အပိုင်း (၄၈၃) – အတိတ်က နစ်နာခဲ့ခြင်းများ
Vol. 005 Ch. 483
အလယ်ပိုင်းဒေသရှိ ဆောင်းဦးလမြို့တော်တွင် ထူးခြားမှုရှိမနေပါ။ သို့သော် ထိုမြိုု့သည် အလယ်ပိုင်း ဒေသတွင် အဆင့်မနိမ့်ပေ။ အဘယ့်ကြောင့်ဆိုသော် အဂ္ဂိရတ်ပညာရှင်မျိုးနွယ် ၂ခုရှိသောကြောင့်ပင်။ တစ်ခု သည် တောင်ပိုင်းတွင်ရှိကာ နောက်တစ်ခုသည် မြောက်ပိုင်းတွင်ရှိသည်။ ထိုမျိုးနွယ်နှစ်ခုသည် အရင်ကပင် ပါရမီရှင်များ မွေးထုတ်ပေးခဲ့သည်။ သို့သော် သူတို့၏ ဆက်ဆံရေးမှာ နောက်ပိုင်းတွင် တင်းမာလာပြီး ထိုတင်းမာ မှုသည် တစ်ဖက်မှ အသက်ရှင်နေသေးသရွေ့ ရှိနေဦးမည့်ပုံပင်။
တောင်ပိုင်းမျိုးနွယ်မှာ ဘေဂုံဟုခေါ်ပြီး မြောက်ပိုင်းမျိုးနွယ်မှာ ရင်ဟုခေါ်သည်။ ရင်မျိုးနွယ်သည် လျှို့ဝှက်နည်းလမ်းများရှိသဖြင့် ဘေဂုံမျိုးနွယ်ထက် အဆင့်တစ်ဆင့်မြင့်သည့်ပုံပင်။ ထိုနည်းလမ်းများမှာ သူတို့ ဆေးကို အဆင့်တက်စေသော နည်းလမ်းများဖြစ်သည်။
သူတို့ဆေးများသည် အဆင့်တူသော်ငြား ဘေဂုံမျိုးနွယ်၏ ဆေးများထက် အရည်အသွေးကောင်းသည်။
ဘေဂုံမျိုးနွယ်အား လက်ရှိအုပ်ချုပ်သူမှာ ဘေဂုံရှုန်ဟု ခေါ်သူဖြစ်သည်။ သူသည် ဘေဂုံထန်၏ ဘေးဖြစ် ကာ သူမ၏ အဖေဖြစ်သူ ဘေဂုံအောင်၏ အဘိုးဖြစ်သည်။
ဘေဂုံမျိုးနွယ်သည် ရင်မျိုးနွယ်၏ လျှို့ဝှက်နည်းလမ်းကို အမြဲတမ်းသိချင်နေခဲ့သည်။ သို့သော် ရင်မျိုးနွယ်သည် လျှို့ဝှက်ချက်ကို သေချာသိမ်းထားကာ တစ်ခါမှ ထုတ်မလာပေ။ သူတို့သည် ဖော်စပ်ခြင်းအား အနီးကပ်ကြည့်သော်လည်း ကွာခြားချက်ကို ရှာမရပေ။
ထို့နောက်တွင် သူတို့ အသက် ၂၀ရောက်သောအခါ သူတို့သည် ဘေဂုံထန်၏ မိခင်ရင်လန်နှင့် ဘေဂုံအောင်တို့ ချစ်ကြိုက်အောင်လုပ်ပြီး သူမ မျိုးနွယ်၏ ကန့်ကွက်မှုကိုဖြစ်စေလေသည်။ သူတို့သည် ဘေဂုံထန်နှင့် သူမ၏ မောင် ဘေဂုံဟောင်ကို မွေးခဲ့လေသည်။
သို့သော် စက်ဆုပ်မုန်းတီးသဖြင့် ရင်လန်သည် ရင်မျိုးနွယ်၏ လျှို့ဝှက်ချက်ကို မပြောပြခဲ့ပေ။
ဘေဂုံအောင်သည် အစပိုင်းတွင် ရင်လန်အား မနှစ်သက်ခဲ့ပဲ ရိချုံနန်းတော်မှ နန်းတော်သခင်၏ သမီးတော် ရူယွန်အာကို နှစ်သက်ခဲ့သည်။ သူတို့သည် ချစ်ကြိုးသွယ်ကာ လက်ထပ်ရန်ပင် ကတိပေးထားခဲ့ကြ သည်။ သို့သော် ရင်မျိုးနွယ်တွင် ရင်လန်၏ ရာထူးမှာအနိမ့်သဖြင့် သူမအား တခြားမိန်းကလေးမရှိဟု ပြောခဲ့ သည်။ ထို့ကြောင့် သူသည် ဂူယွန်အာအား လက်မထပ်နိုင်ခဲ့ပေ။
သို့သော် သူမသည် ရင်မျိုးနွယ်၏ လျှို့ဝှက်ချက်ကို မဖော်ထုတ်ခဲ့သဖြင့် ဘေဂုံအောင်သည် စိတ်မရှည် နိုင်တော့ပေ။ ရန်ဖြစ်ပြီးနောက်တွင် သူသည် ဂူယွန်အာနှင့် ပြန်လက်ထပ်ခဲ့သည်။ ထိုနှစ်အကုန်တွင် သူတို့ သည် ဘေဂုံအာဟုခေါ်သော သမီးတစ်ယောက်မွေးဖွားလေသည်။
ရိချုံနန်းတော်သည် ဆောင်းဦးလမြို့တော်တွင် အကြီးမားဆုံးဂိုဏ်းဖြစ်သည်။ ဂူယွန်အာသည် နန်းတော် သခင်၏ သမီးဖြစ်ရာ ဘေဂုံမျိုးနွယ်တွင် သူမရာထူးသည် မတူညီပေ။ ထို့အပြင် ဘေဂုံအာ၏ အဂ္ဂိရတ်ပညာ အရည်အချင်းမှာ မဆိုးလှသောကြောင့် ဘေဂုံမျိုးနွယ်သည် သူမအား ရတနာတစ်ပါးကဲ့သို့ ဆက်ဆံလေသည်။
ဘေဂုံအောင်သည် ရင်လန်အား လက်ထပ်ခဲ့သဖြင့် ဂူယွန်အာသည် အစပိုင်းကတည်းကပင် စိတ်ဆိုးခဲ့ လေသည်။ ထို့ကြောင့် သူမသည် ပထမဇနီးဖြစ်သူနှင့် သူ့သားသမီးတို့ကို နှိပ်ကွပ်ခဲ့လေသည်။
ဘေဂုံမျိုးနွယ်များသည် ထိုကိစ္စတွင် မျက်လုံးပိတ်နေခဲ့ကြသည်။ သူတို့သည် ရင်မျိုးနွယ်၏ လျှို့ဝှက် ချက်ကို မရနိုင်သည်ကို သိသောကြောင့် ရင်လန်နှင့် ဂူယွန်အာတို့၏ ရာထူးမှာ မိုးနှင့်မြေဖြစ်ခဲ့သည်။
ထို့အပြင် ရင်လန်သည် သူ့အားလက်ထပ်သည့်အချိန်မှစပြီး သူမမျိုးနွယ်၏ ထောက်ပံ့မှုကို မရခဲ့ပေ။ သို့သော် သူမသည် ဘေဂုံမျိုးနွယ်၏ နှိပ်ကွပ်မှုကိုခံရသော်လည်း သူမမျိုးနွယ်ကို စောဒကမတက်ခဲ့ပေ။
ဂူယွန်အာသည် သူတို့အား အိမ်တွင်ဖမ်းချုပ်ထားကာ ရင်မျိုးနွယ်သည် ဘေဂုံမျိုးနွယ်အား ပြဿနာလာ ရှာရန် အသိပေးခဲ့လေသည်။ ရင်မျိုးနွယ်သည် မျိုးနွယ်ကြီးတစ်ခုဖြစ်သည်။ သူတို့သည် ပြဿနာမရှာလျှင် ကောင်းမည်မဟုတ်သည်ကို သိသည်။
သည်လိုနှင့် ဘေဂုံထန်၏ ဦးလေးသည် သူတို့အား ထွက်ပြေးရန် ကူညီပေးခဲ့သည်။ မြောင်ဂျီသည် အားလုံးအိပ်မောကျနေချိန်တွင် သူတို့ယိလင်းတိုင်းပြည်သို့ ထွက်ပြေးရန် ကူညီပေးခဲ့သည်။
သူမ ဦးလေးအကြောင်းပြောနေချိန်တွင် ဘေဂုံထန်၏ အသံသည် နူးညံ့နေခဲ့သည်။ သူသည် သူမအား မိသားစုဝင်တစ်ယောက်ကဲ့သို့ ဆက်ဆံပေးသော တစ်ဦးတည်းသောသူဖြစ်သည်။ သူသည်လည်း သူမအား မြောင်ဂျီကို ပေးခဲ့သူဖြစ်သည်။ သို့သော် သူမထွက်ပြေးရန် ကူညီစဉ်က သူဒဏ်ရာရခဲ့သည်ကို တွေးလိုက် သောအခါ သူဘယ်လိုနေသည်ကို သိချင်မိသည်။
ဆောင်းဦးလမြို့တော်ရှိ တည်းခိုဆောင်မှ အားလုံးထွက်လာကြသည်။ သူတို့သည် ဘေဂုံထန်၏ ဇာတ် ကြောင်း ကြားပြီးနောက် သူမအတွက် စိတ်မကောင်းဖြစ်ကြလေသည်။
“အရင်တုန်းက ငါက အမြဲတမ်းဘေဂုံမျိုးနွယ်ရဲ့ အိမ်နောက်ဖေးမှာနေခဲ့ရတယ် ငါတို့က နေ့ရော ညပါ အကျဉ်းခံထားရတော့ ဘေဂုံမျိုးနွယ်ကလူတွေပဲသိခဲ့တယ် အဲအချိန်တုန်းက ငါ ဘေဂုံမျိုးနွယ်က အရှေ့ခြံဝန်းကို တောင်မသွားဖူးဘူး ပြီးတော့ သူများတွေက မွေးကတည်းက ဝိညာဉ်နယ်ရှင်အဖြစ်မွေးလာတာ ငါက စစ်သည် အဆင့်ပဲရှိတာ အဲလိုနဲ့ ငါ့ကို အမှိုက်လိုဆက်ဆံတော့တာပဲ”
“နင်က တခြားသူတွေထက် အစက နိမ့်တာပဲရှိတာ နင့်အရည်အချင်းကကောင်းနေတာပဲကို နင်က အဲဒီ ဘေဂုံအာထက် ပိုသန်မာနေမယ်လို့ ငါယုံတယ်” ဖက်တီးကျူ ပြောလေသည်။
အစကတည်းကပင် ဘေဂုံထန်သည် စကားနည်းသည်။ သူမထွက်ပြေးလာသည်ကို သူတို့သိကြ သော်လည်း ထိုမျှလောက် ကြမ်းတမ်းသည်ကိုတော့ မသိခဲ့ကြပေ။
“နင်က အဲနေရာကနေထွက်လာတာ ၁၀နှစ်လောက်ရှိပြီ ဒီကကိစ္စတွေကိုလည်း မသိနိုင်သေးဘူး နင် ဒီမှာ နေခဲ့လိုက် ငါတို့ သွားပြီးစုံစမ်းကြည့်မယ် ငါတို့သိတာနဲ့ ပြန်လာပြောမယ်” ဝေကျိရွှီ ပြောလေသည်။
“ဘေဂုံ နင်က ရင်မျိုးနွယ်ကိုရှာဖို့ စဉ်းစားနေတာလား” ရှီမာယူယူ မေးလိုက်သည်။
ဘေဂုံထန်သည် ခေါင်းရမ်းကာ ပြောလေသည် “ရင်မျိုးနွယ်နဲ့ ဘေဂုံမျိုးနွယ်က တစ်မြို့တည်းပဲလေ ဘေဂုံမျိုးနွယ်က ငါတို့အကြောင်းကိုဖုံးကွယ်ခဲ့တယ်ဆိုရင်တောင်မှ ရင်မျိုးနွယ်က စိတ်ဝင်စားရင် စုံစမ်းလို့ရတယ် ဒါပေမဲ့ သူတို့ မလုပ်ခဲ့ဘူး ဒါကငါတို့ကို မိသားစုဝင်အနေနဲ့ မသတ်မှတ်တာကို ပြတာပဲ အရင်ကတည်းကလည်း ငါ့အမေက ရင်မျိုးနွယ်ကို အကူအညီမတောင်းဖူးတော့ ငါလည်း သူတို့အသိအမှတ်ပြုတာမခံရဘူး”
“သူတို့က လျှန်မျိုးနွယ်လိုဖြစ်နေရင် ဘယ်လိုလုပ်မလဲ သတင်းတွေကို ဟန့်တားထားတယ်ဆိုရင်ရော” ရှီမာယူလီ မေးလေသည်။
ဘေဂုံထန်သည် မှင်တက်သွားလေသည်။ သူမသည် ထိုဖြစ်နိုင်ချေကို မတွေးဖူးေးပ။ သူမသည် အမြဲတမ်းပင် ရင်မျိုးနွယ်အား မုန်းတီးခဲ့ကာ ထိုအတွေးကို မစဉ်းစားမိပေ။
“လျှန်ဟုန်ရဲ့ အခြေအနေက ငါနဲ့တော့ ကွာတယ် သူ့အဖေက နှင်ထုတ်ခံရပြီး ထွက်သွားခဲ့တာလေ၊ ဒါပေမဲ့ ရင်မျိုးနွယ်က ဘေဂုံမျိုးနွယ်နဲ့ တစ်မြို့တည်းပဲဟာကို သူတို့သိချင်တယ်ဆိုရင် ဘယ်လောက်မဆိုဖြစ် နိုင်တာပဲ”
ထိုသို့တွေးလိုက်သောအခါ အဓိပ္ပာယ်ရှိသဖြင့် အားလုံးသည် ဘာမှမပြောနိုင်ကြတော့ပေ။
ဆန်းမူယုသည် ရှေ့တိုးကာ ဘေဂုံထန်အား ဖက်ထားပြီး ပြောလေသည် “သမီးက မိန်းမကောင်းလေး ပါ သမီး အမေနဲ့ မောင်လေးက သေချာပေါက် အသက်ရှင်မှာပါ သူတို့က သမီးလာကယ်မှာကို စောင့်နေမှာပါ”
“အဒေါ် ဘေဂုံထန်နဲ့ ဒီမှာနေပြီးစောာင့်ပေးဖို့ အကူအညီတောင်းပါတယ် ကျွန်တော်တို့ လူစုခွဲပြီးတော့ ဘေဂုံမျိုးနွယ် ဘယ်လိုနေလဲဆိုတာ အပြင်သွားကြည့်မယ်”
“ကောင်းပါပြီ သွားကြပါ” ဆန်းမူယု ပြောလေသည်။
တုလေးသည် လေးနက်စွာ ခေါင်းညိတ်ပြီးပြောလေသည် “အစ်ကိုကြီး စိတ်ချပါ ကျွန်တော်က မမဘေဂုံ ကို ကာကွယ်မှာပါ”
“ကောင်းပါပြီ ဒါဆိုရင် ငါတို့သွားတော့မယ်” ရှီမာယူယူသည် အားလုံးကို ပြောလိုက်သည်။
တည်းခိုဆောင်မှ ထွက်ပြီးနောက်တွင် အားလုံးသည် လူစုခွဲကာ သတင်းစုံစမ်းရန်အတွက် နေရာအနှံ့ခွဲ သွားလေသည်။ ဘေဂုံမျိုးနွယ်၊ ရင်မျိုးနွယ်နှင့် ရိချုံနန်းတော်တို့သည် ထိုဧရိယာတွင် အင်အားကြီး၃ခုဖြစ်ကာ အားလုံးသည် သူတို့အကြောင်းကိုပင် အချိန်တိုင်းဆွေးနွေးကြလေသည်။ သူတို့အကြောင်း သတင်းရရန် မခက် ခဲပေ။
တချို့သော သတင်းများသည် တူညီကြကာ ထိုအကြောင်းများကို ဘယ်သူမှမပြောကြပေ။
ထို့အပြင် ရင်လန်နှင့် ဘေဂုံထန်တို့အကြောင်းကို တူညီစွာပင်ပြောကြသည်။ ရင်လန်အမည်ကြားသည် နှင့် တခြားစကားကို မပြောရဲကြပေ။
လှည့်ပတ်ပြီးနောက်တွင် သေချာသည့်သတင်းမျိုးကို မရခဲ့ကြပေ။
ရှီမာယူယူသည် နီရဲပျားများကို သာမန်ပျားအသွင်ပြောင်းကာ အကောင်ရေ ၁၀၀လွှတ်လိုက်လေသည်။ သူမသည် ပျားများကို နေရာအနှံ့လွှတ်ကာ အင်အားကြီး၃ခုအတွက် အရေအတွက်ပိုလွှတ်လေသည်။
ညတွင် ရှီမာယူယူနှင့် ဘေဂုံထန်တို့ စကားပြောနေချိန်တွင် သူမ ရုတ်တရက် တုန်လှုပ်သွားသည်။ သူမ မျက်လုံးများသည် မယုံကြည်နိုင်ခြင်းများဖြစ်သွားကာ ခေတ္တမျှ တွေဝေပြီးနောက် ဘေဂုံထန်အား စိတ်မကောင်း စွာ ကြည့်လိုက်သည်။
“ငါ့အမေနဲ့ မောင်လေး တစ်ခုခု်ဖြစ်လို့လား” ဘေဂုံထန်သည် ရှီမာယူယူ၏ အမူအရာကိုမြင်သောအခါ ချက်ချင်းပင် စိတ်လေးလံသွားရသည်။
ရှီမာယူယူသည် ဘာပြောရမည်မသိဖြစ်ကာ သူမ၏ ယုံကြည်ချက်များပျောက်သွားသလိုပင်။
“ယူယူ ပြောပါ ငါခံနိုင်ရည်ရှိပါတယ်” ဘေဂုံထန်သည် ထိုကဲ့သို့ ပြောသော်လည်း ခွက်ကိုင်ထားသော သူမ လက်များမှာ တုန်ယင်နေသည်။
“ဘေဂုံ အဲနှစ်က နင့်ကိုကယ်ပြီးတော့ နင့်ဦးလေးဆုံးသွားတယ် နင့်မောင်လေးနဲ့ အမေနဲ့ကလည်း လွန်ခဲ့ တဲ့နှစ်က ဆုံးသွားပြီ”
ဘေဂုံ၏ မျက်နှာသည် မုန်းတီးမှုများပြည့်နှက်သွားကာ သူမ ဒဏ်ရာပေါ်သို့ လက်ဖက်ရည်အပူများ လောင်းမိသည်ကိုပင် မခံစားမိတော့ပေ။
ရှီမာယူယူသည် ဘေဂုံထန်၏ အမူအရာကိုမြင်သောအခါ ပူပန်စွာ ပြောလိုက်လေသည်။ “ဘေဂုံ ဒီသတင်းက ရင်မျိုးနွယ်ဆီကရတာ၊ ဘေဂုံမျိုးနွယ်က ဒီသတင်းကို တမင်လွှင့်တာလည်းဖြစ်နိုင်တယ်”