← Chapters

နိမ့်ချခြင်းရဲ့ တန်ဖိုး

Vol. 13 Ch. 184

နိမ့်ချခြင်းရဲ့ တန်ဖိုး

Vol. 13 Ch. 184

သန်မာလှတဲ့ မုဆိုးမိန်းကလေးဟာ ကျောက်တုံး သူတော်စင်ကို စိုက်ကြည့်နေခဲ့တယ်..။သူမရဲ့ လက်တစ်ဖက်က လေပေါ်ကို မြှောက်ထားပြီး..လှံရှည်ကို ထုတ်ယူဖို့ အချိန်မရွေးအဆင်သင့်ဖြစ်နေခဲ့ပါပြီ..။သူမရဲ့ လှပတဲ့ မျက်လုံးတွေက..စိုးရိမ်မူတွေ ၊ ဆိုးဝါးတဲ့ မျှော်လင့်မူတွေနဲ့ပြည့်နေခဲ့တယ်..။

သူမက ဒီလို ဟန်အမူအရာတွေ လုပ်နေပေမယ့် သူမရဲ့ ခြေထောကိတွေက စောင်ခြုံထဲမှာပဲ ရှိနေသေးတာကတော့..ရယ်စရာပါပဲ..။ဆန်နီ မတတ်နိုင်စွာပဲ..ကျိတ်ရယ်လိုက်တယ်..။

"စိတ်အေးအေးထားပါ..။နင် အရင်က ထပ်တူညီမူ ကို မမြင်ဖူးဘူးလား.."

အယ်ဖီ မျက်တောင်ခတ်လိုက်တယ်..။

"ဒီဟာက...နင့်ရဲ့....။ခနလေး...နင် ထပ်တူညီမူ ကို ရခဲ့တာလား.."

သူ ခေါင်းညိမ့်ပြလိူက်ပြီး ကျောက်တုံးသူတော်စင်ကို လက်ညိုးထိုးပြလိုက်တယ်..။

"အင်း..ငါ ရခဲ့တယ်..။ကျောက်တုံး သူတော်စင် နဲ့ တွေ့ခဲ့တာ..။သူမက မလှဘူးလား.."

မုဆိုး မိန်းကလေးဟာ..သားရဲကို သေချာ စိုက်ကြည့်နေပြီးမှ..ဒေါသတကြီး အော်ဟစ်လိုက်ပါတယ်..။

"နင် ကံကောင်းတဲ့ ခွေးသားလေး..။ငါ သုံးနှစ်ကြာပြီးတာတောင် ထပ်တူညီမူ ရဲ့ အနံ့ကို မရဖူးဘူးဆိုတာ မသိဘူးလား..။နင်က ဘယ်လိူလုပ် ငါ့ရှေ့မှာ ထုတ်ကြွား ရဲတာလဲ..."

ဆန်နီ ရယ်မောလိုက်တယ်..။

"တကယ်တော့ ဒါက ငါ့ရဲ့ ဒုတိယမြောက် ထပ်တူညီမူ ပဲ..။ပထမတစ်ခုက ဝင်္ကပါ ထဲမှာ အသတ်ခံလိုက်ရတာ.."

အယ်ဖီ အချိန်အတော်ကြာအောင် စိုက်ကြည့်နေပြီးမှမနာလိုတဲ့ အမူအရာနဲ့ ခေါင်းခါယမ်းလိုက်တယ်..။နောက်ဆုံးမှာတော့..သူမက အရိပ်ဘက်ကို လှည့်ပြီး လေ့လာလိုက်ပါတယ်..။

"ခနလေး..သူမက...ငါထင်တာ သူမက..."

ဆန်နီ ခေါင်းညိမ့်လိုက်တယ်..။

"ဟုတ်တယ်.."

မုဆိုးမိန်းကလေးဟာ ချက်ချင်းထရပ်လိုက်ပြီး..စောင်ကို ထားခဲ့ကာ..ခြေဗလာနဲ့ပဲ ကျောက်တုံးသူတော်စင် အနားကို လာလိုက်ပါတယ်..။သူမက နေရာအနှံ့ကို သေချာ လိုက်ကြည့်ပြီးမှ ပြောလိုက်တယ်..။

"နင် ဒီလို အရာမျိုးကို ဘယ်လို သတ်နိုင်ပြီး..အသက်ရှင် ကျန်ရစ်နိုင်ခဲ့တာလဲ..."

အယ်ဖီလိုပဲ..ရူထောင့်တိုင်းကို သေချာလိုက်ကြည့်နေတဲ့ ဆန်နီ ဟာ မျက်တောင်အနည်းငယ် ခတ်ပြီး ပုခုံးတွနိ့လိုက်တယ်..။

"တကယ်တော့..သူတို့ကို ကျရှုံးမူ အဆင့်သားရဲကြီးတွေ အများကြီးက ဝိုင်းပြီးတိုက်နေကြတာ..။ဒါက တကယ်ကို အပြင်းထန်ဆုံး တိုက်ပွဲပဲ..။ငါက ဒီတစ်ကောင်ကို သတ်ဖို့ အတွက် အချိန်မှီရောက်သွားခဲ့တာလေ..။ပြီးတော့..ဒီဟာကို ရခဲ့တာပဲ.."

အယ်ဖီဟာ..အရိပ်ကို လေးစားစွာကြည့်နေခဲ့တယ်..။

"သူမက ဘာအမျိုးအစားလဲ.."

ဆန်နီ ပြုံးလိုက်ပြီး..

"နိုးထမူအဆင့် မွန်းစတား..။ဒါပေမဲ့..သူမက ကျရှုံးမူအဆင့် သားရဲနှစ်ကောင်ကို သတ်လိုက်တာ ငါ့ မျက်လုံးနဲ့ မြင်ခဲ့တယ်..။ဒီတော့ သူမက..သူမရဲ့ အဆင့်တူတွေ ထဲမှာတော့ တကယ်ကို ထိပ်တန်းပဲ..။ဘာပဲဖြစ်ဖြစ် သူမသာ ရှိနေရင်..မွန်းစတားသုံးကောင်ကို တစ်ညတည်း အမဲလိုက်ဖို့က မဖြစ်နိုင်တဲ့ အရာမဟုတ်ဘူးဆိုတာ တွေ့ပြီမလား..။ဒါကြောင့် ငါတို့က သူတို့ကို သတ်ဖို့ အရမ်းလွယ်ကူနေတာ.."

မုဆိုးမိန်းကလေးဟာ..လက်ပိုက်ထားခဲ့ပြီး..အနည်းငယ်တွေးကာ..ဆန်နီကို ထူးဆန်းတဲ့အကြည့်နဲ့ ကြည့်လိုက်တယ်..။

"နင် ငါ့ကို ဘာလို့ ဒီဟာကိုလာပြတာလဲ..။နင့်လို သံသယလွန်ကဲ တဲ့လူတစ်ယောက်က ဒီလိုအရာကို ဖုံးကွယ်ထားမှာပဲလေ.."

သူ မတ်တတ်ထရပ်လိုက်ပြီး ခနလောက် စဥ်းစားကာ ပြောလိုက်တယ်..။

"ငါ့ရဲ့ အစီစဥ် အရဆိုရင်..ဒီအရာကို နင့်ကို ပြဖို့ လိုအပ်နေတယိလေ.."

အယ်ဖီဟာ..တိတိဆိတ်နေပြီးကာမှ..စနောက်တဲ့ အပြုံးနဲ့ ပြုံးပြလာခဲ့တယ်..။

"အာ...စိတ်ပျက်စေမိလို့ စိတ်မကောင်းပါဘူး..။ငါ့ကို အထင်မမှားပါနဲ့..ငါက ပျော်စရာတွေ အားလုံးကို လက်ခံပေးလို့ ရတယ်..။ဒါပေမဲ့..ဆန်နီ...အိပ်မက်ဆိုး သတ္တဝါ တွေနဲ့ ကတော့ မဖြစ်ဘူးလေ..."

သူမ ပြောနေတာတွေကို နားမလည်တာကြောင့် ဆန်နီ မျက်မှောက် ကျုတ်လိုက်တယ်..။ယင်းနောက် သူ မျက်လုံးပြုးသွားခဲ့ပြီး...

"ဘာ...။နင်...နင်က ဘယ်လောက်တောင် ဆိုးဝါးတဲ့ လူမျိုးလဲ..။လေ့ကျင့်ဖို့...ငါက သူမကို လေ့ကျင့်ဖို့ အတွက်ပဲ အသုံးပြုမှာ..."

မုဆိုးမိန်းကလေးဟာ..အပြစ်ကင်းစွာ မျကိတောင်ခတ်လိုက်ပြီး...

"လေ့ကျင့်ဖို့လား..။ဆန်နီ..နင့်အသက်အရွယ်မှာ အတွေ့အကြုံ မရှိသေးဘူးဆိုတာက ပြသနာ မဟုတ်ဘူးလေ..။တကယ်တော့..ဒါက အရမ်းကို ဆွဲဆောင်နေလိမ့်မယ်..။ဒါပေမဲ့ ဒီလို အရာနဲ့တော့ အပန်းမဖြေသင့်ဘူး...သိတယ်မလား..."

"အတွေ့အကြုံ မရှိတာလား..။နင်က ဘယ်သူ့ကို အတွေ့အကြုံ မရှိဘူးလို့ပြောနေတာလဲ..။ငါ့မှာ အတွေ့အကြုံတွေ အများကြီး ရှိပြီးသား..။ခနလေး...။ငါ ဘာအကြောင်းတွေ ပြောနေမိတာလဲ..."

သေလောက်အောင်ရယ်မော နေတဲ့ အယ်ဖီဟာ..ဒေါသထွက်နေတဲ့ ဆန်နီကို ထားခဲ့ပြီး..လက်လုပ် မီးဖိုချောင်ထဲကို ခေါင်းခါယမ်းကာ ဝင်သွားခဲ့ပါတယ်..။မကြာခင်မှာပဲ..အသားကင်တဲ့ ရနံ့တွေက လေထဲကို ထွက်ပေါ်လာခဲ့တယ်..။

'....ငါ သူမကို သတ်မိတော့မယ်..။ငါ သူမကို သတ်သင့်လား..။ဘာပဲဖြစ်ဖြစ် ဒါက ကိုယ့်ကိုကို ခုခံ ကာကွယ်မူ ပါ..။မဟုတ်ရင် ဒီတစ်ပတ် အတွင်းမှာတင် ငါ သေသွားနိုင်တယ်...'

သက်ပြင်းတစ်ချက်ချလိုက်ပြီး..သူ ကိုယ့်ကိုကို တည်ငြိမ်အောင် လုပ်လိုက်တယ်..။သူ့ အတွေးတွေ ပုံမှန်ဖြစ်သွားတဲ့ အချိနိရောက်မှ ဆန်နီဟာ ကျောက်တုံး သူတော်စင် နောက်ကို သွားပြီး ​ဖြည်းညှင်းစွာ အသက်ရူထုတ်လိုက်ပါတယ်..။

အခုက သင်ယူဖို့အချိန်ပဲ..။

***

သူ ဘုရားကျောင်းကို ပြန်လာတဲ့ လမ်းမှာတော့ ဆန်နီက ခက်ခဲ့တဲ့ ဆုံးဖြတ်ချက်ကို ချခဲ့တယ်..။

ဒါကတော့..သူ ကျောက်တုံးသူတော်စင် နဲ့လေ့ကျင့်တဲ့ အချိန်မှာ..အရိပ်ရဲ့ အားဖြည့်မူကို အသုံးမပြုထားဖို့ပါ..။

ဒါက သူ့ကို အနာဂတ်မှာ နာကျင်မူတွေ ဖြစ်လာစေလိမ့်မယ် ဆိုပေမယ့်လည်း..ဒီဆုံးဖြတ်ချက်ကို မပြင်ဆင်ခဲ့ပေ..။သူ့ရဲ့ မွန်းစတားကို..ကိုယ်ပိုင်ခွန်အားနဲ့ပဲ ရငိဆိုင်ချင်တာက အကြောင်းပြချက်တွေ ရှိပါတယ်..။

ပထမဆုံး ရိုးရှင်းတဲ့ အကြောင်းပြချက်ကတော့ အရိပ်က အမြဲတမ်း သူ့အနားမှာ နေနိုင်မှာ မဟုတ်ပါဘူး..။ဆူးချွန်သားရဲ နဲ့ တိုကိပွဲတုန်းကဆိုရင်..သူက အ​ဝေးကို ထောက်လှမ်းနေတုနိးမှာ..အခြေအနေတွေက ရုတ်တရက် ဖြစ်လာခဲ့တာပါ..။ဒီအချိန်ဆိုရင် ကိုယ်ပိုင် ခွန်အားနဲ့ ဖြေရှငိးဖို့ လိုအပ်ပါတယ်..။

အနက်ရောင် စစ်သည် တိုက်ခိုက်တုန်းကလည်း..သူ့ကို နှစ်ပိုင်းဖြတ်ခံရမှာကနေ ကယ်တင်ခဲ့တာက အရိပ်မဟုတ်ပဲ..သူ့ရဲ့ အလိုလျောက်တုန့်ပြန်နိုင်မူကပါ..။

ဒုတိယ အကြောင်းပြချက်က သက်သေအထောက်ထားနဲ့ ရှိနေတာပါ..။ဒါက အနက်ရောင်မြို့တော်ထဲမှာ ရှိနေတဲ့ ခွန်အား အဆင့်အတန်းနဲ့ သက်ဆိုင်ပါတယ်..။ထိပ်ဆုံးပိုင်းမှာ ရှိနေကြတာက..ကျရှုံးမူအဆင့် သတ္တဝါတွေပါ..။သူတို့ရဲ့ ရောက်မှာတော့ အရေအတွက် အနည်းအကျဥ်းသာရှိတဲ့ နိုးထမူအဆင့် တွေ ရှိကြပါတယ်..။ပြီးတော့ အောက်ဆုံးမှာက..အိပ်စက်သူ တွေပါ..။

ဒီကျိန်စာသင့်နေရာမှာ လူသားတွေ..တွေ့ရမယ့် တိုက်ပွဲတိုင်းက အားကြီးတဲ့ သတ္တဝါတွေချည်းပါပဲ..။ဒီအမှန်တရားကို ထိန်းညှိထားတဲ့ ဆန်နီဟာ..ဒီရက်တွေမှာ အရိပ်ရဲ့အကူညီနဲ့ အဆင့်နိမ့် နိုးထမူအဆင့် သားရဲတွေကို ..ရင်ဆိုင်နိုင်စွမ်းရှိခဲ့ပါတယ်..။သူက အားနည်းနေတုန်းဖြစ်ပေမယ့်..အရမ်းကြီးတော့ မဟုတ်ပါဘူး..။

သို့ပေမယ့် သူ့ စိတ်ထဲမှာသိနေတာကတော့..နောက်ကျပြီးပဲဖြစိဖြစ် စောပြီးပဲ ဖြစ်ဖြစ် သူက..ကျရှုံးမူ အဆငိ့ ရန်သူ တွေနဲ့ တိုက်ခိုက်ရတော့မှာပါ..။ပြီးတော့..အနာဂတ်မှာ..သူက သူ့ထက်သန်မာပြီး အမြုတေထဲမှာ ဝိဥာဥ် အဆီအနှစ်တွေနဲ့ ပြည့်နေတဲ့ လူတစ်ချို့နဲ့ တိုကိခိုက်ရတော့မယ်ဆိုတာ သေချာသလောက် နီးပါးပါပဲ..။

အကြောင်းပြချက်တစ်ချို့ကြောင့်..သူ့ထက် သိပ်ပြီး မသန်မာတဲ့ သားရဲတွေကို အမဲလိုက်တာက သူ့ရဲ့တိုးတက်မူကို အဟန့်အတားဖြစ်စေပါတယ်..။ဒီအရာက ကိုယ့်ထက် အဆင့်ပိုမြင့်တဲ့ ရန်သူနဲ့ကြုံတွေ့ရတဲ့အခါ အသက်ရှင်ဖို့ ဘယ်လိုရုန်းကန်ရလဲ ဆ်ိုတဲ့ ခံစားချက်ကို..သူ့ကို မေ့ပျောက်သွားစေပါတယ်..။အနာဂတ်မှာ အသက်ရှင်ကျန်ရစ် ချင်တယ်ဆိုရင် ဒီလို ခံစားချက်မျိုးက အမြဲတမ်း ရှိနေဖို့လိုအပ်တာပါ..။

သူ ကိုယ့်ကိုကို နိမ့်ချဖို့လိုအပ်ပါတယ်..။

ပြီးတော့ နောက်ဆုံးအနေနဲ့..လွန်ခဲ့တဲ့ ခြောက်လအတွင်း..သူ ..သင်ယူခဲ့ရတဲ့ အရာတစ်ခု ရှိပါသေးတယ်..။အဲတာကတော့ တစ်စုံတစ်ယောက်ရဲ့ တိုးတက်မူအတွက်..သူ့ထက်သာတဲ့အရာနဲ့ တိုက်ခိုက်တာလောက် ပိုကောင်းတဲ့အရာ မရှိပါဘူး..။အထူးသဖြင့် အဲဒီတိုကိခိုက်မူ ရှုံးနိမ့်သွားတဲ့ အချိန်မှာပါ..။ရှုံးနိမ့်မူတစ်ခုက..အားနည်းတဲ့ ရန်သူကို ဆယ်ကြိမ်လောက် အနိင်ရလိုက်တာထက် ပိုပြီး သင်ခန်းစာ ရပါတယ်..။

ပြသနာက အဲဒီမှာပါပဲ..။ဒီလို ကျိန်စာသင့် နေရာကြီးမှာက..တစ်ချိန်ရှုံးနိမ့်လိုက်တာနဲ့ တစ်ခါတည်း သေဆုံးရမှာပါ..။ဒီတော့..ဆန်နီ အတွက် ရှုံးနိမ့်ဖူးတဲ့ ခံစားချက်က အများကြီး သိပ်မရှိပါဘူး..။အစကနေ အဆုံးအထိ သူ သုံးကြိမ်ပဲ ရှုံးနိမ့်ဖူးပါသေးတယ်..။ပထမတစ်ကြိမ်က..ကြေးခွံသားရဲခေါင်းဆောင်နဲ့ တိုက်ခိုက်တုန်းကပါ..။နောက်တစ်ကြိမ်ကတော့..ဝိဥာဥ် သစ်ပင်အောက်မှာ နစ်ဖီီကို ရှုံးနိမ့်ခဲ့တာပါ..။နောက်ဆုံးတစ်ကြိမ်ကတော့..သူ့ရဲ့ ဗိုက်ကို ဟက်တက်ခွဲ ခဲ့တဲ့ ဘုရားကျောင်းက အနက်ရောင် စစ်သည်ပါပဲ..။

ဒီ ရှုံးနိမ့်မူတစ်ခုခြင်းစီတိုင်းက သူ့ကို တစ်ခြားအရာတွေထက် သင်ခန်းစာ ရစေပါတယ်..။

...ဒီတော့..သူ့ထက် သန်မာတဲ့ မွန်းစတားတစ်ကောင် နဲ့ တိုကိခိုက်ဖို့ အခွင့်ရေး ရနေပြှး သူ့ကို သတ်ဖို့ ဆန္ဒမရှိဘူးဆိုတာက တကယ်ကို ရှားပါးတဲ့ အခွင့်အရေးတစ်ခုပါ..။

ဒါကြောင့် ..ဆန်နီက ကျောက်တုံးသူတော်စင် နဲ့ ရင်ဆိုင်မယ့် အချိန်မှာ..အရိပ်အကူညီ မပါပဲ ကိုယ်ပိုင်ခွန်အားကို အသုံးပြုဖို့ စီစဥ်နေခဲ့တယ်..။

အသက်ကို ပြင်းပြင်းရူပြီး..သန်းခေါင်းယံ အမြုတေကျု ထုတ်ကာ..ခုခံတဲ့ ကိုယ်ဟန် ပြုလုပ်လိုကိပါတယ်..။ယင်းနောက် ကျောက်တုံးသူတော်စင်ရဲ့ စူးရှတဲ့ မျက်လုံးတွေကို စိုက်ကြည့်လိုက်ပြီး..

"ငါ့ကို တိုက်ခိုက်ပါ..."

တစ်စက္ကန့်တောင် အချိန်မဖြုန်းပဲ..သူမက သူပြောတဲ့ အတိုင်း လုပ်လာခဲ့ပါတယ်..။

' အိုး...ချီးပဲ...'

All Chapters