← Chapters

အပိုင်း (၄၈၀) – အိပ်မက်လေးအား မဟုတ်သည့်အရာများသင်ပေးခြင်း

Vol. 005 Ch. 480

အပိုင်း (၄၈၀) – အိပ်မက်လေးအား မဟုတ်သည့်အရာများသင်ပေးခြင်း

Vol. 005 Ch. 480

ရှီမာယူယူသည် နာမည်ပြားအား ယူပြီးကြည့်ကာ မေးလိုက်သည် “ကျွန်တော် စမ်းကြည့်လို့ရမလား”

“မင်း ဝင်ပြီးတာနဲ့ ပြန်ထွက်လာမှရမယ် အဲဒီက သားရဲတွေက အားအရမ်းကောင်းတယ်” လျှန်ဇီသည် သူမအား တားလိုက်လေသည်။

“ကောင်းပါပြီ” ရှီမာယူယူသည် နာမည်ပြားအားယူကာ ဆက်လျှောက်သွားလေသည်။ ထိုအတားအဆီး သည် သူမအား မတားနိုင်ပေ။

သူမသည် ရှေ့နှစ်လမ်းဆက်လျှောက်သွားကာ နောက်ပြန်လာလေသည်။ သူမသည် နာမည်ပြားယူလာ ကာ သူ့အားပြန်ပေးရင်း ပြောလေသည် “ဒီပစ္စည်းကတကယ်ထူးဆန်းတယ်”

“ဒါက နန်းတော်သခင်မှာရှိတဲ့ လက်မှုပညာတစ်ခုပဲ ဒါက အစိမ်းရောင်နန်းတော်က အတားအဆီးတွေနဲ့ ချိတ်ဆက်ထားတယ်လို့ ပြောကြတယ်” လျှန်ဇီသည် နာမည်ပြားအား သိမ်းလိုက်ကာ “နောက် ၂နေရာကိုလည်း ဆက်ကြည့်ကြတာပေါ့”

“ကောင်းပါပြီ”

လျှန်ဇီသည် နောက်နယ်မြေ၂ခုအနီးသို့ခေါ်မသွားပေ။ သူတို့သည် အဝေးမှပင် ကြည့်ကြရသည်။ ထိုနေရာ၂ခုသည် လျှို့ဝှက်ချက်ရှိမည့်ပုံပင်။

သို့သော် ဘယ်ဂိုဏ်းက လျှို့ဝှက်နေရာမရှိလို့လဲ။ အစိမ်းရောင်နန်းတော်သည် လျှို့ဝှက်နေရာ နည်း သည်ဟု ပြောလို့ရသည်။

“လှည့်ပတ်ကြည့်ရတာ ပင်ပန်းနေပြီထင်တယ်၊ နောက်လည်းနောက်ကျနေပြီ တိမ်တိုက်ပျံနန်းတော်ကို  ပြန်ရအောင်” လျှန်ဇီ ပြောလိုက်သည်။

“ကောင်းပါပြီ”

သူတို့ပြန်လာပြီးနောက်တွင် လျှန်ဇီသည် အခေါ်ရှိလို့ သွားနေချိန်တွင် ရှီမာယူယူတို့အဖွဲ့သည် ခန်းမ  ဆောင်သို့လာလိုက်သည်။

“ယူယူ အဲဒီကန့်သတ်နယ်မြေတွေကို ဘာလို့သွားကြည့်တာလဲ” ဘေဂုံထန်နှင့် တခြားသူများသည် အပြင်ရောက်မှပင် သူမ၏ အပြုအမူများကို မေးခွန်းထုတ်ရတော့သည်။ သူတို့သည် ဘယ်သူမှမရှိတော့မှပင် မေး ရသည်။ ရှီမာယူယူသည် အကြောင်းပြချက်ကောင်းကောင်းမရှိပဲ ထိုသို့လုပ်မည့်သူမဟုတ်ပေ။

“နေ့လည်က ငါတို့ ပျားတွေ လွှတ်လိုက်တယ်မလား” ရှီမာယူယူ ပြောလိုက်သည်။

“ဟုတ်တယ် နင်တချို့လွှတ်လိုက်တာတွေ့လိုက်တယ်” ရှီမာယူလင်း ပြောလေသည် “နင် သတင်းတွေ ရထားလို့လား”

“ငါ ရှားကျုံးနဲ့ ကျန်တဲ့လူတွေဘယ်မှာလဲဆိုတာ သိချင်လို့လွှတ်လိုက်တာ၊ သူနဲ့ သူ့အမျိုးသမီးတို့က ငါတို့ကို ကန့်သတ်နယ်မြေထဲရောက်အောင်လုပ်ပြီး အစိမ်းရောင်နန်းတော်ကလူတွေ အပြစ်ပေးအောင်လုပ်နေ တာ၊ ငါတို့ အထဲမှာသေသွားရင်တော့ သူတို့ဆန္ဒအတိုင်းဖြစ်မှာပေါ့” ရှီမာယူယူ ပြောလေသည်။

“အဲဒီ ရှားကျုံးကတော့… ရှားမျိုးနွယ်တွေနဲ့ တွေ့ရင်ကို ကောင်းတာဖြစ်မလာဘူး၊ သူတို့ ဘယ်တော့မှ လက်လျော့မှာမဟုတ်ဘူး” ဘေဂုံထန်ပြောလေသည်။

“ဒီလိုမိဘရှိလို့ သူတို့သမီးကလည်း ဒီလိုဖြစ်နေတာပေါ့” ဝူရန်ဖေ ပြောလေသည် “ငါတို့ သူတို့ကို ပညာ  ပေးရတော့မယ်ထင်တယ် မဟုတ်ရင် သူတို့ဘယ်တော့မှ လက်လျော့မှာမဟုတ်ဘူး”

“အိပ်မက်လေးက သူတို့ကို ဒီနေ့ညကို အချိန်ကောင်း ဖန်တီးပေးလိမ့်မယ်” ရှီမာယူယူ ပြောလိုက်သည်။

“အိပ်မက်လေး သူတို့ကို အပြစ်ကောင်းကောင်းပေးရမယ် ဟုတ်ပြီလား” ဘေဂုံထန်သည် အိပ်မက်လေး ၏ ခေါင်းကိုပုတ်ကာ ပြောလေသည် “ငါတို့ တချို့အကြောင်းတွေကြောင့် သူတို့ကို ရှင်းပစ်လို့မရဘူး ပြဿနာရှာ လို့လည်းမရဘူး အဲဒါကြောင့် အဲလူအိုကြီးနှစ်ယောက်ကို သိသာအောင် ရှင်းလို့မရဘူး၊ မင်းကိုပဲအပ်ရတော့မှာပဲ”

“သမီးကိုသာအပ်ထားလိုက်ပါ ဘယ်လိုလုပ်ရမလဲဆိုတာ သမီးသိတယ်” အိပ်မက်လေးသည် ခေါင်းညိတ်  ပြီး လေးနက်စွာပြောလေသည်။

သူမသည် ဝိညာဉ်စေတီအတွင်းရှိစဉ်က ရှားရင်ရင်နှင့်တခြားသူများကို ထွက်ပြီး ရိုက်ချင်စိတ်မှာ တားမရ ခဲ့ပေ။ ဝေကျိရွှီနှင့် ရှီမာယူရန်တို့သည် ရှီမာယူယူ၏ လက်ရှိအခြေအနေအား သုံးသပ်ကာ ရှီမာယူယူအား သွား မရှုပ်ရန် ပြောထားကြသည်။ ထို့နောက်တွင် သူမသည် ရှီမာယူယူအတွက် လက်သည်မပေါ်အောင် လက်စားချေ နည်းကို သင်ခဲ့သည်။

သူမသည် နတ်ဆိုးသားရဲဖြစ်သည့်အချက်မှာ ထူးခြားသည်။ သူမသည် လူတစ်ယောက်၏ စိတ်အတွင်းကို တိုက်ခိုက်နိုင်ကာ သူတို့အား အိပ်မက်ဆိုးမက်ပြီး ထင်ယောင်ထင်မှား ဖြစ်စေကာ သွေးခြောက်ခြားအောင် လုပ် နိုင်သည်။

ထိုတိုက်ခိုက်မှုသည် သဲလွန်စမကျန်ခဲ့ပဲ လူအများစု မကြုံဖူးသော အရာပင်ဖြစ်သည်။ သူတို့သည် အိပ်မက်လေး ရှိနေသည်ကိုပင် မသိကြရာ သတိထားမိရန် ခက်ခဲသည်။

“ဒါပေမဲ့ သတိတော့ထားရဦးမယ်” ရှီမာယူယူ ပြောလိုက်သည် “အစိမ်းရောင်နန်းတော်လို့ ဂိုဏ်းကြီး တစ်ခုမှာ အားအရမ်းကောင်းတဲ့လူတွေရှိမှာပဲ၊ ငါတို့ ပေါ်သွားရင် ပြဿနာတက်သွားလိမ့်မယ်”

“သမီးနားလည်ပါတယ်” အိပ်မက်လေး ပြောလေသည် “ဒါပေမဲ့ အဲလူတွေက အခုတော့ အဲလောက် အားမကောင်းပါဘူး သူတို့ထဲမှာ အုပ်ချုပ်သူအဆင့် ကျော်နိုင်တဲ့သူမရှိလို့ ပြဿနာမရှိဘူးလို့ သမီးရဲ့ မှတ်ဉာဏ်  တွေကပြောနေတယ်”

ဝိညာဉ်အဆင့်အထက်တွင် အံ့ဖွယ်အဆင့်ရှိကာ အံ့ဖွယ်အဆင့်အထက်တွင် အုပ်ချုပ်သူအဆင့်ရှိသည်။ အုပ်ချုပ်သူအဆင့်ပြီးလျှင် ဧကရာဇ်အဆင့်ဖြစ်သည်။ တစ်တိုင်းပြည်လုံး သွားလာရာ ဧကရာဇ်အဆင့်ရှိသူ တစ် ဦးမှမရှိပေ။ ထို့ကြောင့် ဘယ်သူမှ သိမည်မဟုတ်ပေ။

သူမ ပြောသည်ကို ကြားလိုက်သောအခါ ရှီမာယူယူခေါင်းညိတ်ပြီး ပြောလေသည် “အဲလိုဆိုမှတော့ မင်းက ခြွင်းချက်ပေါ့”

“ဟုတ်တယ်” အိပ်မက်လေးသည် ပြုံးပြီး ပြန်ဖြေလေသည်။ သခင်ပြောရန်ပင်မလိုပေ သူမအတွင် အစီအစဉ်ရှိသည်။

“ကောင်းပြီ အားလုံးပြန်သင့်ပြီ” ရှီမာယူယူ ပြောလိုက်သည် “သူတို့ မနက်ဖြန်မှ လှုပ်ရှားလိမ့်မယ်”

ထိုအချိန်တွင် လျှန်ဇီသည် ပင်မနန်းဆောင်တွင် ရှိနေလေသည်။

“နန်းတော်သခင်နဲ့ ဒုနန်းဆောင်သခင်ကို အရိုအသေပေးပါတယ်” လျှန်ဇီသည် အပေါ်တွင်ထိုင်နေသော အကြီးအကဲများကို အရိုအသေပေးလိုက်သည်။

အဖြူရောင်ဝတ်နှင့် မုတ်ဆိတ်ရှည်…. သူသည် ကန့်သတ်နယ်မြေနံပါတ် ၁တွင် တွေ့ခဲ့သော အဘိုးကြီး ဖြစ်သည်။

“လျှန်ဇီ မင်းနဲ့ ဒီနေ့ပါလာတဲ့လူတွေက ဘယ်သူတွေလဲ” နန်းတော်သခင်ရှန်ယွမ်သည် တိုက်ရိုက်ပင်  မေးလိုက်သည်။

“အဲလူတွေက ကျွန်တော် လျှန်မျိုးနွယ်မှာရှိတုန်းက တွေ့ခဲ့တာပါ…” လျှန်ဇီသည် ရှီမာယူယူနှင့် တွေ့ခဲ့ရ ပုံနှင့် ဖြစ်ပျက်ခဲ့သမျှကို ရှန်ယွမ်အားပြောပြလေသည်။

“ဂဠုန်ဘုရင်ရဲ့ စာချုပ်သခင်ဆိုပဲ သူက သာမန်မဟုတ်ဘူးပဲ” ရှန်ယွမ်ပြောလေသည် “သူတို့က ရှားရန်ရန်နဲ့ ကျန်တဲ့သူတွေနဲ့ ရန်ဖြစ်တဲ့သူတွေလား”

“ဟုတ်ပါတယ်” လျှန်ဇီ ပြန်ဖြေလေသည်။

“အစက သူတို့ကို အစိမ်းရောင်နန်းတော်ထဲ ဝင်ခိုင်းရမလား စဉ်းစားသေးတယ် ဒါပေမဲ့ အဲဒါ မဖြစ်နိုင်  တော့ဘူးပဲ” ရှန်ယွမ်ပြောလေသည် “ရှားရန်ရန်ရဲ့ ကိစ္စက… အမှတ်တရစားသောက်ဆိုင်ကလည်း မကျေနပ် ကြဘူး၊ ငါတို့ ပြန်သွားရင် သူတို့ကို တောင်းပန်တဲ့အနေနဲ့ လက်ဆောင်ပို့ပေးရဦးမယ်”

“နန်းတော်သခင် ကျွန်တော် ပွင့်ပွင့်လင်းလင်းပြောတာ ခွင့်လွှတ်ပါ၊ အခုခေတ် လူငယ်တွေက အရမ်း အထက်စီးဆန်ကြတယ်၊ သူတို့က အစိမ်းရောင်နန်းတော်ရဲ့ နာမည်အောက်မှာ တခြားသူတွေကို အနိုင်ကျင့်ကြ  တယ် ပြီးတော့ တခြားသူတွေကလည်း ကျွန်တော်တို့ကို ပြောနေကြပြီ၊ ရှားရင်ရင်ကိစ္စမှာဆိုလည်း ရှီမာယူယူတို့ အဖွဲ့က စိတ်ထားကောင်းလို့တော်သေးတယ်၊ ဖြစ်လာရင် စကားပြောစရာတောင်မလိုပဲ သူတို့က တောင်ပံလေး ခုဂဠုန်မျိုးနွယ်ကို ခေါ်လာရုံပဲ အဲလိုဆိုရင် ဂိုဏ်းတစ်ခုလုံးမပြုတ်ရင်တော် ရိုက်ခတ်မှုကပြင်းထန်မှာပဲ”

“အင်း လူငယ်မျိုးဆက်တွေက မှားတယ်ဆိုတာလည်း ဟုတ်တယ် ငါ ကန့်သတ်နယ်မြေ ၁မှာ ကျင့်ကြံ  နေတုန်းက အောက်မှာ သူတို့ရန်ဖြစ်နေတာကို ကြားရတယ် သူတို့က မှားတယ်လို့ မတွေးပဲ လက်စားချေဖို့ နည်းလမ်းတွေ စဉ်းစားနေကြတယ်၊ သူတို့က အမုန်းကိုပဲ ရင်ဆိုင်ဖို့လုပ်နေကြတယ်” ရှန်ယွမ် ပြောလေသည် “ဒီအချက်ကို တွေးလိုက်ရင် သူတို့က ရှီမာယူယူနဲ့ မယှဉ်နိုင်ဘူး”

“ဒီနှစ်တွေမှာ ကျွန်တော်တို့က ဂိုဏ်းချဲ့ထွင်ဖို့ပဲ အာရုံစိုက်ခဲ့ကြတယ်၊ ဒီငြိမ်းချမ်းတဲ့အချိန်မှာ နိုးနိုးကြား ကြားရှိဖို့ကို မေ့နေခဲ့ကြတယ်၊ ဒီလိုရလဒ်ကတော့ မကောင်းဘူး” ဒုနန်းတော်ခေါင်းဆောင်သည် မျက်မှောင် ကြုတ်ကာ ပြောလေသည် “ကျွန်တော်တို့ အစိမ်းရောင်နန်းတော်ရဲ့ အနာဂတ်ကာ လူငယ်တွေရဲ့ လက်ထဲမှာပဲ ရှိတာ သူတို့ ကောင်းကောင်းမကြီးပြင်းဘူးဆိုရင် ကျွန်တော်တို့ အစိမ်းရောင်နန်းတော်ရဲ့ အနာဂတ်ကတော့ ဒုက္ခ  ရောက်တော့မယ် ကျွန်တော်တို့လမ်းမှားပို့သလိုဖြစ်သွားမယ်”

“ဒီနန်းတော်ရဲ့ အခြေခံယဉ်ကျေးမှုတွေကို ချမှတ်ရမယ့်အချိန်ရောက်ပြီ” ရှန်ယွမ် ပြောလေသည် “ဒီကိစ္စ အတွက် မင်းတို့နှစ်ယောက်ကိုငါအပ်ထားမယ်”

“ဟုတ်ကဲ့ပါ နန်းတော်သခင်”  သူတို့နှစ်ယောက်သည် မဆိုင်းမတွဖြေလိုက်ကြသည်။

“တကယ်တော့ ငါ နောက်လမှာလုပ်မယ့် လေလံပွဲကို အဖိတ်ခံထားရတယ် ငါသွားပြီးကြည့်ရဦးမယ် ရွန်းယွမ်ဆိုင်ကို လေးစားမှုရှိကြောင်းတော့ပြရမှာပေါ့” ရှန်ယွမ်ပြောလေသည်။

“ကျွန်တော်တို့ ဘယ်သူ့ကိုပို့မှာလဲ” ဒုနန်းတော်ခေါင်းဆောင် မေးလိုက်သည်။

“ငါကိုယ်တိုင်သွားမှာ နောက်ထပ်လူနည်းနည်းလောက် ခေါ်သွားရုံပဲ” ရှန်ယွမ် ပြောလေသည် “လျှန်ဇီ ငါတို့ ယဉ်ကျေးမှုအတွက်ကို ဖြေရှင်းဖို့ တခြားလူရွေးပြီးလုပ်ခိုင်းလိုက်ပါလား လျှန်ဇီက ငါနဲ့ လေလံပွဲလိုက်ခဲ့ လိုက်ပါ”

“ဟုတ်ကဲ့ပါ နန်းတော်သခင်”

“အစွမ်းအစရှိတဲ့ လူငယ်မျိုးဆက်တချို့ကိုလည်း ခေါ်သွားတာကောင်းမယ်ထင်တယ်” ဒုနန်းတော် သခင် ပြောလိုက်သည်။

“ဟုတ်တယ် သူတို့က အစိမ်းရောင်နန်းတော်ရဲ့ ကျောရိုးတွေပဲ အတွေ့အကြုံရရင် ပိုကောင်းတာပေါ့”

နောက်နေ့မနက်တွင် ရှီမာယူယူနှင့် တခြားသူများဆီသို့ နန်းတွင်းသူ တစ်ယောက်ရောက်လာလေ သည်။ နန်းတွင်းသူသည် ရှီမာယူယူတို့အား အရိုအသေပေးကာ ပြောလေသည် “ဧည့်သည်တော်တို့ နန်းတော် သခင်က ဖိတ်ခိုင်းလိုက်ပါတယ်”

ရှီမာယူယူ မျက်ခုံးများပင့်တက်သွားကာ ဘေဂုံထန်နှင့် အကြည့်ချင်းဖလှယ်လိုက်ကြသည် “နန်းတော် သခင်က ဖိတ်ထားမှတော့ သွားလည်သင့်တာပေါ့”

All Chapters