← Chapters

ခွန်အား စမ်းသပ်မူ

Vol. 13 Ch. 187

ခွန်အား စမ်းသပ်မူ

Vol. 13 Ch. 187

အရိပ်ရဲ့ လျို့ဝှက်ချက်ကို သင်ယူတာက ဖြည်းဖြည်းချင်းပဲ သွားနေခဲ့တယ်..။ဆန်နီက ကျောက်တုံးသူတော်စင်နဲ့ တိုကိခိုက်နေတုနိး ဆန်းကျယ်တဲ့ဘတိုက်ခိုက်မူ စတိုင်ကို ခနလေးသာ မြင်လိုက်ရတာပါ..။ပြီးတော့ ဒီလိုလုပ်နိုင်ဖို့ကလည်း..အာရုံအပြည့်အဝ စိုက်ထားဖို့ လိုအပ်ပါတယ်..။တကယ်လို့ သူသာ ပြိုင်ဘက်ကို အပြည့်အဝ အာရုံမစိုက်ထားဘူးဆိုရင်..သူတို့ရဲ့ ထိတွေ့မူတွေက စက္ကန့်ပိူင်းလောက်ပဲဟဖြစ်တာကြောင့် ဘယ်အရာမှ ရှာတွေ့နိုင်မှာမဟုတ်ပေ..။

သို့ပေမယ့်..သူ တိုက်ပွဲကို အာရုံစိုက်နေတဲ့ အချိန်မှာဆိုရင်လည်း..အရိပ်ကို အာရုံစိုက်ဖို့ ဆိုတာ မလွယ်ကူပါဘူး..။ဒီနှစ်ခုခြားမှာ..မျှခြေတစ်ခု တည်ဆောက်ဖို့ဆိုတာ မလွယ်ကူခဲ့ပေ..။သူ ရှုံးနိမ့်သွားတဲ့ အချိန်တိုင်းမှာ..သူ့ရဲ့ ခန္တာကိုယ်ပေါ်..ဒဏ်ရာ တစ်ခု ပေါ်လာနေခဲ့တာပါ..။

ဒါတောင်မှ တိုးတက်မူတွေက ဆက်ရှိနေတုန်းပါပဲ..။ဆန်နီက တိုက်ပွဲရဲ့ အနုပညာကို သဘောမပေါက်နိုင်သေးပေမယ့် သူ ဒါကိုတော့ ခံစားနေရပါသေးတယ်..။ဆန်နီ ဆီမှာ ရှိမနေတဲ့ လှုပ်ရှားမူတွေက သူ့ဆီမှာ ရှိနေခဲ့တယ်..။

ဒီအရာက အရိပ်က ကခုန်နေတာ နဲ့တောင် တူနေခဲ့ပါတယ်..။အရိပ် ကခုန်မူတစ်ခု..။

အသက်ကို တောငိ ဝအောင် မရူနိုင်တော့တာကြောင့်..ဆန်နီ ကိုယ့်ကိုကို ပိုပြီးတွန်းအားပေးချင်ပေမယ့်လည်း ရပ်တန့်လိုက်ရတယ်..။ဝီဗာသွေးရဲ့..ကြီးမားတဲ့ ကုသနိုင်စွမ်းနဲ့တောင်မှ သူ့ ခန္တာကိူယ်က အကန့်အသတ်ကို ရောက်နေခဲ့ပါပြီ..။သူ သာ နစ်ဖီရဲ့ ရှည်လျားတဲ့ စူးစမ်းရှာဖွေမူကို လိုက်ပါမယ်ဆိုရင်..ကိုယ့်အခြေအနေကို နားလည်နေမှ ရပါမယ်..။

ဒါပေါ့..သူက ဒဏ်ရာဒဏ်ချက်တွေ နဲ့ ဝင်္ကပါထဲကို လိုက်မသွားချင်ဘူးဆိုရင်..အကန့်အသတ်ကို မားလည်ရမှာပါ..။

ဆန်နီ က အတွေ့အကြုံမရှိပဲ ၊ အမြဲတမ်း ကိုယ့်ကိုကို သင်ကြားခဲ့ရတာကြောင့်..ဒီလို အောင်မြင်မူက တစ်ခြားလူသားတွေထက် အတော်လေးကို များပြားနေခဲ့ပါပြီ..။လူသစ် အများစုက..မတူညီတဲ့ တိုက်ပွဲစတိုင်တွေရဲ့ အပေါ်ယံလောက်ကိုတောင် နားလည်နိုင်စွမ်း မရှိကြပါဘူး..။ဒီဟာတွေရဲ့ အခြေခံ အချက်အလက် တွေကို မှတ်မိဖို့ဆိုတာက ပြောစရာတောင်မလိုတော့ပေ..။

အတွေ့အကြုံရှိတဲ့ တိုကိခိုက်ရေးသမားတွေကပဲ..တိုက်ပွဲရဲ့ အနှစ်သာရတွေကို နားလည်ဖို့ကြိုးစားရင်း သဘောပေါက်နိုင်ကြတာပါ..။

ဒီတော့..သူက..ရှေ့ကို ရောက်နှင့်နေပြီးပါပြီ..။

သို့ပေမယ့် ဆန်နီမှာက..သင့်တော်တဲ့ ဆရာမရှိတာကြောင့်..သူက သာမန်လူတွေ လုပ်ဖို့မဖြစ်နိုင်တဲ့ အရာတွေကို လုပ်နေမိတယ် ဆိုတာကို မသိခဲ့ပေ..။သူကိုးကားယူ ပြီးလေ့ကျင့်ယူနေရတဲ့ တစ်ယောက်တည်းသော သူက နစ်ဖီ ပါပဲ..။

တကယ်လို့ ကျော်ကြားတဲ့ ကိုယ်ခံပညာ မာစတာကြီးတွေကသာ..၊ မြို့ပြင်က လူငယ်လေးက ကိုယ့်ကိုကိုသင်ကြားပြီး..ရှုပ်ထွေးတဲ့ တိုက်ခိုက်ရေး စတိုင်နှစ်ခုကို ပေါင်းစည်းပြီး သူ့ရဲ့ ကိုယ်ပိုင်ဟန် ဖန်တီးနေတာကို သိရင် အကုန်အံ့ဩသွားကြပါလိမ့်မယ်..။ထပ်ပြောရရင် သူက အရိပ်ဆီကနေ တတိယ စတိုင်တစ်ခုကို လေ့လာဖို့လည်း ကြိုးစားနေခဲ့သေးတာပါ..။

သို့ပေမယ့်..ဆန်နီကတော့ သူက မအောင်မမြင် နဲ့ အတော်လေး နှေးကွေးနေတယ်လို့သာ ထင်နေခဲ့တယ်..။

'အာ...ငါက များ တုံးအနေတာလား..'

ကြမ်းပြင်ပေါ်ကနေ ထလိုက်ပြီး ဆန်နီသက်ပြင်းချကာ နှာဖူးက ချွေးတွေကို သုတ်လိုက်ပါတယ်..။ယင်းနောက် ကျောက်တုံးသူတော်စင်ကို ကြည့်လိုက်တယ်..။

"ဒီနေ့ နားပြီလား.."

အနားမှာရှိတဲ့ အယ်ဖီကတော့..ပျင်းလွန်းလို့..သေချင်စိတ်တောင် ပေါက်နေခဲ့ပါပြီ..။ဒီ အခန်းထဲမှာ ဆန်နီကိုယ့်ကိုကို နိုပ်စက်နေတာကို ထိုင်ကြည့်နေရတာက..သူမအတွက် တစ်ခုတည်းသော ဖျော်ဖြေမူပါပဲ..။

ဆန်နီ သူမကို ခေါင်းညိမ့်ပြလိုက်တယ်..။

"အင်း အဲလိုထင်တာပဲ..။အခုတောင် အတော် ဖုန်တွေ ထနေပြီ..။ငါ ခနလောက်နားပြီး အပြင်ကို သွားတော့မယ်..."

မုဆိုး မိန်းကလေးဟာ မျက်လုံးကျဥ်းမြောင်းသွားပြီး..

"စကားမစပ်..ငါ မေးစရာရှိတယ်..။ဘယ်အချိန်ရှိနေပြီလဲ ဆိုတာကို နင်ဘယ်လိူသိတာလဲ..။ဒီနေရာက ပြတင်းပေါက်တွေ မရှိသလို ပင်လယ်က အသံကိုလည်း မကြားရဘူးလေ.."

သူ သူမကို သုန်မုန်စွာကြည့်ပြီး ပြန်ဖြေလိုက်တယ်..။

"ကြက်သွေးရောင် ထိပ်ဖျားကြီးရဲ့ အရိပ်ပဲ..။ငါ အဲတာကို ခံစားလို့ရတယ်.."

အယ်ဖီ အကြိမ်အနည်းငယ် မျက်တောင်ခတ်ပြီးမှ ပုခုံးတွန့်လိုက်ပါတယ်..။

"အာ..ငါသိပြီ..။ဘာပဲဖြစ်ဖြစ်..နင်ပြီးသွားပြီ ဆိုတော့..နင့်ကောင်မလေးနဲ့ ငါ ခနလေ့ကျင့်လို့ ရမလား.."

ဆန်နီ အံကို ကြိတ်လိုက်ပြီး နှစ်ခါတောင် မစဥ်းစားပဲ ပြန်ဖြေလိုက်တယ်..။

"သူမက ငါ့ ကောင်မလေးမဟုတ်ဘူး.."

ပြီးတဲ့နောက်မှ အယ်ဖီ ဘာမေးတာလဲ ဆိုတာကို သူ နားလည်လိုက်ပါတယ်..။သူမက အရင်တုန်းက ကျောက်တုံးသူတော်စင် နဲ့လေ့ကျင့်ဖို့ကို စိတ်ဝင်စားတဲ့ပုံ မပြခဲ့ပါဘူး..။ အခုမှ ဘာလို့လဲ...။

"ပြီးတော့..မရဘူး..။နင် လေ့ကျင့်လို့ မရဘူး.."

မုဆိုးမိန်းကလေးက နားမလည်နိုင်ဖြစ်သွားခဲ့တယ်..။

"ဘာ...?။ ဘာဖြစ်လို့လဲ..."

ဆန်နီ ပြန်ပြောလိုက်တယ်..။

"ငါ ရှင်းပြဖို့ လိုသေးလို့လား..။ဒါက အရမ်း အန္တရာယ် များတယ်..။နင် တစ်ခုခု ဖြစ်သွားရင် ဘယ်လိူလုပ်မလဲ..."

အယ်ဖီ တခစ်ခစ် ရယ်မောလိုက်တယ်..။

"ဒီတော့ တည့်တည့်ပဲ ပြောလိုက်စမ်းပါ..။နင်က သူမနဲ့ နေ့တိုငိးလေ့ကျင့်လို့ ရပေမယ့်..ငါ့အတွက်တော့ အတော်လေး ခက်ခဲမယ်လို့ ထင်နေတယ်ပေါ့.."

သူ ခေါင်းခါယမ်းလိုက်တယ်..။

"အထင်မမှားနဲ့..။တကယ်လို့ ငါသာ တစ်ခုခုဖြစ်သွားခဲ့ရင် အဆိုးဆုံးက..ငါ သေသွားယုံပဲ..။ဒါပေမဲ့ နင်တစ်ခုခု ဖြစ်သွားခဲ့ရင်..ငါ့ကို နစ်ဖီက သတ်လိမ့်မယ်..။ရလာဒိက အတူတူပဲ ဆိုပေမယ့်..ငါ့ဟာငါ သေရတာက အများကြီး ပိုပြီး သာတယ်..။သိပြီလား.."

သူမက လက်ပိုက်ထားလိုက်ပြီး..

"အိုး..လုပ်စမ်းပါ..။ငါတို့နှစ်ယောက်ထဲမှာ ဘယ်သူက ပိုသာလဲ ဆိုတာပဲ ..ငါက သိချင်တာ.."

ဆန်နီ ပြောလိုက်တယ်..။

"မဖြစ်နိုင်တာ..။စဥ်းတောင် မစဥ်းစားနဲ့..."

အယ်ဖီ သူ့ကို တိတ်တဆိတ် စိုက်ကြည့်နေခဲ့တယ်..။

"ငါ မရဘူးလို့ ပြောတယ်လေ..။ဟုတ်ပြီလား..။ငါ နင့်ကို သူမနဲ့ တိုက်ခိုက်ခိုင်းမှာမဟုတ်ဘူး.."

မုဆိုး မိန်းကလေးက ပြုံးလိုက်ပြီး..

"အာ..ကောင်းပြီလေ..။ဒါက ပြသနာ ရှိမှာမဟုတ်ဘူး.."

***

မိနစ်အနည်းငယ်ကြာပြီးတဲ့ နောက်မှာတော့ ဆန်နီက သူ့ရှေ့က မြင်ကွင်းကို မယုံကြည်နိုင်စွာကြည့်နေခဲ့တယ်..။

ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...။

သစ်သား စားပွဲကို အလယ်မှာထားပြီး ကျောကိတုံး သူတော်စင် နဲ့ အယ်ဖီတို့ဟာ တစ်ဖက်စီမှာ ရပ်နေခဲ့ကြတယ်..။သူတို့ရဲ့ ညာဘက် လက်မောင်းတွေကတော့ စားပွဲပေါ်မှာ တင်ထားခဲ့ကြပါတယ်..။

အရိပ်ကတော့ ပုံမှန်အတိုင်းသာ ရှိနေခဲ့ပေမယ့်..မုဆိုးမိန်းကလေး ကတော့ စိတ်အားထက်သန်နေခဲ့တယ်..။

သူတို့က...သူတို့က..လက်မောင်းလှဲဖို့ ပြင်ဆင်နေကြတာပါ..။

အယ်ဖီ သူ့ကို ကြည့်ကာ ပြုံးလိုက်ပြီး..

"ဘယ်သူ နိုင်မလဲ လောင်းချင်လား..။တကယ်လို့ ငါသာ နင့်ရဲ့ကောင်မလေးကို အနိုင်ယူနိုင်ခဲ့ရင်..နင်ငါ့ကို အမြုတေ တစ်ခု ပေးရမယ်....မဟုတ်ဘူး..ဆယ်ခု .."

ဆန်နီ သက်ပြင်းချလိုက်တယ်..။

"နင် ရှုံးရင်ရော.."

မုဆိုး မိန်းကလေးက မျက်လုံးတစ်ဖက် မှိတ်ပြလိုက်ပြီး...

"....နင်သိလား...ရှုံးရင် ဘာဖြစ်မလဲ ငါ သိတောင် မသိချင်ဘူး..။ငါ လောင်းကစားဘယ်တော့မှ မလုပ်ဖူးဘူးလေ..ဒီတော့ ထားလိုက်တော့.."

အဟ်ဖီ သက်ပြင်းချလိုက်ပြီး..

"အရမ်းပျင်းဖို့ကောင်းတယ်..။ဘာပဲဖြစ်ဖြစ် လုပ်လိုက်ကြရအောင်..."

သူမက ..ကျောက်တုံးသူတော်စင်ရဲ့ လက်ကို ဆုပ်ကိုင်ထားပြီး လက်မောင်းလှဲဖို့ပြင်ဆင်လိုက်တယ်..။

"စလိုက်ကြရအောင်..."

ချက်ချင်းဆိုသလိုပဲ..အရိပ်ရော ၊ မုဆိုးမိန်းကလေး ကရော သူ့ရဲ့ ပြိုက်ဘက်ကို လှဲချဖို့ ကြိုးးနေခဲ့ပါတယ်..။များပြားလှတဲ့ ဖိအားကြောင်း စားပွဲက အသံတွေ မြည်လာခဲ့တယ်..။အစတုန်းကတော့..ကျောက်တုံးသူတော်စင်က ရှုံးတဲ့ဘက်မှာ ရောက်နေသလို ရှိပေမယ့်..သူမရဲ့ လက်က တစ် မီလီမီတာ လောက်ပဲ ရွေ့နေခဲ့တာပါ..။

မွန်းစတားဟာ သူမရဲ့ ပတ္တမြားရောင် မျက်လုံးတွေနဲ့ မိန်းမငယ်လေးကို စိုက်ကြည့်နေခဲ့တယ်..။သူမရဲ့ မျက်နှာကတော့..မျက်နှာဖုံး ခေါင်းစွပ်ရဲ့ အနောက်မှာသာ ရှိနေခဲ့ပါတယ်..။သူမရဲ့ အကြည့်တွေမှာ ခံစားချက် မပါဝင်ခဲ့ပေ..။

အယ်ဖီရဲ့ နီညိုရောင် မျက်လုံးတွေကတော့..မတူညီစွာပဲ ပျော်ရွှင်နေခဲ့ပါတယ်..။သူမရဲ့ မျင်နှာပေါ်မှာ သက်သောင့်သက်သာ ရှိမူတွေကို တွေ့နေခဲ့ရတယ်..။

သို့ပေမယ့် သူမက ဒီရုန်းကန်မူ အပေါ်မှာ ခွန်အားအကုန်သုံးထားတာကို ဆန်နီ မြင်နိုင်ပါတယ်..။သူမရဲ့သံလွင်ရောင် အသားအရည်တွေမှာ ကြွက်သားတွေထွကိပေါ်နေတာကို မြင်နေရတယ်..။သူမရဲ့ ခန္တာကိုယ်တစ်ခုလုံးမှာ ရုန်းကန်အားတွေ ၊ ခွန်အားတွေနဲ့ လွှမ်းမိုးနေသလိုပါပဲ..။

ဒါတောင်မှ..အရိပ်ရဲ့ လက်က လှုပ်မသွားခဲ့ပေ..။

ကြည့်ရတာတော့ သူတို့နှစ်ယောက်စလုံးက အနိုင်မယူနိုင်တဲ့ ပုံပါပဲ..။

'အာ..ဘယ်သူအရင်လက်လျော့ မလဲ သိချင်မိတယ်'

စက္ကန်အနည်းငယ် ကြာသွားပေမယ့်လည်း ဘာမှ မပြောင်းလဲခဲ့ပေ..။အယ်ဖီ ရော ၊ အရိပ်ရောက ဆက်တိုက်လှဲနေပြီး လက်လျော့မယ့် အရိပ်ယောင် မရှိကြပေ..။သူတို့ နှစ်ယောက်ထုတ်သုံးနေတဲ့ ခွန်အားပမာဏက ဆန်နီကိုတောင် ချွေးပျံစေပါတယ်..။

'သူတို့နှစ်ယောက်လုံး မွန်းစတားတွေပဲ..'

အဆုံးမှာတော့ အရင်ဆုံး လက်လျော့သွားခဲ့တာက စားပွဲခုံ ပါ..။ဖိအားကို ဆက်ပြီး တောင့်မခံနိုင်တော့တာကြောင့် ဒီဟာက ကျိုးပျက် သွားခဲ့တယ်..။

လွင့်စင်လာတဲ့ သစ်သားစတွေ သူ့မျက်နှာကို လာထိမှာကို ကာကွယ်လိုက်ပါတယ်..။ဆန်နီ ခနလောက်ကြောင်အသွားပြီးကာမှ..အပျက်အစီး ပုံကို စိုက်ကြည့်လိုက်တယ်..။

နက်ရှိုင်းတဲ့ ဝမ်းနည်းမူက သူ့ရဲ့ စိတ်နှလုံးသားထဲကို ထိုးဖောက်ဝငိရောက်လာခဲ့ပါပြီ..။

'အိုး...မဟုတ်ဘူး..ငါ့ရဲ့ စားပွဲလေး..'

All Chapters