← Chapters

အပိုင်း (၄၈၄) – အသေးစိတ်စုံစမ်းခြင်း

Vol. 005 Ch. 484

အပိုင်း (၄၈၄) – အသေးစိတ်စုံစမ်းခြင်း

Vol. 005 Ch. 484

ဘေဂုံထန်သည် ချက်ချင်းပင် ပါးပြင်တွင် မျက်ရည်များစီးကျကာ ရှီမာယူယူ၏ လက်ကိုဆုပ်ကိုင်ပြီး “နင်  ပြောတာအမှန်ပဲလား ငါ့အမေနဲ့ တခြားသူတွေ ဆုံးသွားပြီဆိုတာ”

ရှီမာယူယူသည် သူမအပြုအမူအား ကြည့်ပြီးနောက် မည်သို့ပြန်ဖြေရမည်ကို မသိတော့ပေ။

“ဘေဂုံ ယူူယူပြောပြီးပြီလေ ဒီသတင်းကရင်မျိုးနွယ်က ရထားတာ၊ ဘေဂုံမျိုးနွယ်က တမင်လွှင့်ထားတာ လည်းဖြစ်နိုင်တယ် ငါတို့ နှစ်ဖက်လုံးက သတင်းကိုစုံစမ်းပြီးမှ ဆုံးဖြတ်သင့်တယ်” ဝေကျိရွှီ ပြောလေသည်။

မျိုးနွယ် နှစ်ဖက်လုံးမှ တခြားအကြောင်းအရာများ ထွက်လာပါက သူတို့ အသက်ရှင်နိုင်ခြေရှိသေးသည်။ နှစ်ဖက်လုံးမှ သတင်းတစ်ခုတည်း ရပါက ထိုသတင်းသည် အမှန်ဖြစ်ကြောင်း သက်သေပြနေသည်။ ထို့ကြောင့်  ဘေဂုံထန်သည် ဖြစ်နိုင်ချေများကို စိတ်တွင် ပြင်ဆင်ထားရမည်။

ရှီမာယူယူသည် နီရဲပျား တစ်ထောင်နီးပါးကို ခေါ်ထုတ်ကာ သတင်းများကို သေချာစွာ စုံစမ်းခိုင်းလေ သည်။ အထူးသဖြင့် ဘေဂုံမျိုးနွယ်များ မကြာခဏရောက်တတ်သော နေရာများကို လွှတ်လေသည်။

နီရဲပျားများသည် သူမ၏ ရည်ရွယ်ချက်နှင့် စိတ်အားထက်သန်မှုကို နားလည်သဖြင့် သတင်းများ နားထောင်ရာတွင် ကြိုစားကြလေသည်။ သူတို့သည် ဘေဂုံမျိုးနွယ်၏ အထူးနေရာများသို့ အလေးပေး စုံစမ်း ကြလေသည်။

နောက်ဆုံးတွင် သူတို့သဲလွန်စရလိမ့်မည်ဟု ဘယ်သူထင်မိမလဲ။

“ဘေဂုံ နင်အရင်နေခဲ့တဲ့နေရာက တောင်အနောက်ဘက်က မက်မွန်ပင်ရှိတဲ့ နဲနဲပျက်စီးနေတဲ့ ခြံဝန်း မလား”

“ဟုတ်တယ်” ဘေဂုံထန်သည် သူမအား ကြည့်လိုက်သည် “ငါ့အမေနဲ့ မောင်လေးကို ရှာတွေ့ပြီလား”

“အရမ်းစိတ်မပူပါနဲ့ သူတို့က နင့်အမေနဲ့ မောင်လေးကိုရှာတွေ့တာတော့ မဟုတ်သေးဘူး” ရှီမာယူယူ  ပြောလေသည်။ “ဒါပေမဲ့ အဲနေရာက မသင်္ကာစရာပဲလို့ ပြောတယ်”

“ဘာမသင်္ကစရာကောင်းတာလဲ” ဘေဂုံထန်သည် နားမလည်တော့ပေ “အဲခြံဝန်းက ရိုးရှင်းလွန်းနေ တယ် အိမ်သုံးအိမ်နဲ့ ခြံဝန်းတစ်ခုအပြင် ဘာမှရှိမနေဘူး”

“အဲခြံဝန်းမှာ ဘယ်သူမှမနေပေမဲ့ ဆေးအနံ့ရတယ်လို့ နီရဲပျားတွေကပြောတယ်”

“ဆေးအနံ့ဟုတ်လား” ဘေဂုံထန်သည် မှင်တက်သွားသည် “အရင်က ဘေဂုံအောင်က ငါ့အမေကို အတင်းဆေးဖော်ခိုင်းလို့ အိမ်ကတော့ အမြဲဆေးနံ့ထွက်နေတတ်တယ်”

“ဒါပေမဲ့ နင့်အမေသေသွားပြီလို့ ရင်မျိုးနွယ်ဆီက သတင်းရတယ်လေ ဆေးအနံ့က ဘယ်လိုလုပ်ထွက် လာတာလဲ” ရှီမာယူယူ ပြောလေသည်။

“ငါ့အမေ အသက်ရှင်သေးတယ်လို့ ပြောတာလား” ဘေဂုံထန်သည် ရှီမာယူယူအား မျှော်လင့်ချက် အပြည့်ဖြင့် ကြည့်လိုက်သည်။

“ငါက ဖြစ်နိုင်ချေရှိတာကို ပြောပြတာပါ” ရှီမာယူယူ ပြောလိုက်သည် “ငါ သူတို့ကိုအဲနေရာကို သေချာ စစ်ခိုင်းလိုက်မယ်၊ ငါတို့ တစ်ရက်နှစ်ရက်လောက်တော့ စောင့်ကြတာပေါ့”

“ကောင်းပြီ” ဘေဂုံထန်၏ လက်များသည် တင်းကြပ်စွာ ဆုပ်ကိုင်ထားသည်မှာ သူမ မည်မျှ စိတ် လှုပ်ရှားနေသည်ကို ပြနေသည်။

ရှီမာယူယူသည် လက်ဆန့်ထုတ်ကာ သူမ လက်များပေါ်တွင် ဆုပ်ကိုင်ကာ “နင့်အမေနဲ့ မောင်လေးတို့ တစ်ခုခုဖြစ်လို့ကတော့ ငါတို့ သေချာပေါက် ဘေဂုံမျိုးနွယ်နဲ့ ရင်မျိုးနွယ်ကို ပြန်ပေးဆပ်ခိုင်းရမယ်၊ ငါတို့ ငှက်လေးနဲ့ အံ့ဖွယ်နတ်ဆိုးတောင်ကြားတို့ရဲ့ အင်အားကို ငှားရမှာဖြစ်ပေမယ့် သူတို့ခေါင်းတွေကို ဖြတ်ပစ်မယ်”

“ဟုတ်တယ် ရှီမာယူယူ ပြောတာမှန်တယ်” ဖက်တီးကျူသည် ဘေးမှ သံယောင်လိုက်လေသည် “ဘာပဲ ဖြစ်လာလာ နောက်ဆုံးအချိန်ထိ ငါတို့နင်နဲ့ရှိနေမယ်”

“ကျေးဇူးပါပဲ” ဘေဂုံထန်သည် သူတို့အား ကြည့်ပြီး အားတင်းကာ ပြုံးလိုက်သည်။ သူမသည် အဆင် ပြေသည်ဖြစ်ကြောင်း ပြောချင်သည်။ သူမအတွက်နှင့် သူတို့အား စိတ်မပူပန်စေလိုပါ။

နှစ်ရက်ကြာစိတ်ပူပန်စွာစောင့်ပြီးနေက် သတင်းကောင်းကြားရလေသည်။ ထိုသတင်းသည် ရင်လန်နှင့်  ဘေဂုံဟောင်တို့ အသက်ရှင်နေသေးသည်ဟူသည့် ဖြစ်နိုင်ချေအများကြီးရှိသည်။ သို့သော် သူတို့သည် အကျဉ်း ချခံထားရသည်။

ထိုသတင်းကြားရသောအခါ ဘေဂုံထန်သည် ပျော်သော်လည်း တစ်ချိန်တည်းမှာပင် စိတ်ပူမိသည်။ သူမသည် မိခင်နှင့်မောင်လေးတို့ အသက်ရှင်သည်ကို ဝမ်းသာသော်လည်း ထိုနှစ်များတွင် မည်ကဲ့သို့ ရှင်သန်ရ သည်ကို တွေးမိလျှင် စိတ်ပူမိလေသည်။ ဘေဂုံမျိုးနွယ်က သူတို့သေသွားပြီလို့ ဘာလို့ ရင်မျိုးနွယ်ကို ပြောရတာ လဲ။

ရက်အနည်းငယ်ကြာသောအခါ သူတို့သည် အမှန်တရားကို သိရလေသည်။ ရင်လန်နှင့် ဘေဂုံဟောင် တို့သည် အသက်ရှင်နေသေးသော်လည်း သူတို့သည် ခြံဝန်းအောက်ရှိ အကျဉ်းထောင်ထဲတွင် အချုပ်ခံထား ရလေသည်။

ထိုခြံဝန်းတွင် အကျဉ်းရှိကြောင်းကို ဘေဂုံထန်မသိခဲ့ပေ။ သို့သော် သူမ အမေနှင့်မောင်လေးတို့ အသက်ရှင်နေသေးသည်ဟု သေချာသွားသည်နှင့် သူမ ဝမ်းသာမိသည်။

“ဒါနဲ့ ငါ့အမေနဲ့ မောင်လေးသေသွားပြီလို့ ဘာလို့ဘေဂုံမျိုးနွယ်က ပြောတာလဲ”

“အဲသတင်းက ငါတို့ ရင်မျိုးနွယ်ကရတဲ့သတင်းလေ နင့်ဦးလေးထဲက တစ်ယောက်က အရင်နှစ်တုန်းက  ပြန်လာခဲ့တယ်တဲ့ သူက နင့်အမေက ဘေဂုံမျိုးနွယ်နဲ့ လက်ထပ်သွားတယ်လို့ ကြားတာနဲ့ ဘေဂုံမျိုးနွယ်ကို သွား  ပြီး နင့်အမေဆီ သွားလည်ခဲ့တယ် ဒါပေမဲ့ ဘေဂုံမျိုးနွယ်က ရင်မျိုးနွယ်ရဲ့ လျှို့ဝှက်နည်းကို မရသေးတော့ သူမ အခြေအနေကို နင့်ဦးလေးသိသွားရင် ဒုက္ခရောက်မှာစိုးတာနဲ့ သေသွားပြီလို့ ပြောခဲ့တာတဲ့” ရှီမာယူယူ ရှင်းပြ  လေသည်။

“ငါ့အမေက အဲဦးလေးနဲ့ ဆက်ဆံရေးအဆင်ပြေတယ်လို့ ပြောတာကြားဖူးတယ်၊ ပြီးတော့ သူ့ အရည် အချင်းက ထူးခြားတော့ မျိုးနွယ်ကနေထွက်သွားတာ နှစ်တော်တော်ကြာတယ်တဲ့ အတွင်းပိုင်းဒေသကလူက သူ့ကို သဘောကျလို့ ခေါ်သွားခဲ့တာတဲ့” ဘေဂုံထန် ပြောလိုက်သည်။

“အခုတော့ နင့်အမေနဲ့ မောင်လေးကို ကယ်ဖို့ နည်းလမ်းစဉ်းစားရမယ်” ဖက်တီးကျူ ပြောလိုက်သည်။

“ဒါပေမဲ့ ငါတို့ သူတို့ကိုဒီအတိုင်းသွားမေးမယ်ဆိုရင် ဘေဂုံမျိုးနွယ်က သေချာပေါက် ငြင်းမှာပဲ” ဝူရန်ဖေ  ပြောလိုက်သည်။

“ဒါဆိုရင် သူတို့ကို အရင်ရှာပြီးမှ ဘေဂုံမျိုးနွယ် မငြင်းနိုင်အောင်လုပ်ရမယ်” ရှီမာယူလင်း ပြောလိုက် သည်။

“ငါတို့ သူတို့ကို အရင်ရှာရမယ် ဒါပေမဲ့ ဘေဂုံမျိုးနွယ်က လုံခြုံရေးများတယ် အဲဒီခြံဝန်းက ပစ်ထားသလို ဖြစ်ပြီး ဘာမှမရှိပေမယ့် တကယ်တော့ အစောင့်တွေအများကြီးက စောင့်ကြည့်နေကြတာ” ရှီမာယူယူသည် နီရဲ ပျားများဆီမှ ရသောသတင်းကို ပြောပြလေသည် “သူတို့ နေရာအတိအကျကို နီရဲပျားတွေ ရှာတွေ့ပြီဆိုမှ ဆက်  ပြောကြတာပေါ့”

“ကောင်းပြီ”

နောက်တစ်နေ့တွင် မြေအောက်မှ အခြေအနေကို တိကျစွာ စုံစမ်းရန် နည်းမရှိဟု နီရဲပျားသည် သူမအား  ပြောလေသည်။ ထိုနေရာတွင် အတားအဆီးရှိကာ သူတို့မဝင်နိုင်ကြပေ။

“ပြဿာနာပဲ” ရှီမာယူမင်ပြောလိုက်သည်။

သူတို့သည် ရင်လန်တို့ရှိရာကို မရှာနိုင်ပါက သူတို့အား ကယ်ထုတ်ရန်နည်းမရှိပေ။

“အခုတော့ ငါတို့ ဘေဂုံမျိုးနွယ်ကို ဝင်ပြီးရှာလို့ပဲရမယ်” ရှီမာယူယူ ပြောလိုက်သည်။

“ဒါပေမဲ့ နင်ပဲပြောတာလေ အဲနေရာကို တိတ်တဆိတ် စောင့်ကြည့်နေကြတာလို့ ငါတို့ သွားရင်တောင် ရှာတွေ့မှာ မဟုတ်ဘူး အဲအချိန်ကျရင် အန္တရာယ်တောင် များနိုင်တယ်” ဖက်တီးကျူ ပြောလေသည်။

“အဲဒါကြောင့် လုံးဝပြည့်စုံတဲ့ အစီအစဉ်ကို စဉ်းစားရမယ်လေ”

နောက်ရက်အနည်းငယ်ကြာသောအခါ အဖွဲ့တစ်ဖွဲ့သည် ဘေဂုံမျိုးနွယ်၏ ခန်းမဆောင်သို့ ရောက်လာ ကြလေသည်။

“သိမ်းငှက်ဘုရင်ရောက်လာမယ်လို့ ထင်မထားလို့ မကြိုဆိုလိုက်ရဘူး စိတ်မရှိပါနဲ့ ကျေးဇူးပြုပြီး ထိုင်ပါ လက်ဖက်ရည်လေးသုံးဆောင်ပါဦး” ဘေဂုံရှုန်သည် ခစားသူ ခေါင်းဆောင်ကို လက်ယပ်ခေါ်လိုက်လေသည်။

“ဘေဂုံမျိုးနွယ်ရဲ့ သခင်က ယဉ်ကျေးလွန်းနေပါပြီ” သိမ်းငှက်ဘုရင်သည် ဘေဂုံရှုန်အား လက်အုပ်ချီ ကာ ထိုင်လေသည်။ သူ့လူများလည်း လိုက်ထိုင်ကြလေသည်။

နန်းတွင်းသူမိန်းကလေးသည် လျင်မြန်စွာရောက်လာကာ လက်ဖက်ရည်ငှဲ့ပေးလေသည်။

“သိမ်းငှက်ဘုရင် ဘာကိစ္စများရှိလို့ ကိုယ်တိုင်ရောက်တာလဲ” ဘေဂုံရှုန်မေးလေသည်။

သိမ်းငှက်မျိုးနွယ်များသည် တောင်တန်းများတွင် နေလာသည်မှာ နှစ်ပေါင်းရာချီပြီဖြစ်သ်ည။ သို့သော် သူတို့သည် လူသားများနှင့် ရောထွေးခြင်းမရှိပေ။ သိမ်းငှက်ဘုရင်သည် လူသားများ ကမ္ဘာတွင် ပေါ်လာလေ့ မရှိ  သောကြောင့် သိမ်းငှက်ဘုရင် ရောက်လာခြင်းကို ဘေဂုံမျိုးနွယ်သည် အလွန်သိချင်နေကြသည်။

“ဒီလိုပါ သူတို့ကတော့ ကျွန်တော်တို့ သိမ်းငှက်မျိုးနွယ်ရဲ့ မိတ်ဆွေတွေပါ သူတို့က ကျွန်တော့်တို့ မျိုးနွယ်ဝင်တွေကို ကယ်ခဲ့လို့ သူတို့ကို ပြန်ကူညီပါမယ်ဆိုပြီး ကတိပေးခဲ့ပါတယ်” သိမ်းငှက်ဘုရင်သည် အဖြူ  ရောင်ဝတ်ထားသော အမျိုးသားကို ညွှန်ပြကာ ပြောလေသည် “အရင်ရက်တွေက သူတို့က ကျွန်တော်တို့ မျိုးနွယ်ကိုရောက်လာပါတယ် သူတို့က အရမ်းတန်ဖိုးရှိတဲ့ ဗုဒ္ဓရွှေကြာဆိုတဲ့ ပါဝင်ပစ္စည်းကို တောင်းခဲ့ပါတယ် သူတို့က ဆေးတမျိုးကို ဖော်ချင်လို့လို့ပြောပါတယ် အဲလိုတန်ဖိုးရှိတဲ့ ပစ္စည်းကို လုခဲ့ရမှာစိုးလို့ ကျွန်တော် ကိုယ် တိုင် လိုက်လာပါတယ် ကျွန်တော်တို့ ဘေဂုံမျိုးနွယ်ကို ရွေးရတဲ့အကြောင်းကတော့ ကျွန်တော်တို့ ဝင်တဲ့နေရာ ကနေ တောင်ဘက်ဂိတ်က အနီးဆုံးမို့လို့ပါ ခင်ဗျားတို့ ဆေးမဖော်နိုင်ဘူးဆိုရင်တော့ ကျွန်တော်တို့ မြောက်ပိုင်း က မျိုးနွယ်ဆီသွားပါမယ်”

ဘေဂုံရှုန်သည် အဖြူရောင်ဝတ်ထားသော လူအား ကြည့်လိုက်သည်။ သူသည် ငယ်ရွယ်ပုံပေါ်ကာ ဆွဲဆောင်မှုရှိလေသည်။ သူတို့သည် သိမ်းငှက်မျိုးနွယ်နှင့် ထိုကဲ့သို့ ရေစက်ရှိလိမ့်မည်ဟု ထင်မထားပေ။

All Chapters