အပိုင်း (၄၈၆) – အဖမ်းခံထားရသော မိခင်
Vol. 005 Ch. 486
ညအချိန်တွင် လက်တစ်ဆုပ်စာ အရွယ်အစားရှိသော အရိပ်တစ်ခုသည် အိမ်မှထွက်လာလေသည်။ ထို အရိပ်သည် ပျံသန်းရင်း ရေရွတ်နေလေသည်။
“တကယ်ပဲ ငါ့ရဲ့ လှပတဲ့အမွေးတွေတော့ လောင်ပြီး ဒီလိုရုပ်ဆိုးတဲ့အနက်ရောင်ဖြစ်သွားရတယ် ဟူး”
“ငါ ပြန်တာနဲ့ ယူယူကို သေချာပေါက် ပြန်လျော်ခိုင်းရမယ်”
“ငါက ရောင်ဝါကို ဖျောက်နိုင်တာနဲ့ ဒီအလုပ်ကငါနဲ့ အလိုက်ဆုံးလို့ပြောသေးတယ်၊ ငါက ငါ့ရဲ အလှလေး ဆန်းနဲ့ ပျော်နေတာကို ယူယူက မနာလိုလို့နေမှာ မဟုတ်သေးဘူး ငါ အလှလေးဆန်းနဲ့ စကားပဲပြောတာပါ”
“…..”
ဟိန်းသံလေးသည် မြေပြင်တစ်လျှောက်ပျံသန်းကာ ဘေဂုံထန်နေခဲ့သော ခြံဝန်းအား လျင်မြန်စွာ ခြေရာခံလေသည်။ သူသည် လူခြေတိတ်သော ခြံဝန်းအားမြင်သည်နှင့် စိတ်ထဲမှ ဘေဂုံထန်၏ တရားမျှတမှု အတွက် တောင့်တမိလေသည်။
“ယူယူ ဘေဂုံမျိုးနွယ်တွေက မုန်းစရာကောင်းလိုက်တာ ဘယ်လိုလုပ် ဒီလိုနေရာမှာ လူနေခိုင်းရတာလဲ အိမ်တော်က ပြိုကျတော့မလိုနဲ့ အားလုံးက ပျက်ဆီးနေတယ်၊ မက်မွန်ပင်တစ်ခုပဲ ကြည့်လို့ကောင်းနေတယ် ဘေဂုံထန်နဲ့ တခြားသူတွေ ဒီလိုနေရာမှာ နေတယ်ဆိုတာ မယုံနိုင်ဘူး”
“ဘေဂုံမျိုးနွယ်က တကယ်ပဲ ဘေဂုံထန်နဲ့ တခြားသူတွေအပေါ်ကို အကြွေးတင်နေပြီ အချိန်ကရင် ဘေဂုံရှုန်ဘာပြောမလဲဆိုတာ ကြည့်ကြတာပေါ့၊ သူမကို ပြန်ဆပ်စေချင်တယ်ဆိုလည်း ငါတို့က သူမဘက်မှာ ရပ်တည်ရမှာပဲ” ရှီမာယူယူ ပြောလေသည် “မြေအောက်က အကျဉ်းထောင်ကို အခုချိန်ထိ မတွေ့သေးဘူးလား”
“မတွေ့သေးဘူး ငါအိမ်ထဲကို ဝင်တောင်မဝင်ရသေးဘူး” ဟိန်းသံလေး ပြောလေသည် “ငါ ပျားတွေကို လမ်းပြခိုင်းနေတာ”
“အိုခေ ခဏစောင့် ပုန်းဖို့နေရာရှာ” ရှီမာယူယူသည် ရုတ်တရက် စိုးရိမ်စွာ အော်လေသည်။
ဟိန်းသံလေးသည် အကြောင်းအရင်းအား မသိသော်လည်း ခေါင်းမိုးပေါ်တွင် လဲကာ လျင်မြန်စွာ ပုန်း လိုက်လေသည်။
ခဏအကြာတွင် လူတစ်ယောက်သည် အိမ်ထဲမှ ထွက်လာကာ ခြံဝန်းထဲတွင် ခေတ္တမျှ ရပ်နေလေသည်။ ထို့နောက်တွင် အမျိုးသမီးတစ်ယောက်သည် သူ့နောက်မှ လိုက်ထွက်လာသည်။
“ယောကျ်ား အဲမိန်းမက ပြောဖို့ငြင်းနေတုန်းပဲ ရှင်လည်း သူမ ဆေးဖော်တာ အကြိမ်းပေါင်းထောင်ချီ ကြည့်ပြီးပြီ အခုထိ ဆေးနည်းမသိသေးဘူးလား” ဂူယွန်းအာသည် ဘေဂုံအောင်ဘေး လျှောက်လာကာ ပြော လေသည်။
ဟိန်းသံလေးသည် ခေါင်မိုးပေါ်တွင် ဝပ်နေကာ အောက်သို့ကြည့်ရန် ခေါင်းထောင်လိုက်လေသည်။ သူ သည် အောက်ကနှစ်ယောက်၏ အရိပ်ကိုသာ မြင်ရသော်လည်း ရုပ်လုံးကိုပုံဖော်လို့ရနေသည်။ အနည်းဆုံးတော့ သူမ ရုပ်ရည်သည် မဆိုးလှပေ။
“ရင်မျိုးနွယ်ရဲ့ အဂ္ဂိရတ်ပညာက အရမ်းထူးဆန်းတယ် ငါ သူမနည်လမ်းအတိုင်း ဆေးတွေ အကြိမ် ပေါင်းမနည်းဘူး လိုက်လုပ်ပြီးပြီ ဒါပေမဲ့ ဆေးတွေကတော့ ကောင်းမလာဘူး” ဘေဂုံအောင် ပြောလေသည်။
“ကျွန်မတို့ဒီအတိုင်းဆက်သွားမယ်ဆိုရင် နည်းလမ်းမရှိတော့ဘူး” ဂူယွန်းအာသည် စိတ်ညစ်လာသည် “ရှင်က ရင်မျိုးနွယ်ရဲ့ အဂ္ဂိရတ်ပညာအတွက် ဒါကိုလုပ်နေတာလား မဟုတ်ရင် အဲမိန်းမကို လက်မလွှတ်နိုင်တာ လား”
ဘေဂုံအောင်သည် ဂူယွန်အာအား အနီးသို့ဆွဲလိုက်ကာ ကြင်နာစွာပြောလိုက်လေသည် “မင်းဘာတွေ ပြောနေတာလဲ ဒီနှစ်တွေမှာ ငါ့ပန်းတိုင်က ဘာလဲဆိုတာ မင်းမသိသေးဘူးလား”
“ဒါပေမယ့် သူမက မပြောခဲ့ဘူးလေ အဲဒါက ရှင်က သူမကို အနီးမှာထားချင်လို့မဟုတ်ဘူးလား” ဂူယွန်အာ မေးလေသည် “ကျွန်မတို့က သူမကို အကြပ်ကိုင်ဖို့ အဲကလေးကို အနားမှာထားထားတာ၊ ဒါပေမဲ့ အခု သူမက သူ့ကိုအသုံးချပြီး ကျွန်မတို့ကို ပြန်အကြပ်ကိုင်နေတယ်၊ အဲဒါ မဟုတ်သေးဘူး ကျွန်မ သူတို့ကို ကြည့် နေရတာနဲ့ကို စိတ်တိုတယ်”
“မိုက်မဲလိုက်တဲ့ ယွန်အာ” ဘေဂုံအောင်သည် သူမလက်အား ဆုပ်ကိုင်ကာ ဆွဲခေါ်သွားလေသည်။ သူ ပြောလေသည် “မင်းက ငါ့နှလုံးသားထဲက တစ်ဦးတည်းသူလေ ဒါပေမဲ့ မင်းက သဝန်တိုနေသေးတယ် ငါတို့က ဘာလို့ အဲလိုလုပ်ရမှာလဲ ငါတို့ သူမကို နောက်ထပ်၂နှစ်ပေးထားတယ်၊ နောက်၂နှစ်နေလို့မှ လျှို့ဝှက်နည်းကို ထုတ်ဖော်ဖို့ ငြင်းနေဦးမယ်ဆိုရင် သားအမိနှစ်ယောက်လုံးသတ်ပစ်မယ် ဟုတ်ပြီလား”
“ရှင်ပဲ ပြောတာနော် နောက်၂နှစ်နေလို့မှ သူမ အသက်ရှင်နေသေးတယ်ဆိုရင် ကျွန်မကိုယ်တိုင် သူမကို သတ်ပစ်မှာ အဲအချိန်ရောက်ရင် ရှင်တို့မျိုးနွယ်က ကျွန်မကို အပြစ်မတင်စေနဲ့”
“ကောင်းပါပြီ ကောင်းပါပြီ…”
သူတို့နှစ်ယောက်သည် လမ်းလျှောက်ရင်းနှင့် စကားပြောလာရာ ဟိန်းသံလေးသည် သူတို့ပြောသော စကားများကို ကြားသောအခါ စိတ်တိုလွန်းသဖြင့် ခေါင်မိုးမှ ကျလုမတတ်ဖြစ်သွားလေသည်။
“အဲအချစ်ငှက်နှစ်ကောင်တော့ သူတို့ဒီကိုပြန်လာတာနဲ့ ပြပွဲကောင်းကောင်း တစ်ခုပြပေးလိုက်ဦးမယ်”
သူသည် ခေါင်မိုးမှ ဆင်းလာသည်နှင့် ပျားနှစ်ကောင်သည် ပျံလာလေသည်။ ပျားများသည် သူ့အား လမ်းပြကာ လမ်းအတိုင်းသွားလေသည်။
“ဒီနေရလား” ဟိန်းသံလေးသည် ပျံသွားလေသည်။ ပျားများသည် ပစ်မှတ်နေရာသို့ရောက်သောအခါ ရပ်လိုက်ကာ အောက်သို့သွားသည့် လမ်းအားပြလေသည်။
“ရွှီး ရွှီး” ပျားများသည် ဟိန်းသံလေး ရှေ့တွင် ပျံနေလေသည်။
“သူတို့အောက်မှာရှိတယ်လို့ ပြောတာလား” ဟိန်းသံလေးသည် အမှောင်ထုလွှမ်းမိုးနေသော သွားလမ်း အားကြည့်ပြီး ပြောလေသည် “ငါ အမှောင်ကိုကြောက်တယ် ကြည့်လိုက်တာနဲ့ကို ကြောက်စရာကြီး”
“ရွှီး ရွှီး”
နီရဲပျားတစ်ကောင်သည် ဆင်းသွားရာ အတားအဆီးဖြင့် ပိတ်သွားလေသည်။
“တကယ်ပဲ အတားအဆီးရှိနေတာပဲ” ဟိန်းသံလေး ပြောလေသည် “သွားရအောင် ငါ့နောက် လိုက်ဆင်း ခဲ့”
သူ ပြောပြီးသည်နှင့် လက်ဆန့်ထုတ်ကာ ပျားနှစ်ကောင်ကို ဖက်လိုက်ကာ လမ်းကြောင်းအတိုင်း ပျံဆင်း သွားလေသည်။
“မှောင်လိုက်တာ” ဟိန်းသံလေးသည် အသိစိတ်လှုံ့ဆော်မှုအတိုင်း အရှေ့သို့ ပျံလေသည်။ လမ်းဆုံး ရောက်မှပင် အကျဉ်းထောင်ကို မြင်ရလေသည်။ အကျဉ်းထောင်နှစ်ခုရှိနေလေသည်။ တစ်ခုတွင် အမျိုးသမီး တစ်ယောက်လှဲနေကာ နောက်တစ်ခုတွင် အမျိုးသားတစ်ယောက်လှဲနေလေသည်။
လျှောက်လမ်းတွင် သေးငယ်သောမီးအိမ်တစ်ခု ချိတ်ဆွဲထားရာ အလင်းရောင်ဖျော့ဖျော့ရလေသည်။
ဟိန်းသံလေးသည် အမှောင်ထဲတွင် ကျင့်သားမရသေးသဖြင့် ချက်ချင်းမမြင်နိုင်သေးပေ။
သို့သော် သူတို့နှစ်ယောက်လုံးသည် အသက်မရှိသကဲ့သို့ပင် စကားမပြောပဲ တိတ်ဆိတ်နေလေသည်။ ဟိန်းသံလေးသည် စိတ်ရှည်မှုကုန်တော့မည့်အချိန်တွင် အထဲမှ အက်ကွဲသော အသံတစ်ခုထွက်လာလေသည်။
“အမေ သူတို့နဲ့ ဆက်သွယ်ဖို့ နည်းလမ်းတကယ်မရှိဘူးလား ရင်မျိုးနွယ်က တကယ်ပဲ သားတို့ကို ဂရုမစိုက်တော့ဘူးလား”
ထိုစကားပြောသည်မှာ မကြာသော်လည်း ထိုအမျိုးသားသည် စကားပြောနိုင်စွမ်း ကုန်တော့မည့်ပုံ ဖြစ် နေသည်။
ရင်လန်သည် တိတ်ဆိတ်မြဲဖြစ်သည်။ သူမသည် ဆေးဖော်စပ်ခြင်းပညာကို အရည်ညစ်သလို အညစ်ခံ ရပြီးပြီ။
“အဲလူ… ကြည့်ရတာ သူစိတ်မရှည်နိုင်တော့ဘူးထင်တယ် အမေက အမေ့အသက်နဲ့ ခြိမ်းခြောက်ပြီး ကျွန်တော့်ကို ကယ်ထားပေမယ့် ကျွန်တော်တို့ မကြာခင်ကို အဆုံးသတ်တော့မယ်ထင်တယ်” ဘေဂုံဟောင် ထိုင်ကာ ပြောလေသည် “အခုချိန်မှာ အစ်မကဘယ်ရောက်ပြီး ဘယ်လိုနေလဲဆိုတာ ကျွန်တော်မသိဘူး ကျွန်တော်တို့ သေသွားရင်တောင် သူမ သိပါ့မလား”
“တောင်းပန်ပါတယ် ဟောင်လေး အဲတုန်းက အမေသားကို လွတ်အောင်ပေးလိုက်ရင် အမေနဲ့အတူ ဒီလောက်နှစ်အများကြီး ဒီမှာ ပိတ်နေမှာမဟုတ်ဘူး” ရင်လန် ပြောလေသည်။
“အမေ အဲတုန်းက လွတ်သွားတာက ကျွန်တော်ဖြစ်နေရင် ကျွန်တော်တို့သုံးယောက်လုံးသေသွားမှာ စိုးတယ်” ဘေဂုံဟောင်သည် နံရံအား မှီလိုက်သည်။ သူသည် မှောင်နေသော နံရံများကို အတိတ်ကိုကြည့် သကဲ့သို့ ကြည့်ပြီးနောက် ကောင်းကင်သို့ ကြည့်ကာ “ဒါပေမဲ့ အဲအမျိုးသမီးအမူအရာကြည့်ရတာ ကျွန်တော်တို့ ကို ထပ်ပြီး မရှိစေချင်တဲ့ပုံပဲ”
“အမေတို့ နှစ်တွေအများကြီး အပိတ်ထားခံရပြီးနောက်တော့ သေခြင်းကပဲ နိဂုံးချုပ်ဖြစ်သွားမှာပဲ” ရင်လန်သည် ဘေဂုံဟောင်အား မလုံမလဲဖြင့်ကြည့်ကာ “အမေက သားကိုအားအနာဆုံး…”
“အမေ အစ်မက ကျွန်တော်တို့ကိုလာကယ်မယ်လို့ထင်လား” ဘေဂုံဟောင်သည် သေဆုံးရမည်ကို ကြောက်ရွံ့ခြင်းမခံစားရပေ။ သူ ပြောသည့်စကားကို ပြန်တွေးကာ မယုံကြည်စွာဖြင့် သူ့ကိုယ်သူရယ်မိလေ သည် “အစ်မက အသက်ရှင်နေရင်တောင် ဒီအချိန်တိုအတွင်းကို သူမကိုယ်သူမ ပျိုးထောင်ပြီး ကျွန်တော်တို့ကို လာကယ် နိုင်မှာမဟုတ်ဘူး သူမ ပြန်လာတာနဲ့ ကျွန်တော်တို့ကိုယ်စား လက်စားချေပေးဖို့ မျှော်လင့်ပါတယ်”
ဟိန်းသံလေးသည် အကျဉ်းထောင်ရှေ့တွင် ပျံနေရာမှ ပြောနေသော စကားများကို ကြားရလေသည်။ သူ မျက်လုံးများ ပြူးကျယ်စွာဖွင့်ကာ မေးလေသည် “ခင်ဗျားတို့က ရင်လန်နဲ့ ဘေဂုံဟောင်တို့လား”
ရင်လန်နှင့် ဘေဂုံဟောင်တို့သည် အနက်ရောင်အရိပ်တစ်ခု ရုတ်တရက်ပေါ်လာသဖြင့် လန့်သွားလေ သည်။ သူတို့ရှေ့မှာ ဒီဟာက ဘယ်လိုလုပ်ရုတ်တရက် ပေါ်လာရတာလဲ။
“မင်းက ဘယ်သူလဲ” ဘေဂုံဟောင်သည် ဟိန်းသံလေးအား သံသယဖြင့် ကြည့်လေသည်။
“ငါက ဟိန်းသံလေးပါ ခင်ဗျားတို့က ရင်လန်နဲ့ ဘေဂုံဟောင်တို့လား” ဟိန်းသံလေးသည် ထပ်မေးလေ သည်။
“ဟုတ်ပါတယ် အဲအမျိုးသမီးက ကျွန်တော်တို့ကို သတ်ဖို့လွှတ်လိုက်တာလား” ဘေဂုံဟောင် မေးလေ သည်။
ထိုဖြစ်နိုင်ချေမှလွဲပြီး အတားအဆီးကိုဖြတ်ကျောက်ကာ ထိုနေရာအထိ ရောက်လာနိုင်သည့် အကြောင်း ကို တွေးမရပေ။
သို့သော် လုံးသောခန္ဓာကိုယ်နှင့် တောက်ပသော မျက်လုံးကြီးများကို ကြည့်ရာ သူ့တွင် လူသတ်မည့် ရောင်ဝါကို မတွေ့ရသောကြောင့် သူတို့ကို သတ်မည့်ပုံမပေါ်ပေ။
“ခင်ဗျားတို့ဟုတ်ရင် ရပါပြီ” ဟိန်းသံလေးသည် မှတ်မိလောက်သော နားဆွဲအားထုတ်ကာ မေးလေ သည် “ဒါကို မှတ်မိလား”
ရင်လန်သည် ထိုနားဆွဲအားမြင်သောအခါ အံ့သြသွားသဖြင့် ပါးစပ်အဟောင်းသားဖြစ်ကာ မယုံကြည် လွန်းသဖြင့် သူမ ပါးစပ်ကို လက်ဖြင့် ပိတ်မိလေသည်။