ဆန်နီရဲ့ အံ့ဩစရာ ကုန်စည်ပြပွဲ
Vol. 13 Ch. 189
ကတ်စတာ ၊ အယ်ဖီ နဲ့ ကိုင် တို့ရဲ့ မျက်နှာ အမူအရာတွေကတော့..ကိုးရိုးကားရား ဖြစိနေခဲ့တယ်..။ဆန်နီ အော်ရယ်ချင်စိတ်ကို မနည်း ထိန်းထားခဲ့ရပါတယ်..။
..သို့ပေမယ့် သူ့ရဲ့ အရိပ်ကတော့ မနေနိုင်ခဲ့ပေ..။ကံကောင်းချင်တော့..သူ့မှာ အသံအိမ်တွေမပါရှိတာကြောင့်..ဗိုက်ကို နိပ်နေတဲ့ ဟန်အမူရာသာ မြင်နေရပါတယ်..။
'ဟေး..မင်း..သတိထားဦး..'
အဲ့အချိန်မှာတော့ နစ်ဖီက သူ့ကို ကြည့်နေခဲ့တယ်..။သူမ ရဲ့ နှုတ်ခမ်းထောင့်က အနည်းငယ် တွန့်ကွေးသွားခဲ့ပါတယ်..။
အတော်ကြာပြီးကာမှ ကတ်စတာက ပြန်ဖြေလာနိုင်ခဲ့ပါတယ်..။
"ဒါက ကျရှုံးမူအဆင့် နတ်ဆိုးလေးပဲ တဲ့လား..။မင်းက..ဒီတိုင်း..."
သို့ပေမယ့် ပြောင်းလဲနေတဲ့ကြယ်ပွင့်က သူ့ကို ဖြတ်ပြောလိုက်ပါတယ်..။ဘုရားကျောင်းကို ကြည့်နေရင်းနဲ့ သူမ ပုခုံးတွန့်ပြီးပြောလိုက်တယ်..။
"ဒါက လက်ခံပေးလို့ရပါတယ်.."
လူတိုင်းက တိတ်ဆိတ်သွားခဲ့တယ်..။သူတို့က နစ်ဖီကို မျကိလုံးပြူးကျယိစွာ ကြည့်လိုက်ကြပါတယ်..။
ကျေနပ်မူ အချို့နဲ့ အတူပဲ ဆန်နီ ခေါင်းညိမ့်ပြီး ပြောလိုက်တယ်..။
"အမြန်ကြီး မဝေဖန်ကြနဲ့ဦး..။ငါတို့က တိုက်ပွဲကို မပြင်ဆင်ပဲ လုပ်ကြမှာမဟုတ်ဘူးလေ..။ငါ ဒီခွေးသားကို လတွေကြာအောင်..လေ့လာထားခဲ့တာ..။သူ့ရဲ့ စွမ်းရည်တိုင်း ၊ လှည့်စားမူတိုင်း ၊ အားနည်းချက်တိုင်းကို ငါ သိထားတယ်..။ထပ်ပြောရရင် ငါတို့က ဒီလို သတ္တဝါ ကိုတောင် မကိုင်တွယ်နိုင်ရင် ဂန်လောင်ကို ဘယ်လိုလုပ် စိန်ခေါ်နိုင်တော့မှာလဲ..။အခု စူးစမ်းရှာဖွေမူတွေ လုပ်နေတာက ဒီအတွက်မဟုတ်ဘူးလား.."
တကယ်တော့..သူက အနက်ရောင်စစ်သည်ကို ..ခရီးမထွက်ခင် တိုကိခိုက်သင့်လား..ခရီးကပြန်လာမှ တိုက်ခိုက်သင့်လားဆိုတာကို အကြာကြီး စဥ်းစားနေခဲ့ရတာပါ..။အဆုံးမှာတော့..သူတိူ့က အခုချိန် နတ်ဆိုးကို ရင်ဆိုင်ဖို့ အရမ်းကို အားနည်းသေးတယ်လို့..ဆုံးဖြတ်ချက်ချခဲ့ပါတယ်..။ဝင်္ကပါထဲမှာ..လတွေကြာပြီးသွားရင်တော့..အရာအားလုံးက ပြောင်းလဲသွားပါလိမ့်မယ်..။
အပြင်ဘက်မှာက အိပ်မက်ဆိုးသားရဲတွေ အများကြီး ရှိနေပြီး..ဒီအကောင်တွေကို သတ်ဖို့က မဖြစ်နိုင်တာ မဟုတ်ပါဘူး..။စူးစမ်းရှာဖွေမူ ပြီးဆုံးသွားတဲ့ အချိန်မှာတော့..အဖွဲ့ဝင်တိုင်းက..အခုလက်ရှိအချိန်ထက် ဝိဥာဥ် အမြုတေတွေ စုပ်ယူပြီးထားကြမှာပါ..။သူတို့ကမှတ်သားမူ တွေလည်း အများကြီး ရထားကြပါလိမ့်မယ်..။
ပိုပြီး အရေးကြီးတာက..သူတို့က ပြီးပြည့်စုံတဲ့ အဖွဲ့ဖြစ်လာဖို့ အတွက် လေ့ကျင့်ချိန်ရပါလိမ့်မယ်..။တကယ်လို့ သူတို့သာ အနက်ရောင်စစ်သည်ကို အနိုင်ယူချင်တယ် ဆိုရင် ဒီဟာက အဓိက အကြောင်းအရင်းပါပဲ..။
နစ်ဖီ ခေါင်းညိမ့်လိုက်တယ်..။
"ဆန်နီ ပြောတာ မှန်တယ်..။ကျရှုံးမူအဆင့် သတ္တဝါကို သတ်ဖို့ဆိုတာက မဖြစ်နိုင်တာမဟုတ်ဘူး..။တကယ်တော့..ဂျန်မာ ရော ၊ တီဆိုင် ရော အရင်တုန်းက သတ်ဖူးကြမှာပဲလေ..။ဂန်လောင် ကိုယ်တိုင်ဆိုရင် ပြောစရာတောင်မလိုတော့ဘူး..။ဒါက..ပြင်ဆင်မူတွေနဲ့ ကံကောင်းမူ အနည်းငယ်ပဲ လိုအပ်တာ..။အဆုံးမှာတော့ ငါတို့က..နတ်ဆိုးတစ်ကောင်လောက်ကိုတော့ အနိုင်ယူနိုင်သင့်တယ်လေ.."
ဆန်နီ ပြုံးလိုက်ပြီး..
"အတိအကျပဲ..။အိုး..ဟုတ်သားပဲ..ပြင်ဆင်မူအကြောင်းပြောမယ် ဆိုရင်တော့..."
လူတိုင်းက သူ့ကို ရှုပ်ထွေးစွာကြည့်နေတဲ့ အချိန်မှာပဲ...ကောင်းပြီ ဒါပေါ့ ကတ်စီတော့ မပါပါဘူး..။သူ့ ပခုံးမှာလွယ်ထားတဲ့ အိပ်ကို မြေကြီးပေါ် ချလိုက်ပါတယ်..။ယင်းနောက်..သူ ဖွင့်လိုက်ပြီး..များပြားလှတဲ့ ဝိဥာဥ် အမြုတေတွေကို မြင်သာအောင်ပြလိုက်ပါတယ်..။
"ဆန်နီရဲ့ အံ့ဩစရာ ကုန်စည်ပြပွဲကနေ ကြိုဆိုလိုက်ပါတယ်..။ဒီမှာ..ဝိဥာဥ် အမြုတေ အခု ၅၀ လောက် ရှိမယ်..။တစ်ခုချင်းစီတိုင်းက နိုးထမူ အဆင့်တွေ ချည်းပဲ..။ငါတို့က ဝင်္ကပါထဲမှာ ဖြတ်သန်းရတော့မှာဆိုတော့..နင်တို့ရဲ့ ခွန်အားတွေကို နည်းနည်းဖြစ်ဖြစ် မြှင့်တင်နိုင်ပြီး..အန္တရာယ်ကို ကို ကာကွယ်နိုင်ဖို့အတွက် အခွင့်အရေးတစ်ခုပေးဖို့ ငါ ဆုံးဖြတ်ထားတယ်..။ဒါပေါ့..ငါတို့က အချင်းချင်းတွေ ဆိုတော့ စျေးလျော့ပေးမှာပါ.."
သူက ..အခန်းထဲမှာ ရှိတဲ့ ရတနာ သေတ္တာထဲကနေ အကုန်ယူလာခဲ့တာပါ..။လတ်တလောမှာတော့ သူ့မှာကျန်ရှိနေတဲ့ အမြုတေ အကုန်လုံးက..အထုပ်ထဲမှာပါ..။
ဒါပေါ့..သူဒါကို စေတနာ တွေ အရမ်းကောင်းလို့ လုပ်နေတာ မဟုတ်ပါဘူး..။
ဆန်နီက..ပိုက်ဆံအများကြီး တစ်ခါမှ မရှိဘူးတော့ ဒီအရာတွေကို ဘယ်လို ကိုင်တွယ်ရမလဲဆိုတာကို နားမလည်ခဲ့ပေ..။သိူ့ပေမယ့် သူသိတဲ့ တစ်ခုတည်းသောအရာက..ချမ်းသာကြွယ်ဝတဲ့ လူတွေဟာ သူတို့ရဲ့ ချမ်းသာ ကြွယ်ဝမူတွေကို ဘယ်တော့မှ ဒီတိုင်းမထားပေ..။ချမ်းသာတဲ့လူရဲ့ လက်ထဲကို ရောက်သွားတဲ့ အချိန်ကျရင်..ပိုက်ဆံတွေ အများကြီးဝင်လာဖို့အတွက်..လက်ရှိ ရှိနေတဲ့ ပိုက်ဆံတွေကတောင် အလုပ်လုပ်ရပါလိမ့်မယ်..။
ချမ်းသာတဲ့လူတွေရဲ့ ဘာသာစကား အရဆိုရင်တော့ ဒါက ရင်းနှီးမြုပ်နှံတာပါ..။
ဒီအဖွဲ့မှာ သူ့ရဲ့ အမြုတေတွေကို ရင်းနှီးမြုပ်နှံခြင်းအားဖြင့်..ဆန်နီဟာ သူ ဒီဟာတွေကို ပြန်ရမယ့် အခွင့်အရေး ရှိနေခဲ့ပါတယ်..။သူဘယ်လောက်ပဲ တွေးတွေး ပိုကောင်းတဲ့ အကြံဥာဏ်ကို မစဥ်းစားမိပေ..။
ထပ်ပြောရရင် သူက ဒီအမြုတေ တွေကို အခမဲ့ပေးမှာ မဟုတ်ပါဘူး..။
"ကုန်စည်ပြပွဲ ရဲ့ စည်းမျဥ်းတွေက ရိုးရှင်းတယ်..။မင်းတို့က ငါ့ကို မှတ်သားမူတွေပေးရမယ်..ငါက အမြုတေတွေကို ပေးမယ်..။မှတ်သားမူ တွေက သန်မာလား..အသုံးဝင်လား ဆိုတာတွေကို ငါ ဂရုမစိုက်ဘူး..။တကယ်တော့ ပိုဆိုးလေ ပိုကောင်းလေပဲ..။မင်းတို့ရဲ့ ဝိဥာဥ်ပင်လယ်မှာ အသုံးမဝင်ပဲ အမှိုက်လိုဖြစ်နေတဲ့ အရာတွေက..အသုံးဝင်လာလိမ့်မယ်..။တကယ်လို့ မင်းတို့မှာ ဘာမှတ်သားမူမှ မရှိဘူးဆိုရင်လည်း ပြသနာ မရှိဘူး..။အနာဂတ်မှာ ဝင်္ကပါထဲရောက်လို့..မှတ်သားမူ ရတဲ့အချိန်ကျရင်သာ ငါ့ကို ပေးပါ့မယ် လို့ ကတိပေးထားရမယ်.."
သူ နစ်ဖီရဲ့ အဖွဲ့ဝင်တိုင်းကိူ ပြုံးပြလိုက်တယ်..။
"သိပ်မဆိုးဘူး ဟုတ်တယ်မလား..။တကယ်တော့ ငါ့ကို ကျေးဇူးတင်စရာ မလိုပါဘူး.."
ကိုင် အမြုတေတွေကို ကြည့်ပြီး မျက်ခုံးပင့်ကာ ဆန်နီကို ကြည့်လိုက်တယ်..။
"ဆန်နီ ...ကောင်လေး..ငါနားမလည်တာရှိရင် ခွင့်လွတ်ပါ..။ဒါပေမဲ့ မင်းက ဒီမှတ်သားမူတွေကို ဘာလို့လိုအပ်နေတာလဲ..."
တကယ်ကို မေးခွန်းကောင်းပဲ..။ဆန်နီ ပြုံးလိုက်ပြီး..
"အာ..မင်းမြင်တဲ့အတိုင်းပဲလေ...ငါ ဘယ်လိုပြောပြသင့်လဲ..။မှတ်သားမူတွေ အများကြီး လိူချင်နေတဲ့ ငါသိတဲ့ အလှအပလေး တစ်ယောက်ရှိတယ်လို့ပဲ ပြောလိုက်တော့မယ်..။ငါပြောတာ သဘောပေါက်တယ်မလား..."
ဒီလိုပြောလိုက်ပြီးတာနဲ့..သူက ချောမောတဲ့
လေးသည်တော်ကို မျက်လုံးမှိတ်ပြလိုက်တယ်..။ထူးခြားတဲ့ အမူအရာနဲ့ ကိုင်က တစ်ဖက်ကို လှည့်သွားပြီး ခေါင်းခါယမ်းလိုက်ပါတယ်..။
သို့ပေမယ့်..ဒီလို ပြောဆိုပြီးနောက်မှာ ဘယ်သူကမှ မေးခွန်းမထုတ်တော့ပေ..။
အဆုံးမှာတော့ ဆန်နီက..သူ့ရဲ့ အမြုတေတွေကို မှတ်သားမူ ငါးခုနဲ့ လဲလှယ်နိုင်ခဲ့ပါတယ်..။နစ်ဖီက အမြုတေတွေကို အဖွဲ့ဝင် ငါးယောက်ကို ခွဲဝေပေးလိုက်ပြီး..တစ်ယောက်ကို ဆယ်ခုစီ ရရှိခဲ့ကြတယ်..။
ဒီဟာက..နိုးထမူအဆင့် သားရဲ ဆယ်ကောင်ကို သတ်လိုက်တာနဲ့ ညီမျှပါတယ်..။အမြုတေ တွေကို စုပ်ယူပြီးတာနဲ့ သူတို့ငါးယောက်စလုံးရဲ့ ခွန်အားတွေက အတော်အသင့် မြင့်တက်လာကြမှာပါ..။
စူစမ်းရှာဖွေမူ အတွက်တော့ ဒီအရာက အကောင်းဆုံးအစပျိုးခြင်းပါပဲ..။
အချိန်ကို ဖြုန်းမနေတော့ပဲ..နစ်ဖီ ၊ ကတ်စီ ၊ အယ်ဖီ ၊ ကိုင်နဲ့ ကတ်စတာ တို့က ဝိဥာဥ် အဆီအနှစ်တွေကို အမြုတေ ဆီကနေ စုပ်ယူလိုက်ကြတယ်..။
သူတို့က ဒီလို လုပ်ရင်း အလုပ်ရှုပ်နေတုန်းမှာ..ဆန်နီက ဝိဥာဥ်ပင်လယ်ထဲကို ဝင်ပြီး ကျောက်တုံးသူတော်စင်ကို မှတ်သားမူတွေ ကျွေးနေခဲ့ပါတယ်..။
[...ကျောက်တုံးသူတော်စင်က သန်မာလာခဲ့ပါပြီ ]
[...ကျောကိတုံးသူတော်စင်က သန်မာလာခဲ့ပါပြီ ]
[...ကျောက်တုံးသူတော်စင်က သန်မာလာခဲ့ပါပြီ ]
ကျေနပ်စွာပဲ သူက အချက်အလက် ဇယားကို ထုတ်ဖော်ပြီး ကြည့်လိုက်တယ်..။
အရိပ် : ကျောက်တုံး သူတော်စင်
အရိပ်အပိူင်းအစ : [ 27/ 200 ]
ယင်းနောက် သူ့ရဲ့ ကိုယ်ပိုင် အချက်အလက်တွေကို ကြည့်လိုက်တယ်..။
အမည် : ဆန်းလပ်စ်
အစစ်အမှန်နာမည် : အလင်းမှ ပျောက်ဆုံးသူ
အဆင့် : အိပ်မက်မက်သူ
အရိပ်အမြုတေ : ပြောင်းလဲမူအဆင့်
အရိပ်အပိုင်းအစ : [ 318 / 1000 ]
...မဆိုးဘူး..
တောင်ဘက်ကို ကြည့်လိုက်ပြီး သူ ခါးသက်စွာ ပြုံးကာ သိချင်နေခဲ့ပါတယ်..။
ဒီ နံပါတ်တွေက သူ အနက်ရောင်မြို့တော်ကို ဘယ်လာရင် ဘယ်လောက်တောင် မြင့်တက်နေလောက်မလဲ..။ဒါက အတော် မြင့်တက်နေလောက်မှာပါ..။
အားလုံးက..သူတို့ရဲ့ အမြုတေကို စုပ်ယူပြီး ၊ ရုတ်တရက် ရရှိလာတဲ့ ဝိဥာဥ် အဆီအနှစ်တွေနဲ့ အသားကျ သွားတဲ့အချိန်မှာ..သူတို့အဖွဲ့က စတင်ပြီး ထွက်ခွာလာခဲ့ပါတယ်..။
သူတို့ ခြောက်ယောက်စလုံးဟာ..တောငိဘက်ကို ဦးတည်ပြီး ကျိန်စာသင့်မြို့တော်ကို ဖြတ်သန်းလာခဲ့ကြတယ်..။
နစ်ဖီကတော့ အဖွဲ့ရဲ့ ရှေ့ကနေ ဦးဆောင်ပြီး လျောက်နေခဲ့ပါတယ်..။သူမရဲ့ နောက်ဘက် ညာဘက်နားမှာတော့ ကတ်စတာ ရှိနေခဲ့တယ်..။သူက အဆင့်မြင့် ချပ်ဝတ်အင်္ကျီတစ်ခုကို ဝတ်ဆင်ထားခဲ့ပြီး နေရောင်အောက်မှာတော့ ငွေရောင်နဂါး တစ်ကောင်လို တောက်ပနေခဲ့ပါတယ်..။သူမ ရဲ့ ဘယ်ဘက်မှာတော့ အရပ်ရှည်ပြီး သန်မာလှတဲ့ အယ်ဖီပါ..။သူမက ကြေးအကာအကွယ်ကို ဝတ်ဆင်ထားပြီး အတွင်းထဲမှာတော့..ကိုယ်ကြပ်အင်္ကျီတစ်ထည် ရှိနေခဲ့ပါတယ်..။
ခြေလှမ်းအနည်းငယ် အကွာမှာတော့ အညိုရောင် လည်သာ နဲ့ပြုလုပ်ထားပြီး ထည်ဝါတဲ့ အကာအကွယ်အင်္ကျီကို ဝတ်ဆင်ထားတဲ့ ကိုင် ရှိနေခဲ့တယ်..။သူ့ရဲ့ နောက်ကျောမှာတော့..မြားတွေ ပြည့်နေတဲ့ မြားကျည်ထောက် ရှိနေခဲ့ပါတယ်..။ကတ်စီကတော့ သူ့ရဲ့ဘေးနားကနေ လျောက်နေခဲ့တယ်..။သူမရဲ့ တောကိပတဲ့ ဝတ်ရုံက အရင်အတိုင်း ရှိနေတုန်းပါပဲ..။သို့ပေမယ့် အခုချိန်မှာတော့ သူမရဲ့ ခါးပတ်မှာ..ဓားအိမ်နဲ့ ဓားရှည် တစ်ချောင်း ရှိနေခဲ့ပါတယ်..။
နောက်ဆုံးမှာတော့ မပျော်ရွှင်တဲ့ မျက်နှာအမူအရာနဲ့ လူငယ်တစ်ယောက် ရှိနေခဲ့တယ်..။သူက ရှုပ်ထွေးတဲ့ အနက်ရောင် ဆံပင်ရှိပြီး ၊ ရက်ထည်နဲ့လည်သာ ပေါင်းစပ် ပြုလုပ်ထားတဲ့ ပေါ့ပါးတဲ့ အကာအကွယ်အင်္ကျီ ကို ဝတ်ဆင်ထားခဲ့ပါတယ်..။သူက နေရောင်နဲ့ အသားမကျသလိုမျိုး ခေါင်းကိုငုံ့ထားကာ..မျက်နှာရှုတ်မဲ့ နေခဲ့တာပါ..။
ဒါပေါ့..ဒါကတော့ ဆန်နီ ပါပဲ..။
သူတို့ရဲ့ မေ့ပျောက်ကုန်းမြေရဲ့ အစွန်ဆုံးကို သွားမယ့် ခရီးကတော့ စတင်လာခဲ့ပါပြီ..။