← Chapters

အပိုင်း (၄၈၂) – ကောက်ကျစ်သော မြေခွေးလေး

Vol. 005 Ch. 482

အပိုင်း (၄၈၂) – ကောက်ကျစ်သော မြေခွေးလေး

Vol. 005 Ch. 482

ခဏအကြာတွင် သေးငယ်သောအပြာရောင် မီးပန်းသည် ကန့်သတ်နယ်မြေ ၃အထက် ကောင်းကင်ပေါ် သို့ ပစ်လွှတ်လိုက်လေသည်။ အစိမ်းရောင်နန်းတော်လူများ မီးပန်းကို မြင်သောအခါ နန်းတော်သခင်အား အခြေအနေကို သတင်းပို့လေသည်။

“ကန့်သတ်နယ်မြေ၃ မိုးပေါ်မှာ အချက်ပြမီးပန်း အပြာရောင်ထွက်လာတယ်ဟုတ်လား”

နန်းတော်သခင်များသည် ရှုပ်ထွေးနေသော်လည်း တံခါးပိတ်ကျင့်ကြံနေခြင်းမဟုတ်သဖြင့် ကန့်သတ် နယ်မြေ၃သို့ အပြေးသွားကြည့်ကြလေသည်။

အပြာရောင်မီးပန်းကြောင့်ပင် နန်းတော်သခင်များအားလုံးကို စုစည်းပြီးသားဖြစ်သွားလေသည်။

ထိုနန်းတော်သခင်များသည် ကန့်သတ်နယ်မြေ၂သို့ အပြေးသွားကာ ဒုနန်းတော်သခင် လျှန်ဇီနှင့် ရှားကျုံးတို့ရောက်နေသည်ကို တွေ့လိုက်ရသည်။ ထို့အပြင် သူတို့မျက်နှာချင်းဆိုင်တွင် ကန့်သတ်နယ်မြေ၃ အတွင်းရှိနေသော သူစိမ်းများကိုပါ တွေ့ရလေသည်။

နန်းတော်သခင်များသည် ဒေါသထွက်ကာ အော်ကြလေသည် “ဘယ်သူတွေက ကျူးကျော်ရဲတာလဲ”

“တော်ပြီ နန်းတော်သခင်တွေလည်း အကုန်ဒီရောက်နေပြီ” လျှန်ဇီ ပြောလိုက်သည်။

“လျှန်ဇီ ဘာတွေဖြစ်နေတာလဲ” ဒုနန်းတော်သခင်မေးလိုက်သည် “မင်းတို့က ဒီမှာဘာလုပ်နေကြတာ လဲ”

“ကျွန်တော်က ပြန်ဖြေပါတယ် ဒုနန်းတော်သခင် ရှားကျုံးက ရှီမာယူယူနဲ့ တခြားသူတွေကို ဒုက္ခပေးချင လို့ သူတို့ကို ဒီကန့်သတ်နယ်မြေထဲရောက်အောင် မျှားခေါ်လိုက်တာ သူက သားရဲတွေ သူတို့ကို သတ်လိုက်တာ ကို ဖြစ်စေချင်တာ သူတို့သာ အသက်ရှင်မယ်ဆိုရင် အစိမ်းရောင်နန်းတော်ရဲ့ စည်းမျဉ်းအရ သူတို့ကို ကျူးကျော် သူအဖြစ် အပြစ်ပေးချင်တာ” လျှန်ဇီ ရှင်းပြလေသည်။

ဒုနန်းတော်သခင်သည် ရှားကျုံးအား ကြည့်ကာ ပြောလေသည် “ဘာတွေဖြစ်နေတာလဲ”

“ဒုနန်းတော်သခင် ကျွန်တော်က ရှောင်ရှောင်ရဲ့ အစေခံမိန်းကလေးကို နာမည်ပြားပေးပြီး ကိစ္စတစ်ခု ခိုင်းလိုက်တာ ဒါပေမဲ့ သူမ အချိန်ကြာတာတောင်ပြန်မလာသေးလို့ ကျွန်တော့်နာမည်ပြားရောင်ဝါနောက် လိုက်လာတော့ သူတို့လက်ထဲမှာတွေ့တာပဲ သူတို့က ကျွန်တော့်အစေခံမိန်းကလေးကို ပြန်ပေးဆွဲပြီး ကန့်သတ် နယ်မြေထဲကို ဝင်မယ်လို့ဘယ်သူထင်မှာလဲ” ရှားကျုံးသည် ရှင်းပြလေသည်။

ထိုဇာတ်လမ်းမှာ အခြေအနေအားရှင်းပြရန် ရှောင်ရှောင် သူ့အားသင်ပေးလိုက်ခြင်းဖြစ်သည်။

ဒုနန်းတော်သခင်သည် ရှီမာယူယူနှင့် တခြားသူများကို ကြည့်လိုက်သည်။ သူတို့ထဲက တစ်ယောက်က ဂဠုန်ငှက်ဘုရင်နဲ့ စာချုပ်ချုပ်ထားတာမလား။

“မင်းတို့ ပြောစရာရှိလား” သူသည် သူတို့ဘက်လှည့်ကာ မေးလိုက်လေသည်။

“သူတို့က သေချာပေါက် နန်းတော်သခင်လျှန်လိုပဲပြောမှာပဲ သူတို့က တစ်ဖွဲ့တည်းသားတွေလေ” ရှားကျုံးပြောလေသည်။

လျှန်ဇီကို ယုံသော နန်းတော်သခင်များရှိသကဲ့သို့ ရှားကျုံးကိုယုံသော သူများလည်းရှိသည်။ သူတို့ ရှီမာယူယူနှင့် တခြားသူများအကြောင်းကို မသိထားသူများလည်းရှိသည်။

“ဒုနန်းတော်သခင် ကျွန်တော်မေးခွန်းကို မဖြေခင်ကို မေးခွန်းတစ်ခုမေးပါရစေ၊ နန်းတော်သခင်လျှန်  ပြောသလိုဆိုရင် နန်းတော်သခင်ရှားကဘယ်လိုဖြစ်သွားမှာလဲ၊ နန်းတော်သခင်ရှားပြောသလိုဖြစ်မယ်ဆိုလည်း ကျွန်တော်တို့ ဘယ်လိုဖြစ်မှာလဲ” ရှီမာယူယူ မေးလိုက်သည်။

လွန်ခဲ့သည့် နာရီဝက်က လျှန်ဇီရောက်လာသည်။ ထို့နောက်တွင် ရှားကျုံး သတိမထားမိသောအချိန် တွင် သူမသည် ကန့်သတ်နယ်မြေအတွင်းဝင်ကာ မူလပုံစံသို့ပြောင်းလိုက်လေသည်။ ဘေဂုံထန်တို့ မတ်တတ်ရပ ကာ သူမသည် နောက်သို့လျှောက်သွားခဲ့သည်။ ထိုမှသာ လဲကျနေသောသူမှာ ဝူရှောင်ရှောင်၏ အစေခံဖြစ်  ကြောင်းကို ရှားကျုံး သိလိုက်ရလေသည်။

ထို့နောက်တွင် သူမသည် အစိမ်းရောင်နန်းတော်မှ လူများစုဝေးအောင်လုပ်ဖို့ လျှန်ဇီကို အကူအညီ  တောင်းပြီး ဘာမှထပ်မပြောခဲ့ပေ။

ဒုနန်းတော်သခင်သည် တွေဝေခြင်းမရှိပဲ ပြောလေသည် “နန်းတော်သခင်လျှန်က အမှန်ပြောတာဆိုရင် နန်းတော်သခင်ရှားက ဧည့်သည်ကို ထိခိုက်အောင်လုပ်တဲ့အတွက် နန်းတော်သခင်ရာထူးကနေ ဖယ်ပေးရမယ် နန်းတော်သခင်ရှားက အမှန်ပြောတယ်ဆိုရင် မင်းတို့က ငါတို့အစိမ်းရောင်နန်းတော်ရဲ့ အပြစ်ပေးတာကို ခံရ မယ်၊ ငါတို့က ဆွေးနွေးပြီးမှပဲ အပြစ်ပေးတာ”

ရှီမာယူယူ ခေါင်းညိတ်ကာ ပြောလေသည် “အားလုံးရှိနေမှာတော့ အစိမ်းရောင်နန်းတော်က ကတိ တည်မယ်လို့ ကျွန်တော်ယုံပါတယ် ဘေဂုံလာခဲ့ပါဦး”

ဘေဂုံသည် အသံကျောက်တုံးထုတ်ကာ သူမ ဝိညာဉ်စွမ်းအင်ထည့်လိုက်လေသည်။ ရှားကျုံးသည် သူ ပြောလိုက်သောစကားများ အသံသွင်းထားသည်ကို အခုမှပင် သိလိုက်ရသည်။

ဒုနန်းတော်သခင်သည် မျက်နှာတင်းသွားပြီးရင်း တင်းသွားကာ ရှားကျုံး၏ မျက်နှာမှာ ဖြူဖျော့ပြီးရင်း  ဖြူလာလေသည်။

“ဒုနန်းတော်သခင် ကျွန်တော့်မှာ သက်သေရှိနေတော့ ပြောစရာမလိုတော့ဘူးထင်တယ်” ရှီမာယူယူ  ပြောလိုက်သည် “ငှက်လေး ဘယ်လိုထင်လဲ ငါထပ်ပြောဖို့လိုသေးလား”

ငှက်လေးသည် အားလုံးရှေ့တွင် ပေါ်လာလေသည်။ မြင့်မြတ်သော ဂဠုန်ကို ကြားသာကြားဖူးသည် မြင်ဖူးသည့်သူမရှိပေ။

“သူက ဂဠုန်ဘုရင်ရဲ့ စာချုပ်သခင်လား”

“ငှက်မျိုးနွယ်တွေရဲ့ အတွင်းပိုင်းပဋိပက္ခတွေက ရှင်းပြီးသွားပြီ အဲတော့ ငှက်မျိုးနွယ်တွေအကုန်လုံးက  မြင့်မြတ်တဲ့ဂဠုန်ရဲ့ အုပ်ချုပ်မှုအောက်မှာပဲရှိတော့တာ သူတို့သာ ငါတို့ကို ဆန့်ကျင်ရင် ငါတို့အန္တရာယ်မများ နိုင် ဘူးလား”

“ရှားကျုံးက အဲလိုလူကို ဘယ်လိုလုပ်သွားပြီး ရန်စရတာလဲ”

ငှက်လေးသည် လူသားအသွင်ပြောင်းကာ ရှီမာယူယူဘေးတွင် ရပ်လိုက်လေသည်။ သူသည် အစိမ်း  ရောင်နန်းတော်မှ လူများကို အေးစက်စွာကြည့်ကာ “ဒီဘုရင်ရဲ့သခင်ကို ဘယ်သူထိရဲတာလဲ အစိမ်းရောင် နန်းတော်က တကယ်ပဲ မိုက်တာပဲ ဒီနေ့ကို အဖြေကောင်းကောင်းမပေးနိုင်ဘူးဆိုရင် ဒီဘုရင်က လူသားနဲ့ ဝိညာဉ် သားရဲတွေကြားက သဘောတူညီမှုကို မဖျက်ချင်လို့ပဲ ငှက်မျိုးနွယ်ကထွက်လာတာ မဟုတ်ရင် အားလုံးက ဒီဘုရင်ကြီးရဲ့ သခင်ကို လွယ်လွယ်နဲ့ ပစ်မှတ်ထားနေကြတာ”

ငှက်လေးသည် အလွန်လေးနက်စွာ ပြောလေသည်။ သူသည် အရှေ့မတိုးပေ။ ရှီမာယူယူသည် ငှက်မျိုးနွယ် အင်အားမယူချင်သည်ကို သိသော်လည်း သူမအား မနစ်နာစေချင်ပေ။

အဖြူရောင်မုတ်ဆိတ်နှင့် အကြီးအကဲသည် ပျံလာကာ အားလုံးရှေ့တွင် ဆင်းသက်လိုက်သည်။ သူ သည် ရှင်းယွမ်ဖြစ်လေသည်။

“နန်းတော်သခင်ကြီးကို နှုတ်ဆက်ပါတယ်” အားလုံးသည် ရှင်းယွမ်ကို အရိုအသေပေးလေသည်။

“ရှားကျုံးက ဧည့်သည်တွေကို လုပ်ကြံခဲ့တယ် သူက ကိစ္စသေးတစ်ခုအတွက်နဲ့ မတရားတာလုပ်ခဲ့ တယ်၊ သူ့အကျင့်က ဆိုးဝါးတဲ့အတွက် မြစ်နီနန်းတော်ရဲ့ နန်းတော်သခင်မဖြစ်ထိုက်ဘူး” ရှင်းယွမ်ပြောလေ သည် “ဒီနေ့မှာ မင်းရဲ့ နန်းတော်သခင်ရာထူးချပြီးတော့ အကျဉ်းချထားမယ် မင်းကို အပြစ်ပေးဖို့ နေ့ကို နောက်မှ သတ်မှတ်မယ်”

သူသည် ဒီလိုမျိုးရာထူးအချခံရမည်ဟု တခြားသောနန်းတော်သခင်များ မထင်မိကြသဖြင့် မှင်သက်သွား ကြလေသည်။

ရှင်းယွမ်သည် ရှီမာယူယူအား ကြည့်ကာမေးလေသည် “ဒါကို ကျေနပ်ရဲ့လား”

ထိုနှစ်သက်ဖွယ်ကောင်းသော ပုံစံနှင့် အကြီးအကဲသည် အစိမ်းရောင်နန်းတော်၏ နန်းတော်သခင်ကြီး  ဖြစ်လိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူမသည် မျက်ခုံးပင့်ကာ “ရှားကျုံးရဲ့ကိစ္စက လူကြီးမင်းတို့ရဲ့ အတွင်းရေးဖြစ် သွားပါပြီ ဒါပေမဲ့ ကျွန်တော်ကတော့ အစိမ်းရောင်နန်းတော်ရဲ့ ဧည့်သည်ဖြစ်ပြီး အသက်သေတော့မလိုဖြစ်တာ ကတော့…”

“ငါတို့ လျော်ကြေးပေးပါမယ်” ရှင်းယွမ်သည် မှုတ်ဆိတ်အားသပ်လိုက်လေသည်။

“အဲလိုဆိုရင်တော့ လူကြီးမင်းတို့ရဲ့ နစ်နာကြေးကိုယူခဲ့ပါ ငှက်လေးက မကျေနပ်ရင်တော့ ကျွန်တော် လည်း ရွေးစရာမရှိပါဘူး”

“ဒီနစ်နာကြေးကို မင်းကျေနပ်မှာပါ” ရှင်းယွမ်ပြောလေသည် “ဒါပေမဲ့ ဒီမှာဆက်ပြီး စကားပြောချင် ရင်တော့ သားရဲတွေထွက်လာရင် အန္တရာယ်များတယ်”

ရှီမာယူယူလည်း တွေးမိသည်။ ထိုနေရာသည် တစ်ဖက်လူ၏ နယ်မြေလည်းဖြစ်နေသည်။ သူမ ဆက်မြောက်နေလျှင်လည်း ဆုံးရှုံးသွားနိုင်သည်။ ထို့အပြင် အစိမ်းရောင်နန်းတော်သည် ကောင်းမွန်သောဂိုဏ်း  ဖြစ်နေသည်။ အရေးပေါ် ဖြစ်လာလျှင်လည်း သူမ လွတ်မြောက်နိုင်မည်မှ မသေချာပေ။

“ကောင်းပါပြီ ဒီတစ်ခါ ယုံလိုက်ပါမယ်”

ပြောပြီးနောက်တွင် သူမသည် ရှားကျုံး၏ နာမည်ပြားကို ယူကာ အားလုံးကိုခေါ်ခဲ့လေသည်။

“ဒါဆိုရင် ပင်မနန်းတော်သွားပြီးတော့ နစ်နာကြေးနဲ့ပတ်သတ်တာကို ပြောကြတာပေါ့” ရှင်းယွမ် ပြော  လေသည်။

ထိုအချိန်တွင် ရှီမာယူယူ ပြုံးပြီးပြောလိုက်သည် “နန်းတော်သခင်လျှန်နဲ့ ကျွန်တော်တို့က မိတ်ဆွေတွေ  ဖြစ်နေပြီ ဘာလို့လူကြီးမင်းဆီက နစ်နာကြေးလက်ဆောင်ယူမလဲ ဒီနေ့လည်း ကျွန်တော်တို့ကြောင့် ရုတ်ရုတ် သဲသဲဖြစ်သွားပြီ တခြားမရှိရင် ကျွန်တော်တို့ အရင်သွားနားလိုက်ပါမယ်”

ရှားယွမ်၏ မုတ်ဆိတ်များသည် ထပ်တုန်သွားပြန်သည်။ ဒီကောင်လေးက တကယ်ပဲ ဒီလိုလား။ သူမ သည် အခွင့်ကောင်းယူကာ ခြေတစ်လှမ်းဆုတ်လိုက်သည်။ သူမသည် နစ်နာကြေးလက်ဆောင် မယူဟု ပြော  နေသော်လည်း သူမကို ဘယ်လိုလုပ်မပေးပဲနေရဲမလဲ။ သူသည် မတတ်သာပဲ သူမကို လက်ဆောင်တချို့ပေး ရမည်။ သူမ မကျေနပ်ပါက သူမသည် အစိမ်းရောင်နန်းတော်ကို ပြဿနာမဖြစ်စေနိုင်ဘူးလား။

မြေခွေးလေး…

ခဏအကြာတွင် ရှီမာယူယူနှင့် တခြားသူများသည် တိမ်တိုက်ပျံနန်းတော်သို့ ပြန်လာလေသည်။ ဒုနန်းတော်သခင်သည် ကိုယ်တိုင်လာကာ နစ်နာကြေးလက်ဆောင်ကို ယူလာလေသည်။ စကားများ ချိုသာစွာ  ပြောပြီးနောက် သူမအား မှော်ဝင်လက်စွပ်အားပေးလိုက်လေသည်။

ရှီမာယူယူသည် သူ့ရှေ့တွင် ပစ္စည်းများကို မကြည့်ပေ။ သူထွက်သွားမှပင် သူမသည် အထဲကို ကြည့် လိုက်လေသည်။ အထဲမှ ပစ္စည်းများကိုတွေကသောအခါ သူမသည်ကျေနပ်စွာ ပြုံးကာ ဘေဂုံထန်နှင့် တခြားသူ များဆီသို့ လက်စွပ်အားပေးလိုက်လေသည်။

သူတို့သည်လည်း အထဲမှပစ္စည်းများကို မြင်သောအခါ ပြုံးကြလေသည်။

နောက်တစ်နေ့တွင် လျှန်ဇီ ရောက်လာကာ ဖြတ်လမ်းတည်ဆောက်မှု ပြင်ပြီးကြောင်းကို ပြောလေသည်။

ရှီမာယူယူနှင့် တခြားသူများသည် ချက်ချင်းသွားရန် ပြင်လေသည်။ ချူချောင်ထန်သည်လိုက်ချင်သော် လည်း ရှီမာယူယူမှ ငြင်းဆန်လေသည်။

သူတို့သည် ထိုနန်းတော်ရောက်သည်နှင့် တခြားသူများကို ကယ်ထုတ်ရမည်။ သူသည် ဖက်တီးကျူနှင့် တခြားသူများကို မြင်လျှင် ဝိညာဉ်စေတီရှိခြင်းမှာ ပေါ်သွားမည်။

သည်လိုနှင့် ချူချောင်ထန်၏ ကတ်သတ်သောအကြည့်ဖြင့် ကျန်နေခဲ့ကာ သူတို့သည် အလယ်ပိုင်း  ဒေသ သို့ဦးတည်သော ဖြတ်လမ်းတည်ဆောက်မှုသို့ သွားလေသည်။

All Chapters