← Chapters

ဝမ်းသာအားရ ဟစ်ကြွေးမူ

Vol. 13 Ch. 186

ဝမ်းသာအားရ ဟစ်ကြွေးမူ

Vol. 13 Ch. 186

ဆန်နီဟာ အကြောင်းပြချက်တစ်ချို့ကြောင့် ဒီပုံမှန်မဟုတ်တဲ့ အခြေအနေကို လေ့လာမိဖို့ အချိန်အတော်ကြာခဲ့ပါတယ်..။စပြီးပြောရရင် ဒီအရာက အရမ်းကို ညှင်သာလွန်းလို့..မသိထားမိဖို့ မဖြစ်နိုင်သလောက် နီးပါး ပါပဲ..။သူ့ရဲ့ စိတ်တစ်ခုလုံးက တိုက်ပွဲ နည်းစနစ်တွေ ၊ စတိုင် တွေကိုသာ အာရုံစိုက်နေခဲ့တာဖြစ်ပြီး..ဒီအရာကိုတော့ မတော်တဆသာ မြင်နိုင်ခဲ့ပါတယ်..။

ဒုတိယ အကြောင်းပြချက်ကတော့ ကျောက်တုံးသူတော်စင်ကို ဘာစွမ်းရည်မှ မသုံးပဲ ရင်ဆိုင်ခဲ့တဲ့ သူ့ရဲ့..ဆုံးဖြတ်ချက်နဲ့ သက်ဆိုင်နေပါတယ်..။ဒီအတွက် ကြောင့် သူ့ အရိပ်က ပုံမှန်အရာတစ်ခုလို ရှိနေခဲ့ပြီး ဘာမှလုပ်စရာ မလိုအပ်ခဲ့ပေ..။

နောက်ဆုံး အကြောင်းပြချက်ကတော့ အယ်ဖီ ပါ..။ပိုပြီး တိတိကျကျ ပြောရရင်..သူမက အလင်းရောင်ကို အခန်းထဲ ယူလာခဲ့တာကြောင့်..အရိပ်ကို ပိုပြီး မြင်သာ စေခဲ့ပါတယ်..။

ဒီလို အခြေအနေတွေ ပေါင်းစပ်ထားတာကြောင့် ဆန်နီ က ဒါကို မြင်နိုင်ခဲ့တာပါ..။

ဒီလို ကျောကိတုံး သူတော်စင် နဲ့ တိုကိခိုက်နေတုန်းမှာ..သူ့ရဲ့ ခန္တာကိုယ်ကနေ ချွေးတွေ ၊ သွေးတွေ ကျနေခဲ့တယ်..။အခန်းထဲမှာလည်း..ဓားချင်းထိတဲ့ အသံတွေ ဆက်တိုက် ထွက်ပေါ်နေခဲ့ပါတယ်..။နောက်ထပ် ဓားချက်ကို..လမ်းကြောင်းလွှဲအောင် လုပ်လိုက်ပြီး..ဆန်နီဟာ အောက်ကို ငုံ့ကာ..သတ္တဝါကြီးရဲ့ ဒိုင်းကာကို သူ့ခေါင်းပေါ်ကနေ ဖြတ်သန်းစေလိူက်တယ်..။

ကျောက်တုံးသူတော်စင် ရဲ့ ရုတ်တရက် တုန့်ပြန်ပုံကို အတုခိုး ပြီး ကြိုးစားမူက အလွယ်တကူပဲ တားဆီးတာ ခံလိုက်ရပါတယ်..။ဒီတစ်ကြိမ် တော့ သူတို့ရဲ့ တိုက်ခိုက်မူက အနည်းငယ် ပိုကြာနေခဲ့ပါပြီ..။မွန်းစတားကို ..သူတိုကိခိုက်နေတာက..မိနစ်ဝက် လောက်ရှိနေပြီဆိုတာကို ဆန်နီ သေချာသလောက် ရှိနေခဲ့တယ်..။

တကယ်လို့ ဒါသာ အမှန်ဆိုရင်..ဒါက သူ့ရဲ့ အကောင်းဆုံး စွမ်းဆောင်ရည်ပါပဲ..။

ဒီလို အကြိမ်များစွာ တိုကိခိုက်အပြီးမှာ သူက တစ်ခါတစ်လေ..ထူးခြားတဲ့ အခြေအနေမှာ စီးမျောသွားတတ်ပါတယ်..။ဒီအချိန်ဆိုရင် သူ့စိတ်တွေက တည်ငြိမ် ရှင်းလင်းနေပြီး..တိုက်ခိုက်ရာမှာလည်း အတော်ကို လျှင်မြန်လာခဲ့တာပါ..။

ပုံမှန်အားဖြင့် သူက..အသေးစိတ်အချက်အလက်တွေမှာပဲ..အာရုံစိုက်ထားနေခဲ့တာပါ..။ဒီအချိန်ဆိုရင် သူက ရန်သူရဲ့ ခြေရွေ့ကွက်တွေကို ကြည့်ပြီး နောက်တစ်ကွက်က ဘယ်ကနေ ထွက်လာမလဲဆိုတာကို တွက်ချက်ရပါတယ်..။ဆန်နီက သူ့ရဲ့ စိတ်ကိုတောင် နှစ်ခု ခွဲထားနိုင်ခဲ့တယ်..။တစ်ခုက သူ့မျက်လုံးနဲ့ မြင်ရတဲ့ အချက်အလက်တွေဖြစ်ပြီး..နောက်တစ်ခုက..အရိပ်ကနေ တဆင့်မြင်နေရတာတွေပါ..။

ဒီလို နည်းလမ်းနဲ့ သူက ရန်သူ နှစ်ယောက်ကို တစ်ပြိုင်တည်း တိုက်ခိုက်နိုင်သလို..ပတ်ဝန်းကျင်ကို ဂရုစိုက်ကြည့်ပြီး..​ချောင်းမြောင်းမတိုက်ခိုက်လာအောင် သတိထားနေလို့ရပါတယ်..။

ပြောစရာမလိုအောင်ပဲ..အရာရာတိုင်းကို မြင်နိုင်နေ ၊ တွေးနိုင်နေတာက..သူ့ရဲ့ တိုက်ခိုက်ရေး စွမ်းရည်ကို ပိုပြီး မြင့်တက်လာစေပါတယ်..။ဒီအရာက..သူ ​ကြေးခွံသားရဲခေါင်းဆောငိနဲ့ ပထမဆုံးအကြိမ် တိုက်ခိုက်ပြီး..သေအံ့ဆဲဆဲ အချိန်မှာ သိလာခဲ့တဲ့ လိုက်လျောညီထွေဖြစ်မူပါပဲ..။

...အခုချိန်မှာတော့..ဆန်နီက..ဒီလို စိတ်အခြေအနေကို နောက်တစ်ကြိမ် ရောက်လာခဲ့ပြန်ပါတယ်..။အပြန်အလှန် တိုက်ခိုက်မူ အနည်းငယ် အပြီးမှာတော့..ဆန်နီဟာ သူ့ အရိပ်က တစ်ခုခု ထူးခြားနေတာကို တွေ့လိုက်ရတယ်..။

တိုက်ခိုက်နေတုန်းမှာပဲ..သူ ပိုပြီး အာရုံစိုက်ထားခဲ့ပါတယ်..။

ဒါက..သူနဲ့ တူညီလုနီးပါး ဖြစ်နေတဲ့ အရိပ်ရဲ့ လှုပ်ရှားမူတွေက..အမှန်တကယ်တော့ မတူညီခဲ့ပါဘူး..။

ဒီနေရာမှာ..အနည်းငယ်လေး ၊ မသိမသာ ဆိုသလောက် ကွာခြားမူ ရှိနေခဲ့ပါတယ်..။

သို့ပေမယ့်..ဒီသေးငယ်တဲ့ အခြေအနေလေးမှာ ကြီးမားကျယ်ပြန့် တဲ့အရာ တစ်ခု ဖုံးကွယ်နေတာကို သူ ခံစားနေခဲ့ရတယ်..။

ကြောင်အစွာပဲ..သူ နောက်ကို ဆုတ်ကာ..အရိပ်ကို စိုက်ကြည့်လိုက်ပါတယ်..။

'ငါ...ငါ ဘာကို တွေ့ခဲ့ရတာလဲ...'

ဆန်နီ အံ့ဩလွန်းလို့ သူ ဘယ်ရောက်နေမှန်းတောငိ မေ့​ပျောက်သွားခဲ့ပါပြီ..။နောက်စက္ကန့် အနည်းငယ်မှာတော့..ကျောက်တုံးသူတော်စင်ရဲ့ ဒိုင်းကာ က သူ့ရင်ဘတ်ကို ထိမှန်လာခဲ့ပြီး..နံရံဆီကို နောက်တစ်ကြိမ် လွင့်ထွက်သွားစေခဲ့ပါတယ်..။

ဆန်နီ အေးစက်တဲ့ ကျောက်တုံးတွေနဲ့ တိုက်မိပြီး ကြမ်းပြင်ပေါ် လဲကျသွားခဲ့တယ်..။သူ အားနည်းစွာ..ညဥ်းညူလိုက်ပါတယ်..။

'အား..ဒီတစ်ခါက အတော်နာတယ် '

သို့ပေမယ့် သူ ချက်ချင်းဆိုသလိုပဲ နာကျငိမူကို မေ့သွားခဲ့တယ်..။ဆန်နီ မတ်တတ်ထရပ်ပြီး သူ့ အရိပ်ကို ပြူးကျယ်တဲ့ မျက်လုံးတွေနဲ့ကြည့်လိုက်ပါတယ်..။

'ဒါက...ဒါက...'

သူ ဘာကို တွေ့ခဲ့တာလဲ...

သူနဲ့ အတိအကျကို တူညီသလောက်ဖြစ်နေတဲ့ အရိပ်ရဲ့ လှုပ်ရှားမူတွေက ကွဲပြားနေတာခဲ့တာပါ..။ဒါက..ဒါက...

ဆန်နီ ရုတ်တရက် ခေါင်းထဲမှာ အလင်းပွင့်သလို ခံစားရပြီး စိတ်ရှုပ်ထွေးနေခဲ့တယ်..။ဒီအခြေအနေက အံ့ဩဖို့ကောင်းလွန်းလို့..သူ ပါးစပ်ကနေတောင် ထုတ်အော်မိတော့မယ့် ပုံပါပဲ..။

သူနဲ့ အရိပ်ရဲ့ ခြားနားချက်က..ကျပမ်းဖြစ်နေတာမဟုတ်သလို..ဗရမ်းဗတာ လည်း မဟုတ်ပေ..။ဒါက နက်ရှိုင်းတဲ့ အဓိပ္ပါယ် တစ်ချို့နဲ့ ဖြစ်ပေါ်နေခဲ့တာပါ..။ပြီးတော့ ဒီအဓိပ္ပါယ်က...

သူ့ အရိပ်မှာလည်း..ကိုယ်ပိုင် တိုက်ခိုက်မူ စတိုင် တစ်ခု ရှိနေခဲ့ပါတယ်..။

သူတို့ရဲ့ လှုပ်ရှားမူတွေမှာ ကွာခြားချက် အနည်းငယ် ရှိနေတာကို ဆန်နီ ကိုယ်တိုင် တွေ့ခဲ့ရပါတယ်..။တကယ်လို့ တစ်စုံတစ်ယောက်ကသာ..အရိပ်အကြောင်းကို သူသိထားသလို မသိရင်..ဒီလိုမျိုး အရာကို သတိထားမိမှာမဟုတ်ပါဘူး..။

သူမြင်တွေ့လိုက်တာက..ဒီဟာ တည်ရှိနေတယ် ဆိုတာက လွဲလို့ ကောင်းကောင်းလေလာဖို့အတွက် မလုံလောက်ခဲ့ပေ..။သူက ဒီအရာကိုလည်း ခံစားမိလိုက်ပါတယ်..။ဒီအရာက အရိပ်လိုပဲ ပုံသဏ္ဍာန်မဲ့စွာ..လှုပ်ရှားနေခဲ့တာပါ..။

ဒီ တိုက်ခိုက်မူ စတိုင်ကို..အရိပ်က ရည်ရွယ်ချက်ရှိရှိ ဖန်တီးခဲ့တာ မဟုတ်ပဲ..သူ့ရဲ့ မွေးရာပါစွမ်းရည် အရဖြစ်တည်လာခဲ့တာပါ..။

သူ့...သူ့ရဲ့ အရိပ်က..တိုက်ပွဲ ရသကို..သူ့ရဲ့ တည်ရှိမူထဲကို ပေါင်းထည့်နိုင်တာလား...။

'....ဒါက တန်ဖိုးမဖြတ်နိုင်လောက် ကူညီသူပဲ '

သူ တီးတိုးရေရွတ်လိုက်တယ်..။

တကယ်လို့ ဒီအရာသာ အမှန်ဆိုရင်..ဆန်နီဟာ သူ့ကို လွန်ခဲ့တဲ့ ရက်တွေက..ညှင်းဆဲနေခဲ့တဲ့ အဖြေကို ရသွားခဲ့တာပါ..။

နစ်ဖီ သူ့ကို သင်ကြားခဲ့တဲ့ တိုက်ခိုက်မူ စတိုင်က ဘက်စုံ အသုံးပြုလို့ရပြီး..ကျောကိတုံးသူတော်စင်ရဲ့ နည်းစနစ်က..အနိုင်မခံ အရှုံးမပေးပဲ အရမ်းကို ကြမ်းတမ်းပါတယ်..။ဒီနှစ်ခုလုံးက..သူ့ရဲ့ ကိုယ်ပိုင်နည်းစနစ်တွေ မဟုတ်ပါဘူး..။သူ ဘယ်လောက်ပဲ အတုယူ လေ့ကျင့်ပါစေ တစ်ခုခု လိုအပ်နေသလို ခံစားရဦးမှာပါ..။

သို့ပေမယ့် ဆန်နီက သူ့ရဲ့ ကိုယ်ပိုင် နည်းစနစ် တစ်ခုကို ဖန်တီး နိုင်မယ် ဆိုရင်တော့..အကောင်းဆုံး တိုက်ခိုက်ရေးသမား တစ်ယောက်ဖြစ်လာပါလိမ့်မယ်..။ဒီမတိုင်ခင်အထိ တော့..သူက အမြဲတမ်း ..တုပသူ တစ်ယောက်အဖြစ်ပဲ ရှိနေရဦးမှာပါ..။

ဒါပေါ့..ကိုယ်ပိုင် တိုက်ခိုက်ရေး စတိုင်တစ်ခုကို ဖန်တီးတာက သူ့လို လူသစ်တစ်ယောက် လုပ်နိုင်တဲ့ အရာတစ်ခုတော့ မဟုတ်ပါဘူး..။ထပ်ပြောရရင် အရိပ်မှာ ဆန်းကျယ်တဲ့ စတိုင်တစ်ခု တည်ရှိနေတာကို သိတာနဲ့..အမှန်တကယ် ကိုယ်တိုင် နားလည်တာက..မတူညီတဲ့ အရာနှစ်ခုပါ..။

သို့ပေမဲ့ ..ဒီလိုဆိုရငိတောင် ဒါက အစပဲ ရှိပါသေးတယ်..။တကယ်လို့ သူသာ သူ့အရိပ်ထဲမှာ ရှိနေတဲ့ လျို့ဝှက်ချက်ကို သင်ယူနိုင်ခဲ့ပြီး..လက်ရှိ သူ့ရဲ့ တိုက်ခိုက်ရေး စတိုင်ထဲမှာ ပေါင်းထည့်နိုင်ခဲ့ရင် အဖြေက ဘယ်လိုဖြစ်သွားမှာလဲ..။

မတ်တတ်ရပ်နေရင်းနဲ့ ပဲ ဆန်နီဟာ..သွေးတစ်ပွက် အန်လိုက်တယ်..။ယင်းနောက်..သူ့ နှာဖူးက ချွေးတွေကို သုတ်လိုက်ပြီး ကျောက်တုံးသူတော်စင်ရဲ့ ရှေ့ကို လျောက်သွားလိုက်ပါတယ်..။

သူ အံကိုကြိတ်ကာ သန်းခေါင်ယံ အမြုတေကို မြှောက်ပြီး ပြောလိုက်တယ်..။

"ထပ်ပြီးတော့..."

မကြာခင်မှာပဲ အခန်းထဲမှာ ဓားချင်း ထိတဲ့ အသံတွေ နောက်တစ်ကြိမ် ထွက်ပေါ်လာခဲ့ပါတယ်..။

ဒီတစ်ကြိမ်မှာတော့ ဆန်နီက သူ့ရဲ့ အရိပ်ကို သေချာ အာရုံစိုက်ကြည့်နေခဲ့ပါပြီ..။

All Chapters