← Chapters

ကောင်းကင်ဘုံ နဲ့ ငရဲ

Vol. 13 Ch. 188

ကောင်းကင်ဘုံ နဲ့ ငရဲ

Vol. 13 Ch. 188

ဒီလိုနဲ့ တစ်ပတ်က ကုန်လွန်လာခဲ့တယ်..။ဆန်နီလည်း ဆန်းကျယ်စွာပဲ ရှင်သန်လာနိုင်ခဲ့ပါတယ်..။

ပိုပြီးဆန်းကျယ်တာပ..သူက အယ်ဖီကို မသတ်မိအောင်ကြိုးစားနိုင်ခဲ့တာဖြစ်ပြီး..ဒါက တကယ်ကို အောင်မြင်မူကြီးပါပဲ..။တကယ်တော့ အဆုံးသတ်ကို ပြောရရင်..သူတို့နှစ်ယောက် အတူတူ နေထိုင်ခဲ့တာက အတော်လေးကို ကျေနပ်ဖို့ကောင်းခဲ့ပါတယ်..။

ဘာပဲဖြစိဖြစ် သူတို့နှစ်ယောက်စလုံးက တစ်ကိုယ်တော်..မုဆိုးတွေပါ..။သူတို့နှစ်ယောက်ကြားထဲမှာ ပြောစရာမလိုပဲ နားလည်နေတဲ့ အရာတွေ ရှိပါတာ်...။

သူ့ရဲ့ ပျှမ်းမျှ ကိုယ်ခံပညား ကျွမ်းကျင်မူ ၊ ကိုယ်ပိုင်

စတိုင်နဲ့ ကျောကိတုန်းသူတော်စင်ရဲ့စတိုင်ကို နားလည်မူ တွေက တဖြည်းဖြည်းချင်း တိုးတက်လာခဲ့ပါတယိ..။သူက ပိုမြန် ၊ ပိုသန်မာ ပြီး..ပို ကောင်းမွန်လာခဲ့တယိ..။သူက ..အိပ်မက်ကမ္ဘာထဲက..အန္တရာယ်ပေါင်းစုံကို ရင်ဆိုင်ဖို့တောင် အဆင်သင့်ဖြစ်နေခဲ့ပါပြီ..။

သူက ..အရိပ်သူတော်စင်ကို..အရိပ်အပိုင်းအစ တစ်ရာလောက် မပေးခင်တုနိးက ခွန်အားမျိုး ပြန်

မရောက်သေးပေမယ့်..လက်ရှိအခြေအနေကလည်း အတော်လေးကို ကောင်းမွန်ပါတယ်..။

နီးကပ်လာတဲ့ အနာဂတ်ကိုတွေးကြည့်ရရင် ဒါက တကယ်ကောင်းမွန်တဲ့ အရာပါ..။

လတ်တလောမှာတော့..ဆန်နီနဲ့ အယ်ဖီတို့ဟာ..ဘုရားကျောင်းခန်းမကြီးရဲ့ လေသာဆောင်မှာထိုင်နေရင်း အမြင့်ကနေ အောက်ကို ငုံ့ကြည့်နေခဲ့တယ်..။သူတို့ရဲ့ အောက်ဘက်မှာတော့ အနက်ရောင်စစ်သည် အလင်းဘက်ခြမ်း နဲ့ အမှောင်ဘက်ခြမ်းကို မရပ်မနားသွားလာနေခဲ့ပါတယ်..။

အယ်ဖီ တီးတိုးပြောလာခဲ့တယိ...။

"ဒီတော့..အဲတာက ခွေးသားပေါ့.."

ဆန်နီ သုန်မုန်စွာ ခေါင်းညိမ့်ပြလိုက်ပြီး..

"အင်း...။အဲတာ သူကိုယ်တိုင်ပဲ...ဒါမှမဟုတ်..သူ့မှာရှိတဲ့ အရာတစ်ခုခုပေါ့..."

မုဆိုးမိန်းကလေးဟာ သူ့ကို အတော်ကြာအောင် ကြည့်နေခဲ့တယ်..။

"ဒီသတ္တဝါ နဲ့တိုက်ခိုက်တာကို နင်ကဘယ်လိုလုပ် သောက်ကျိုးနဲ အသက်ရှင်လာတာလဲ.."

သူ မျကိနှာ ရှုတ်မဲ့သွားခဲ့တယ်..။

"ဒီလိုပါပဲ..။ဒီအရာကို တိုက်ခိုက်ခဲ့တယ်လို့ ပြောတာက ငါ့ကို အထင်ကြီးရာကျနေပြီ..။ငါကဒီတိုင်း အပြင်ကို ပြေးထွက်လာခဲ့ရတာ..။သူက ငါ ထွက်ပြေးသွားခဲ့ပေမယ့်..ဘုရားကျောငိးကို ဘယ်တုန်းကမှ မထွက်ခွာခဲ့ဘူး..."

သူမက ကြက်သီးထသွားခဲ့ပြီး..

"သူက ငါတို့ပြောနေတာကို မကြားရဘူးဆိုတာ သေချာရဲ့လား..."

ဆန်နီ အောက်ကို လက်ညိုးထိုးပြလိုက်တယ်..။

"သူ အဲဲဒီနေရာကို မဖြတ်လာသ၍ ၊ ငါတို့က အသံကျယ်ကျယ် မပြောနေသ၍ ဘာမှဖြစ်လာမှာမဟုတ်ဘူး..။ငါပြောတာကို ယုံ..။ငါ ဒီခွေးသားကို နှစ်လ လုံးလုံး စောင့်ကြည့်နေခဲ့တာ.."

အယ်ဖီ ရုတ်တရက် ပြောလိုက်ပြီး..

"ဒီတော့..ငါတို့ ဘယ်လောက် အသံကျယ် တာကို ပြောနေကြတာလဲ..။ဘာလို့လဲ ဆိုတာ..ငါ ကတိပေး နိုင်...."

ဆန်နီ မျက်လုံးကျဥ်းမြောင်းသွားခဲ့တယ်..။

"ရပ်လိုက်လို့ မရဘူးလား..။ငါတို့က ဘုရားကျောင်းမှာနော်...နတ်ဘုရားတွေရဲ့ မြင့်မြတ်နေရာ.."

သူမပြောမယ့် စကားရဲ့ အဆုံးသတ်က အတော်လေးကို မသင့်တော်တာတွေ ထွက်လာတော့မယ် ဆိုတာကို သူ နားထောင်နေစရာတောင် မလိုပါဘူး..။

သူမ တိတ်တဆိတ်ပဲ တခစ်ခစ် ရယ်မောလိုကိတယ်..။

"ကောင်းပြီ ကောင်းပြီ.."

မိနစ် အနည်းငယ်လောက် ကုန်ဆုံးပြီးနောက်မှာတော့..ဆန်နီ အောက်ကို ငုံ့ကြည့်လိုက်ပြီး အာရုံတက်ချိန် အလင်းရောင်က ပိုပြီးတောက်ပလာတာကို တွေ့လိုက်ရပါတယ်..။အခုက သူတို့နှစိယောက် ဘုရားကျောင်းကနေ ထွက်ခွာဖို့ အချိန်ရောက်လာခဲ့ပါပြီ..။

ဒါတောင်မှ နစ်ဖီရဲ့တောင်းဆိုမူကို ဆုံးဖြတ်ချက် မချရသေးပါဘူး..။သူ့ရဲ့ရွေးချယ်မူပေါ် မူတည်ပြီး သူ နဲ့ အယ်ဖီက ဘယ်တော့မှ ထပ်မတွေ့ရတော့မှာတောင် ဖြစ်သွားနိုင်ပါတယ်..။

ဆန်နီ တိတ်တဆိတ် သက်ပြင်းချလိုက်တယ်..။

ယင်းနောက် မုဆိုးမိန်းကလေး ဘက်ကိုလှည့်ပြီး ပြောလိုက်ပါတယ်..။

"ဟေး..အယ်ဖီ..။ငါ တစ်ခုခု မေးလို့ရမလား.."

သူမက သူ့ကို တိတ်တဆိတ် မေးခွန်းထုတ်တဲ့ အကြည့်တွေနဲ့ကြည့်လိုက်ပြီး ပုခုံးတွန့်လိုကိတယ်..။

"ကောင်းပြီ...မေးလေ ငတုံးလေး.."

ဆန်နီ တွေဝေနေပြီး အခြေအနေက သုန်မုန်နေသလို ခံစားလိုက်ရတယ်..။ယင်းနောက် သူ အဝေးကိုကြည့်ပြီး မေးလိုက်ပါတယ်..။

"ငါ့ကို ရိုးရိုးသားသားပြောစမ်းပါ...နင် ငယ်ငယ်တုန်းက ခေါင်းကို များ ခနခန အရိုက်ခံထား ရတာလား.."

အယ်ဖီ မျကိတောင် အနည်းငယ်ခတ်လိုက်ပြီးမှ ရုတ်တရက် သူမရဲ့လက်နှစ်ဖက်နဲ့ ပါးစပ်ကို ပိတ်ပြီး စတင်ရယ်မောလိုက်ပါတယ်..။ရယ်မောနေတုန်းမှာ သူမက..လေသာဆောင်ကနေတောင် ပြုတ်ကျသွားတော့ မတတ်ပါပဲ..။

"ဘုရားရေ..ဆန်နီ...နင်က ငါ့ကို အကျယ်ကြီးရယ်မိပြီး နှစိယောက်စလုံး အသတ်ခံရအောင် လုပ်နေတာလား..။ဒီ မေးခွန်းက ဘယ်လိုကြီးလဲ..။မဟုတ်ပါဘူး..ငါ အဲလို မခံခဲ့ရပါဘူး..."

သူက..သူမကို သံသယဖြစ်တဲ့ အမူအရာနဲ့ ကြည့်လိုက်ပါတယ်..။

"ဒါဆို နင်က ဘာလို့ တစ်ချိန်လုံး ရယ်ရယ်မောမောဖြစ်နေရတာလဲ..။ဒါက ပုံမှန်မဟုတ်ဘူးနော်..။နင်က တကယ်ကို ရူးနေတဲ့လူတစ်ယောက်လိုပဲ..။ပြီးတော့ ဒီလို အရာမျိုးကို ငါ တစ်ခု နှစ်ခုတော့ သိထားတယ်..။..စိတ်ဆိုးသွားလား..."

မုဆိုး မိန်းကလေးက ပြုံးလိုက်တယ်..။

"အာ..အဲတာလား.."

ယင်းနောက် သူမက ပုခုံးတွန့်လိုက်ပါတယ်..။

"ဒါက တကယ်ကို ရိုးရှင်းတယ်လေ.."

ဆန်နီ ရှင်းပြတာကို စောင့်နေရင်း..တက်ကြွနေတဲ့ မိန်းမငယ်လေးရဲ့ ပတ်ဝန်းကျင်မှာ မရင်းနှီးတဲ့ လေထုတစ်ခု ဖြစ်ပေါ်လာတာကို သတိထားမိလိုက်ပါတယ်..။သူမရဲ့ ဖြတ်လတ်မူ တွေက..လျော့ကျသွားခဲ့ပြီး...

"ဘာလို့လဲဆိုတော့..ငါက ဒီနေရာကို နင်တို့ယုံကြည်ထားသလောက် ဆိုးဝါးတယ်လို့ မထင်လို့ပဲ..။ဒီ အမှောင်မြို့တော် ထဲက လူတွေအကုန်လုံးက ဒီနေရာကို ငရဲလို့ ယူဆထားခဲ့ကြတာလေ.."

သူမ တွေဝေနေခဲ့ပြီး..

"ဒါပေမဲ့..ငါ့အတွက်တော့..ဒါက နိဗ္ဗာန် ဘုံပဲ.."

ဆန်နီ သူမကို ကြည့်ပြီး မျက်မှောငိကျုတ်လိုက်တယ်..။

"ဘယ်လိုပုံစံမျိုးလဲ..."

အယ်ဖီ သက်ပြင်းချလိုက်တယ်..။

"နင် နားမလည်ပါဘူး..။ဒါပေမဲ့ ငါတို့ထဲက အချို့အတွက်တော့..အိပ်မက်ကမ္ဘာထက် အစစ်အမှန်ကမ္ဘာကမှ ငရဲနဲ့ ပိုပြီး တူနေသေးတယ်လေ.."

ဆန်နီ အဝေးကို ကြည့်လိုက်ပြီး မြို့ပြင်က အခြေအနေကို ပြန်တွေးကြည့်လိုက်တယ်..။သူက ဒီ အိပ်မက်ဆိုး အခိုက်အတန့်ရဲ့ ကြမ်းတမ်းရက်စက်မူတွေနဲ့ အလျင်အမြန် အသားကျသွားခဲ့တယ်ဆိုတာက သူ့အတွက် အစစ်အမှန်ကမ္ဘာနဲ့သိပ်ပြီး မကွာခြားလို့ပါ..။

"ဒါပေမဲ့...ဘယ်လိုလုပ် နိဗ္ဗာန်ဘုံမျိုးလဲ..."

ငယ်ရွယ်တဲ့ မိန်းကလေးရဲ့ မျက်နှာပေါ်မှာ ဝမ်းနည်းတဲ့ အပြုံးတစ်ခုပေါ်လာခဲ့တယ်..။

"ငါတို့အတွက် ထိုက်တန်တဲ့ အရာပဲပေါ့..."

ယင်းနောက် သူမက ဆန်နီကိုကြည့်ပြီး မေးလိုက်ပါတယ်..။

"ပြောပါဦး ဆန်နီ..။နင်က မြို့ပြင်ကနေ လာတာမလား..။ဒီတော့ နင့် ပညာရေးက ကောင်းခဲ့မှာမဟုတ်ဘူးလို့ ငါ လောင်းရဲတယ်.."

သူ ခေါင်းခါယမ်းလိုက်ပါတယ်..။

သူမက ရယ်မောလိုက်ပြီး..

"ကောင်းပြီ..ဒါက ဘာမှတော့ ပြောင်းလဲသွားမှာမဟုတ်ဘူး။ကျောင်းတွေဆိုတာ အမှန်တော့ ဝါဒဖြန့်တဲ့ နေရာတွေပဲလေ..။သူတို့က ကလေးတွေကို အသုံးဝင်တာတွေ သင်ပေးတယ်ဆိုပေမယ့်..သူတို့ကို မေးခွန်းတွေ မမေးနိုင်အောင်လုပ်ပြီး အမှန်တရားကို မမြင်နိုင်အောင် ဖန်တီးထားခဲ့တယ်.."

ဆန်နီ မျက်ခုံးပင့်တင်လိုက်ပြီး..

"အမှန်တရားလား..."

အယ်ဖီ ခေါင်းညိမ့်လိုက်တယ်..။

"အမှန်တရားက ငါတို့ရဲ့ ကမ္ဘာကြီးက သေအံ့ဆဲဆဲဖြစ်နေပြီ..။ကောင်းပြီ..တကယ်တော့ ကမ္ဘာကြီး မဟုတ်ဘူး..။ဒီတိုင်း ငါတို့ ရှင်သန်ဖို့ လိုအပ်တဲ့ ဂေဟစနစ်ပဲ.."

သူ့ ဦးနှောက်ထဲမှာ တစ်ခုခု လှုပ်ရှားသွားခဲ့တယ်..။ဆန်နီ မမွေးဖွားခင် တစ်နှစ်လောက်မှာ..ကမ်းရိုးတန်းတစ်လျောက် ဂိတ်ကြီး ငါးခုပွင့်သွားခဲ့တာကြောင့် တိုက်ကြီး တစ်တိုက်လုံး ဆုံးရှုံးခဲ့ရပါတယ်..။

သို့ပေမယ့် မုဆိုးမိန်းကလေးက..သူမျှော်လင့်ထားတာတွေကို အမြန်ပဲ..ပြောင်းပြန်လှန်ပစ်လိုက်တယ်..။

"ငါက အိပ်မက်ဆိုး အခိုက်အတန့်ကို ပြောနေတာ မဟုတ်ဘူး..။ငါပြောနေတာက..ငါတို့ လူသားတွေက ဘယ်သူ့ အကူညီမှ မပါပဲ လုပ်နေကြတဲ့ အရာကို ပြောတာ..။လွန်ခဲ့တဲ့ နှစ်တစ်ရာလောက်က ကမ္ဘာပေါ်မှာ လူသား ဆယ် ဘီလီယံ လောက်ရှိခဲ့တယ် ဆိုတာ နင်သိရဲ့လား..။ဒါပေမဲ့ အခုတော့ သုံး ဘီလီယံလောက်ပဲ ကျန်တော့တယ်..။ပြီးတော့ ဒီထဲက တစ်ဝက်လောက်ပဲ အမိုးအကာ၊ အစားအသောက်နဲ့နေခွင့်ရကြတာလေ..။အဲတာကလည်း..အခိုက်အတန့်က ပေးတဲ့ စွမ်းအားတွေကို ပိုင်ဆိုင်ထားတဲ့ ငါတို့လို နိုးထသူ တွေကြောင့်ပဲ.."

သူမပြောတဲ့အရာက မမှားပေ..။မြို့ပြင်ရဲ့လေထုက ဘယ်လောက်တောက် ဆိုးဝါးတယ် ၊ အဆိပ်အတောက်တွေ ပါတယ် ဆိုတာကို ဆန်နီ မှတ်မိပါသေးတယ်..။လူသားမဆန် အခြေအနေတွေရှိတဲ့ မြေအောက်စက်ရုံတစ်ခုမှာ သူ့အမေက အလုပ်လုပ်ခဲ့ရတာပါ..။အကာအကွယ် တာဝါကြီးတွေကတော့ အပြင်ဘက်က လေထုအညစ်အကြေးတွေ မြို့ထဲကို ဝင်ရောက်မလာနိုင်အောင်ကာကွယ် ထားခဲ့တယ်..။ဒါပေါ့..ကမ္ဘာကြီးက အရင်ကနဲ့စာရင် ကောင်းမွန်တဲ့ အခြေအနေမှာ ရှိမနေဘူးဆိုတာကို သူ သိထားပါတယ်..။

သို့ပေမယ့် သူ ဒီအရာကို ဘယ်တုန်းကမှ ဒီလောက် မတွေးခဲ့ပေ..။သူ့အတွက်တော့ ..ဒါက ဘဝတွေက အမြဲတမ်း ဒီလိုဖြတ်သန်းကြရတာပါပဲ..။

အယ်ဖီ ပုခုံးတွန့်လိုက်ပြီး..

"အခိုက်အတန့် မရှိရင် ငါ့တို့ထဲက ဘယ်နှစ်ယောက်လောက် အပြင်မှာရှငိသန်နိုင်မှာလဲဆိုတာ ဘယ်သူသိမှာလဲ..။ရိုးရိုးသားသားပြောရရင် ငါလည်း မသ်ိဘူး..။ဒါပေမယ့် ငါ့ကိုမေးမယ် ဆိုရင်တော့ အနာဂတ် တစ်နေ့မှာ လူတွေအများကြီးက ဒီနေရာကို နိဗ္ဗာန်ဘုံအဖြစ်လက်ခံလာကြလိမ့်မယ်..။ငါ့လိုပဲပေါ့..!

သူမ ဒီလို အဆုံးသတ်ပြီးတာနဲ့ မတ်တတ်ထရပ်လိုက်ပြီး ခန္တာကိုယ်တစ်ခုလုံး..ဆန့်တန်းကာ အကြောတွေဆန့်လိုက်တယ်..။ဆန်နီ အမြန်ပဲ အကြည့်လွှဲလိုက်ရပါတယ်..။

' ဟူး...စိတ်ကို စင်ကြယ်အောင်ထား ဆန်နီ.."

"ဘာပဲဖြစိဖြစ် ..အခုက မိုးလင်းနေပြီ..။မင်းသမီးလေးနဲ့ တစ်ခြားလူတွေကို တွေ့ဖို့ အချိန်ပဲ..။သွားကြရအောင်..."

***

မကြာခင်မှာပဲ သူတို့က ဘုရားကျောင်းရဲ့ ရှေ့ကို ရောက်လာခဲ့တယ်..။မနက်ခင်းနေရောင် က ကောင်းကင်ကနေပြီး ရှေးဟောင်းမြို့တော်ထဲကို ဖြန့်ကျတ်ထားခဲ့ပါတယ်..။ဆန်နီ နဲ့ အယ်ဖီတို့ သိပ်ကြာအောင် မစောင့်လိုက်ရပဲ..နစ်ဖီ နဲ့ သူမရဲ့ အဖွဲ့ဝင်တွေက ရောက်လာခဲ့ကြတယ်..။

ဆန်နီ မျက်တောင်ခတ်လိုက်ပြီး..

အဲမှာက..ပြောင်းလဲနေတဲ့ကြယ်ပွင့်...ကတ်စတာ ၊ ကတ်စီ နဲ့ ကိုင် တို့ပါ..။

သောက်ကျိုးနဲ သူက ဒီမှာ ဘာလုပ်နေတာလဲ..။

အိပ်စက်သူ လေးယောက် ..အနားကို ရောက်လာပြီး နှုတ်ဆက်တဲ့ အချိန်မှာတော့..ဆန်နီဟာ ချောမောတဲ့လူငယ်လေးကို ကြည့်လိုက်တယ်..။

"နိုက်...အာ...မင်းက ဒီမှာဘာလုပ်နေတာလဲ ကောင်လေး..."

လေးသည်တော်က ပြုံးလိုက်ပြီး..

"အာ...ငါလည်းတွေ့ရတာ ဝမ်းသာပါတယ်..ဆန်နီ..၊သူငယ်ချင်း..။မိန်းကလေး နစ်ဖီက..စူးစမ်းရှာဖွေမူမှာ လိုက်ခဲ့ဖို့ ဖိတ်ခေါ်ခဲ့တာလေ..။သေချာစဥ်းစားပြီးနောကိမှာတော့ ငါ သဘောတူခဲ့တယ်.."

ဆန်နီ အကြိမ်အနည်းငယ် မျက်တောင်ခတ်လိုက်ပြီး..

"ကောင်းပြီ...ငါ ရူးနေတယ်ဆိုတာကို ငါသိပါတယ်..။ဒါပေမဲ့ မင်းကရော ဘယ်တုန်းက စိတ်လွတ်သွားတာလဲ.."

ကိူင် သူ့ကို ထူးဆန်းတဲ့ အမူအရာနဲ့ကြည့်လိုက်တယ်..။

"ခနလေး..ရူးနေတာလား..။ဘာကို ပြောချင်တာလဲ..မင်းက တကယ် ရူးနေတာလား.."

ဆန်နီ သက်ပြင်းချလိုက်တယ်..။

"ထားလိုက်တော့..."

ယင်းနောက် သူ နစ်ဖီဘက်ကို လှည့်လိုက်ပြီး..

"နင့်ရဲ့ တောင်းဆိုမူအတွက်တော့ ငါ ရှာဖွေမူမှာ ပူးပေါင်းပေးမယ်..ဒါပေမဲ့ အခြေအနေတစ်ခုရှိတယ်..။ငါ နင်တို့အဖွဲ့မှာ ပါဝင်ပေးမယ်..ဒါပေမဲ့ ငါ့ရဲ့ ဝန်ဆောင်မူ အတွက် လုံလောက်တဲ့ တန်ကြေးတစ်ခုကို ပေးရမယ်.."

နစ်ဖီကတော့ အရှုံးမပေးတဲ့အမူအရာနဲ့ သူ့ကို အတော်ကြာအောင်ကြည့်နေခဲ့တယ်..။ပြီးမှ သူမက ပုံမှန် အသံနဲ့ပြောလိုက်ပါတယ်..။

"နင့် စိတ်ထဲမှာ တစ်ခုခု ရှိနေတာလား.."

ဆန်နီ ပြုံးလိုက်ပြီး..

"ပြောရမယ် ဆိုရင်တော့ ရှိတယ်..။ငါတို့နောက်မှာ ရှိတဲ့ ရှေးဟောင်း ဘုရားကျောင်းကြီးကို တွေ့လား..။အဲ့အထဲမှာ အနက်ရောက်စစ်သည်လို့ခေါ်တဲ့ သတ္တဝါတစ်ကောင် နေနေတယ်..။သူက ကျရှုံးမူအဆင့် နတ်ဆိုးပဲ..။ငါ့ရဲ့ ကူညီမူကို ပြန်ပေးဆပ်တဲ့ အနေနဲ့ ဒီအကောင်ကို အဆုံးသတ်ဖို့ နင့်ရဲ့ အကူညီကို လိုချင်တယ်.."

သူ ခနလောက် ရပ်လိုက်ပြီးမှ..သူ ထပ်ပြောလိုက်ပ့တယ်..။

"...ငါ ဒီအကောင်ကြီးကို သတ်ဖို့ နင့်ရဲ့ အကူအညီကို လိုချင်တာ.."

သူတို့တွေရဲ့ ကြားထဲမှာ တိတ်ဆိတ်မူ ကြီးစိူးသွားခဲ့တယ်..။အတော်ကြာပြီးမှာ ကတ်စတာက အံ့ဩသင့်တဲ့ အမူအရာနဲ့ ပြောလာခဲ့ပါတယ်..။

"ဆန်နီ...မင်း မှားပြီးပြောလိုက်မိတာလား .။ဘာပဲဖြစ်ဖြစ် ငါတို့က အိပ်စက်သူတွေလေ..။ငါတို့က မင်းရဲ့ အနက်ရောင်စစ်သည်ကို ဘယ်လိုသွားသတ်မှာလဲ..။အိပ်မက်ဆိုး သတ္တဝါ ရဲ့ အဆင့် နဲ့ အမျိုးအစားကိုလည်း ကြည့်ဦး.."

ဆန်နီ ကြီးမားတဲ့ အပြုံးတစ်ခု ဖန်တီးလိုက်တယ်..။ယင်းနောက်..သံသယကင်းတဲ့ ခံစားချက် အပြည့်နဲ့ ကတ်စတာကို ကြည့်ကာ ပြောလိုက်ပါတယ်..။

"...ဒါက ကျရှုံးမူ အဆင့် နတ်ဆိုးလေး ပဲလေ.."

All Chapters