← Chapters

တိုက်ပွဲ မာစတာ

Vol. 13 Ch. 185

တိုက်ပွဲ မာစတာ

Vol. 13 Ch. 185

အရိပ်က ..စစ်မှန်တဲ့ မွန်းစတားတစ်ကောင်ရဲ့ ပြင်းထန်တဲ့ ခွန်အားအတိုင်း တိုက်ခိုက်လာခဲ့တယ်..။သူ့ရဲ့ ခွန်အားက..သူမရဲ့ဓားကို မတားဆီးနိုင်ဘူးဆိုတာကို သိနေတာကြောငိ့..ဆန်နီဟာ သန်းခေါင်ယံ အမြုတေကို လှုပ်ပြီး..ဓားချက်ကို ဘေးကိုဖယ်ထုတ်ဖို့ကြိုးစားလိုက်ပါတယ်..။

နာရီပေါငိးမရေမတွက် နိုင်အောင်လေ့ကျငိ့ခဲ့ပြီး ၊ အကြိမ်ထောင်ပေါင်းများစွာ..အားစိုက်ထုတ်ခဲ့တာတွေက အလဟသ မဖြစ်ခဲ့ပေ..။သူ့ ခန္တာကိုယ်က..လျင်မြန်စွာ ရွေ့လျားသွားခဲ့ပြီး..သူ့ရဲ့ ဓားကို ကျောက်တုံး သူတောင်စင်ရဲ့ လက်နက် နဲ့ သင့်တော်တဲ့ နေရာကနေ ထိတွေ့စေလိုက်ပါတယ်..။ဆန်နီ မတ်တတ်ရပ်နေရင်းကနေ ..နာကျင်မူကို ခံစားလိုက်ရတယ်..။

သန်းခေါင်းယံ အမြုတေနဲ့ ထိတွေ့သွားတဲ့..အရိပ်ရဲ့ ဓားကတော့..ဘေးဘက်ကို လမ်းကြောင်းပြောင်းသွားပြီး သူ့ရဲ့ ခန္တာကိုယ်နဲ့လွှဲသွားခဲ့ပါတယ်..။သို့ပေမယ့် ဆန်နီ ကိုယ့်ကိုကို ဂုဏ်မပြုနိုင်သေးခင်မှာပဲ..သူတော်စင်က ရှေ့ကို တက်လာပြီး သူ့ကို ရိုက်ချလိုက်တယ်..။

သူမရဲ့..ဒိုင်းကာ နဲ့ အရိုက်ခံလိုက်ရတာက..

ကျောက်တုံး နံရံကြီးကို အရှိန်နဲ့ ဝင်ဆောင့်လိုက်တဲ့ အတိူင်းပါပဲ..။

နောက်ကို လွင့်ထွက်သွားတဲ့ ဆန်နီဟာ..တကယ့်အစစ်အမှန် နံရံနဲ့ ထိတွေ့ပြီး ကြမ်းပြင်ပေါ် လိမ့်သွားခဲ့ပါတယ်..။သေးငယ်တဲ့ အော်သံတစ်ခုက သူ့ပါးစပ်ကနေ ထွက်လာခဲ့တယ်..။

သူမရဲ့ အစားအသောက်ကို ခနအနှောက်ယှက်ဖြစ်သွားတဲ့ အယ်ဖီက သူ့ကို လှမ်းကြည့်ကာ ခေါ်လိုက်ပါတယ်..။

"ဆန်နီရေ...။အသက်ရှင် သေးလား.."

သူ အားနည်းစွာ လက်တစ်ဖက် ထောင်လိုက်ပြီး လက်ညိုး နဲ့ လက်မ ကို အဝိုင်း ပုံစံ လုပ်ပြလိုက်ပါတယ်..။

"အင်း..."

မုဆိုး မိန်းကလေးက ပြုံးလိုက်ပြီး..

"ကောငိးတယိ..အခုတော့ မသေနဲ့ဦး..ဟုတ်ပြီလား..။နင်မရှိပဲ ငါ ဒီနေရာက နေ ပြန်ထွက်ဖို့ တကယ် အဆင်မပြေလောက်ဘူး.."

ဆန်နီ အံကို ကြိတ်ထားလိုက်တယ်..။

'...နင် ဂရုစိုက်တာက ဒါအကုန်ပဲလား..'

"ငါ ကြိုးစားပါ့မယ်.."

သူ့ ခြေထောက်ကို ထရပ်လိုက်ပြီး..နံရံနဲ့ မှီကာ..မလဲကျအောင် ထိန်းထားလိုက်ပါတယ်..။

ကျောက်တုံးသူတော်စင်ကတော့ သူမရဲ့ နေရာမှာသာ မထူးခြားစွာရပ်နေခဲ့ပြီး..သူ့ရဲ့ ဒေါသတကြီး အကြည့်တွေကို ဂရုမစိုက်ခဲ့ပေ..။

သက်ပြင်းတစ်ချက်ချလိုက်ပြီး..ဆန်နီ သူမရဲ့ရှေ့ကို လျောက်သွားကာ..သန်းခေါင်းယံ အမြုတေကို မြှောက်ပြီး..ပြောလိုက်တယ်..။

"နောက်တစ်ကြိမ်..."

***

ရက်အနည်းငယ် ကြာပြီးတဲ့ နောက်မှာတော့..ဆန်နီ သူ့တကယ် ရူးသွားပြီလား လို့တောင် ထင်မိပါတယ်..။မဟုတ်ရင် သူက ဘာလို့ ဒီလိုမျိုး ကိုယ့်ကိုကို နိပ်စက်နေဦးမှာလဲ..။

အခု သူ့ဘဝက အရာသုံးခုပဲ ပါဝင်ပါတယ်..။ဒါတွေကတော့ အယ်ဖီနဲ့ အချိန်ကုန်ဆုံးတာ ၊ ကျောက်တုံးသူတော်စင်နဲ့လေ့ကျင့်တာနဲ့..အပျက်အဆီးတွေထဲကို ရှာဖွေတာ ပါပဲ..။

ဒီသုံးခုထဲမှာတော့..အနက်ရောင်မြို့တော်ထဲမှာ အချိန်ကုန်ဆုံးတာက အများဆုံးပါပဲ..။သူက ဒီလို လုပ်ရတာကို ပျော်ရွှင်နေခဲ့တာပါ..။

တကယ်လို့မင်းက သားရဲနဲ့ ပြည့်နေတဲ့ ကျိန်စာသင့်နေရာကို..ကောင်းမွန်တဲ့ နေရာအဖြစ်သတ်မှတ်နေတယ် ဆိုရင်တော့..ကိုယ့်ကိုကို ပြန်လည် သုံးသပ်သင့်နေပါပြီ..။

ဒါတောင်မှ..ဆန်နီက..ကိုယ့်ကိုကို..မှန်ကန်တဲ့ လမ်းကြောင်းမှာ ရှိနေတယ်လို့ ထင်နေတုနိးပါပဲ..။

အရိပ်နဲ့ သူ့ရဲ့ လေ့ကျင့်တဲ့ အပိုင်းကတော့ သူထင်ထားတာ ထက်တောင်မှ ပိုပြီး အန္တရာယ်များပါသေးတယ်..။သူရရှိခဲ့တဲ့ ဒဏ်ရာတစ်ခုစီတိုင်း ၊ ပြတ်ရှရာတစ်ခုစီတိုင်း ၊ သွေးတစ်စက်တိုင်းက သူ့ကို ပိုမိုသန်မာလာစေခဲ့ပါတယ်..။

အတော်ကြာအောင် လေ့ကျင့်ပြီး နောက်မှာတော့ သူ့ရဲ့ နည်းစနစ်တွေက တိုးတက်လာခဲ့ပါပြီ..။ပြီးတော့ ဒါကလည်း သိသိသာသာကို တိုးတက်နေခဲ့တာပါ..။

အကောင်းဆုံးအရာက..သူက [တိုက်ပွဲမာစတာ ] စွမ်းရည် ရထားတဲ့ သူ့ဆရာရဲ့ဟန်ပန် အနည်းငယ်တောင်မမှီနိုင်သေးပါဘူး..။သူ့လို ကိုယ်ခံပညာနဲ့ပတ်သက်ပြီး ဘာမှ သင်ညားခြင်း မရှိခဲ့တဲ့လူတစ်ယောက် အတွက် တော့ ဒါက တကယ်ကို ဆုလာဘ်ကြီးတစ်ခုပါ..။

ဒါက တကယ်ကို ရတနာတစ်ခု ပါပဲ..။

ဆန်နီက ကြေးခွံသားရဲ ခေါင်းဆောင်တွေနဲ့ တိုက်ခိုက်နေတဲ့ အရိပ်သူတော်စင်ကို မြင်ခဲ့တုန်းက သူမရဲ့ တိုက်ခိုက်တဲ့ စတိုင်ကို သတိထားမိပါတယ်..။

ကြေးခွံသားရဲ ခေါင်းဆောငိတွေက..လေးလံတဲ့ ကျောက်တုံးတွေ..ပြီးပြည့်စုံစွာ ကာရံထားတဲ့ အကာအကွယ်ကြီး တစ်ခုကို တိုကိခိုက်နေခဲ့ကြရတာပါ..။လှုပိရှားမူတစ်ခုခြင်းစီက..လေးနက်ပြီး ..ပြီးပြည့်စုံစွာ တွက်ချက်ထားခဲ့တယ်..။ဒါက ကျစ်လစ်မူ ၊ အရှုံးမပေးမူ ၊ ထိပ်တိုက်ရင်ဆိုင်မူ တွေ အပြည့်ပါပဲ..။

သို့ပေမယ့် ဒါက ကျောက်တုံးသူတော်စင် အကျွမ်းကျင်ဆုံး ..တိုက်ပွဲ စတိုင် မဟုတ်သေးပေ..။အဲဒီအစား သူမကျွမ်းကျင်တာက..သူမရဲ့လက်နက်နဲ့ ရန်သူရဲ့ လက်နက်ကို အခြေခံတဲ့ တိုကိခိုက်မူတွေပါပဲ..။သူမ ကျရှုံးမူအဆင့် သားရဲ နှစ်ကောင်တဲ့ စတင်တိုက်ခိုက်တုန်းက..သူမရဲ့ စတိုင်က ရက်စက်ပြီး ပြင်းထန် နေခဲ့တာပါ..။အဲ့အချိန်တိုင်းက..သူမက ကာကွယ်မူ တွေ လုံးဝ မပြုလုပ်ပဲ အပြင်းအထန် လိုက်တိုက်ခိုက်ခဲ့ပါတယ်..။

အခြေခံ အားဖြင့်တူညီတယ် ဆိုပေမယ့်လည်း သူမ အသုံးပြုခဲ့တဲ့ နည်းစနစ် နှစ်ခုက ကွာခြားမူ အများကြီးပါပဲ..။သူမက သင့်တော်တဲ့ အခြေအနေအတိုင်းလိုက်ပြီး တိုက်ခိုက်မူ စတိုင်တွေကို ပြောင်းလဲနေနိုင်ခဲ့တာပါ..။

ဆန်နီဟာ..သူ့အတွက် ပိုကောင်းတဲ့ လေ့ကျင့်ဖော် ရှိဖို့ ထပ်ပြီး မတောင့်တတော့ပေ..။

သူ့ရဲ့ ကိုယ်ပိုင်စတိုင်ဖြစ်တဲ့ ...နစ်ဖီပေးခဲ့တဲ့ ကာနယ် နဲ့ တိုကိခိုက်မူကလည်း လမ်းကြောင်းကို ခန့်မှန်းလို့ မရပေ..။ဒီအရာလာမယ့် လမ်းကြောင်းကို ရန်သူ အနေနဲ့ ခန့်မှန်းဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး..။ဆန်နီ ကျောက်တုံး သူတော်စင်နဲ့ တိုက်ခိုက်လေလေ..ဒီအရာက ဘယ်လောက်တောင် အံ့ဩဖို့ကောင်းလဲဆိုတာကို သိလာလေလေပါ..။

သို့ပေမယ့်..ဒီ တိုက်ခိုက်ပုံ စတိုင်က..မတိုးတက်နိုင်တာ မဟုတ်ပေ..။အမှန်တော့ ဒီ အရာက တစ်ခြားအရာတွေနဲ့ ပူးပေါင်းပြီး တိုကိခိုက်ဖို့အတွက် သီးသန့် ဒီဇီုင်းဆွဲထားသလိုပါပဲ..။ဒီလိုဆိုရင်တော့..ဒီအရာက အခြေခံအတွက် အပြီးပြည့်စုံဆုံး နည်းစနစ် တစ်ခုပါ..။

ဒီနည်းစနစ်က ဘယ်ကလာတာလဲ ဆိုတာကို သူ အတော်လေး အံ့ဩမိပါတယ်..။ပြောင်းလဲနေတဲ့ကြယ်ပွင့်က အကြောင်းပြချက် ရှိလို့ သူ့ကို ဒီနည်းစနစ် သင်ပေးခဲ့တာလား..။

ဘာပဲဖြစိဖြစ် ..သူ့ရဲ့ ဒီသင်ယူပြီးထားတဲ့ နည်းစနစ်ကို ကျောကိတုံးသူတော်စင် ရဲ့ နည်းစနစ်တွေနဲ့ ပေါင်းစပ်ပြီး တိုက်ခိုက်လို့ရပါတယ်..။

သို့ပေမယ့် လုပ်ရတာက ပြောရတာလောက်တော့ မလွယ်ပါဘူး..။

ပထမဆုံးအနေနဲ့..ကြမ်းတမ်းလွန်းတဲ့ အရိပ်သူတော်စင်ကို တိုကိခိုက်နေရတာက မဖြစ်နိုင်တဲ့ အရာတစ်ခုလိုပါပဲ..။သူက သူမကို တိုက်ခိုက်ဖို့ အမိန့်ပေးလိုက်တိုင်း...ခနအကြာဆိုရင် သူက နာကျင်စွာနဲ့ ကြမ်းပြင်ပေါ် လဲကျနေခဲ့ပါပြီ..။သူ့ရဲ့ ခန္တာကိုယ်တစ်ခုလုံးက ဒဏ်ရာဒဏ်ချက်တွေနဲ့ ဆိုးဆိုးဝါးဝါး နာကျင်နေခဲ့ရတယ်..။ဝီဗာ သွေးရဲ့ စွမ်းရည်ကြောင့်သာ မဟုတ်ရင် သူ ရှေ့ဆက်နိုင်ပါ့မလား ဆိုတာတောင် ဆန်နီ သေချာမသိပေ..။

ဝီဗာသွေးရဲ့ အကူအညီကြောင့် သူ့ရဲ့ ပြန်လည်သက်သာ လာတဲ့ နှုန်းက အတော်လေးကို မြန်ဆန်တယ်လို့ ပြောလို့ရပါတယ်..။ဒါက လူသားလို့ မထင်ရလောက်အောင်ပါပဲ..။ဒီအတွက်ကြောင့်လည်း သူက ပိုပြီး ကြမ်းကြမ်းတမ်းတမ်း ၊ ပိုပြီး အချိန်ကြာကြာ လေ့ကျင့်နေနိုင်တာပါ..။

သူထင်ထားခဲ့သလိုပဲ..ကျရှုံးမူတိုင်းက သင်ခန်းစာ အသစ်ကို ရစေပါတယ်..။ဒီလို သန်မာတဲ့ ပြိုင်ဘက်ကို ရှုံးနိမ့် ရတာက..အမှန်တကယ်ပဲ သန်မာလာဖို့အတွက် အကောင်းဆုံးပါပဲ..။အစစ်အမှန်ကမ္ဘာမှာတော့..လူတွေအများကြီးက ဆုတံဆိပ်ရဖို့အတွက်နဲ့ တစ်ခြားလူတွေကို အနိုင်ရဖို့ပဲ စဥ်းစားနေကြတာပါ..။

ဆန်နီကတော့ ဒီလိုမဟုတ်ပါဘူး..။ဆုံးရှုံးမူတိုင်းမှာ သူ သာ ပိုသန်မာလာမယ်ဆိုရင်..အကြိမ်တိုင်းမှာ အရှုံးခံဖို့ အဆင်သင့်ရှိပါတယ်..။သူ အနိုင်ယူချင်တဲ့ တစ်ဦးတည်းသော ပုဂ္ဂိုလ်က ပြီးခဲ့တဲ့တစ်ခေါက်တုန်းက တိုက်ခိုက်ခဲ့တဲ့ သူ ကိုယ်တိုင်ပါပဲ..။

ဒီလိုနဲ့ပဲ သူက ကျောက်တုံးသူတော်စင်ရဲ့ တိုက်ခိုက်မူတွေကို နည်းနည်းချင်းစီ တောင့်ခံလာနိုင်ခဲ့ပါတယ်..။အစကတော့ သူက တိုကိခိုက်မူ တစ်ချက်ကို တောင့်ခံနိုင်ရင်ပဲ ​ပျော်ရွှင်နေခဲ့ရတာပါ..။ပြီးတော့..နှစ်ချက်..ပြီးတော့..အချက်များစွာ ပါ...။

အရမ်းမကြာခင်မှာပဲ သူက တိုက်ခိုက်တဲ့ အရေအတွက်တွေကို မရေတွက်ရတော့ပဲ..တောင့်ခံနိုင်တဲ့ စက္ကန့်တွေကို သာ စတင်ရေတွက်တော့တယ်..။အစကတော့ တစ်၊ နှစ် စက္ကန့် ပြီးတော့ လေး ၊ ငါး စက္ကန့် ..နောက်တော့ စက္ကန့် အနည်းငယ် အထိ တောင့်ခံလာနိုင်ခဲ့ပါတယ်..။နောက်ဆုံးမှာတော့..သူက သန်မာလွန်းတဲ့ ကျောက်တုံးသူတော်စင်နဲ့ အချိန်ပမာဏ အတော်များတဲ့ တစ်မိနစ် အထိတောင် တောင့်ခံတိုက်ခိုက် နိုင်လာခဲ့တယ်..။

အယ်ဖီ တောငိမှ သူ့ကို လေးစားနေတဲ့ ပုံပါပဲ..။အစကတော့ သူမက သူလေ့ကျင့်တာကို သိပ်ဂရုမစိုက်ပေမယ့် နောက်ပိုင်းမှာ ပိုပိုပြီး ကြည့်လာတာကို သူ သတိထားမိပါတယ်..။အစကတော့ ဒီ မိန်းကလေးက သူ ခံစားနေရတာတွေကို ကြည့်ရတာ သဘောကျနေတယ်လို့ပဲ ထင်ထားခဲ့မိတာပါ..။သို့ပေမယ့်..တကယ်တော့ သူမကလည်း သူ့ရဲ့ အမှားတွေကနေ တဆင့် သင်ယူနေခဲ့တာကို သိလိုက်ရပါတယ်..။

ဆန်နီ စိတ်မရှိခဲ့ပေ..။

သူ့ရဲ့ လှုပ်ရှားမူတွေက..ဖြည်းဖြည်းချင်းနဲ့..ယုံကြည်မူတွေ ၊ ရည်ရွယ်ချက်တွေ ၊ တိကျမူတွေ ပိုပြီး ပြည့်ဝ လာခဲ့ပါတယ်..။သူ့ရဲ့ ခန္တာကိုယ်က ဒဏ်ရာတွေ ၊ ထိခိုက်မူတွေ နဲ့ ပြည့်နှက်နေချိန်မှာ တစ်ဖက်မှာလည်း ဖြတ်လတ်မူတွေ ၊ ခွန်အားတွေ..ပိုကြွယ်ဝ လာခဲ့ပါပြီ..။

သူက ရင့်ကျတ်လာနေခဲ့တယ်..။

သူ နဲ့ အရိပ်နဲ့ ..မမျှမတ တိုကိခိုက်နေတုန်းမှာပဲ..ဆန်နီ တစ်ခုခု ထူးခြားတာကို သတိထားမိလိုက်ပါတယ်..။

ပြီးတော့ သူ ဒီလို သတိထားမိလိုက်တာနဲ့ အရာအားလုံးက ပြောင်းလဲသွားခဲ့တယ်..။

All Chapters