အပိုင်း (၄၇၉) – ညစ်ပတ်သောလှည့်ကွက်အားသုံးရန် ကြံစည်ခြင်း
Vol. 005 Ch. 479
“ယူယူကလည်း တည်ဆောက်မှုသခင်လား” လျှန်ဇီသည် အံ့သြသွားလေသည်။
“နည်းနည်းလောက်သိတာပါ” ရှီမာယူယူ ပြောလေသည်။
“ဒါဆို တစ်ချက်လောက်ကြည့်ကြည့်မလား”
“ကြည့်ရမလား” ရှီမာယူယူသည် အနည်းငယ်တော့ စိတ်ဝင်စားမိသည်။
လျှန်ဇီသည် အလုပ်သမားနှင့် ဘေးတွင် စကားပြောနေလေသည် “နန်းတော်သခင်လျှန် သခင်ကြီး ဟောင်က သူ့တည်ဆောက်မှုကို တခြားသူကြည့်တာ မကြိုက်ဘူး”
လျှန်ဇီသည်လည်း ထိုပြဿနာအား စဉ်းစားကြည့်ကာ တောင်းပန်စွာ ပြောလေသည် “အဲဒီသခင်ကြီး ဟောင်ရဲ့ အကျင့်က ထူးဆန်းတာလေ၊ ငါတို့ သူ့ကို ကျော်မလုပ်ရဲတောင်…”
“အဲဒါဆိုလည်း ထားလိုက်ပါတော့” ရှီမာယူယူ ပြုံးလိုက်သ်ည။
မည်သို့ပင်ဖြစ်စေကာမူ သူမသည် တည်ဆောက်မှုအား နောက်မှကြည့်၍ရသည်။ သူမသည် အခုကြည့် ရန် လောစရာမလိုပေ။
“ဒါဆိုရင် အရင်ဆုံးအစိမ်းရောင်နန်းတော်ကို သွားကြတာပေါ့” လျှန်ဇီသည် အနည်းငယ်နေရခက်သွား သည်။
“ကောင်းပါပြီ”
သူတို့သည် အစိမ်းရောင်မြို့တော်သို့ သွားကြလေသည်။ လျှန်ဇီသည် ရှီမာယူယူတို့အား ခေါ်လာသည် ဟု အစိမ်းရောင်နန်းတော်မှလူများ သိသောအခါ အလွန်အံ့သြကြလေသည်။ ထို့နောက်တွင် လျှန်ဇီသည် သူတို့ အား ဧည့်သည်အဖြစ် ဖိတ်ထားသည်ဟု ကြားသည်နှင့် သူတို့၏ သရုပ်မှန်ကို အလွန်သိချင်ကြလေသည်။
တိမ်တိုက်ပျံနန်းတော်နှင့် ဝေးကွာသော မြစ်နီနန်းတော်တွင် ရှားကျုံးနှင့် ဝူရှောင်ရှောင်တို့သည် သူတို့တပည့်များ၏ သတင်းပို့မှုကို ကြားပြီးနောက် ဒေါသထွက်ကြလေသည်။
ရှားရှင်ရန်နှင့် တခြားသူများ အရိုက်ခံ၍ ပြန်လာသည်ကို ကြားပြီးနောက် မျက်စိတစ်မှိတ်အတွင်းတွင် သူ တို့သည် အစိမ်းရောင်နန်းတော်သို့ ဧည့်သည်အဖြစ်ဖိတ်ကြားခြင်းခံရသည်ကို ရှားကျုံးတို့ သိခဲ့ရသည်။ ဒါက သူ တို့ကို ရူးမသွားစေနိုင်ဘူးလား။
“ဒီလျှန်ဇီကတော့… သူတို့နဲ့ မပြေလည်တာတွေရှိတာကို သိရဲ့သားနဲ့တောင် သူတို့ကို ငါတို့ အစိမ်း ရောင်နန်းတော်ကို ဖိတ်ဖြစ်အောင် ဖိတ်လိုက်သေးတယ်၊ မုန်းစရာကောင်းလိုက်တာ” ရှားကျုံးသည် ဒေါသ ထွက်လေသည်။
“တိမ်တိုက်ပျံနန်းတော်က ငါတို့မြစ်နီနန်းတော်နဲ့ အမြဲတမ်း အတိုက်အခံဖြစ်နေတာ၊ အဲလူတွေကို ဖိတ် တာက မထူးဆန်းတော့ပါဘူး မင်းတို့သွားလိုက်ကြတော့” ဝူရှောင်ရှောင်သည် အစေခံများကို လက်ကိုဝေ့ပြကာ ပြောလိုက်လေသည်။ သူတို့ထွက်သွားသည်နှင့် သူမဆက်ပြောလေည် “ဒါအခွင့်အရေးပဲ”
“ဘာအခွင့်အရေးလဲ” ရှားကျုံးသည် နောက်ပြန်လှည့်လာသည်။ သူမသည် ထိုလူများကို ထွက်သွားရန် ခိုင်းပြီး လျှို့ဝှက်ပြောမည့်အကြောင်းမှာ ဘာအကြောင်းအရင်းဖြစ်သည်ကို သူ မသိတော့ပေ။
“ရှင်က တကယ်တုံးတာပဲ” ဝူရှောင်ရှောင်သည် သူ့အား မုန်းတီးစွာ ကြည့်လိုက်လေသည်။ “သူတို့ ဒီမှာ မရှိဘူးမလား ကျွန်မတို့ သူတို့ကို သင်ခန်းစာပေးဖို့ စဉ်းစားလို့ရတယ်”
ရှားကျုံးသည် စိတ်သဘောထား မကောင်းသော်လည်း သူသည် တည့်တိုးပင် ပြုမူတတ်သည်။ သူသည် ဝူရှောင်ရှောင်ကဲ့သို့ လှည့်ပတ်မနေတတ်ပေ။
သူ့ဇနီးရှင်းပြသည်ကို ကြားသောအခါ သူနားလည်သွားကာ ပြောလေသည် “မိန်းမ မင်းမှာ ဘာအကြံရှိ တာလဲ”
“ကျွန်မတို့မှာ တားမြစ်ထားတဲ့နယ်မြေတွေရှိတယ်မလား၊ အဲအချိန်ကျရင် ကျွန်မတို့ သူတို့ကို အဲဒီကို ခေါ်သွားပြီး အဲနေရာထဲပိတ်မိအောင်လုပ်လိုက်မယ် သူတို့ဘာလုပ်နိုင်မလဲဆိုတာ ကြည့်ကြတာပေါ့” ဝူရှောင် ရှောင်သည် မဲ့ပြုံးပြုံးလိုက်သည်။ “သူတို့က ကျွန်မတို့သမီးကို အနိုင်ကျင့်ရဲတာ ဘယ်လိုလုပ် သူ့တို့ကို ဒီအတိုင်း ထားမလဲ”
“မိန်းမ ဒါအကြံကောင်းပဲ ဒါပေမဲ့ ငါတို့ သူတို့ကို အဲဒီတားမြစ်နယ်မြေထဲ ဘယ်လိုခေါ်သွားမှာလဲ”
“တားမြစ်ဧရိယာ နံပါတ်၃ကိုသာ သွားလိုက် သူတို့ကို မသတ်နိုင်ရင်တောင် သေချာပေါက် အနာတရ ဖြစ်ပြီးမှ ထွက်လာနိုင်မှာပဲ” ဝူရှောင်ရှောင် ပြောလိုက်သည် “သွားပြီး စီစဉ်လိုက်တော့ ဒီတစ်ခါတော့ မလွဲစေနဲ့ မဟုတ်ရင် ကျွန်မ ရှင့်ကိုငတုံးကို လက်ထပ်မိလို့ နောင်တရလိမ့်မယ်”
“မိန်းမ စိတ်ချပါ ဒီတစ်ခေါက်တော့ မလွဲစေရပါဘူး” ရှားကျုံးသည် စိတ်လှုပ်ရှားသော အပြုံးပြုံးကာ ပြော လေသည်။ “ငါအခုပဲ သွားစီစဉ်လိုက်တော့မယ်”
“သွားမြန်မြန် အဲဒါ မရှင်းမပြီးမချင်း ပြန်လာရဲလာကြည့်”
“မိန်းမ သတင်းကောင်းသာစောင့်နေလိုက်”
ရှားကျုံးသည် ပြောပြီးသည်နှင့် ထွက်သွားလေသည်။ ထိုအိမ်တွင် ပျားလေးနှစ်ကောင် အရောင်ထွက် သွားသည်ကိုတော့ မည်သူမျှမသိလိုက်ပေ။
တစ်ဖက်တွင် ရှီမာယူယူနှင့် တခြားသုံးယောက်သည် လျှန်ဇီနောက်လိုက်ကာ လှည့်ပတ်ကြည့်နေလေ သည်။ သူမ နီရဲပျားဆီမှ သတင်းရသောအခါ သူမသည် မသိမသာ မဲ့ပြုံးပြုံးလိုက်သည်။
“နန်းတော်ခေါင်းဆောင်လျှန် လူကြီးမင်းတို့ အစိမ်းရောင်နန်းတော်က ဒီလောက်ကြီးတာ ကန့်သတ်ထား တဲ့နေရာတွေလည်း ရှိမှာပေါ့”
“ရှိပါတယ် ကျွန်တော်တို့မှာ ကန့်သတ်ထားတဲ့ ဧရိယာ ၅ခုရှိပါတယ် ကျွန်တော်တို့ ရှေ့က နံပါတ်၃ ဧရိယာက ခွင့်ပြုချက်မရှိပဲ ဘယ်သူမှဝင်လို့မရပါဘူး၊ တခြားဧရိယာ ၂ခုဆိုရင် အားအရမ်းနည်းတဲ့သူတွေကို သတ်ပစ်နိုင်ပါတယ်” လျှန်ဇီ ပြောလေသည်။
“ဒါဆိုရင် ကျွန်တော်တို့ကို ကန့်သတ်နယ်မြေရဲ့ အပြင်ဘက်ကို ခေါ်သွားပြနိုင်မလား” ရှီမာယူယူသည် ပြုံးပြီးပြောလေသည် “ကျွန်တော်တို့ မတော်တဆရောက်သွားရင် မကောင်းဘူးလေ”
လျှန်ဇီ စဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်လေသည်။ “ကျွန်တော်တို့ ကန့်သတ်နယ်မြေအပြင်ဘက်မှာ လမ်းလျှောက်လို့ရပါတယ်”
ထိုသို့ပြောပြီးနောက် သူသည် မူလဦးတည်ထားသောလမ်းမှ အစိမ်းရောင်နန်းတော်၏ ကန့်သတ် နယ်မြေဘက်သို့ ဦးတည်လေသည်။
ပထမဆုံး ကန့်သတ်နယ်မြေမှာ ချောက်ကြီးဖြစ်သည်။ သူတို့သည် ချောက်အပေါ်တွင် ရပ်ကာ လျှန်ဇီ သည် အောက်ခြေသို့ညွှန်ပြကာပြောလေသည် “ဒါက ငါတို့်ရဲ့ ပြန်လည်သုံးသပ်တဲ့ ချောက်ကမ်းပါးပါ အပြစ်ကို ဝန်ခံတဲ့သူတွေကို ဒီမှာ အကျဉ်းချပါတယ်”
“ဘာလို့ဒီနေရာကို ရွေးလိုက်တာလဲ”
“ဒီချောက်က နက်ပုံမပေါ်ပေမယ့် သူ့အောက်ခြေက အဆုံးမရှိပါဘူး၊ ပြီးတော့ ထူးထူးဆန်းဆန်းနဲ့ အေးစိမ့်နေပါတယ် အဲမှာ အကျဉ်းချခံရတဲ့သူတွေက အံ့ဖွယ်အဆင့်နဲ့ အဲအဆင့်အောက်တွေရဲ့ အင်အားကိုပဲ ထုတ်နိုင်ပါတယ်၊ သူတို့က ဝိညာဉ်စွမ်းအင်တွေသုံးပြီး အနွေးဓာတ်ရအောင် လုပ်ဖို့မဖြစ်နိုင်ပါဘူး၊ အပြစ်ပေးတာ လို့လည်း ယူဆလို့ရပါတယ်” လျှန်ဇီ ပြောလေသည်။
“အဲဒါက အပြစ်ပေးတာဆိုပေမယ့် ကျင့်ကြံလို့လည်းရနေတာ မဟုတ်ဘူးလား”
ထိုကဲ့သို့ ပတ်ဝန်းကျင်မျိုးသည် သေချာစွာ အသုံးချနိုင်ပါက အကျိုးအမြတ်များစွာ ရနိုင်သည်။
သူမ ထိုစကားပြောနေချိန်တွင် အဖြူရောင်ဝတ်ထားသော အကြီးအကဲတစ်ယောက်သည် မျက်နှာချင်း ဆိုင် ချောက်ကမ်းပါးတွင် ထိုင်နေခဲ့သည်။ သူသည် မျက်လုံးမှိတ်ထားရာမှ မျက်လုံးဖွင့်ကာ သူမအား ကြည့်လေ သည်။ လျှန်ဇီသည် စကားပြောချင်သော်လည်း အကြီးအကဲသည် သူ့အား အကြည့်ဖြင့် တားလိုက်လေသည်။
“ဒီမှာကျင့်ကြံလို့ရတယ်လို့ ဘာလို့ထင်တာလဲ” ထိုအကြီးအကဲမေးလိုက်သည်။
သူတို့သည် ရောက်သည့်အချိန်ကတည်းကပင် ထိုအကြီးအကဲကို မြင်ခဲ့သည်။ သို့သော် သူဘယ်သူ ဖြစ် ကြောင်းကို ရှီမာယူယူ မမေးခဲ့ပေ။ သူသည် ထိုနေရာတွင် ထိုင်နေသည်ကိုတွေ့သည်နှင့် အစောင့်ဖြစ်လောက် သည်ဟုသာ တွေးခဲ့သည်။
“အောက်ပိုင်းက အေးတယ် အဲမှာအကျဉ်းကျခံရတဲ့သူက အံ့ဖွယ်အဆင့်အောက်ပဲ အားသုံးလို့ ရမယ် သူတို့က အအေးဒဏ်ကိုခံနိုင်ရည်ရှိချင်တယ်ဆိုရင် ဝိညာဉ်စွမ်းအင်ကို ဆက်သုံးနေမှဖြစ်မယ်၊ ဝိညာဉ်စွမ်းအင်ကို အဲလောက်အများကြီးသုံးလိုက်မယ်ဆိုရင် သူတို့စွမ်းအင်ကို သေချာထိန်းချုပ်တာကိုပါ သင်လို့ရမယ်လေ” သူမ ပြန်ဖြေလေသည်။ “ပြီးတော့ သူတို့က အအေးဒဏ်ကို တိုက်ခိုက်တာ မနားသရွေ့တော့ သူတို့ လက်ရှိ စိတ် စွမ်းအားကို အာရုံစိုက်နေမိမှာပဲ၊ အဲလိုသာ ဆက်လုပ်သွားရင် သူတို့က စိတ်စွမ်းအားလည်း သန်မာလာမှာပဲ”
အကြီးအကဲသည် လူ၏ ဖြူဆွတ်နေသော မုတ်ဆိတ်များကို ကိုင်ကာ ခေါင်းညိတ်လေသည် “မင်းပြော တာလည်းမှန်ပါတယ်၊ အဲလိုသုံးရင် ရတာပဲ၊ အမှားကိုဝန်ခံတဲ့လူတွေက ဒီနေရာကို ကျင့်ကြံတဲ့နေရာလို့ မသတ် မှတ်ပဲ အပြစ်ပေးတဲ့နေရာလို့ သတ်မှတ်ထားတာတော့ နှမြောစရာပဲ”
ရှီမာယူယူသည် အကြီးအကဲအား ပြုံးပြီးနောက် လျှန်ဇီဘက်လှည့်ကာ ပြောလိုက်သည် “နောက်ထပ် ကန့်သတ်နယ်မြေကို သွားကြည့်ရအောင်”
လျှန်ဇီသည် အကြီးအကဲကို ကြည့်ရာ ဘာမှမပြောတော့သဖြင့် ခေါင်းညိတ်ကာ “ဒါဆိုရင် နံပါတ်၂ ကန့်သတ်နယ်မြေကိုသွားကြတာပေါ့”
ဒုတိယကန့်သတ်နယ်မြေသည် အိမ်တစ်လုံးဖြစ်သည်။ ဘေးပတ်လည်တွင် မြင့်မားသော တံတိုင်းများရှိ ကာ အထဲကို ဘယ်သူမှ မမြင်နိုင်သည်။ ထိုအိမ်အကြောင်းကို လျှန်ဇီဘာမှမပြောပေ။ ထိုအိမ်သည် အစိမ်းရောင် နန်းတော်အတွက် အထူးတလည်သုံးသော အိမ်ဖြစ်နိုင်သည်။
ထို့နောက်တွင် သူတို့သည် ကန့်သတ်နယ်မြေနံပါတ် ၃သို့သွားလေသည်။ နံပါတ်၃ နယ်မြေသည် တောင်ကြားဖြစ်လိမ့်မည်ဟု ဘယ်သူမှထင်မထားပေ။
“ဒီကန့်သတ်နယ်မြေက ဘာမှလည်းမရှိပါဘူး ဘာလို့ ကန့်သတ်နယ်မြေဖြစ်နေတာလဲ” ရှီမာယူယူ မေး လေသည်။
“အထဲမှာ ငါတို့တို့အဖွဲ့ စောင့်ရှောက်ထားတဲ့ ဝိညာဉ်သားရဲတွေရှိတယ် သူတို့တွေက ကြောက်စရာ ကောင်းလို့ ငါတို့လည်း မသတ်ရဲတာနဲ့ ဒီမှာပဲ ပိတ်ထားတာပါ” လျှန်ဇီပြောလေသည်။
ရှီမာယူယူသည် ဘာမှမရှိသော သာမန်တောင်ကြားကို ကြည့်လိုက်သည် “ဒီမှာ အတားအဆီးရှိလား”
“ရှိပါတယ်”
ရှီမာယူယူသည် ရှေ့နှစ်လမ်းတိုးကာ အတားအဆီးအား သူမဝင်နိုင်လောက်သည့် ဝင်ပေါက် လုပ်လိုက် သည်။
“ဒါဆိုရင် ဒီအထဲကို ဘယ်သူတွေဝင်ခွင့်ရှိတာလဲ” သူမသည် မေးချင်ဟန်ဆောင်လိုက်သည်။
“နန်းတော်ခေါင်းဆောင်တွေ အကုန်ဝင်လို့ရတယ်၊ ငါတို့ နန်းတော်ခေါင်းဆောင်တွေက ဒီနေရာကို လွတ်လွတ်လပ်လပ်ဝင်လို့ ရတယ်” လျှန်ဇီသည် ပြောရင်းနှင့် ရွှေရောင်နာမည်ပြားကို ထုတ်လိုက်သည်။ ထိုနာမည်ပြားတွင် ထွင်းထုထားသည်မှာ တိမ်တိုက်ပျံနန်းတော်ဟု…