ညစာ..
Vol. 13 Ch. 182
ဆန်နီ အနည်းငယ် တည်ငြိမ်းသွားတဲ့ အချိန်မှာတော့..စဥ်းစားဖို့ အချိန်ရလာခဲ့ပါတယ်..။ခနအကြာမှာတော့ အခြေအနေတွေက သူတွေးထားသလောက် မဆိုးဝါးဘူးဆိုတာကို နားလည်သွားခဲ့တယ်..။
ဟုတ်တယ်..ဒီလို ဆူဆူညံညံ မုဆိုးမိန်းကလေးနဲ့ နေရတာက..အရမ်းကို ထူးခြားတဲ့ လေ့ကျင့်မူတစ်ခုပါ..။အထူးသဖြင့် သူမက သူ့ကို စိတ်ဆင်းရဲအောင် လုပ်ပြီး ပျော်ရွှင်နေပုံရတာပါပဲ..။သို့ပေမယ့်..သူ့အနေနဲ့လည်း ပြန်ရနိုင်တဲ့ အရာဆိုတာ ရှိပါတယ်..။သူက..ဒီကနေ တဆင့် သူ့ မျက်လုံးတွေကို အစာကျွေးလို့ ရတဲ့ အပြင်...ခနလေး...အဓိက အရာကို ပြန်သွား ....
ဒါကတော့..ဆန်နီက..ညဘက်အချိန်ကျမှ အလုပ်လုပ်တဲ့ လူတစိယောက်ပါ..။သူ အေးစက်နေတဲ့ ကြမ်းခင်းပြင်မှာ အိပ်စရာ မလိုသလို ၊ မုဆိုးမိန်းကလေးနဲ့လည်း မျှဝေပြီး အိပ်ဖို့ မလိုအပ်ပေ..။သူက နေ့ဘက်မှာသာ အိပ်ပြီး ညဘက်ဆိုရင် အမဲလိုက်ထွက်တဲ့ အတွက်ကြောင့်ပါ..။သူတို့နှစ်ယောက် အတူတူ နိုးထပြီး ဒီအခန်းမှာ အတူတူ ရှိနေရမယ့် အချိန်က သိပ်မများလှပါဘူး..။
ထပ်ပြောရရင် ..အယ်ဖီက သူမရဲ့ ဆာလောင်မူကို ဖြေသိမ့်ဖို့ အိတ်ထဲမှာ လုံလောက်တဲ့ အစားအသောက်တွေ ထည့်လာခဲ့တာကြောင့်..ဆန်နီ သူမကို ရှာဖွေကျွေးစရာ မလိုအပ်ပေ..။ဒီတော့ သူမကို လက်ခံထားရတာက အစောက သူထင်ထားသလောက်လည်း မဆိုးဝါးပါဘူး..။
မုဆိုးမိန်းကလေးကို ပတ်ဝန်းကျင်ဆီ လိုက်ပြကာ..တစ်ချို့အရာတွေ ပြောပြ ပြီးတဲ့နောက်မှာတော့..သူ ကိုယ်တိုင်အတွက် အချိန်ရလာခဲ့ပါတယ်..။
နောကိဆုံးတော့...
အခန်းရဲ့ ထောင့်တစ်ထောင့်မှာ ထိုင်လိုက်ပြီး..သူ မျက်လုံးတွေကို မှိတ်ထားကာ..ဝိဥာဥ် ပင်လယ်ထဲကို ..ဝင်လိုက်တယ်..။
ခါတိုင်းလိုပဲ..ငြိမ်သက်အေးချမ်းတဲ့ ပင်လယ်က သူ့ကို တိတ်ဆိတ်တဲ့ အမှောင်ထု နဲ့ အေးချမ်းမူကို ပေးနေခဲ့ပါတယ်..။ထောင့်တစ်နေရာမှာ ရှိနေတဲ့ ဟတ်ပါ အပါအဝင် တစ်ခြား အရိပ်တွေကို ဂရုမစိုက်ပဲ..သူက အရိပ်အမြုတေ ဆီကို လျောက်သွားခဲ့တယ်..။
ယင်းနောက် ဆန်နီ က ကျောက်တုန်းသူတော်စင်ကို ထုတ်လိုက်ပါတယ်..။
"ဟေး..ဒီမှာပဲ ဒါလင်..။ခန့်မှန်းကြည့်လိုက်..။ငါ မင်းအတွက် ညစာ ဝယ်လာတယ်..."
ကိုင် ရဲ့ အကူအညီနဲ့ ဝယ်လာခဲ့တဲ့ မှတ်သားမူ တွေကို ..မကျွေးမွေးခင်မှာပဲ..။သူက သားရဲမှာ ရှိနေတဲ့ အချက်အလက်တွေကို အမြန်ကြည့်လိုက်ပါတယ်..။
အရိပ် : ကျောက်တုံး သူတော်စင်..
အဆင့် : နိုးထမူ
အရိပ် အမျိုးအစား : မွန်းစတား
အရိပ် စွမ်းရည် : [ တိုက်ပွဲမာစတာ ], [ အားထားရသူ ] , [ နတ်ဘုရား အလင်းစက် ]
အရိပ် အပိုင်းအစ : [ 6/200 ]
အပိုင်းအစ ခြောက်ခုသာ ရှိသေးပေမယ့် သူမက ဒီလောက်အထိ တောင် သန်မာနေခဲ့ပါပြီ..။သူ့ရဲ့မွန်းစတား ပိုပြီး ကြမ်းတမ်းလာမှာကို သူ မစောင့်နိုင်တော့ပေ..။
အချိန်ကို ဖြုန်းမနေတော့ပဲ..ဆန်နီက ပထမဆုံး မှတ်သားမူ ကို ထုတ်ယူလိုက်တယ်..။ဒါက ဓားသွားမှာ မရေတွက်နိုင်တဲ့ စိန်တွေကို အကြောင်းပြချက် မရှိ စီခြယ်ထားတဲ့..ထူးဆန်းတဲ့ ဓားတစ်ချောင်းပါ..။သူ ဒါကို အရိပ်ဆီကို ပေးလိုက်တယ်..။သူမက ဓားကို ယူလိုက်ပြီး ခံစားချက်မဲ့စွာပဲ ချိုးဖျက်ပစ်လိူက်ပါတယ်..။
[ သင့်ရဲ့ မှတ်သားမူ ဖျက်ဆီးခံလိုက်ရပါပြီ ]
တောက်ပ နဲ့ အလင်းစက် နှစ်ခုက ကျောက်တုန်းသူတော်စင်ရဲ့ ခန္တာကိုယ်အတွင်းပိုင်းထဲက စုပ်ယူသွားခြင်းခံလိုက်ရတယ်..။
[ ကျောက်တုံး သူတော်စင် ပိုပြီးသန်မာ လာခဲ့ပါပြီ ]
သူ ကပဲ အနည်းငယ် စိတ်မကောင်းဖြစ်နေတာလား ..ဒါမှမဟုတ် အခိုက်အတန့်ကလား..။
'ကောင်းပြီ..နစ်က မင်းကို တစ်စစီ လုပ်ပစ်မယ်လို့ ပြောတုန်းက မင်းဘာမှ တုန့်ပြန်မလာခဲ့ဘူးမလား..'
သူ ပြုံးလိုက်ပြီး အချက်အလက် ဇယားကို ကြည့်လိုက်တယ်..။
အရိပ် အပိုင်းအစ : [ 7 / 200 ]
ကျေနပ်စွာပဲ..ဆန်နီ နောက်ထပ် မှတ်သားမူကို ထုတ်ယူလိုက်တယ်..။ဒီဖြစ်စဥ်က ထပ်ခါ ထပ်ခါ ဖြစ်နေခဲ့ပါတယ်..။
[...ကျောက်တုံး သူတော်စင်က ပိုပြီး သန်မာလာခဲ့ပါပြီ ]
[....ကျောက်တုံး သူတော်စင်က ပိုပြီး သန်မာလာခဲ့ပါပြီ ]
[...ကျောက်တုံးသူတော်စင်က ပိုပြီး သန်မာလာခဲ့ပါပြီ ]
[...ကျောက်တုံးသူတော်စင်က ပိုပြီး သန်မာလာခဲ့ပါပြီ ]
သူ့ရဲ့ သားရဲမှာ..အရိပ်အပိုင်းအစ တွေ ပိုပြီး တိုးတက်လာတိုင်း..သူ့ခံစားချက်တွေက တိုးတက်လာခဲ့တယ်..။ဒါက အကောင်းဆုံး ခံစားချက် ပါပဲ..။
အရိပ် အပိုင်းအစ : [ 8 / 200 ]
အရိပ် အပိုင်းအစ : [ 10 / 200 ]
အရိပ် အပိုင်းအစ : [ 11 / 200 ]
နောက်ဆုံးမှာတော့ မှတ်သားမူ ကိုးခု လုံးကို စုပ်ယူပြီးသွားတဲ့ အချိန်မှာ..အချက်အလက် နံပါတ်က ၂၀ အထိ ကို ရောက်သွားခဲ့ပါတယ်..။ကျောက်တုံး သူတော်စင်..ရဲ့ ပုံစံက အတော်လေးကို သန်မာ နေခဲ့ပါပြီ..။သူ့ရဲ့ ပထမဆုံးအတွေ့အကြုံနဲ့ ယှဥ်ကြည့်ရင်လည်း သူမက ပိုပြီး သန်မာလာပြီ ဆိုတာကို နားလည်ထားပါတယိ..။
တိုးတက်မူက..အရမ်းကြီး မယ်မယ်ရရ မဟုတ်ပေ
မယ့်..တိုကိပွဲမှာဆိုရင် အသေးအဖွဲလေးကစ အရာအားလုံးကို ဆုံးဖြတ်ပေးသွားနိုင်ပါတယ်..။အထူးသဖြင့် ဒီအရာက သူ့အတွက် မရှိမဖြစ် ဖြစ်တော့မယ့် အချိန်မှာပါပဲ..။
ဒါတွေ အကုန်လုံးက အစပထမပဲ ရှိပါသေးတယ်..။အဓိက အရာက အခုထိ မလာသေးပေ..။
မျှော်လင့်ချက်တွေ အပြည့်နဲ့ ဆန်နီက..မဟူရာ အရောင် အကာအကွယ်ကို ထုတ်လိုက်တယ်..။တကယ်လို့ ဆန်နီ ရဲ့ တွက်ချက် မူသာ မှန်မယ် ဆိုရင် ဒီအရာက ကျောက်တုံးသူတော်စင်ကို အပိုင်းအစ ၁၂ ခု အထိကို ရစေမှာပါ..။ဒါက မှတ်သားမူ ကိုးခု ပေါင်းစပ်ထက်တောင် ကျော်လွန်လု နီးပါးပါပဲ..။
ရှောင်းဟောင်း အကာအကွယ်ပြားတွေနဲ့ ပြုလုပ်ထားတဲ့ အင်္ကျီဟာ သူ့ရှေ့က လေထဲမှာ ပေါ်လာခဲ့တယ်..။အလင်းမရှိတဲ့ ပင်လယ်ပြင်ကြီးရဲ့ အလယ်မှာ သူ့ရဲ့ ထည်ဝါ မူက ပေါ်ထွက်နေခဲ့ပါတယ်..။ဆန်နီ သူ့ နှုတ်ခမ်းကို သပ်လိုက်တယ်..။
'အာ..ဘယ်လောက် လှပလိုက်လဲ...'
ဒီအရာကြီးကို ဖျကိဆီးပစ်ဖို့က တကယ်ကို ရှက်စရာပါပဲ..။
ရှေးဟောင်း အကာအကွယ် အင်္ကျီ ရဲ့ အစိတ်အပိုင်းကို အနည်းငယ် ထိလိုက်ရင်း ဆန်နီက အချက်အလက်တွေကို ဖတ်ကြည့်လိုက်တယ်..။
စတိဗ် ပြောတာက အမှန်ပါ..။အခိုက်အတန့်တောင်မှ ဒီ ပျက်ဆီးနေတဲ့ မှတ်သားမူကို မဖော်ပြနိုင်ခဲ့ပေ..။
မှတ်သားမူ : [ အ....အမ်...အိ ]
အဆင့် : ?
အဆင့် သတ်မှတ်ချက် : ?
အမျိုးအစား : မသိရှိ
ဖော်ပြချက် : [ ....ပ..ထ မ ....စစ် ..တပ် ..ပိုင်ဆိုင် မူ...]
အချက်အလက် အများစုက မပါရှိခဲ့ပါဘူး..။သို့ပေမယ့် ဆန်နီက ထူးဆန်းတဲ့ အရာတစ်ချို့ကို သတိထားမိခဲ့ပါတယ်..။ဒါက အခိုက်အတန့်က ဆန်းကြယ်တဲ့ အမည်မသိ ကို ကြေညာတိုင်းမှာ တူညီတဲ့ တစ်ခုခု ရှိနေသလိုပါပဲ..။
' ငါ တွေးထားသလိုပဲ...'
ဒီ အကာအကွယိက..ကျောက်တုံးသူတော်စင် အရိပ်ဖြစ်မလာခင်က သားရဲ အမျိုးအစားနဲ့ ဆက်စပ်နေခဲ့တာပါ..။ထူးဆန်းတဲ့ သားရဲတွေက အမည်အသိ အရာနဲ့ ဆက်နွယ်နေပြီး..ဒီ မဟူရာ အကာအကွယ်ကလည်း..သူတို့နဲ့ ဆက်နွယ်နေတယ် ဆိုတာ သဘာဝ ကျပါတယ်..။
ကောင်းပြီ..ဘာပဲဖြစ်ဖြစ်..။သူ ယူလာကတည်းက ဒီမှတ်သားမူက ထိခိုက်နေတယ် ဆိုတာကို သိထားပြီးသားပါ..။ဆန်နီက ဒီအရာကို ..အသုံးပြုဖို့ စိတ်မကူးခဲ့ပေ..ကျောက်တုံးသူတော်စင်ကိုသာ ကျွေးသွားမှာပါ..။
"အချိတည်း ဖို့ အချိန်ပဲ..."
ကြီးမားတဲ့ အပြုံးနဲ့ အတူပဲ ..သူက လှပတဲ့ အနက်ရောင် အကာအကွယ်ကို ကျောက်တုံး မွန်းစတား ဆီကို တွန်းပေးလိုက်တယ်..။
သို့ပေမယ့် သူ မျက်နှာပေါ်က အပြုံးက အေးခဲသွားခဲ့ပါတယ်..။
ဘာလို့လဲဆိုတော့..ကျောက်တုံးတော်စင်က တစ်ခြား မှတ်သားမူ တွေလို ဒီဟာကို ယူပြီး မဖျက်ဆီးခဲ့ပေ..။အဲ့ဒီအစား သူမက ဒီအရာကိုသာ ကြည့်နေခဲ့ပါတယ်..။သူမရဲ့..ပတ္တမြားရောင် မျက်လုံးတွေထဲက ကြက်သွေးရောင် မီးတောက်တွေတောင် အနည်းငယ်ပြောင်းလဲသွားခဲ့တယ်..။
ဒီ မျက်လုံးတွေထဲမှာတော့...အရိပ်တစ်ခု ရဲ့ အသေးငယ်ဆုံး ဝမ်းနည်းမူ တွေတောင် တည်ရှိနေသလိုပါပဲ..။
"လာပါ..စားလိုက်စမ်းပါ.."
သို့ပေမယ့် သူ ဘယ်လောက်ပဲ ကြိုးစားပါစေ..ကျောက်တုံးသူတော်စင်က အကာအကွယ်ကို ဖျက်ဆီးဖို့ ငြင်းဆန်နေခဲ့ပါတယ်..။သက်ရှိရုပ်ထု က မတ်တတ်ရပ်မြဲအတိုင်း ရပ်နေပြီး ဘာမှမလုပ်ခဲ့ပေ..။
အတော်ကြာပြီးတဲ့နောကိမှာတော့..ဆန်နီဟာ မဟူရာ အကာအကွယ်ကို စိုက်ကြည့်ပြီး သက်ပြင်းချလိုက်တယ်..။
ကောင်းပြီ အရိုးသားဆုံးပြောရရင်..သူက ဒီလိုဖြစ်လာမယ် ဆိုတာကို အနည်းငယ်တော့ မျှော်လင့်ထားပါတယ်..။
ဘာပဲဖြစ်ဖြစ် သူက ဒီ အကာအကွယ်ကို ဝယ်ယူဖို့ ဆုံးဖြတ်ခဲ့တာပါ..။မင်းက ဒီ မပြင်ဆင်နိုင်တဲ့ အကာအကွယ်ကြီးကို ကိုင်တွယ်ပြီး နေ့တိုင်း ဒယိမ်းဒယိုင် လမ်းလျောကိနေစရာ မလိုပါဘူး..။
ဖြစ်နိုင်တာက တစ်နေ့ကြရင် သူ ပြန်လည်ပြင်ဆင်နိုင်တာလည်း ဖြစ်နိုင်တာပါတယ်။တကယ်လို့ နစ်က ထွက်ပေါက်ကို ဖွင့်နိုင်ပြီး..သူက နိုးထသူ ဖြစ်လာမယ့် ကံကောင်းသူ အနည်းငယ် ထဲမှာ ပါဝင်နေမယ် ဆိုရင်ပေါ့..။
အဲ့မတိုင်ခင် အထိတော့..ဒီ အံ့ဩစရာ အနက်ရောင် အကာအကွယ်က..အသုံးမဝင်ဖြစ်နေဦးမှာပါ..။
သူ မျကိမှောင်းကျုတ်ထားရင်း..ဝိဥာဥ်ပင်လယ် ထဲကနေ..ထွက်ကာ..အပြင် အစစ်အမှန်အခြေအနေကို ထုတ်ယူလိုက်တယ်..။မကြာခင်မှာပဲ..အကာအကွယ်က အခန်းလေးရဲ့ ကြမ်းပြင်ပေါ်မှာပေါ်လာခဲ့ပါတယ်..။
အယ်ဖီ စိတ်ဝင်တစား ကြည့်လိုက်တယ်..။
"ဝိုး..ဒါက ဘာများဖြစ်မလဲ.."
ဆန်နီ အတော်ကြာအောင် တွေဝေနေပြီးကာမှ ..နောက်ဆုံးမှာ ပြန်ဖြေလိုက်တယ်..။
"အလှဆင်ဖို့ အရာတစ်ခုပေါ့...အဲလိုထင်တာပဲ.."
မုဆိုး မိန်းကလေးဟာ မျက်ခုံးပင့်တင်လိုက်တယ်..။
"တကယ်လား..ကောင်းပြီလေ..။နင်က ငါ့ကို ဘာလို့ စိုက်ကြည့်နေတာလဲ..."
ဆန်နီ အနည်းငယ် ရှက်ရွံ့နေပြီးကာမှ ပြောလိုက်တယ်..။
"အာ..ငါ့ကို ကူပြီး ရွေ့ပေးနိုင်မလား..။ဒါက..ငါ့အတွက် မ ..ဖို့ အရမ်းလေးလွန်းတယ်..."