← Chapters

ဧည့်ဝတ်ကျေပွန်မူ စည်းမျဥ်း

Vol. 13 Ch. 181

ဧည့်ဝတ်ကျေပွန်မူ စည်းမျဥ်း

Vol. 13 Ch. 181

အယ်ဖီဟာ ဘုရားကျောင်းကို သေသေချာချာ ကြည့်လိုက်ပြီးမှ..ဆန်နီကို သံသယနဲ့ကြည့်လိုက်တယ်..။

"ဒီ ဘုရားကျောင်းထဲကနေ ..ဘယ်အရာကမှ အသက်ရှင်လျက် ပြန်ထွက်မလာနိုင်ဘူးဆိုတာကိုတော့ ငါသိထားတယ်နော်..။နင် ဒီနေရာမှာ နေတယ် ဆိုတာ သေချာရဲ့လား.."

လွတ်လပ်တဲ့ အပြုံးတစ်ခု နဲ့ ဆန်နီ ပုခုံးတွန့်လိုက်တယ်..။ဒီ ဘုရားကျောင်းထဲမှာ..အန္တရာယ် ရှိနေတယ် ဆိုတာကို..အယ်ဖီ သိနေတာက အထူးအဆန်းတော့ မဟုတ်ပါဘူး..။ဒီနေရာကို သူမ မရောက်ဖူးဘူးဆိုရင်တောင်..သူမရဲ့အတွေ့အကြုံ တွေ ၊ အနက်ရောင်မြို့တော် မှာစူးစမ်းမူတွေ ဒါမှမဟုတ် တစ်ခြားမုဆိုးတွေရဲ့ မျှဝေမူတွေကြောင့် ဒါကို သိနိုင်ပါလိမ့်မယ်..။

သူ့ရဲ့ ..တိတ်ဆိတ်ပြီး ငြိမ်းခြမ်းတဲ့ အိမ်ကို ပြန်ချင်နေပြီဖြစ်တာကြောင့်..သူ အချိန်ဖြုန်းမနေတော့ပဲ..သူမကို စောင့်ကြပ်နေတဲ့ အနက်ရောင် စစ်သည်အကြောင်း ပြောပြလိုက်တယ်..။

မုဆိုး မိန်းကလေးက..သူမရဲ့ ခေါင်းနောက်ဘက်ကို ကုတ်လိုက်ပြီး..

"ဒီတော့..အထဲမှာ..ကျရှုံးမူအဆင့် သားရဲရှိနေတာပေါ့..။သူက နင်ပြောနေတဲ့ အခန်းဖော်ဆိုတာလား.."

ဆန်နီ သူမကို ခေါင်းညိမ့်ပြလိုက်တယ်..။

"ဒီ ခွေးသားက..ကြမ်းပြင်ဘက်မှာနေရာယူထားပြီး တံခါးကနေ ဖြတ်လာတဲ့လူတိုင်းကို သတ်တယ်..။ဒါပေမဲ့ ငါတို့ ခေါင်းမိုးပေါ်ကနေ ဝင်ရင်တော့ ဘာမှဖြစ်မှာမဟုတ်ဘူး..။ငါနေနေတဲ့ နေရာကို အေးဆေးရောက်နိုငိတယ်..။ထပ်ပြောရရင် ငါတို့ အပေါ်ကို ရောက်တာနဲ့ စိတ်ပူစရာ မရှိတော့ဘူး..။ဒီ ခွေးသားက..ငါတို့ဆီကို မလာသလို ၊ လာဖို့ကြိုးစားတဲ့လူရှိရင်လည်း..သတ်ပစ်မှာပဲ.."

အယ်ဖီ အတော်ကြာအောင် တိတ်ဆိတ်နေပြီးမှ ပြုံးလိုက်တယ်..။

"ဒီတော့..နင်က နတိဆိုးတစ်ကောင်ကို အစောင့်အကြပ် အဖြစ်ထားထားတာပေါ့..။အတော် ဥာဏ်ကောင်းတယ်..."

ဆန်နီ ရယ်မောလိုက်ပြီး..

"ဒါက ချီးကျူးတာလား.."

"....နင့်လို ငတုံးတစ်ယောက် အတွက် ဆိုရင်ပေါ့.."

'အာ...အဲလိုလား '

သူတို့ အပေါ်ကို ရောက်တာနဲ့ ပြသနာ အနည်းငယ် ရှိနေခဲ့တယ်..။ဆန်နီ ဘုရားကျောင်းထဲကို အမြဲတမ်းဝင်နေတဲ့ အပေါက်က ..သူ့ ခန္တာကိုယ် အတွက် အဆင်ပြေပေမယ့်..အရပ်ရှည်ပြီး သန်မာတဲ့ မုဆိုးမိန်းကလေးအတွက်တော့..ကြပ်နေခဲ့ပါတယ်..။ဒီကျဥ်းမြောင်းတဲ့ မာဘယ် ကျောက်ပြား အပေါက်ကို ကြည့်ပြီး အယ်ဖီက သူ့ကို သုန်မုန်စွာကြည့်လိုက်တယ်..။

သိူ့ပေမယ့်..ဆန်နီ တစ်ခြားမစီစဥ် ရသေးခင်မှာပဲ..သူမက ..ခါးကို ကိူင်းလိုက်ပြီး..မာဘယ်ပြား တစ်ချပ်ကို ကိုင်ကာ..ဘေးဘက်ကို ဆွဲခွာလိုက်ပါတယ်..။သူ့နှုတ်ခမ်းက စကားလုံးတွေက ပျောက်ဆုံးသွားခဲ့တယ်..။

'အရမ်း..အရမ်းကို သန်မာတယ်..။ဘယ်သူက များပိုသန်မာလောက်မလဲ...သူလား..ကျောက်တုံးသူတော်စင်လား.."

အရိုးသားဆုံးပြောရရင် သူလည်း မသေချာပါဘူး..။

ရှေ့မဆက်ခင်မှာ ဆန်နီက သူတို့နေမယ့်နေရာကို ဘယ်လို ဝင်ရမလဲဆိုတာကို ညွှန်ကြားလိုက်ပြီး သူမရဲ့ အကာအကွယ်ကို သိမ်းဆည်းတာကြည့်နေလိုက်ပါတယ်..။သူမရဲ့..သံလွင်ရောင် အသားအရည်ကို အဖြူရောင် အတွင်းအင်္ကျီနဲ့သာ ဖုံးအုပ်ထားပြီး အတော်လေးကို လှပနေခဲ့တယ်..။ရုတ်တရက် ဆိုသလိုပဲ..သူ့နေရာကို တစ်ခြားတစ်ယောက်ယောကိ ရောက်လာတာကြောင့် မသက်မသာဖြစ်မူတွေက အငွေ့ပျံသလို ပျောကိကွယ်သွားခဲ့ပါတယ်..။

...သို့ပေမယ့်..ဒါက အချိန်ခနတာ ပါပဲ..။

"နင့်မှာ တစ်ခြား ထူးဆန်းတဲ့ အကြံဥာဏ်မရှိတော့ဘူးလား..။နင့်ရဲ့ အကာအကွယ်က အရမ်းစွန့်စားမူ ဖြစ်လွန်းနေတယ်..။ငါတို့က..အထဲဝင်တဲ့အရာ အသံမြည်လို့မရဘူးလေ..အဲတာပဲ.."

အယ်ဖီ ပြုံးလိုက်ပြီး..

"ထူးဆနိးတဲ့ အကြံလား..။နင်က ဘာလိူ့ ရုတ်တရက်ကြီး ထူးဆန်းတဲ့ အကြံအကြောင်းပြောနေရတာလဲ..ဟင် ဆန်နီ..."

သူ အံကိုကြိတ်ထားပြီး ရှက်ရွံ့နေတဲ့ မျကိနှာကို ဖုန်းကွယ်ဖို့ တစ်ဖက်ကို လှည့်လိုက်ပါတယ်..။ပြီးတာနဲ့ သူက အပေါက်ထဲကိုဝင်သွားခဲ့တယ်..။

'ချီးပဲ..မိန်းမတွေ..."

သူတိူ့..ဘုရားကျောငိးပေါ်မှာဆင်းတာနဲ့..ဆန်နီဟာ..အယ်ဖီ ရဲ့ လက်ကို သူ့ပုခုံးပေါ်တင်ခိုင်းထားပြီးလမ်းပြနေခဲ့တယ်..။နေ က ကောင်းကင်ထက်မှာရှိနေသေးပေမယ့် သူတို့ပတ်ဝန်းကျင်မှာက ဘာအလင်းရောင်မှ မရှိပါဘူး..။သူတို့အောက်မှာရှိနေတဲ့ ဘုရားကျောင်းရဲ့ကြမ်းပြင်မှာပဲ အလင်းရောင်ဝင်ရောက်နေတာပါ..။

ဒါတောင်မှ..ခန်းမကြီးရဲ့ နေရာအများစုကို အရိပ်တွေက..ဖုံးလွမ်းနေပါသေးတယ်..။

အမှန်တော့ ဒါက အရိပ်တောင် မဟုတ်ပဲ..အမှောင်ထု ပါ..။အလင်းမရှိတဲ့ အချိန်မှာဆိုရင်..စစ်မှန်တဲ့ အမှောင်ထု တစ်ခုပဲ တည်ရှိပါလိမ့်မယ်..။စစ်မှန်တဲ့အမှောင်ထုကို သူ့ရဲ့ အမြင်အာရုံကတောင် ဖောက်ထွင်းနိုင်မှာမဟုတ်ပါဘူး...။ဒီအရာကို အနက်ရောင်စစ်သည်က ဖန်တီးထားတာလား ဆိုတာမသိပေမယ့်..ဒါကြောင့် ပထမဆုံးစတွေ့တုန်းက သူ ဒီခွေးသားရှိနေတာကို သတိမထားမိခဲ့တာပါ..။

ဘယ်လိုပဲဖြစ်ဖြစ် သူက အယ်ဖီကို သေချာလမ်းပြနေခဲ့တယ်..။ခြေတစ်လှမ်းမှားလိုက်တာနဲ့..သူတို့ အသက်က သေဆုံးရပါလိမ့်မယ်..။

'ဘယ်လောက် စိတ်ပျက်စရာလဲ..'

သူတို့ နှစ်ယောက်ရဲ့ ခန္တာကိုယ်က အရမ်းကို နီးကပ်နေတာကြောင့်..ရှကိရွံ့မူနဲ့အတူပဲ ..ဆန်နီ တိတ်တဆိတ်သက်ပြင်းချကာ ရှေ့ကို တိုးလိုက်တယ်..။ဒါက အားရုံစိုက်ဖို့ အတော်ခက်ခဲတာပါ...

'ထူးဆန်းတဲ့ အကြံဥာဏ်...ဘယ်သူက ဒီအကြံကို ပေးလိုက်တာလဲ...။ငါမဟုတ်ဘူး...'

မိနစ်အနည်းငယ် ကြာပြီးတဲ့ နောက်မှာတော့ သူတို့က အမည်မသိ နတ်သမီး ရုပ်ထုကြီးရဲ့ အနောက်ကို ရောက်လာခဲ့တယ်..။သူတို့ကြားမှာ ဘာမှ ပုံမှန်မဟုတ်တာတွေ မဖြစ်ပေမယ့်လည်း..ဆန်နီကတော့ အစွန်မှာ ရောက်နေသလိုခံစားရပါတယ်..။

ဒီရက်သတ္တပတ်က အတော် ရှည်ကြာတော့မယ် ဆိုတာကို တစ်စုံတစ်ခုက သူ့ကို ပြောနေခဲ့တယ်..။

သူတို့ ပုန်းကွယ်နေတဲ့ အခန်းငယ်လေးထဲကို ဝင်လိုက်တာနဲ့..အယ်ဖီကို အလင်းရောင် ဖန်တီးလို့ ရပြီဖြစ်ကြောင်း ဆန်နီ ​အသိပေးလိုက်တယ်..။အချိန်ဖြုန်းမနေတော့ပဲ..မုဆိုးမိန်းကလေးက အလင်းရောင် ထွက်တဲ့ မှတ်သားမူကို ထုတ်ယူပြီး ပတ်ဝန်းကျင်ကို အကဲခတ်လိုက်ပါတယ်..။

တစ်ချိန်က အမျိုးသမီး ဘုန်းတော်ကြီး ပိုင်ဆိုင်ခဲ့တဲ့လှပပြီး..နေရာကျယ်တဲ့ အခနထဲမှာ အလင်းရောင်ထွက်လာခဲ့တယ်..။နံရံမှာ ထွင်းထုထားတဲ့ လက်ရာတွေက အတော်လေးကို ထည်ဝါနေခဲ့ပါတယ်..။ဟိုဟို ဒီဒီမှာလည်း သစ်သားနဲ့ ပြုလုပ်ထားတဲ့..ပရိဘောဂ တွေ ရှိနေပါသေးတယ်..။တစ်ချို့မတူညီတဲ့ အရာတစ်ချို့ကိုတော့ ဆန်နီဟာ တစ်ခြားနေရာကနေ ယူလာခဲ့တာပါ...။

အယ်ဖီ ​တီးတိုးပြောလိုက်တယ်..။

"နင့်ကိုတော့ အသိမှတ်ပြုရမယ် ဆန်နီ..။နင်က ဘယ်လို စတိုင်ကျကျ နေရမလဲဆိုတာကို တကယ်သိတာပဲ..။ဘယ်သူက ထင်ထားမှာလဲ.."

သူ ပြုံးလိုက်ပြီး..

"မနာလိုဖြစ်တာလား.."

သူမ သက်ပြင်းချလိုက်တယ်..။

"အရေးကြီးတာက ဂန်လောင်ရဲ့လူတွေက ငါတို့ဒီမှာ ရှိမှန်းသိရင်တောင် ဝင်လာနိုင်ကြမှာမဟုတ်ဘူး..။ဒီတော့ ငါတို့ အမှန်တကယ်ပဲ လုံခြုံတယ်.."

အနည်းငယ် စိတ်ပျက်သွားပြီး ဆန်နီ ပုခုံးတွန့်လိုက်တယ်..။

"ကောင်းပြီ..ကိုယ့်အိမ်လိုသာ သဘောထားပါ..။နောက်ဘက် ထွက်ပေါက် နဲ့ တစ်ခြားအရာတွေကို ပြီးမှ ပြပေးမယ်.."

ပြီးသွားတာနဲ့ သူက ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး တစ်ချို့အရာတွေကို အမြန်ဖုံးကွယ်ကာ ..ကြည့်ရူလို့ကောင်းအောင် လုပ်လိုက်ပါတယ်..။တကယ်လို့ ဒီနေရာကို ဧည့်သည် ရောက်လာမယ်မှန်း သိထားရင် သူ အစောကတည်းက သန့်ရှင်းရေး ကြိုလုပ်ထားခဲ့မှာပါ..။

အယ်ဖီကတော့ သိပ်ပြီး အာရုံမစိုက်ခဲ့ပေ..။သူမက သိချင်စွာ လျောက်သွားနေခဲ့ပြီး..နံရံမှာ ထွင်းထုထားတဲ့လက်ရာတွေ ၊ ရှေးဟောင်း ပရိဘောဂတွေကို ကြည့်နေခဲ့တယ်..။

...အဲ့အချိန်မှာပဲ ..ရုတ်တရက် ဆန်နီဟာ သူ့နောက်ကနေ တခစ်ခစ် ရယ်နေတဲ့ အသံကိုကြားလိုက်ရတယ်..။

လှည့်ကြည့်လိုက်တဲ့ အချိန်မှာတော့ အယ်ဖီက အဝတ်ဗီရိုကြီး တစ်ခုရဲ့ ရှေ့မှာ ရပ်နေခဲ့တာပါ..။အဝတ်ဗီရိုက လတ်တလောမှာ ဖွင့်နေပြီး..မိန်းကလေး ဘုန်းတော်ကြီး ကျန်ရစ်ခဲ့တဲ့ အရာတွေကို ပြသနေခဲ့တယ်..။

မုဆိုးမိနိးကလေးက သူ့ကို ထူးဆန်းစွာကြည့်ပြီး ပြုံးလိုက်ပါတယ်..။

'ဘာလို့လဲ..။သူမက ဘာလို့ ငါ့ကို ကြည့်နေတာလဲ..'

"ဘာဖြစိလို့လဲ.."

အယ်ဖီ ခေါင်းခါယမ်းလိုက်တယ်..။

"ဟင့်အင် ဘာမှမဟုတ်ဘူး..။ဒီတိုင်း..သိတယ်မလား..ဆန်နီ..ငါနင့်ကို ပထမဆုံး စတွေ့တုန်းက..နင်ကတကယ်ကို သေးငယ်တဲ့ကောင်လေးပဲ..။နင်က အရုပ်ကလေးနဲ့တောင် တူတယ်..။စိတ်ထဲမှာ အရုပ်ကလေးလို အဝတ်အစားဝတ်ပေးပြီးတောင် ဆော့ကစားချင်မိတယ်.."

ဆန်နီ မျက်တောင်အနည်းငယ် ခတ်ပြီးမှ ဒေါသတကြီး ပြန်ပြောလိုက်တယ်..။

"နင် ဘယ်သူ့ကို သေးငယ်တယ်လို့ ပြောနေတာလဲ..။ငါက မသေးငယ်ဘူး...ဘာပဲဖြစ်ဖြစ်...နင်ကသာ ရှည်နေတာ.."

သူ့ကို အာရုံမစိုက်တော့ပဲ မုဆိုးမိန်းကလေးက အဝတ်ဗီရိုကို ပြန်ကြည့်ကာ တခစ်ခစ် ရယ်မောနေခဲ့ပြန်ပါတယ်..။

ယင်းနောကိ ..ရယ်မောသံကို ကျော်ပြီး သူမက ပြောလိုက်တယ်..။

"ဘယ်သူသိမှာလဲ..နင်က...နင်က ဒီလို အဝတ်တွေကို စိတ်ဝင်စား နိုင်မယ်လို့...ဟင်..."

သူမ ဘာကိုပြောချင်တာလဲ ဆိုတာ နားလည်ဖို့ ဆန်နီ စက္ကန့်အနည်းငယ် လောက်အချိန်ယူခဲ့ရပါတယ်..။

သူမက သူ ဒီ မိန်းကလေး အဝတ်အစားတွေကို ယူ ဝတ်နေတယ် လို့ ပြောချင်တာပါ..။

မခံမရပ်နိုင်မူ ၊ အောင့်သက်သက်ဖြစ်မူ ! သူမက ဘယ်လိုများ...

"နင် ဘာတွေပြောနေတာလဲ..။အဲတာတွေက ငါ့ဟာ မဟုတ်ဘူး..။ဒီမှာနေခဲ့တဲ့ ..မိန်းကလေး ဘုန်းတော်ကြီး ကျန်ခဲ့တဲ့ အရာပဲ..."

အယ်ဖီ အကြိမ်အနည်းငယ် ခေါင်းညိမ့်လ်ိုက်တယ်..။

"သေချာတာပေါ့..သေချာတာပေါ့..။နင့်မှာက..ဒီလို ဂါဝန် လှလှနေတွေ အများကြီးရှိတဲ့ အဝတ်ဗီရို ပဲ ရှိနေတာလေ..။မတော်တဆ ပေါ့.."

"အဲတာက အမှန်တရားပဲ..။ငါ ဘယ်တော့မှ မလိမ်ဘူး.."

သူမက သူ့ကို ပြုံးပြီး ကြည့်လိုက်တယ်..။

"ဒါပေမဲ့...ဒါပေါ့..ဒါက အမှန်ပဲဖြစ်ရမယ်..။ငါ နင့်ကို ယုံကြည်ပါတယ်..။ကျိန်းသေပေါက်..."

အဲ့အချိန်မှာပဲ..အယ်ဖီဟာ ပတ်ဝန်းကျင်ကိုကြည့်ပြီး ရိုးသားမူ အပြည့်နဲ့ပြောလိုက်တယ်..။

"ဒါပေမဲ့ ဆန်နီ..ငါတို့မှာ နောက်ထပ်ပြသနာ ရှိနေသေးတယ်..."

သူ အံကို ကြိတ်ထားရင်း မေးလိုက်တယ်..။

"ဘာလဲ..."

သူမ ခနလောက်တွေဝေနေပြီးကာမှ စနောက်စွာ ပြောလာခဲ့ပါတယ်..။

"ဒီမှာက အိပ်ယာ တစ်ခုပဲ ရှိတာလေ..။အာ...ဘယ်လောက်တောင် ကြပ်နေလိုက်မလဲ..။ဘာပဲဖြစ်ဖြစ်...ငါတို့..အတူတူ...အိပ်သင့်လား.."

ဆန်နီ သူမကို အကြာကြီး ကြည့်ပြီးကာမှ ပြောလိုက်တယ်..။

"အဲ့သောက်ကျိုးနဲ အိပ်ယာကို နင်ယူလိုက်..။ငါ ကြမ်းပြင်ပေါ်မှာပဲ အိပ်မယ်..."

ဒီလို ပြောပြီးတာနဲ့ သူ တစ်ဖက်ကို လှည့်ကာ အသက်ကို ပြင်းပြင်းရူနေခဲ့ရပါတယ်..။

'ငါ ဒီအရာကို ဘာလို့ လက်ခံလိုက်တာလဲ..။မိန်းမတွေ..ချီးပဲ..မိန်းမတွေက..တကယ်ကို ကြောက်လန့်စရာပဲ...'

....အမှန်ပါပဲ , ဒီ ရက်သတ္တပတ်က သူတို့နှစ်ယောက် အတွက် အတော်ကို ရှည်လျားတော့မှာပါ..။

All Chapters