← Chapters

လူတစ်ယောက်၏အရိပ်ကို အစစ်အမှန်ဖြစ်လာစေနိုင်သည့် ‘သစ်သားနတ်ဆိုး’

Vol. 95 Ch. 1323

လူတစ်ယောက်၏အရိပ်ကို အစစ်အမှန်ဖြစ်လာစေနိုင်သည့် ‘သစ်သားနတ်ဆိုး’

Vol. 95 Ch. 1323

အခန်း (၁၃၂၃) လူတစ်ယောက်၏အရိပ်ကို အစစ်အမှန်ဖြစ်လာစေနိုင်သည့် ‘သစ်သားနတ်ဆိုး’

ယခင်က မန်ဝမ် ၊ ရန်ကျောက်ကဲနှင့် ဖုယွင်ချီတို့ ဖန်းယွင်ရှန်းကိုရှာဖွေရန် ငရဲကိုးထပ်သို့သွားခဲ့ကြသည်။

ထိုစဉ်က သူတို့အားလုံး ဓားနတ်ဆိုး’ယင်းရှီယန်’ နှင့် ရန်ကျောက်ကဲ၏အဘိုး‘ရန်ရှင်းထန်’ တို့ ချန်ထားခဲ့သည့် တိုက်ပွဲသဲလွန်စများကို တွေ့မြင်ခဲ့ကြရသည်။

“သစ်သားနတ်ဆိုးအကြောင်း ကျွန်မအဖေပြောတာ ကြားဖူးတယ် ၊ သူက ထိပ်တန်းမဟာနတ်ဆိုး (၆) ပါးထဲမှာ တစ်ပါးအပါအဝင်ပဲ ၊ သူတို့က ထိပ်တန်းမဟာနတ်ဆိုး (၆)ပါးထဲမှာ တစ်ခါမှ ပြန်မွေးဖွားမလာကြဘူး ၊ ရှေးခေတ်အချိန်ကတည်းကတည်ရှိခဲ့တဲ့ ရှေဟောင်းနတ်ဆိုးတွေထဲမှာ ပါဝင်တယ်တဲ့”

အရင်တစ်ချိန်က ရန်ကျောက်ကဲရှင်းပြသည့် မိစ္ဆာနတ်ဘုရား (၁၂)ပါးအကြောင်းကို မန်ဝမ်က အမှတ်ထင်ထင် သတိရမှတ်မိနေဆဲ ဖြစ်သည်။

ဖုယွင်ချီက...

“အမှန်ပဲ... မီးနတ်ဆိုး ၊ သတ္တုနတ်ဆိုး ၊ ရေနတ်ဆိုးနဲ့ မြေကမ္ဘာနတ်ဆိုးတွေက အကြိမ်ပေါင်းများစွာ ပြန်လည်မွေးဖွားခဲ့ကြတယ် ၊ သစ်သားပလ္လင်ကိုပိုင်ဆိုးတဲ့နတ်ဆိုးတွေဖြစ်တဲ့ ‘စိတ်ဝိညာဉ်နတ်ဆိုး’ နဲ့ ‘အရိပ်နတ်ဆိုး’ တို့ကတော့ သူတို့မွေးဖွားပြီးကတည်းက အမြဲတမ်း အသက်ရှင်နေကြတယ်”

“အရင်က သူတို့တွေ ထိုးနှက်ခံကြရပေမယ့် နတ်ဆိုးတွေက သေပြီးရင်လည်း ပြန်လည်မွေးဖွားနိုင်ကြတယ် ၊ ပြီးတော့ ငရဲကိုးထပ်က မဟာနတ်ဆိုးကြီးတေါက ငါတို့ တာအိုကျင့်ကြံသူတွေရဲ့ ကောင်းကင်နတ်ဆဘုရားအဆင့်နဲ့ ညီမျှတယ်ဆိုတော့ ဒီ ထိပ်တန်းမဟာနတ်ဆိုး(၆)ပါးကို ဘယ်သူမှ မထိန်းချုပ်နိုင်ကြဘူး”

ဖုယွင်ချီက ခေါင်းတစ်ချက်ခါယမ်းရင်း...

“ထိပ်တန်းမဟာနတ်ဆိုး (၆)ပါးရဲ့ တန်ခိုးစွမ်းအားက တခြားမဟာနတ်ဆိုးတွေထက် အများကြီးသာလွန်တယ် ၊ ဘိုးဘေးမဟာနတ်ဆိုး (၆)ပါးပြီးရင် သူတို့က တန်ခိုးစွမ်းအားအမြင့်မားဆုံးပဲ”

သူက ဆက်ပြောလိုက်သည်။

“သတ္တိနတ်ဆိုးက ဓားနတ်ဆိုး’ယင်းရှီယန်’ အဖြစ် ပြန်မွေးဖွားလာပြီး ရွှေစင်ထက်ယံအရှင်သခင်နဲ့ တိုက်ခိုက်ခဲ့တယ် ၊ အဆုံးသတ်မှာတော့ သူက အားနည်းနေသေးတဲ့ အခြေအနေဖြစ်တဲ့အတွက် ပြန်ပြီးသေဆုံးသွားရတယ်”

“အချိန်နည်းနည်းလောက်သာ ပိုရသွားမယ်ဆိုရင် သူက လူပေါင်းများစွာကိုသတ်ဖြတ်နိုင်တဲ့ ကြောက်စရာစွမ်းအားကို ပိုင်ဆိုင်တဲ့ သတ္တုနတ်ဆိုး ဖြစ်လာမှာပဲ”

ပိုးသားဧကရာဇ်က သတ္တုနတ်ဆိုး ပြန်လည်မွေးဖွားလာရန် မျှော်လင့်မထားသည့်တိုင် ထိုနတ်ဆိုးက တန်ခိုးစွမ်အားအလွန်ကြီးမားကြောင်း သေချာနေဆဲ ဖြစ်သည်။

မန်ဝမ်က ဖန်းယွင်ရှန်းကို ကြည့်ရင်း...

“သတ္တုနတ်ဆိုးက ဒီလောက်စွမ်းအားကြီးတာတောင် တစ်ကြိမ်ထက်မက သေခဲ့ပြီးပြီ ၊ ဒါပေမဲ့ သစ်သားနတ်ဆိုးကတော့ မွေးကတည်းက ဒီနေ့အထိ တစ်ခါမှမသေသေးဘူးဆိုတော့...”

ရန်ကျောက်ကဲက သူမစကားကို ဖြည့်ပြောပေးလိုက်သည်။

“အရိပ်နတ်ဆိုးလို့သိကြတဲ့ သစ်သားနတ်ဆိုးက ထူးခြားတယ် ၊ သူ့ရဲ့တန်ခိုးစွမ်းအားအတက်အကျကလည်း တခြားသူနဲ့ယှဉ်ရင် အရမ်းကြီးမားတယ်”

သူက ခဏမျှ စဉ်းစားပြီးမှ...

“အရိပ်နတ်ဆိုးရဲ့တန်ခိုးစွမ်းအားကို ဖော်ပြချင်တယ်ဆိုရင်... ဒီလိုစကားလုံးမျိုးနဲ့ပြောလို့ရတယ်”

“သူ့ရဲ့တန်ခိုးစွမ်းအားက ရန်သူအပေါ်လိုက်ပြီး ပြောင်းလဲတယ် ၊ ရန်သူက စွမ်းအားကြီးမားရင် သူလည်းစွမ်းအားကြီးမားတယ် ၊ ရန်သူက စွမ်းအားနည်းပါးရင် သူလည်းစွမ်းအားနည်းပါးတယ်”

ဖုယွင်ချီက ခေါင်းညိတ်ရင်း...

“ဒီလိုပြောတာ မမှားဘူး...”

ဖန်းယွင်ရှန်းက ရာဟုကြယ်ထက်ယံအရှင်သခင်၏ မှတ်ဉာဏ်များကို ဆက်ခံထားခြင်းမရှိသော်လည်း သူမက ငရဲကိုးထပ်တွင် အချိန်ကြာမြင့်စွာနေထိုင်ခဲ့သည်ဖြစ်ရာ နတ်ဆိုးများအကြောင်း ပိုမိုနက်နဲစွာ နားလည်ခဲ့သည်။

သူမက ခေါင်းညိတ်လိုက်ရင်း...

“ဟုတ်တယ် ၊ သူက တခြားသူတွေကို တူညီတဲ့ကျင့်ကြံခြင်းအဆင့်နဲ့ တိုက်ခိုက်လေ့ရှိတယ် ၊ ကောင်းကင်နတ်ဘုရားအဆင့်အောက် ရှိတဲ့သူတွေကို သူက တူညီတဲ့ကျင့်ကြံခြင်းအဆင့်နဲ့ ဖိနှိပ်ထားနိုင်တယ်”

ရန်ကျောက်ကဲက ပြုံးလိုက်ရင်း...

“‌ကောင်းကင်နတ်ဘုရားအဆင့်အောက်ရှိတဲ့ ကျင့်ကြံသူတွေအနေနဲ့ အဲဒီနတ်ဆိုး အသွင်ပြောင်းထားတာကို သိနိုင်ဖို့ခက်တယ် ၊ အမှန်နဲ့အမှားကြား ဝေခွဲရခက်ပြီး တိုက်ခိုက်မယ်ဆိုရင် ရှုံးနိမ့်မှာပဲ”

သစ်သားပလ္လင်ကိုပိုင်ဆိုးသည့် အရိပ်နတ်ဆိုးဆိုသည်က မိစ္ဆာနတ်ဘုရား(၁၂)ပါးမှ ထိပ်တန်းမဟာနတ်ဆိုး (၆)ပါးတွင် တစ်ပါးအပါအဝင်ဖြစ်ပြီး ရှေးခေတ်မှသည် ယခုအချိန်ထိ တည်ရှိခဲ့သည့် နတ်ဆိုးတစ်ပါး ဖြစ်သည်။

သူ၏ အထူးစွမ်းရည်မျာ အခြားသူများအဖြစ် အသွင်ပြောင်းနိုင်ခြင်းပင်။

အခြားသူအဖြစ် အသွင်ပြောင်းရာတွင် အပြစ်အနာအဆာမရှိ တစ်ပုံတည်းတူအောင်ပြောင်းလဲနိုင်သည့်အပြင် ၊ ပိုပြီးအရေးကြီးသည်မှာ အခြားသူ၏ ကျင့်ကြံခြင်းအဆင့် ၊ သိုင်းပညာစွမ်းရည်များအားလုံးကိုပါ တစ်ထပ်တည်းတူအောင် ပြောင်းလဲနိုင်ခြင်း ဖြစ်၏။

ထို့ကြောင့် -

“ရန်သူက စွမ်းအားကြီးမားရင် သူလည်းစွမ်းအားကြီးမားတယ် ၊ ရန်သူက စွမ်းအားနည်းပါးရင် သူလည်းစွမ်းအားနည်းပါးတယ်”

ဟု ပြောလေ့ရှိကြခြင်း ဖြစ်သည်။

အခြားသူများကို တူညီသောကျင့်ကြံခြင်းအဆင့်ဖြင့်ပင် တိုက်ခိုက်လေ့ရှိသော်လည်း သူ၏ တိုက်ခိုက်ရေး ထိရောက်မှုမှာ ကြောက်စရာကောင်းလောက်အောင်မြင့်မားပြီး အကန့်အသတ်ကလည်း အံ့သြစရာကောင်းလောက်အောင် နည်းပါးသည်။

သို့သော် အရိပ်မိစ္ဆာက သူ၏ရန်သူရှေ့မှာပင် အသွင်ပြောင်းနိုင်ပြီး သူကိုယ်တိုင်က အရိပ်တစ်ခုအဖြစ် ဖွဲ့စည်းသွားခြင်း ဖြစ်သည်။

ရှေးခေတ်အချိန်များမှသည် ယခုအချိန်ထိ နှစ်ပေါင်းများစွာ မတွေ့ဆုံခဲ့သော လူတစ်ယောက်အဖြစ် အရိပ်နတ်ဆိုးအသွင်ပြောင်းသည်မှာ သာဓကပြစရာများ မရှိခဲ့ပေ။

ဟုတ်ပေ၏။

ဤအချက်ကြောင့် အရိပ်နတ်ဆိုးက ထိုသို့အသွင်ပြောင်းနိုင်ခြင်းမရှိဟု တစ်ထစ်ချပြော၍ မရပေ။

အရိပ်နတ်ဆိုးဆိုသည်က အလွန်ပင် ကောက်ကျစ်ဉာဏ်များသူဖြစ်လေရာ အပြင်လူများအနေဖြင့် သူ့အကြောင်း အသေးစိတ် အတိအကျကို သိရှိရန် ခက်ခဲသည်။

အရိပ်နတ်ဆိုးက မွေးဖွားလာပြီးကတည်းက အလွန်ပင် လှုပ်ရှားတက်ကြွခဲ့သည်။ စိတ်ဝိညာဉ်နတ်ဆိုးထက်ပိုပြီး လူသတ်ရန်စိန်ခေါ်သည့် အဓိကအကြောင်းရင်းမှာ သူ၏ သာလွန်သော အခွင့်အာဏာကြောင့် ဖြစ်သည်။

လူတိုင်းနီးပါးနှင့်တူညီအောင် အသွင်ကြောင်းနိုင်ခြင်းက သူ၏ အံ့သြစရာကောင်းသောအချက် ဖြစ်၏။

ဒဏ္ဍာရီမှတ်တမ်းများအရ အရိပ်မိစ္ဆာက တာအိုဝါဒ၏ဧကရာဇ် (၄)ပါးတွင် ခေါင်းဆောင်ဖြစ်သော “ကောင်းကင်ဘုံအရှင်မြောက်ပိုင်းကြယ်စင်ကျီဝေးဧကရာဇ်မင်း” အဖြစ်ပင် အသွင်ပြောင်းခဲ့သည်ဟု ဆိုကြသည်။

ထို့ပြင်သူက နတ်မိစ္ဆာမျိုးနွယ်များ၏ သူတော်စင်ဖြစ်သော “ပင်လယ်မှောက်လှန်နတ်မိစ္ဆာဘုရင်” ၊ ဗုဒ္ဓဘာသာမှ ‘ကျိကျိုးဗောဓိသတ္တ’ နှင့် ငရဲကိုးထပ်မှ ပထမမျိုးဆက် မီးနတ်ဆိုးအဖြစ်လည်းအသွင်ပြောင်းခဲ့သေးသည်။

“ငါတို့တွေက တာအိုဝါဒကျင့်ကြံသူတွေဖြစ်ပြီး မိုးမြေဖန်ဆင်းခြင်းနိယာမရဲ့ သဘောသဘာဝတွေကို နားလည်ကြတယ်”

ရန်ကျောက်ကဲက ဆက်ရှင်းပြသည်။

“ငါတို့တွေ မိုးနဲ့မြေကိုနားလည်တဲ့အခါ မိုးနဲ့မြေအပေါ် သြဇာသက်ရောက်မှုရှိသွားတယ် ၊ အဲဒီအခါမှာ မိုးနဲ့မြေကလည်း အံ့သြစရာအခြေခံမူတွေကို ငါတို့ထံ ပြန်လည်ပေးအပ်တယ်”

“အရိပ်နတ်ဆိုးရဲ့ ထူးဆန်းတဲ့အချက်က မိုးနဲ့မြေရဲ့ မဟာတာအိုတုံ့ပြန်မှုကနေတစ်ဆင့် တခြားသူတွေနဲ့ ဆက်သွယ်နိုင်တယ် ၊ ပြီးတော့ သူ့ရဲ့မှော်ပညာနဲ့ ပုံရိပ်ယောင်ကို အစစ်အမှန်ဖြစ်လာအောင်လုပ်နိုင်တာပဲ”

“ဒါပေမဲ့... အရိပ်ကအရိပ်ပဲလေ ၊ ဒါကြောင့် သူက သိုင်းပညာရပ်ပေါင်းများစွာနဲ့ တန်ခိုးစွမ်းအားများစွာကို တုပပြီး အသွင်ပြောင်းနိုင်ပေမယ့် အဲဒီပညာတွေကို သူ့ရဲ့ကိုယ်ပိုင်ဖြစ်လာအောင် မလုပ်နိုင်သလို တခြားသူတွေကိုလည်း ဖြန့်ဝေပေးလို့မရဘူး”

“အရိပ်နတ်ဆိုးက သူ့ထက်ရှေးကျတဲ့တည်ရှိမှု ဒါမှမဟုတ် ကောင်းကင်နတ်ဘုရားအဆင့်ရဲ့ အထက်ရှိတဲ့ တန်ခိုးစွမ်းအားရှင်တွေအဖြစ် ပြောင်းလဲနိုင်စွမ်းရှိဘူးလို့ လူအများစု ယူဆကြတယ်”

ရန်ကျောက်ကဲက လက်နှစ်ဖက်ဖြန့်ကားရင်း...

“ဒါပေမဲ့ အဲဒီလိုဆိုရင်တောင်မှာ သူက လွှမ်းမိုးနိုင်စွမ်း မြင့်မားနေဆဲပဲ ၊ သူက ပထမမျိုးဆက် နတ်ဆိုးတစ်ပါးဖြစ်ပြီး အရမ်းလည်းရှေးကျတယ်လေ ၊ သူ့ထက်ရှေးကျတဲ့သူနဲ့ ကျင့်ကြံခြင်းအဆင့်မြင့်မားတဲ့သူဆိုလို့ နည်းနည်းလေးပဲ ရှိတော့တာ”

ဟုတ်ပေ၏။

အရိပ်နတ်ဆိုးက အခြားသူတစ်ယောက်အဖြစ် အသွင်ပြောင်းလိုက်ချိန်တွင် ထိုသူ၏သိုင်းပညာနှင့် တန်ခိုးစွမ်းအားများအားလုံးကို တုပနိုင်သည်ဆိုသော်လည်း ၊ သူ တုပမရနိုင်သည့် ပညာရပ်အချို့ ရှိနေသေးသည်။

ထိုက်ချင်အဆက်အနွယ် နှောင်းပိုင်းကောင်းကင် အခြေခံတန်ခိုးစွမ်းအား (၅)ရပ်မှ ပထမဆုံးပညာရပ်ဖြစ်သော “မိုးမြေနက်ရှိုင်းပညာရပ်” အား အရိပ်မိစ္ဆာအနေဖြင့် တုပ၍ မရနိုင်ပေ။

ထို့ပြင် စမ်းသပ်မကြည့်ရသေးသည့်တိုင် ယွိချင်အက်အနွယ်၏ ပထမဆုံးကျမ်းစာဖြစ်သော ‘ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာ’ နှင့် စန့်ချင်အဆက်အနွယ်၏ နော်ကဆုံးကျမ်းစာဖြစ်သော ‘မူလပရမ်းပတာသုတ်သင်ခြင်းကျင့်စဉ်ကျမ်း’ ကိုလည်း အရိပ်နတ်ဆိုးအနေဖြင့် အသွင်ပြောင်းတုပရန် မဖြစ်နိုင်ပေ။

မကြာခင်ကပင် စောမင်ကျန့်၏ “ကောင်းကင်ဖြတ်တောက်ကျမ်းစာ” သည်လည်း အရိပ်နတ်ဆိုး၏ အသွင်ပြောင်းခြင်းကို ပယ်ဖျက်နိုင်ကြောင်း သက်သေပြခဲ့သည်။

မဟုတ်ပါက အရိပ်နတ်ဆိုးအနေဖြင့် ပြန်လည်ဆုတ်ခွာသွားမည် မဟုတ်ပေ။

မန်ဝမ်က...

“ဒါတွေက သစ်သားနတ်ဆိုးအနေနဲ့ သူနဲ့ကျင့်ကြံခြင်းအဆင့်တူညီတဲ့ တန်ခိုးစွမ်းအားရှင်ကို ရင်ဆိုင်ရတဲ့အခါမှာ ကြုံတွေ့ရမယ့် ပြဿနာတွေပဲ... အခုကျတော့...”

ထို့နောက် သူမက စိုးရိမ်စိတ်များပြည့်နက်နေသည့်မျက်ဝန်းများဖြင့် ဖန်းယွင်ရှန်းကို လှမ်းကြည့်လိုက်သည်။

ဖန်းယွင်ရှန်းက ပြုံးလိုက်ရင်း...

“ငါတို့လည်း ဘာမှမတတ်နိုင်ဘူးလေ ၊ ကံကောင်းတာက လူတိုင်းက ငရဲကိုးထပ်ကနတ်ဆိုးတွေကို ရွံလျှာကြတယ် ၊ ဒီတော့ သစ်သားနတ်ဆိုးလည်း အရမ်းကာရော မလှုပ်ရှားရဲဘူးပေါ့”

အချိန်အတန်ကြာအောင် စကားစမြည်ပြောဆိုပြီးနောက် ရန်ကျောက်ကဲနှင့်ဖန်းယွင်ရှန်းတို့က အားလုံးကိုနှုတ်ဆက်ပြီး ကြာပန်းနီကမ်းပါးမှ ပြန်လာခဲ့ကြသည်။ သူတို့က ဗလာနယ်ကိုဖြတ်ကျော်ပြီးနောက် အရှေ့ပိုင်းကျယ်ပြန့်ကောင်းကင်ပြည်နယ် တည်ရှိရာနေရာသို့ ပြန်လာခဲ့ကြသည်။

အရှေ့ပိုင်းကျယ်ပြန့်ကောင်းကင်ပြည်နယ်က တွန့်ခေါက်နေရာမှ အလိုလိုပွင့်လာပြီး ဝါဒတောင်သည်လည်း တစ်ဖတ်ပြန်လည်လည်ပတ်နေပြီ ဖြစ်သည်။

ဝါဒတောင်မှလူများသည်လည်း တစ်ယောက်ပြီးတစ်ယောက် သတိပြန်ဝင်လာကြသည်။

အားလုံးက ဆေးလုံးချီများနှင့် ဆေးရနံ့ချီများကို စုပ်ယူကျင့်ကြံပြီး သူတို့ ခြောက်ခြားဖွယ်ရာခံစားချက်နှင့် လိုက်လျောညီထွေဖြစ်အောင် ကြိုးစားနေကြသည်။

ဝါဒတောင်မှလူအများစုမှာ ပြန်လည်ပြီး စိတ်တည်ငြိမ်လာကြပြီ ဖြစ်သည်။

ဒဏ္ဍာရီဆန်သောဖြစ်ရပ်တစ်ခုအား အမှန်တကယ်ပင် နဖူးတွေ့ ဒူးတွေ့ ကြုံတွေ့ခဲ့ရသည်ဖြစ်ရာ ရန်ကျောက်ကဲအပေါ်ထားရှိသည့် သူတို့၏ယုံကြည်မှုက အခြားသူများထက် ပိုမိုများပြားပြီး ခိုင်မာလျှက်ရှိ၏။

“ခွန်လွန်အထင်ကရ(၉)ပါးဆိုတာ အတိတ်တစ်ချိန်တုန်းက တကယ့်ကိုခမ်းနားကြီးကျယ်ခဲ့တဲ့ တန်ခိုးစွမ်းအားရှင်တွေပဲ”

အားဟူက ရန်ကျောက်ကဲကိုအတုယူပြီး မေးစေ့ကိုပွတ်သပ်ရင်း စကားဆိုလိုက်သည်။

“ဒါပေမဲ့... သူတို့အားလုံးက ကိုယ့်အကြံနဲ့ကိုယ်လှုပ်ရှားနေကြတာပဲ ၊ အဆုံးသတ်မှာတော့ အရင်တုန်းက မြေကမ္ဘာထက်ယံအရှင်သခင်ဖြစ်တဲ့ တိဟွမ်မြေကမ္ဘာဧကရာဇ်က တစ်ယောက်တည်းကျန်ခဲ့ရတယ် ၊ သူနဲ့ ဘယ်သူမှ စိတ်ချင်းမတူကြဘူး”

ရှောင်အိုက်က တင်ပျဉ်ခွေထိုင်လျှက် တံတောင်ဆစ်နှစ်ဖက်ကို ဒူးထက်ထောက်ထားပြီး လက်နှစ်ဖက်ဖြင့်မေးကိုထောက်ရင်း စကားဆိုလိုက်သည်။

“သူနဲ့ထိုက်တန်တာ ဖြစ်သွားတာပဲလေ”

ရန်ကျောက်ကဲက ပခုံးတစ်ချက်တွန့်ရင်း...

“အတိအကျပြောရရင်တော့ အားလုံးကအတူတူပါပဲ ၊ ခြွင်းချက်ကတော့ နေဝန်းထက်ယံအရှင်သခင် ၊ လဝန်းထက်ယံအရှင်သခင်နဲ့ တကယ်တည်ရှိတဲ့သူတစ်ယောက်မဟုတ်တဲ့ လျှို့ဝှက်ခြင်းထက်ယံအရှင်သခင်တို့ပါပဲ”

“မုယောက်ကြယ်စင်ထက်ယံအရှင်သခင်ကတော့ တောင်ပိုင်းချန်စန်းဧကရာဇ်ဘက်ကို ပိုပြီးလိုက်တယ်ဆိုပေမယ့် သူ့မှာလည်း သူ့ကိုယ်ပိုင်အတွေးအခေါ်ရှိတယ် ၊ သူ့ရဲ့အခြေအနေက ငါတို့ဘိုးဘေး ရွှေစင်ထက်ယံအရှင်သခင်နဲ့ အတူတူပဲ”

“ပြီးတော့ ကောင်းဟန်နဲ့လင်ချင်းတို့ကလည်း အမြဲတမ်း တစ်ဖက်တည်းမှာ ရှိနေမှာလားဆိုတာ မသေချာဘူး ၊ ဒါတွေက ဘယ်သူမှ မသိနိုင်တဲ့ကိစ္စတွေပါပဲ”

၎င်းတို့၏ ရည်မှန်းချက်များ တူညီနေလျှင်ပင် အကောင်အထည်ဖော်မှု နည်းလမ်းများ၊ အခြေခံမူများနှင့် နည်းစနစ်များ တူညီမည်ဟု မဆိုလိုပါ။

သူတို့အသီးသီးတွင် ကွဲပြားမှုများ ရှိနေမည်သာပင်။

All Chapters