← Chapters

အပိုင်း (၄၈၁) – ကန့်သတ်နယ်မြေအတွင်းကျူးကျော်သည့် အပြစ်ဒဏ်

Vol. 005 Ch. 481

အပိုင်း (၄၈၁) – ကန့်သတ်နယ်မြေအတွင်းကျူးကျော်သည့် အပြစ်ဒဏ်

Vol. 005 Ch. 481

ရှီမာယူယူနှင့်အဖွဲ့သည် ခြံဝန်းမှထွက်ကာ နန်းတွင်းသူ မိန်းကလေးနောက်သို့လိုက်ခဲ့လေသည်။ သူတို့ သည် ကန့်သတ်နယ်မြေ ၃ ရှိရာသို့ တည့်တည့်ပင်ဦးတည်လာလေသည်။

လျှန်ဇီသာ သူတို့ကို အရင်မပြထားပါက သူတို့သည် ကန့်သတ်နယ်မြေ၃သို့ ဦးတည်သွားနေသည်ကိုပင် သိကြမည် မဟုတ်ပေ။

“နန်းတော်သခင်က ဒီလိုအစွန်အဖျားမှာနေတာလား” ရှီမာယူယူသည် ကန့်သန်နယ်မြေရှေ့သို့ ရောက် သည်နှင့် ထိုမေးခွန်းအား တမင်မေးလိုက်လေသည်။

နန်းတွင်းသူမိန်းကလေး၏ မျက်နှာသည် ပျာယာခတ်သွားခြင်းမရှိပဲ ပြောလိုက်သည် “ကျွန်မတို့ နန်းတော်သခင်က တိတ်ဆိတ်တာကို ကြိုက်ပါတယ် အဲတော့ လူသူဝေးတဲ့နေရာမှာ နေပါတယ် ဟိုမှာပါ  တောင်ကြားရှေ့တည့်တည့်က သူနေတဲ့နေရာပါ”

“ဒီနေရာမှာ ဘာအဆောက်အဦးမှာမရှိဘူး မင်းတို့်နန်းတော်သခင်ကြီးက ဂူထဲမှာနေတာလား” ဝူရန်ဖေ  ပြောလိုက်သည်။

“ဟုတ်ပါတယ်” နန်းတွင်းသူမိန်းကလေး ပြန်ဖြေလေသည်။

“ငါတို့ လမ်းပျောက်နေတာမဟုတ်တာ သေချာလား” ရှီမာယူယူသည် ထိုနေရာတွင် မလှုပ်မယှက်ရပ်  နေလေသည်။

“မဟုတ်ပါဘူး” ထိုမိန်းကလေးသည် စိုးရိမ်စိတ်များ ဖြစ်သွားသော်လည်း ဟန်လုပ်ပြုံးကာ ပြောလေ သည် “နန်းတော်သခင်က ဟိုအရှေ့မှာပါ ကျွန်မတို့မြန်မြန်သွားရအောင် မဟုတ်ရင် ကျွန်မတို့ ကြာနေရင် သခင် ကြီး ကြိုက်မှာမဟုတ်ဘူး”

“ဟုတ်တာပေါ့ မင်းက အစိမ်းရောင်နန်းတော်က နန်းသွင်းသူပဲ မင်းက သေချာပေါက်လမ်းသိမှာပဲ ဒါဆို ရင် ဆက်သွားကြတာပေါ့” ရှီမာယူယူ ပြောလိုက်သည်။

ရှီမာယူယူ ပြောသောစကားကိုကြားသောအခါ နန်းတွင်းသူမိန်းကလေးသည် စိတ်အေးသွားကာ ပြော လိုက်လေသည် “ကောင်းပါပြီ သွားရအောင်”

သူတို့ ကန့်သတ်နယ်မြေ အတားအစီးရှေ့ရောက်သောအခါ ထိုမိန်းကလေးသည် နာမည်ပြားကိုထုတ လိုက်လေသည်။

“မင်းအခု ဘာလုပ်တာလဲ”

“နန်းတော်သခင်ကြီးက တိတ်ဆိတ်တာကိုကြိုက်တယ် အဲတော့ သူက သူ့ကိုတခြားသူတွေ မနှောင့် ယှက်အောင်လို့ အတားအဆီးလုပ်ထားတာ၊ တခြားသူက ဝင်ချင်တယ်ဆိုရင် ဒါကိုသုံးပြီး အတားအဆီးဖွင့်ရ တယ်”  ထိုမိန်းကလေးသည် အမှန်ကိုပြောသကဲ့သို့ ဖြေလေသည်။

“သိပြီ” ရှီမာယူယူနှင့်အဖွဲ့သည် သိအောင်မလုပ်ပဲ သူမနောက်လိုက်ကာ အထဲသို့ ဝင်လေသည်။

သူတို့အတားအဆီးထဲဝင်သောအခါ နန်းတွင်းသူမိန်းကလေးသည် မီတာအနည်းငယ်လျှောက်  ပြီး  နောက် သူတို့အား လမ်းမပြတော့ပေ။ သူမ ပြောသည်မှာ “အရှေ့ကနေရာက ကျွန်မတို့ နန်းတော်သခင်ကြီး  နေတဲ့နေရာပါ ကျွန်မကဝင်လို့မရပါဘူး ဧည့်သည်တော်တို့ ကိုယ့်ဘာသာသွားလိုက်ကြပါ”

သူမ ပြောပြီးသည်နှင့် နောက်သို့လှည့်ထွက်ရန် ဟန်ပြင်လေသည်။ သို့သော် သူမ နောက်လှည့်လိုက် သည်နှင့် ရှီမာယူလင်းနှင့် ဝူရန်ဖေတို့သည် ပိတ်ထားကာ သူမအား အဓိပ္ပာယ်အပြည့်ပါသော အကြည့်ဖြင့် ကြည့်  လေသည်။

“မင်းက ဝူရှောင်ရှောင်ရဲ့ အစေခံမိန်းကလေးမလား” ရှီမာယူယူသည် ပြုံးပြီးမေးလေသည်။

အစေခံမိန်းကလေးသည် တုန်လှုပ်သွားသည်။ သူမဘယ်သူဆိုတာကို သူတို့သိနေတာလား။

“ဝူရှောင်ရှောင်က ရှားကျုံးဝင်ရှုပ်မှာကို ကြောက်လို့ ဒီမနက်ကို တာဝန်ယူမယ့်သူပြောင်းပြီးတော့ ငါတို့ ကို ကန့်သတ်နေရာ ၃ကိုပို့ခိုင်းဖို့ မင်းကိုခိုင်းတာပဲ” ရှီမာယူယူသည် အစေခံမိန်းကလေး၏ မျက်နှာပေါ်မှ အံ့သြ မှုကိုတွေ့သောအခါ ပြောလေသည်။ သူမသည် အားရပါးရပြုံးလိုက်သည်။

“ရှင်တို့…. ရှင်တို့ ဘာတွေပြောနေကြတာလဲ နန်းတော်သခင်ကြီးက ရှင်တို့ကို အထဲမှာစောင့်နေတယ် မြန်မြန်ဝင်တာကောင်းမယ်” အစေခံမိန်းလေးသည် မျက်နှာအမူအရာကို ထိန်းကာ ဆက်ပြောလေသည်။ သူမ မျက်လုံးများမှာ လက်ရှိစိတ်အခြေအနေကို ဖော်ပြနေသည်မှာတော့ သနားစရာကောင်းသည်။

“တော်ပြီ ငါတို့အထဲကို ဝင်ပြီးနေပြီ ဘာလို့မင်းဟန်ဆောင်နေသေးတာလဲ” ရှီမာယူယူ ပြောလိုက်သည် “ဒီနေရာက ကန့်သတ်နယ်မြေ၃ဆိုတာကို ငါတို့မသိဘူးထင်နေတာလား ငါတို့ ဒီကိုမနေ့ကပဲ ရောက်ပြီးပြီ”

“ရှင်တို့…” အစေခံမိန်းကလေးသည် ရှီမာယူယူအား အံ့သြစွာကြည့်လိုက်လေသည်။

သူတို့က ဒီနေရာကို သိရဲ့သားနဲ့ ဘာလို့သူမနောက်လိုက်ပြီး ဝင်ခဲ့တာလဲ။

“ငါတို့ ဘာလို့ဒီကိုလိုက်ခဲ့တာလဲဆိုတာ သိချင်တာလား၊ ခဏနေသိရမှာပါ” သူမသည် မသိမသာပြုံးပြီး  နောက်ပြောလေသည်။

မိနစ်အနည်းငယ်အကြာတွင် တခြားသူများကို အထဲတွင် ထားခဲ့ကာ ရှီမာယူယူသည် အတားအဆီး အပြင်ဘက်သို့ ထွက်ခဲ့လေသည်။

ထို့အပြင် သူမသည် သူမ၏လက်ရှိပုံစံမဟုတ်ပဲ ဟိန်းသံထောင်ချီနှင့် ပေါင်းစပ်ကာ အသွင်ပြောင်းထား  လေသည်။ သူမသည် အမှန်တကယ်ပင် အစေခံမိန်းကလေးပုံစံဖြစ်သွားလေသည်။

နာရီဝက်ကြာသောအခါ ရှားကျုံးဆီသို့ရောက်လာလေသည်။

“နန်းတော်သခင်ကို အရိုအသေပေးပါတယ်” အစေခံမိန်းကလေးသည် ရှားကျုံးကို အရိုအသေပေးလေ သည်။

ရှားကျုံးသည် အစေခံမိန်းကလေးတစ်ယောက်သာ အပြင်ဘက်တွင်ရှိပြီး တခြားသူများသည် အတား အဆီးအတွင်းရှိသည်ကို မြင်လိုက်ရသည်။ ထို့အပြင် အတားအဆီးသည် သူတို့အား တိုက်ခိုက်ထားသည့် လက္ခဏာများဖြစ်နေလေသည်။

အစွန်အဖျားပိုင်းတွင် လူများလဲနေကြသည်။ ဘေဂုံထန်သည် သူတို့ဘေးတွင် ဆောင့်ကြောင့်ထိုင်ကာ ရှားကျုံးရှိရာဘက်သို့ ကျောပေးထားလေသည်။ လူအများ ဒဏ်ရာရထား၍ သူမသည် သူတို့အား စောင့်ရှောက်  ပေးနေသည်နှင့်တူသည်။

ဝူရန်ဖေနှင့် ရှီမာယူလင်းတို့သည် ရှားကျုံးကိုမြင်သည်နှင့် စိုက်ကြည့်ကာမေးလေသည် “ခင်ဗျားက ဘယ်သူလဲ ဘာလို့ ကျွန်တော်တို့ကို ထိခိုက်အောင်လုပ်တာလဲ”

“ငါက ဘယ်သူလဲဟုတ်လား ငါကရှားရင်ရင်ရဲ့ အဖေ မြစ်နီနန်းတော်ရဲ့ သခင်ပဲ” ရှားကျုံးပြန်ဖြေလေ သည်။ “ငါ့သမီးက မင်းတို့ကြောင့် ၁နှစ်အကျဉ်းချခံနေရတယ် အဖေတစ်ယောက်အနေနဲ့ ငါက သူမအတွက် လက်စားချေပေးတာပဲ”

“ရှားရင်ရင်ရဲ့ အဖေဟုတ်လား” ရှီမာယူလင်းသည် အေးစက်စွာ လေမှုတ်ထုတ်လိုက်သည် “ခင်ဗျားလို အမှားအမှန်မသိ အကြောင်းပြချက်မခိုင်လုံတဲ့ လူတစ်ယောက်က အဲလိုလူမျိုးမွေးထုတ်တယ်ဆိုတာ မအံ့သြ  တော့ပါဘူး”

“ရှားရင်ရင်နဲ့ သူမလူတွေမှားတယ်ဆိုတာ သိပေမယ့် ကျွန်တော်တို့်ကိုပဲ ဖမ်းချင်တာ၊ ကျွန်တော်တို့က သူမကို ပညာပေးတာပဲရှိတယ်၊ ဒါပေမဲ့ ခင်ဗျားက လျှန်မျိုးနွယ်နဲ့ အကြီးအကဲတွေကိုပဲ ဆွဲသွင်းနေတာ၊ ခင်ဗျာ က ခင်ဗျားသမီးကိုဖျက်ဆီးတာပဲ” ဝူရန်ဖေသည် အပြစ်ပြောလေသည်။

“သူမက ငါ့သမီးပဲ သေချာပေါက် ဖူးဖူးမှုတ်ထားတာပေါ့” ရှားကျုံးပြောလိုက်သည်။

“ခင်ဗျားဘာလုပ်ချင်တာလဲ ကျွန်တော်တို့ကို သတ်ချင်တာလား” ဝူရန်ဖေသည် မေးလိုက်သည်။

“ငါက ဘာလုပ်ချင်ရမှာလဲ တကယ်တော့ ဘာမှမလုပ်ချင်ဘူး” ရှားကျုံးပြောလိုက်သည် “ဒီနေရာက ကန့်သတ်နယ်မြေ ၃ပဲ သားရဲတွေမျိုးစုံရှိတယ် မင်းတို့ အထဲမှာ မသေပဲ နှစ်ရက်တောင့်ခံနိုင်တယ်ဆိုရင် အဲကနေ လွှတ်ပေးမယ် မင်းတို့ကို ကန့်သတ်နယ်မြေဝင်တဲ့အတွက်ပဲ အပြစ်ပေးမယ် နန်းတော်သခင်က မင်းတို့ကို ဧည့် သည်အနေနဲ့ ဆက်ဆံတာဆိုတော့ အသက်တော့ ချမ်းသာပေးရမှာပေါ့၊ မင်းတို့ ဒီမှာသေသွားရင်တော့ မင်းတို့ ကံပဲပေါ့”

“ကန့်သတ်နယ်မြေ၃မှာ သားရဲမျိုးစုံရှိနေတာ ခင်ဗျားက ကျွန်တော်တို့ကို ဒီမှာ၂ရက်နေပြီး တောင့်ခံရ မယ့်အပြင် ကျူးကျော်သူအဖြစ် စွပ်စွဲဦးမယ် နန်းတော်သခင်တစ်ယောက်အနေနဲ့ ခင်ဗျားက ဧည့်သည်ကို ဒီလိုပဲ ဆက်ဆံတာလား အစိမ်းရောင်မြို့တော်ကလူတွေ သိရင် ခင်ဗျားကို အပြစ်ပေးမှာ မကြောက်ဘူးလား”

“သူတို့မသိရင် ပြီးတာပဲမလား” ရှားကျုံးသည် ပြဿနာမဟုတ်သကဲ့သို့ပြောလေသည်။

“ကျွန်တော်တို့ လွှတ်သွားရင် နန်းတော်သခင်ကြီးကို သေချာပေါက်သွားပြောမှာပဲ” ရှီမာယူလင်းသည်  အေးစက်သော အမူအရာဖြင့်ပြောလေသည်။

“ဟား ဟား ဟား” ရှားကျုံးသည် ရယ်မောကာ “မင်းတို့ကို ယုံမယ်လို့ ထင်နေတာလား ငါက အစိမ်း  ရောင်နန်းတော်က နန်းတော်ခွဲသခင်… မင်းတို့က ဧည့်သည်ပဲလေ သူတို့က မင်းတို့်ကို ယုံမှာလား ငါ့ကိုယုံမှာ လား”

တိမ်တိုက်ပျံနန်းတော်တွင်… လျှန်ဇီနှင့် နန်းတော်သခင်တို့သည် တစ်ညလုံးဆွေးနွေးပြီး ပြန်လာကြလေ သည်။ ရှီမာယူယူနှင့် တခြားသူများ နိုးနေပြီဟု တွေးပြီးနောက် သွားတွေ့လေသည်။ လမ်းတွင် သူသည် ခြံဝန်း အတွင်းမှ ထွက်လာသော ချူချောင်ထန်နှင့် တခြားနှစ်ယောက်ကို တွေ့လေသည်။

“ဘယ်သူမှမရှိဘူးလား”

“မနက်အစောကြီးကို ဘယ်သွားကြတာလဲ”

လျှန်ဇီသည် နန်းတွင်းသူအားခေါ်မေးသော်လည်း နန်းတွင်းသူလည်း မသိပေ။

“ရွှီး ရွှီး”

လျှန်ဇီနှင့် ချူချောင်ထန် ရှေ့တွင် ပျားနှစ်ကောင်ပျံနေလေသည်။

“ဒါ ရှီမာယူယူရဲ့ပျားတွေပဲ” ချူရှောင်ထန်သည် ကြည့်လိုက်သည်နှင့် မှတ်မိလေသည်။

“ရွှီး ရွှီး”

ပျားနှစ်ကောင်သည် သူတို့အား ဝိုင်းပတ်ပြီး ပျံနေရာမှ ခြံဝင်းအပြင်သို့ ပျံထွက်သွားလေသည်။

“သူတို့ပျံသွားပြီ အာ သူတို့ပြန်လာနေပြီ”

“သူတို့နောက်ကိုလိုက်စေချင်တာ” ချူချောင်ထန်သည် ပျားများဆိုလိုချင်သည်ကို နားလည်ကာ လျှန်ဇီ တို့အား ခေါ်သွားလေသည်။

နီရဲပျားများသည် သူတို့အား ကန့်သတ်နယ်မြေ၃သို့ ခေါ်သွားလေသည်။ ထိုနေရာတွင် ရှားကျုံးနှင့်  ဝေကျိရွှီတို့ ရှိနေသည်ကို မြင်လိုက်ရသည်။

“မဖြစ်ဘူး သူတို့ အဲနေရာကို ဝင်သွားပြီ” လျှန်ဇီသည် သူတို့အားမြင်သည်နှင့် အော်ကာ စိတ်ပူပန်စွာ ပျံ တက်လိုက်လေသည်။

“ရှားကျုံး မင်းဘာလုပ်တာလဲ”

ရှားကျုံါ်သည် လျှန်ဇီတို့ မြန်မြန်ရောက်လာမည်ဟု မထင်မိပေ။ အဲသားရဲတွေတောင် မထွက်လာသေးဘူး  လေ။

သို့သော် သူရောက်နေမှတော့ ၂ရက်မစောင့်တော့ဘူး။ သူတို့ကို ကျူးကျော်မှု အပြစ်ဒဏ်ပေးရမယ်။

“မင်းရောက်လာတာ အတော်ပဲ သူတို့လေးယောက် ဒီကန့်သတ်နယ်မြေ၃ကို ကျူးကျော်တာကို ငါဖမ်းမိ ထားတယ် သူတို့က မင်းဧည့်သည်တွေလို့ပြောတယ် ဒီအခြေအနေကို ဘယ်လိုလုပ်ဖို့ စီစဉ်ထားလဲ”

All Chapters