင်နယ်စားမင်းနှင့် မြေအောက်ဘုံအရှင်သခင်တို့က သက်ပြင်းခိုးချလိုက်ကြသည်။ ရုတ်တရက် အမိကမ္ဘာမြေက သူမ၏လက်များကို စုစည်းလိုက်ရာ တောင်ကြားကြီးမှာ ရုတ်ခြည်း ပြန်စေ့သွားကာ ချင်မူ့ကို အလယ်တွင် ထား၍ ပိတ်လှောင်လိုက်သည်။

ကောင်းကင်နယ်စားမင်းနှင့် မြေအောက်ဘုံအရှင်သခင်တို့ ဒေါသထွက်သွားကြသည်။ “အမိကမ္ဘာမြေက တော်တော်ကို တဇောက်ကန်းလွန်းတယ်… အမြဲတမ်း ချင်သားတော်ကို သတ်ချင်နေတာ.. ငါတို့ ဘယ်လိုကယ်ကယ် သဲထဲရေသွန်ပဲ”

နောက်တစ်ခဏတွင် ချင်မူသည် အေးဆေးစွာဖြင့် တောင်ကို ဖြတ်လျှောက်သွားသည်အား တွေ့လိုက်ရသည်။ သို့သော် ဤတစ်ကြိမ်တွင် ချင်မူ၏ ဦးတည်ရာမှာ ပြောင်းပြန်ဖြစ်သွား၏။

သူသည် ကောင်းကင်နယ်စားမင်း၊ အမိကမ္ဘာမြေ၊ မြေအောက်ဘုံအရှင်သခင်နှင့် ရှေးဟောင်းနတ်ဘုရားဘုရင်တို့၏ တိုက်ပွဲမှ ဝေးသထက် ဝေးကွာသွားကာ ဘိုးဘေးနန်းတော်၏ အရှေ့ဘက်ရှိ သဲကန္တာရထဲသို့ တဖြည်းဖြည်း ရောက်လာ၏။ အနက်ရောင်သဲမှုန်များက ကောင်းကင်တွင် ပြည့်နှက်နေပြီး လေပြင်းတို့က အရာအားလုံးကို ပြာအဖြစ် တိုက်ခတ်နေသည်။

ယခင်က ချင်မူ့တွင် ဖန်သားကောင်းကင်စေတီ ရှိခဲ့သောကြောင့် သဲကန္တာရကို ဘေးကင်းစွာ ကျော်ဖြတ်နိုင်ခဲ့၏။

ဤတစ်ကြိမ်တွင်တော့ သူကား သည်အတိုင်း ဝင်သွားသော်လည်း အနက်ရောင်သဲမှုန်များမှာ မည်သည့်အရာကိုမှ မထိမိသည့်အလား သူ၏ခန္ဓာကိုယ်အား ဖောက်သွားကြသည်။

ချင်မူသည် သဲကန္တာရအလယ်သို့ တည်ငြိမ်အေးဆေးစွာ လျှောက်ရင်း ထိုက်ကျိကျောက်တုံးတွင်းအရှေ့သို့ ရောက်လာ၏။

ကျောက်တုံးတွင်းထဲရှိ ရှေးဟောင်းနတ်ဘုရားများမှာ အံ့အားသင့်နေပြီး တိတ်ဆိတ်စွာ လှမ်းကြည့်နေကြသည်။ “ဒီကောင်လေး ဘယ်လိုလုပ် ဒီကိုရောက်နေတာလဲ.. ငါ သူ သေသွားအောင် မဟူရာသစ်ပင်ဆီ သွားခိုင်းတာကို သိသွားလို့ ကလဲ့စားလာ‌ချေတာ များလား… ဒါမှမဟုတ် ငါနဲ့ ထိုက်စုအကြံကို သိသွားတာလား”

သို့သော် ချင်မူက ကျောက်တုံးတွင်းကို ဖြတ်ကျော်၍ အဖြူရောင်ကန္တာရထဲသို့ ဦးတည်ချက်မရှိ လျှောက်သွားသဖြင့် သူ့မှာ ဇဝေဇဝါဖြစ်သွားသည်။

ထိုက်ကျိကျောက်တုံးတွင်းထဲရှိ ရှေးဟောင်းနတ်ဘုရားမှာ ငေးကြောင်နေမိသည်။ “သူတော့ ယင်ချီကို ယန်ချီအဖြစ် ပြောင်းပြီး ယင်ယန်ကြယ်တာရာနယ်ပယ်ကို ဖြတ်ကျော်ရင် ရူးသွားပြီပဲ”

ထိုက်ကျိကျောက်တုံးတွင်းသည် အဖြူရောင်နှင့် အနက်ရောင် သဲကန္တာရထဲတွင် ရှိပုံရသော်လည်း သဲကန္တာရဆီမှ အဝေးသို့ ရောက်လာလျှင် ထိုက်ကျိစက်၀န်းကဲ့သို့ တဖျတ်ဖျတ် တောက်ပနေသည့် ကြယ်တာရာလွင်ပြင်ကို မြင်ရလေသည်။

ချင်မူက အင်မတန် အန္တရာယ်များသော ယင်ယန်ကြယ်တာရာနယ်ပယ်ကို ထိုအတိုင်း ဖြတ်သွားသောကြောင့် ကျောက်တုံးတွင်းထဲမှာ ရှေးဟောင်းနတ်ဘုရားများကို အော်ဟစ်လိုက်မိစေ၏။

သူက ထိုက်ကျိကျောက်တုံးတွင်းထဲမှ ထွက်လာပြီး ဤအခိုက်အတန့်တွင် ထိုက်ရှီတာအိုအပေါ် သူ၏နားလည်မှုမှာ ပို၍ပင် တိုးတက်လာသည်။

ချင်မူက ဆွဲဆွဲငင်ငင် ဟစ်အော်လိုက်သည်။ ဟစ်အော်သံသည် မျဉ်းတစ်ကြောင်းကဲ့သို့ တိမ်တိုက်များအထဲ တန်းတန်းမတ်မတ် ဦးတည်သွားပြီး ရှေးဟောင်းနတ်ဘုရားတို့၏ ချိပ်တံဆိပ်များ ပေါ်လာစေကာ ကမ္ဘာလောကတစ်ခုစီ၏ အနောက်ဘက်ခြမ်းကိုပင် ပေါ်လွင်လာစေသည်။

သူ၏ ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာက မြည်ဟည်းလျက် သူ့ပတ်ပတ်လည်တွင် လှည့်ပတ်နေသည်။ သူက လက်တစ်ဖက်ဖြင့် ကောင်းကင်ကို မ,တင်ပြီး ကျန်လက်တစ်ဖက်ဖြင့် မြေကြီးကို ကာရင်း မျက်နှာလေးဖက် နတ်ဘုရားအသွင် ပြောင်းလဲလျက် ကောင်းကင်နှင့်မြေကြီး၏ တံဆိပ်အမှတ်အသားတို့အား ဖြန့်ကျက်လိုက်သည်။

ထို့နောက် သူ၏ ကောင်းကင်နတ်သိုင်းသည် ပြောင်းလဲသွားပြီး ကောင်းကင်နတ်သိုင်း၏ ဒုတိယအဆင့်၊ ဒုတိယကောင်းကင်ဘုံအဖြစ် ဖွဲ့တည်လာကာ ယိုတုနှင့် ရွှမ်တုအား ဆက်သွယ်ထားသည့် လျှို့ဝှဥက်ဆန်းကြယ်သော မုခ်တံခါးအသွင် ဖြစ်တည်လာသည်။

ချင်မူက စီးချက်အတိုင်း ရွှေ့လျားနေပြီး ကောင်းကင်နတ်မြစ်က ကောင်းကင်ရတနာနယ်ပယ်ထဲတွင် စီးဆင်းနေသည်။ သူက ကောင်းကင်နတ်မြစ်နှင့် ၀င်ရိုးစွန်းလေးခုကို အကဲခတ်၍ ကောင်းကင်နတ်သိုင်း၏ တတိယအဆင့်၊ တတိယကောင်းကင်ဘုံအဖြစ် ပြောင်းလဲလိုက်သည်။

ထို့နောက် သူ၏အသိစိတ်အလျဉ် ထွက်ပေါ်လာသည်။ သူ၏ လက်တစ်ဖက်တွင် မဟာခြုံလွှမ်းအသိစိတ်အလျဉ် ကောင်းကင်ဘုံကို ကိုင်‌ဆောင်ထားလေသည်။ ၎င်းက ကောင်းကင်နတ်သိုင်း၏ စတုတ္ထအဆင့် ၊ စတုတ္ထကောင်းကင်ဘုံ ဖြစ်၏။ မဟာခြုံလွှမ်းအသိစိတ်အလျဉ်ကောင်းကင်ဘုံမှာ သိပ်သည်းအားကောင်းနေကာ ပြီးပြည့်စုံနေသည်။

ချင်မူ လက်ချောင်းနှစ်ချောင်းဖြင့် ပန်းတစ်ပွင့်ကို ခူးလိုက်သည့်အခါ ပွင့်ချပ်များသည် လှပကြော့ရှင်းစွာ ပြေကျလာ၏။ ထိုအချိန်တွင် ခရမ်းရောင်ချီတို့က ကောင်းကင်တွင် ပြည့်နှက်ကွန့်မြူးသွားသည်။ ယင်းကား ပဉ္စမအဆင့်၊ ပဉ္စမကောင်းကင်ဘုံပင်။

သူ၏ လှုပ်ရှားမှုအားလုံးတွင် မှော်စွမ်းအင်တို့ ကိန်းဝပ်နေသည်။ ဆဋ္ဌမကောင်းကင်ဘုံ ယိုတုထဲမှမူ ဝိညာဉ်များ ပျံထွက်လာသည်။ ထို့နောက် သတ္တမကောင်းကင်ဘုံထဲရှိ ကမ္ဘာဦးကျောက်စိမ်းပလ္လင်ထက်တွင် ရွှမ်တုကို ထူ‌ထောင်သည်။ အဋ္ဌမကောင်းကင်ဘုံ၌မူ ပရမတ္တနတ်လှေဖြင့် တစ်ဖက်သို့ ဖြတ်သန်းသွားသည်။

ကောင်းကင်နတ်သိုင်း၏ အဋ္ဌမအဆင့် စွမ်းအား ခင်းကျင်းပြသလိုက်လျှင်ချင်း သူသည် ဟင်းလင်းပြင်အလွှာများကို ဖြတ်၍ ချက်ချင်းဆိုသလို ၂၈ ခုမြောက် ဟင်းလင်းပြင်သို့ ရောက်ရှိသွား၏။ ထို့နောက် ၂၉ ခုမြောက် ဟင်းလင်းပြင်အား ဖြတ်ကျော်ကာ အခု ၃၀ မြောက်ဟင်းလင်းပြင်သို့ ရောက်လာသည်။

ချင်မူမှာ ဟင်းလင်းပြင်ထဲတွင် အတော်ကြာ ဖြတ်သန်းနေပြီး ဘိုးဘေးနန်းတော်ဆီမှ မမှန်းဆနိုင်သော အကွာအဝေးသို့ ရောက်ရှိလာသည့်အခါ ဖြည်းဖြည်းချင်း အရှိန်ကျဆင်းလာသည်။

သို့သော် သူ၏ လှုပ်ရှားမှုများက အတားအဆီးမရှိ ဆက်လက်ရွေ့လျားနေဆဲပင်။

“နတ်လှေသမ္ဗန်ဖြင့် တစ်ဖက်ကမ်းသို့ ရောက်သည်တွင် ရုပ်မဲ့သော သဘောတရားသည် ထိုက်ရှီသဘာဝ ဖြစ်ကြောင်း သိလေ၏။ ပြောင်းလဲခြင်းကိုးရပ် ပြည့်စုံသည့်အခါ အိပ်မက်သည် ဤတွင် ပြီးဆုံးလေ၏”

ဗုဒ္ဓသံတစ်သံသည် ထွက်ပေါ်လာပြီး ချင်မူကား အိပ်မက်ထဲတွင် အမှန်တကယ် လမ်းစဉ်သို့ ၀င်ရောက်သွားသည်။ တခဏအတွင်း သူ၏ အတွေးအမြင်တို့က ကောင်းကင်နတ်သိုင်း၏ ဒဿမအဆင့် ဒသမ ကောင်းကင်ဘုံ၊ အိမ်မက်ကမ္ဘာ၏ န၀မမြောက်ကောင်းကင်ဘုံအဖြစ် ပြောင်းလဲသွား၏။

အိပ်မက်အဆင့်ကိုးဆင့်မှာ အလွန်ကြာမြင့်သယောင် ထင်ရသော်လည်း အမှန်တွင် လျှပ်တပြက်သာ ကြာသည်။ ချင်မူက အိပ်မက်ကမ္ဘာထဲမှ နိုးထလာသည်နှင့် ‌ကောင်းကင်နှင့် မြေပြင်သို့ လက်ညှိုးညွှန်၍ သူ၏ကောင်းကင်နတ်သိုင်းအား ထုတ်လွှတ်လိုက်သည်။ ထိုအခါ ကောင်းကင်နတ်သိုင်းသည် ပြန့်ကျဲသွားပြီး ကောင်းကင်နတ်သိုင်း၏ ဆယ့်တစ်ခုမြောက် ကောင်းကင်ဘုံကား အလိုအလျောက် အသက်ဝင်လာချေပြီ။

မပြောင်းလဲသော ကောင်းကင်နှင့် မြေကြီး စိတ်ဆန္ဒ…

ထို့နောက် ၁၂ ဘုံမြောက် ကောင်းကင်ဘုံ ဖြစ်တည်လာသည်။ ယင်းကား... အဆုံးသတ်သို့ ပြန်ရောက်ခြင်း၊ ချီ၏ မွေးဖွားမှုပင် ဖြစ်တော့သည်။

All Chapters