← Chapters

မဟာဧကရာဇ် ရောက်လာပြီ

Vol. 99 Ch. 1304

မဟာဧကရာဇ် ရောက်လာပြီ

Vol. 99 Ch. 1304

“မဟာဧကရာဇ် ရောက်လာတာလား”

ချင်မူလည်း အနည်းငယ် လန့်သွားပြီး ပြုံးလိုက်သည်။ “မဟာဧကရာဇ်က ဟင်းလင်းပြင်သားရဲမိခင်ကို လုယူသွားပြီး ဟင်းလင်းပြင်သားရဲအပေါ် ထိန်းချုပ်လိုက်မှာ မင်း စိုးရိမ်နေတာလား”

နဂါးချီလင်က ခေါင်းတဆတ်ဆတ် ညိတ်သည်။ “ကျွန်တော် ရှေးဟောင်းနတ်ဘုရားဘုရင်ရဲ့ ရတနာသင်္ဘောတန်းကို တိုက်ခိုက်မလို့ပဲ…ဒါပေမဲ့ သူ့ကို မြင်တာနဲ့ ထွက်ပြေးလာခဲ့တာ… မီးခိုးပင်လယ်လို ကျယ်ပြောတဲ့ အသိစိတ်အလျဉ်ကြီးကဗျာ ကျွန်တော့်နောက် လိုက်လာပြီး ဟင်းလင်းပြင်သားရဲမိခင်အပေါ် ထိန်းချုပ်နိုင်တော့မလို ဖြစ်သွားမယ် မထင်ထားခဲ့ဘူး… ဟင်းလင်းပြင်သားရဲမိခင်ကို ကျွန်တော် ထိန်းချုပ်ပြီး ဟင်းလင်းပြင်အလွှာထဲကနေ ပြေးထွက်လာတော့မှ အဲ့အသိစိတ်အလျဉ် ပျောက်သွားတာ..”

ချင်မူက တခဏ စဉ်းစားနေပြီးနောက် မေး၏။ “မင်းက ဟင်းလင်းပြင်သားရဲမိခင်ကို ထိန်းချုပ်ပြီး အဲ့အသိစိတ်အလျဉ်ကို ခါထုတ်နိုင်ခဲ့တယ်လို့ ပြောချင်တာလား”

နဂါးချီလင်က ခေါင်းညိတ်သည်။

“ဒါဆို အဲ့ဒီပုဂ္ဂိုလ်က မဟာဧကရာဇ် မဟုတ်ဘူး”

ချင်မူ အတွေးနက်နေသည်။ “မဟာဧကရာဇ်ရဲ့ အသိစိတ်အလျဉ်က သမိုင်းတလျှောက်မှာ အင်အားအကြီးဆုံးပဲ ... သူ ဟင်းလင်းပြင်သားရဲမိခင်ကို ပြန်ယူချင်ရင် မင်း မပြောနဲ့ နတ်ဘုရင်လန်ဝူနဲ့ ငါ ပူးပေါင်းရင်တောင်မှ ဟင်းလင်းပြင်သားရဲမိခင်ကို ကာကွယ်နိုင်မှာမဟုတ်ဘူး..”

နဂါးချီလင်မှာ ဇဝေဇဝါ ဖြစ်သွားသည်။ “အဲဒီပုဂ္ဂိုလ်ရဲ့ အသိစိတ်အလျဉ်က အတော်ကို အားကောင်းတာဗျ…. ကျွန်တော် ဟင်းလင်းပြင်သားရဲမိခင်ကို ထိန်းချုပ်လိုက်တုန်းက ဟင်းလင်းပြင်သားရဲမိခင်က ဟင်းလင်းပြင်သားရဲတွေလည်း ထိန်းချုပ်ရင်း ပြိုင်တူ အော်ဟစ်ကြတယ်…. ဟင်းလင်းပြင်သားရဲအားလုံးရဲ့ အသိစိတ်အလျဉ်တွေ စုပေါင်းလိုက်တာတောင် အဲ့ဒီပုဂ္ဂိုလ်ကို တစ်ချက်ထိရုံနဲ့ ပြိုလဲကုန်တာ… အဲ့လိုအသိစိတ်အလျဉ်မျိုးက မဟာဧကရာဇ် မဟုတ်ရင် ဘယ်သူ ဖြစ်နိုင်မှာလဲ”

ချင်မူက ‌ခေါင်းရမ်းသည်။ “အဲ့ဒီပုဂ္ဂိုလ်ရဲ့ အသိစိတ်အလျဉ်က အားကောင်းရင်တောင် မဟာဧကရာဇ်အောက် အများကြီး နိမ့်ကျတယ် … အခု မဟာဧကရာဇ်က မူလကျောက်တုံးရဲ့ တစ်စိတ်တစ်ပိုင်းကို ရသွားပြီဆိုတော့ သူ့အသိစိတ်အလျဉ်ကို ကောင်းကင်နတ်အရှင်ဆယ်ပါးရဲ့ အသိစိတ်အလျဉ်တွေအားလုံး စုပေါင်းတိုက်ခိုက်ရင်တောင် အနိုင်မယူနိုင်ဘူး…. ဟင်းလင်းပြင်သားရဲတွေကတော့ ထည့်တွက်နေစရာတောင် မလိုဘူး….”

“အဲ့ဒီပုဂ္ဂိုလ် ဘယ်သူလဲ ငါ သိပြီ… ဒါပေမဲ့ သူ ကောင်းကင်နတ်ဘုံကနေ ဒီ ရောက်လာလိမ့်မယ် ထင်မထားခဲ့ဘူး”

သူ့မျက်နှာအမူအရာသည် ထူးဆန်းနေ၏။

နဂါးချီလင်မှာ နားမလည်နိုင်တော့ပေ။

“ကောင်းကင်နတ်အရှင်ကုန်းနဲ့ ကောင်းကင်နတ်ဧကရာဇ်ရဲ့ သားတော် ... နတ်ဧကရာဇ်လန်ရွှမ် ဘိုးဘေးနန်းတော်ဆီ ရောက်နေပြီ”

ချင်မူက သူ့ဘေးရှိ ဟင်းလင်းပြင်သားရဲမိခင်အား ပတ်လျှောက်ရင်း စစ်ဆေးအကဲခတ်ကြည့်လိုက်သည်။ “ဖန်ဆင်းရှင်တွေရဲ့ နတ်ဘုရင်နဲ့ ကောင်းကင်နတ်ဧကရာဇ်ရဲ့ သားတော်ဆိုတော့ သူ့အသိစိတ်အလျဉ် အောင်မြင်မှုက လျှော့တွက်ထားလို့မရဘူး…” သူက ပြော၏။ “သူ ဒီကိုလာတာ ဟင်းလင်းပြင်သားရဲမိခင်ကြောင့်ပဲ ဖြစ်ရမယ်… လန်ရွှမ်က ရှေးအကျဆုံး နတ်ဘုရားတစ်ပါးပဲ .... ပြီးတော့ ကောင်းကင်နတ်ဧကရာဇ်ရဲ့ သွေးအမွေကိုလည်း ပိုင်ဆိုင်ထားသေးတယ်… သူက ကောင်းကင်နတ်အရှင်ဟောင် လက်အောက်မှာပဲ နေချင်မှာမဟုတ်ဘူး”

သူက ခေါင်းမော့လိုက်ရာ ဟင်းလင်းပြင်သားရဲမိခင်၏ မျက်လုံးကြီးများက ဦးခေါင်းနောက်သို့ လိမ့်သွား၏။ ၎င်းသည် ချွန်ထက်နေသော သွားများ အပြည့်နေရာယူထားသည့် ပါးစပ်ကြီးအား ချင်မူ့ကို ဖြဲပြလေသည်။

ချင်မူက စိတ်ထဲမထားပေ။ “ကောင်းကင်နတ်အရှင်ဟောင်က ဒဏ်ရာ အပြင်းအထန် ရထားတာဆိုတော့ အခုက နတ်ဧကရာဇ်လန်ရွှမ်အတွက် အချိန်ကောင်းပဲ… လန်ရွှမ်ရဲ့ သိုင်းအဆင့်နဲ့ လုပ်ဆောင်နိုင်စွမ်းက ကောင်းကင်နတ်အရှင်ဟောင်အောက် နိမ့်ကျပေမယ့် သူသာ ဟင်းလင်းပြင်သားရဲမိခင်အပေါ် ထိန်းချုပ်နိုင်ရင် ဟင်းလင်းပြင်းသားရဲမျိုးနွယ်တွေကို ထိန်းချုပ်နိုင်လိမ့်မယ် … ဒါဆို သူ့အင်အားက ကြောက်စရာကောင်းလောက်အောင် ကြီးထွားလာမှာပဲ”

သူက ပြတ်သားစွာ ပြောသည်။ “ဟင်းလင်းပြင်သားရဲမိခင်နဲ့ဆို သူက တစ်လောကလုံးမှာ စွမ်းအားအကြီးဆုံး ပုဂ္ဂိုလ် ဖြစ်သွားပြီ… လုံရှောင်ပဲ သူနဲ့ ယှဉ်နိုင်လိမ့်မယ်… သူ့ရည်ရွယ်ချက်က ဟင်းလင်းပြင်သားရဲတွေကို ထိန်းချုပ်‌ပြီး ဘိုးဘေး‌နန်းတော်ရဲ့ အမှောင်ထုဆီ သွားမယ်... ပြီးရင် လုံရှောင်ကို ထိန်းချုပ်မယ်… အဲ့အချိန်ကျရင် သူ့ကို ‌ထောက်ခံပေးမယ့် ကောင်းကင်နတ်အရှင်နှစ်ပါး ရှိလာလိမ့်မယ်…. အခြားကောင်းကင်နတ်အရှင်တွေလည်း မထောက်ခံပဲ နေမှာမဟုတ်ဘူး..”

နဂါးချီလင်က စိတ်အေးစွာ သက်ပြင်းချလိုက်ရင်း ရေရွဝ်လိုက်သည်။ “ဟင်းလင်းပြင်သားရဲမခိင် နတ်ဧကရာဇ်လန်ရွှမ် လက်ထဲမရောက်သွားတာ တော်သေးတာပေါ့ဗျာ”

ချင်မူက အနည်းငယ် ပြုံးလိုက်၏။ “လုံပိ၊ မင်းတောင် အရွယ်ရောက်လာပြီပဲ... သိပ်တော်တယ်… ဟင်းလင်းပြင်သားရဲမိခင်က တကယ် အရေးကြီးတယ်… လန်ရွှမ်က ဘိုးဘေးနန်းတော်ထဲ ရောက်နေတဲ့အပြင် ဧရာမအပေါက်ကြီးတစ်ပေါက်လည်း ပေါက်နေသေးတယ်… ဟင်းလင်းပြင်သားရဲတွေအနေနဲ့ အဲ့အပေါက်ကနေ ဘိုးဘေးနန်းတော်ထဲက ထွက်သွားနိုင်တယ်… ငါ မင်းကို တာ၀န်တစ်ခုပေးမယ်… ဘိုးဘေးနန်းတော်ထဲက ဟင်းလင်းပြင်သားရဲတစ်ကောင်မကျန် ခေါ်ပြီး မဟာလေဟာနယ်ဆီ သွားချည်..”

နဂါးချီလင်က အံ့အားသင့်စွာဖြင့် မေးခွန်းထုတ်သည်။ “ဂိုဏ်းသခင်က ကျွန်တော့်ကို ဟင်းလင်းပြင်သားရဲတွေကို ဦး‌ဆောင်ပြီး မဟာလေဟာနယ်ထဲက ကောင်းကင်နတ်ဘုံနဲ့ တိုက်ခိုက်စေချင်တာလား…”

ချင်မူက ခေါင်းညိတ်သည်။ “ဟင်းလင်းပြင်သားရဲစစ်တပ်နဲ့ဆို ကောင်းကင်နတ်ဘုံရဲ့ စစ်တပ်က မင်းကို လုံး၀မယှဉ်နိုင်ဘူး… ဒါပေမဲ့ ဟင်းလင်းပြင်သားရဲတွေကို စုစည်းတဲ့နေရာမှာ သတိထားရမယ်… နတ်ဧကရာဇ်လန်ရွှမ်က ကောင်းကင်နတ်အရှင်တစ်ပါးဖြစ်လို့ အရမ်းအစွမ်းထက်တယ်… သူ သတိမထားမိစေနဲ့”

သူက ဟင်းလင်းပြင်သားရဲမိခင်ကို ပတ်လျှောက်နေပြီးနောက် တခဏ စဉ်းစားကာ ပြောသည်။ “ဟင်းလင်းပြင်သားရဲမိခင်ကို အမိန့်ပေးခိုင်းပြီး ၁၆ ခုမြောက် ဟင်းလင်းပြင်က ဟင်းလင်းပြင်သားရဲတွေကို စုစည်းလိုက်… အချိန်ကျရင် ငါတို့အတူ ထွက်ခွာကြမယ်… နတ်ဧကရာဇ်လန်ရွှမ် အချိန်မီ မတုံ့ပြန်နိုင်လောက်ဘူးလို့တော့ ထင်တာပဲ”

နဂါးချီလင်က သဘောတူသည်။ “ဟုတ်ပြီ ဂိုဏ်းသခင်.. ဟင်းလင်းပြင်သားရဲမိခင်ကနေတစ်ဆင့် ဟင်းလင်းပြင်သားရဲတွေကို စုစည်းလိုက်မယ်… ကျွန်တော်က သစ်နက်တောင်တန်းဆီ ပြန် မမကြီးယန်အာကို သွားခေါ်လိုက်မယ်”

ချင်မူက ပြုံး၏။ “အေးပါကွာ”

နဂါးချီလင်က ခေါင်းငုံ့ကာ သူ့လက်သည်းများသူ ကြည့်နေသည်။

“လုံပိတောင် အရွယ်ရောက်လာပြီပဲ”

ချင်မူက သက်ပြင်းတစ်ချက် ရှိုက်ချလိုက်ရင်း သူ့အား ၁၇ ခုမြောက် ဟင်းလင်းပြင်မှ မဟူရာသစ်ပင်ကြီး၏ အနက်ရောင်တောင်တန်းတစ်သိန်းဆီသို့ ခေါ်သွားသည်။ ၁၇ ခုမြာက် ဟင်းလင်းပြင်ထဲတွင် ဟင်းလင်းပြင်သားရဲမိခင်သည် သူမခန္ဓာကိုယ်ပေါ်ရှိ အရိုးတောင်တန်းများကို အဆက်မပြတ် လှုပ်ခါနေရင်း ထူးဆန်းသော‌ အော်သံများ ထုတ်လွှတ်ကာ ဘိုးဘေးနန်းတော်ထဲမှ ဟင်းလင်းပြင်သားရဲများကို စုစည်းနေ၏။

ချင်မူနှင့် နဂါးချီလင်တို့ ဟင်းလင်းပြင်ထဲမှ ထွက်လိုက်သည်နှင့် နဂါးချီလင်မှာ မျက်နှာအကြီးအကျယ် ပျက်သွားသည်။ သူက အော်၏။ “ဂိုဏ်းသခင်… ကျွန်တော် ဟင်းလင်းပြင်သားရဲမိခင်ကို အာရုံခံလို့မရတော့ဘူး”

“‌မအော်နဲ့”

ချင်မူ့မျက်နှာအမူအရာက တစ်ချက်မျှ မပြောင်းပေ။ သူက ပြုံးလျက်သာ ပြောသည်။ “ရှေ့သာ ဆက်လျှောက်နေ… ငါတို့ မဟူရာသစ်ပင်ကြီးဆီ ရောက်ရင် အန္တရာယ်ကင်းလိမ့်မယ်”

နဂါးချီလင်မှာ ကြောင်အသွားသော်လည်း ချင်မူက အပြုံးမပျက်ပေ။ သူက ခပ်တိုးတိုး ပြော၏။ “မဟာဧကရာဇ် ငါတို့ကို စောင့်ကြည့်နေတယ်”

နဂါးချီလင်မှာ အမွှေးများ ထောင်သွားပြီး ကြောက်ဒူးတုန်သွားတော့သည်။

“မင်းနောက်ကို လိုက်နေတာက နတ်ဧကရာဇ်လန်ရွှမ် ဆိုပေမယ့် မဟာဧကရာဇ်လည်း ရောက်နေတယ်… ‌နတ်ဧကရာဇ်လန်ရွှမ်ရဲ့ အသိစိတ်အလျဉ်အဆင့်က ငါ့ထက် မြင့်လောက်ပေမယ့် နတ်ဘုရင်လန်ဝူအောက်တော့ နည်းနည်းနိမ့်တယ်…သူသာ မင်းကို တကယ် လိုက်ဖမ်းခဲ့တာဆိုရင် မင်းနဲ့ ဟင်းလင်းပြင်သားရဲမိခင် ဘယ်လိုနည်းနဲ့မှ လွတ်မှာမဟုတ်ဘူး … ၁၇ ခုမြောက် ဟင်းလင်းပြင်မှာလည်း ဘေးကင်းမှာမဟုတ်ဘူး… မင်းတို့ လွတ်လာနိုင်တဲ့ ဖြစ်နိုင်ချေတစ်ခုပဲ ရှိတယ်”

ချင်မူ့မျက်နှာပေါ်တွင် အပြုံးပန်းများ ဝေဆာနေပြီး သူ့မျက်နှာမှာ ကြည်လင်နေ၏။ “ပိုပြီး အစွမ်းထက်တဲ့ အသိစိတ်အလျဉ်နဲ့ ပုဂ္ဂိုလ်တစ်ယောက် ရှိနေလို့ပဲ… အဲ့အသိစိတ်အလျဉ်က နတ်ဧကရာဇ်လန်ရွှမ်ရဲ့ အသိစိတ်အလျဉ်နဲ့ ထိတွေ့သွားတာ” သူက အေးအေးလူလူ ရှင်းပြသည်။ “အဲ့လိုမျိုး နည်းလမ်း သုံးပြီး လန်ရွှမ်ကိုတောင် သတိမထားနိုင်အောင် လုပ်နိုင်တာက မဟာဧကရာဇ်တစ်ယောက်ပဲရှိတယ်.. မဟာဧကရာဇ်က လုံရှောင်ကြောင့် သတိထားမိသွားပြီး ဘိုးဘေးနန်းတော်ထဲ ရောက်လာတာပဲ”

နဂါးချီလင်က အသိစိတ်အလျဉ်ကို သုံး၍ ချင်မူ့ကို စကားပြောတော့မည့်အချိန် ချင်မူက ပြုံးလိုက်ပြန်၏။ “မင်းရဲ့ အသိစိတ်အလျဉ်ကို မသုံးနဲ့… သုံးလိုက်ရင် မဟာဧကရာဇ် မင်းကို သတိထားမိသွားလိမ့်မယ်… အခုက သူ့မှာ မူလကျောက်တုံး ရှိနေတော့ သူ့အသိစိတ်အလျဉ်က မှန်းဆလို့တောင် မရနိုင်ဘူး”

နဂါးချီလင် သွားဖြဲ၍ ပြုံးနေရင်း ဗလုံးဗထွေး ပြောသည်။ “ဂိုဏ်းသခင်၊ ဂိုဏ်းသခင် ပြောချင်တာ မဟာဧကရာဇ်က ကျွန်တော့်နားမှာ တစ်ချိန်လုံး ရှိနေခဲ့တာပေါ့”

ချင်မူလည်း ပြုံးလိုက်ပြန်ပြီး သူ့အပြုံးမှာ ခပ်တောင့်တောင့် ဖြစ်နေသည်။ “အခုလေးတင် ငါတို့ဘေးကို ရောက်လာခဲ့သေးတယ်”

နဂါးချီလင်မှာ ကြက်သီးပင် မထရဲချေ။ သူက တိုးညှင်းစွာ မေးသည်။ “ဒါဆို ဟင်းလင်းပြင်သားရဲမိခင်က..”

“သူ ထိန်းချုပ်ထားတာ ကြာလှပြီ”

ချင်မူမှာ ဆက်မပြုံးနိုင်တော့ဘဲ ရယ်လိုက်သည်။ “သူ ဟင်းလင်းပြင်းသားရဲမိခင်ကို ထိန်းချုပ်နေရင်တောင် မင်း သတိထားမိမှာမဟုတ်ဘူး... မင်းပဲ ထိန်းချုပ်နေတယ်လို့ ထင်နေမှာ… ပြီးတော့ ငါ အခုလေးတင် ရှင်းပြလိုက်တာက မင်းအတွက် မဟုတ်ဘူး… သူ့အတွက်ပဲ… မဟာဧကရာဇ်က ဟင်းလင်းပြင်သားရဲမိခင်ကို ထိန်းချုပ်ပြီးရင် ဟင်းလင်းပြင်သားရဲမိခင်ကို သုံးပြီး နတ်ဧကရာဇ်လန်ရွှမ်ကို မြှားခေါ်လိမ့်မယ်… လန်ရွှမ်ကို အရင်ဆုံး ထိခိုက်အောင်လုပ်ပြီးတော့ လုံရှောင်ကို တစ်ယောက်တည်း ထိန်းချုပ်မှာ…”

နဂါးချီလင်က စကားပြောရန် ပြင်လိုက်သော်လည်း ရုတ်တရက် ရယ်သံတစ်သံ ထွက်လာလေသည်။ “ကောင်းကင်နတ်အရှင်မူကတော့ ကောင်းကင်နတ်အရှင်မူဆိုတဲ့ နာမည်နဲ့ ထိုက်တန်ပါပေတယ်… တကယ်ကို သေချာ အကွက်မြင်တာပဲ… ဟင်းလင်းပြင်သားရဲမိခင် သုံးပြီး လန်ရွှမ်ကို မြှားခမယ်... ထိခိုက်အောင် လုပ်မယ်တဲ့လား.... တကယ့်ကို ကောင်းတဲ့အကြံပါပဲ… ကျေးဇူးတင်တယ်နော်”

ချင်မူ့မျက်နှာအမူအရာမှာ ပျက်ယွင်းသွားပြီး အော်ဟစ်လိုက်သည်။ “မဟာဧကရာဇ်လား…. ခင်ဗျားက ကျုပ်တို့ဘေးမှာ တစ်ချိန်လုံး ရှိနေခဲ့တာလား”

ဝှစ်…

အသိစိတ်အလျဉ်တစ်ဝှေ့က လေပြင်းများ တိုက်ခတ်သွားစေပြီးနောက် အဝေးသို့ ပျံ့လွင့်သွား၏။ မဟာဧကရာဇ်၏ အသံက ထွက်လာပြီး သူက ခပ်ဟဟ ရယ်နေသည်။ “ငါ မင်းကို အသက်ချမ်းသာပေးလိုက်မယ် ကောင်စုတ်လေး.. မင်းတို့ ငါ့ကိုလည်း ရှာမတွေ့နိုင်ဘူးမလား… အကြံကောင်းပေးတဲ့အတွက် အသက်ချမ်းသာပေးတယ် မှတ်လိုက်ပေါ့”

နဂါးချီလင်၏ မျက်နှာမှာ သွေးစုတ်ဖြူလျော်နေပြီး သူ၏ခြေလက်များပင် တုန်ရီနေတော့သည်။ သူက ကတုန်ကယင်ဖြင့် ခေါ်သည်။ “ဂ.. ဂိုဏ်း.. ဂိုဏ်းသခင်…”

ချင်မူက မည်သည့်စကားမှာမပြောဘဲ မျက်နှာတည်ကြီးဖြင့် အရှေ့မှာ ခပ်သုတ်သုတ် လျှောက်သွားသည်။ နဂါးချီလင်လည်း ကြောက်ဒူးတုန်လျက်ပင် သူ့အနောက်သို့ ချက်ချင်း လိုက်သွားသည်။

အရှေ့တွင် မဟူရာသစ်ပင်ကြီးအား မြင်နေရချေပြီ။ ချင်မူက သက်ပြင်းချ၍ ပြုံးလိုက်သည်။ “မဟာဧကရာဇ် နတ်ဧကရာဇ်လန်ရွှမ်ကို ရန်စမယ်ဆိုရင် ရှေးဟောင်းနတ်ဘုရားဘုရင်က ငြိမ်နေမှာတဲ့လား… အဲဒါက နှစ်ဖက်စလုံး အထိအခိုက်များမယ့် ရလဒ်ဖြစ်လာလိမ့်မယ်”

နဂါးချီလင်မှာ ပါးစပ်အဟောင်းသား ဖြစ်နေသည်။ သူက ထစ်အစွာ ပြော၏။ “ဂိုဏ်း… ဂိုဏ်းသခင်၊ အခုလေးတင် အကြံထုတ်လိုက်တာက…”

“လက်ရှိဘိုးဘေးနန်းတော်က မဟာဧကရာဇ်ရဲ့ ကမ္ဘာ မဟုတ်တော့ဘူးလေ”

ချင်မူက စိတ်မပါပုံဖြင့် ဖြေသည်။ “သူသာ လန်ရွှမ်ကို အကောက်ကြံမယ်ဆိုရင် သေချာပေါက် ဒုက္ခကြုံရလိမ့်မယ်... ဒ့ါအပြင် ကောင်းကင်နယ်စားမင်းနဲ့ မြေအောက်ဘုံအရှင်သခင်တို့ကလည်း ဘိုးဘေးနန်းတော်ထဲမှာ ရောက်နေကြတာလေ… သူ့ကို သည်းခံနေကြမှာတဲ့လား”

နဂါးချီလင်၏ ဦးနှောက်မှာ ဗလာကျင်းသွားပြီး သူက ဗလုံးဗထွေး ရေရွတ်နေသည်။ “ဂိုဏ်းသခင်၊ ကျွန်တော့်ကိုကျွန်တော် မနူးမနပ် ကလေးလေးတစ်ယောက်လို ခံစားလိုက်ရတယ်… ကျွန်တော် လူကြီးမဖြစ်သေးဘူး… ဖက်တီးနဂါးလို့ပဲ ပြန်ခေါ်ပါတော့ဗျာ”

All Chapters