လှည့်ကွက် အသစ်ကို သင်ယူခြင်း
Vol. 13 Ch. 183
[ သင့်ရဲ့ အရိပ်က ပိုသန်မာလာခဲ့ပါပြီ ]
မသက်သာတဲ့ အသံတစ်ခုနဲ့ အတူပဲ သားရဲရဲ့ ဦးခေါင်းက အောက်ကို စိုက်ကျသွားခဲ့တယ်..။ဆန်နီ သူ့ရဲ့လက်ကို ကွေးပြီး..သန်ခေါင်းယံ အမြုတေကို သူအကာအကွယိ အင်္ကျီနဲ့ သုတ်ရင်း..သားရဲ သေဆုံးသွားတာကို ကြည့်နေခဲ့ပါတယ်..။
တစ်ဖက်မှာတော့ ကျောက်တုံးသူတော်စင်က ..သူမရဲ့ ဓားကို ဝေ့ယမ်းလိုက်ပြီး သွေးစက်တွေကို မြေကြီးပေါ် ကျစေခဲ့တယ်..။ယင်းနောက် သူမ က..ရုပ်ထုတစ်ခုလိုပဲ ခံစားချက်မဲ့စွာ ရပ်နေခဲ့ပါတယ်..။
ဆန်နီ သက်ပြင်းချလိုက်တယ်..။
'ဒါက တကယ်မိုက်တဲ့ လှည့်စားမူပဲ..။ငါ သင်ယူသင့်တယ်...'
အရိုးသားဆုံး ပြောရရင် သူ့ရဲ့ ဓားကို ရုပ်သေးဆရာ ရဲ့ ဝတ်ရုံတော်နဲ့ သုတ်နေတာက..အဆင့်ငါး အကာအကွယ် အတွက် မမျှတပါဘူး..။သူ စိတ်မကောငိးဖြစ်သွားခဲ့တယ်..။
"ငါ့ နောက်ကို ကြည့်ထား..."
အရိပ်ကို ပတ်ဝန်းကျင်ကို ကြည့်ထားဖို့ ပြောပြီးတာနဲ့..သူက ..ဆူးချွန်တစ်ခုကို ထုတ်ကာ..အလောင်းကနေ ဝိဥာဥ်အမြုတေကို ထုတ်ယူလိုက်တယ်..။
ဒီသားရဲက..ဆန်နီ ဒီည အမဲလိုက်တဲ့ လေးကောင်မြောက် သားရဲပါပဲ..။ကျောက်တုံးသူတော်စင် ရဲ့ အကူအညီကြောင့် သူ အမဲလိုက်ရတာက ပိုမိုပြီး လွယ်ကူနေခဲ့ပါတယ်..။အဓိက အချက်က အရိပ်က သူ့ရဲ့ သားကောင်တွေထက် ပိုသန်မာနေခဲ့ပြီး ..၊ သူတို့ရဲ့ အာရုံကို ဆွဲဆောင်ဖို့ တစ်စုံတစ်ခု ရှိနေခြင်းက အရာအားလုံးကို ပြောင်းလဲသွားစေပါတယ်..။
ဆန်နီဟာ..တစ်ယောက်တည်းလည်း စွမ်းဆောင်နိုင်စွမ်း ရှိနေပေမယ့်..ဖြစ်နိုင်ရင် ဒီသားရဲတွေနဲ့ တိုက်ရိုက် တိုက်ခိုက်တာမျိုး မလုပ်ချင်ပါဘူး..။သူလုပ်နေကြ တိုကိခိုက်မူက..အမှောင်ထဲကနေ..တစ်ချက်တည်းနဲ့ အဆုံးသတ်အောင် တိုက်ခိုက်တာပါ..။တကယ်လို့..အရာအားလုံးသာ ချောချောမွေ့မွေ့ ဖြစိသွားရင်..သားကောင်က သူ့ကို ဘယ်သူ သတ်သွားတာလဲ ဆိုတာတောင် မြင်နိုင်မှာမဟုတ်ပေ..။
ဒါပေါ့..ဒီလို အမဲလိုက်တဲ့ နည်းလမ်းက..တွက်ချက်မူတွေ ၊ စိတ်ရှည်မူ တွေ နဲ့ ပြင်ဆင်မူတွေ အများကြီး လိုအပ်ပါတယ်..။သူက ရန်သူရဲ့ အလေ့အကျင့်နဲ့ အားနည်းချက်တွေကို အချိန်အတော်ကြာအောင် ယူပြီး စောင့်ကြည့်နေခဲ့ရတာပါ..။အမှန်တကယ် တိုက်ခိုက်မူက စက္ကန့်ပိုင်းလောက်ပဲ ကြာတယ် ဆိုကေမယ့်..ဒီလို အားသာချက်ရရှိဖို့အတွက် ရက်တွေကြာအောင်..အချိန်ကုန်ခံထားရပါတယ်..။
ဒီနည်းလမ်း နဲ့ သုံးလလောက် အမဲလိုက်ပြီးတဲ့ နောကိမှာ ဆန်နီဟာ မွန်းစတားတွေကို တိုက်ခိုက်တာနဲ့ အသားကျလာခဲ့ပါတယ်..။အရိပ်သူတော်စင်ရဲ့ ခုခံနိုင်စွမ်းနဲ့ ပေါင်းစည်းလိုက်တဲ့ အချိန်မှာတော့..သူတို့ရဲ့ တိုကိခိုက်မူက အံ့ဩလောက်စရာပါပဲ..။
ဒါက ..နစ် နဲ့ ဘေးချင်းယှဥ်ပြီး တိုကိခိုက်နေသလိုတောင် ပြန်ခံစားလိုက်ရပါတယ်..။
တူညီလု နီးပါးပေါ့...။
သက်ပြင်းတစ်ချက်ချလိုက်ပြီး..ဆန်နီဟာ ဝိဥာဥ် အမြုတေ တွေကို..အိပ်ထဲထည့်ကာ..မတ်တတ်ထရပ်လိုက်တယ်..။
သူက..ဘယ်တုန်းကမှ မျှော်လင့်မထားတဲ့ ပြသနာ တစ်ခုနဲ့ ကြုံတွေ့နေရပါပြီ..။အရိုးသားဆုံးဆိုရင် ဒါက အတော်ကို ကိုးရိုးကားရားနိုင်ပါတယ်..။
သူ သတ်ဖို့ မွန်းစတား တွေက မရှိတော့ပါဘူး..။
အနက်ရောင်မြို့တော် ထဲမှာတော့..နိုးထမူအဆင့် သားရဲတွေက အစောကတည်းက..မများပြားပါဘူး..။သူ လေ့လာပြီး ၊ သတ်ဖြတ်ပြီး၊ တိုက်ခိုက်ဖို့ ယုံကြည်မူ ရှိပြီးသား သားရဲတွေကို ဖယ်ထုတ်လိုက်ရင် ပြောစရာ တောင်မလိုတော့ပေ..။ဒီညရဲ့ မစ်ရှင် ပြီးသွားရင် တစ်ကောင်ချင်းစီတိုင်းက..သေနေပြီးပါပြီ..။
ဆန်နီက အခုဆိုရင် ပိုပြီးသန်မာလာသလို အန္တရာယ်လည်း များလာခဲ့ပါပြီ..။ကျောက်တုံးသူတော်စင် ရဲ့ အကူအညီပါ ပေါင်းထည့်လိုက်မယ်ဆိုရင်..သူက သိပ်ပြီး သတိထားစရာတောင် မလိုအပ်တော့ပါဘူး..။
'မဟုတ်ဘူး..ဒါက..မင်း ကိုယ့်ကိုကို ပြန်သတ်မယ့် အရာပဲ...'
ဒါက တကယ်ကို အန္တရာယ်များတဲ့ စိတ်နေစိတ်ထားပါ..။လတ်တလောမှာ တိုးတက်လာတယ် ဆိုပေမယ့် ဆန်နီ အပျက်အဆီးထဲမှာ..ထိပ်တန်း သတ်ဖြတ်သူတော့ မဖြစ်နိုင်သေးပေ..။တကယ်တော့..ဒီလမ်းတွေထဲမှာ လျောက်သွားနေကြတဲ့ သက်ရှိတွေထဲမှာ သူက အားအနည်းဆုံးပါပဲ..။
'မာနကြီးတာက..အားကုသိုလ် အများဆုံးပဲ..။နောက်တစ်ခါ..မင်းက..ကျရှုံးမူအဆင့် သားရဲကို အမဲလိုက်ရလိမ့်မယ်...'
ဆန်နီက..ကျရှုံးမူ အဆင့်သားရဲနဲ့ ထိပ်တိုကိတွေ့ရင် အသက်ရှင်နိုင်ချေ ရှိနေပေမယ့်...အမှန်တကယ် အနိုင်ယူဖို့ကတော့ မတူညီတဲ့အရာတစ်ခု ဖြစ်သွားပါပြီ..။တကယ်လို့ သူသာ အမျိုးအစားမြင့်တဲ့ သားရဲနဲ့ တွေ့မယ်ဆိုရင်..အသက်ရှင်လျက် ထွက်ခွာနိုင်ချေက သိပ်မမြင့်ပေ..။
သူက ရင်းနှီးပြီးသားဖြစ်တဲ့ တက်ရောက်မူ အဆင့်သားရဲကို လေ့လာတာ လုပ်လို့ရသလို မဟုတ်ရင်လည်း အိမ်ပြန်နိုင်ပါတယ်..။
သို့ပေမယ့် တစ်ခုခုက ဆန်နီကို စိတ် မတင်မကျဖြစိနေခဲ့တယ်..။ဒါက သူ့ခေါင်းထဲမှာ အစောတုန်းက တစ်ခုခု တွေးမိသွားပေမယ့်..အနှောက်ယှက်တွေဝင်လာပြီး ပုံမပေါ်ခဲ့တာပါ..။
'အစောက ငါဘာကို စဥ်းစားဖို့ လုပ်နေတာလဲ..'
ဒီည ဆက်ပြီး အမဲ လိုက်...မလိုက် ကိစ္စလား...။အရိပ်ရဲ့ အကူအညီနဲ့ သူ ပိုပြီး သန်မာလာတဲ့ ကိစ္စလား..။ရုပ်သေးဆရာရဲ့ ဝတ်ရုံတော်နဲ့ သွေးတွေသုတ်တာက..မကောငိးဘူးဆိုတဲ့ ကိစ္စလား..။
'အိုး ဟုတ်သားပဲ..'
ကျောက်တုံးသူတော်စင်က..သူ့ ဓားမှာရှိနေတဲ့ သွေးတွေကို ခါယမ်း လိုက်တုန်းက တကယ်ကို မိုက်တယ်လို့ သူစဥ်းစားနေခဲ့တာပါ..။ပြီးတော့ အဲ့အချိန်မှာပဲ..သူက တစ်ခုခုကို အကြံရသွားခဲ့ပါတယ်..။
'ငါ ဒါကို သင်ယူသင့်တယ်...ငါ ဒါကို သင်ယူသင့်တယ်...'
ရုတ်တရက် ဆန်နီရဲ့ မျက်လုံးတွေက တောက်ပသွားခဲ့တယ်..။
တကယ်လို့ သူသာ ..ကျောက်တုံးသူတော်စင် ဆီကနေ ..ဒီလှည့်စားမူတွေကို သင်ယူနိုင်မယ်ဆိုရင်..တစ်ခြားအရာ တွေရော မသင်ယူနိုင်ဘူးလား..။အရိပ် မှာက..[ တိုက်ပွဲ မာစတာ ] ဆိုတဲ့ စွမ်းရည်တစ်မျိုးလည်း ရှိနေပါသေးတယ်..။ဒါက သူမက တိုက်ခိုကိရေး နည်းမျိုးစုံကို ကျွမ်းကျင်မူ ရှိတယ်လို့ ဆိုလိုတာပါ..။
သူ့လို လူတစ်ယောက်အတွက် ပိုကောင်းတဲ့ ဆရာတစ်ယောကိ ရှိနေသေးလို့လား...။
အဖြေကတော့ နိုး ပါ..။သူ့ရဲ့ နည်းစနစ် တွေက လမ်းညွှန်မူ မရှိတာကြောင့်..အတော်လေးကို လှုပ်ရှားမူ ကင်းမဲ့နေပါတယ်..။ဒီတော့ ကျောက်တုံးသူတော်စင် ထက် ပိုကောင်းတဲ့ ဆရာ ဆိုတာ မရှိတော့ပေ..။
ရုတိတရက် စိတ်လှုပ်ရှားလာတဲ့ ဆန်နီဟာ..မွန်းစတား ကို..အရိပ်ထဲ ပြန်ထည့်လိုက်ပြီး အိမ်ကို ဦးတည်ပြန်လာခဲ့တယ်..။
***
သူ အိမ်ခန်းကို ပြန်ရောက်လာတဲ့ အချိန်မှာတော့ အယ်ဖီက နိုးနေခဲ့ပါပြီ..။အိပ်ယာပေါ်မှာ ထိုင်နေရင်းနဲ့ သူမက မျက်နှာကျတ်ကို ပျင်းရိစွာ စိုက်ကြည့်နေခဲ့ပါတယ်..။သူမရဲ့ ရှည်လျားတဲ့ ခြေထောက်တွေကို စောင်နဲ့ အုပ်ထားခဲ့တယ်..။ဒါတောင်မှ သူမရဲ့ ခြေချောင်းလေးတွေက ပေါ်နေတုန်းပါပဲ..။ဆန်နီက တစ်ခြား စိတ်နဲ့ မကြည့်မိဖို့ကို အတော်လေး ကြိုးစားနေခဲ့ရတယ်..။
ဒါက အတော်ခဲယဥ်းတာပဲ...
"အိုး နင်ပြန်လာပြီလား..။အမဲလိုက်တာ အဆင်ပြေလား..."
အဖြေပြန်ပေးမယ့်အစား..ဆန်နီ သူ့ရဲ့ သေတ္တာနားကို လျောက်သွားကာ..မုဆိုးမိန်းကလေးကို သံသယနဲ့တစ်ချက်ကြည့်လိုက်ပြီး အဖုံးကို ဖွင့်လိုက်တယ်..။
ယင်းနောက် သူ့ အိပ်ထဲက..အရာတွေကို လောင်း
ထည့်လိုက်ပါတယ်..။ဝိဥာဥ် အမြုတေ ခုနှစ်ခုက အောက်မှာရှိတဲ့ အမြုတေ အပုံလိုက်အပေါ်ကို ပြုတ်ကျသွားခဲ့တယ်..။လတ်တလော သူ အကုန်အကျ များထားတာကြောင့် ဒါက အတော်လေး လျော့သွားခဲ့တာပါ..။
ဒါတောင်မှ များပြားနေတုန်းပါပဲ..။
အယ်ဖီ ပြောလိုက်တယ်..။
"ခုနှစ်ခုလား..။ဘယ်နှစ်ကောင် သတ်ခဲ့တာလဲ.."
ဆန်နီ သေတ္တာကို ပိတ်လိုက်ပြီး တက်ထိုင်လိုက်တယ်..။
"လေးကောင် ။ မွန်းစတား သုံးကောင်နဲ့ သားရဲ တစ်ကောင်..."
အယ်ဖီ မျက်တောင်ခတ်ပြီး အနည်းငယ် ကြောင်အသွားခဲ့တယ်..။
"မွန်းစတား သုံးကောင်လား..။နင် မွန်းစတား သုံးကောင်ကို တစ်ညတည်း ဘယ်လို သတ်နိုင်တာလဲ.."
သူ တွေဝေနေပြီးမှ သက်ပြင်းချလိုက်တယ်..။
ကျောက်တုံးသူတော်စင်ရဲ့ တည်ရှိမူကို ဖုံးကွယ်ထားတာက စိတ်ရှုပ်ဖို့ကောင်းလှပါတယ်..။အထူးသဖြင့် သူသာ နစ်ဖီတို့အဖွဲ့ရဲ့ စူးစမ်းရှာဖွေမူနဲ့ လိုက်မယ်ဆိုရင် ပိုဆိုးမှာပါ..။ဝင်္ကပါထဲမှာက..အန္တရာယ် အချိန်မရွေးပေါ်လာနိုင်တာကြောင့်..သူတို့ထဲက ဘယ်သူမှ..ဝှက်ဖဲတွေကို ထိန်းထားနိုင်မှာမဟုတ်ပါဘူး..။
ဒါပေါ့..ဒါက သူ လိုက်သွားဖို့ ဆုံးဖြတ်မှ ဖြစ်လာမှ အရာပါ..။
ဘာပဲဖြစ်ဖြစ် အခု သူမကို ထုတ်ပြလိုက်လို့လည်း ဘာမှ မထိခိုက် လှပေ..။မဟုတ်ရင် ဒီဟာကြီးက ဝန်ပိစေပါတယ်..။
"ငါ နင့်ကို ပြ မယ်...။လန့် မသွားနဲ့နော်...."
အယ်ဖီ တခစ်ခစ် ရယ်မောလိုက်တယ်..။
"နင် ငါ့ကို ပြမယ့် ဘယ်အရာကမှ ငါ့ကို ကြောက်လန့်စေမှာ မဟုတ်ဘူးဆိုတာ သေချာတယ်.."
သူမရဲ့ စနောက်တဲ့လေသံကို လျစ်လျူရူရင်း..ဆန်နီ မုဆိုးမိနိးကလေးကို စိုက်ကြည့်ကာ သူတော်စင်ကို ထုတ်လိုက်ပါတယ်..။
ချက်ချငိးပဲ ကြက်သွေးရောင် မီးတောက်နှစ်ခုက သူ့အရိပ်ထဲကနေ ပေါ်လာခဲ့ပါတယ်..။ခနအကြာမှာတော့ ထိပ်လန့်ဖို့ကောင်းတဲ့..သူရဲကောင်းက..အခန်းရဲ့ ကြမ်းပြင်ပေါ်ကို လျောက်လာပြီး အယ်ဖီ ဘက်ကို လှည့်ကြည့်လိုက်တယ်..။
အယ်ဖီ ..နောက်ပြန်လန်သွာခဲ့တယ်..။
"ဒါ....ဒါက ဘယ်လို သောက်ကျိုးနဲ အရာမျိုး လဲ "