← Chapters

ပြန်မလှည့်နိုင်တဲ့ အမှတ်

Vol. 13 Ch. 190

ပြန်မလှည့်နိုင်တဲ့ အမှတ်

Vol. 13 Ch. 190

ဆန်နီက ..အဖွဲ့ရဲ့ နောက်ဆုံးကနေပြီး လမ်းလျောက်နေခဲ့ပေမယ့် သူ့ရဲ့ အရိပ်ကတော့ ရှေ့ဆုံးကနေ..ထောက်လှမ်းနေခဲ့တယ်..။အရိပ်က သူ့ရဲ့ ဘေးနားမှာ မရှိတာကြောငိ့..သူ့ကို အတော်လေးကို မသက်မသာ ဖြစ်စေပါတယ်..။

'အရိပ်အနားမှာ မရှိတုန်း..ငါက ကျောကိတုံးသူတော်စင် ကို ခေါ်ထုတ်လို့ရနိုင်လောက်လား..။ငါဘာလို့ ဒီဟာကို အရင်က မစဥ်းစားမိရတာလဲ..'

သူ့ရဲ့ အရိပ်ရော ၊ သူတောိစင် ရော မရှိတာက..ဆန်နီကို ကိုယ်တုံးလုံးဖြစ်နေသလို ခံစားချက်မျိုး ဖြစ်လုနှးပါးပါပဲ..။အနည်းဆုံးတော့..သူ့ဘေးနားမှာ အရမ်းကို သန်မာလွန်းတဲ့..နစ်ဖီ ၊ ကတ်စတာ နဲ့ အယ်ဖီ တို့ ရှိနေပါသေးတယ်..။

.

ဒီလို တွေးကြည့်ရင်တော့..သူက ကိုင် ရဲ့ တိုက်ခိုက်မူကို တစ်ကြိမ်မှ မမြင်ဖူးပါဘူး..။ချောမောတဲ့ လေးသည်တော် လေးက အန္တရာယ်များတဲ့ ပုံစံ မရှိပေမယ့် ဆန်နီ ဒီဟာနဲ့ လှည့်ဖျားခံမှာမဟုတ်ပေ..။အားနည်းတဲ့ လူတစ်ယောက်က မေ့ပျောက်ကုန်းမြေကြီးပေါ်မှာ နှစ်တွေကြာရှညိအောင် ရှင်သန်နိုင်မှာမဟုတ်ပါဘူး..။အထူးသဖြင့်..သူ့ရဲ့ စွမ်းရည်က ပြိုင်ဘက်ကင်းအောင် မလုပ်ပေးနိုင်ဘူးဆိုရင် အနက်ရောင်မြို့တော်ရဲ့ အပြင်ဘက်မှာ..စွန့်စားသွားလာနေနိုင်မှာ မဟုတ်ပေ..။

ဆန်နီ သိသလောက် အနည်းငယ်အရဆိုရင် သူ့ရဲ့ ပြိုင်ဘက်ကင်းစွမ်းရည်ကြောင့် ကိုင်က..လေပေါ်မှာပျံသန်းနေတဲ့ သားရဲတွေကိုတောင် တိုက်ခိုက်နိုင်ပါတယ်..။ဒါက..ဆူးချွန်တမန် သားရဲ မျိုးတွေပါ..။

'ကြောက်စရာပဲ...'

ကိုင် အကြောင်း ပြောမှပဲ...

ဆန်နီ ခြေလှမ်းတွေကို သွက်သွက်လျောကိလိုက်ပြီး ချောမောတဲ့ လူငယ်လေးကို မှီအောင် လိုက်လိုကိတယ်..။သူ့ကို ဘာစကားမှ ပြောချင်ပုံ မရတဲ့ ကတ်စီကို တစ်ချက်လှည့်ကြည့်လိုက်ပြီး..ခနလောက် မျက်မှောငိကျုတိကာ နိုက်တင်ဂေး ဘက်ကို လှည့်လိုက်ပါတယ်..။

"ဟေး.. နိုက်..။အခြေနေ ဘယ်လိုရှိလဲ.."

လေးသည်တော်ဟာ သူ့ကိုကြည့်ပြီး ရင်းနှီးတဲ့ အပြုံးနဲ့ ​ပြုံးလိုက်တယ်..။

"အိုး..ဟေး..ကောင်းတယ်..ထင်တာပဲ..။ငါ ဆိုလိုတာက.. ရာသီဥတု ..ကောင်းပါတယ်လို့.."

ဆန်နီ အကြိမ်အနည်းငယ် မျက်တောင် ခတ်လိုက်တယ်..။မေ့ပျောက်ကုန်းမြေ ပေါ်က ရာသီဥတုက ဘယ်တုန်းကမှ မကောင်းခဲ့ပါဘူး..။ဒါက အရမ်းအေးတာ ၊ အရမ်းထိုင်းမှိုင်းတာ ၊ အရမ်းပူတာ တွေပဲ လှည့်ပတ် ဖြစ်နေခဲ့တာပါ..။အရိုးသားဆုံးပြောရရင် သူက အနက်ရောင် တောင်တန်းကိုတောငိ တစ်ခါတစ်လေ သတိရမိပါတယ်..။အနည်းဆုံးတော့ အဲ့နေရာရဲ့ ရာသီဥတုက တသတ်မတ်တည်းပါပဲ..။

ယဥ်းကျေးတဲ့ စကားတွေ ပြောမနေချင်တော့တာကြောင့် ဆန်နီ သူမေးချင်တဲ့ အရာကိုပဲ တည့်တည့်မေးလိုက်တယ်..။

"ဒီတော့...တကယ်ပဲ...မင်းဒီမှာ ဘာလုပ်နေတာလဲ.."

ကိုင်က သူ့ကို အနည်းငယ် ရှုပ်ထွေးမူနဲ့အတူ ကြည့်လိုက်တယ်..။

"ဘာကို ပြောချင်တာလဲ.."

ဆန်နီ သက်ပြင်းချလိုက်ပြီး..

"မင်းငါ့ကို ပြောထားပုံအရဆိုရင် မင်းရဲ့ ရဲတိုက်ထဲက ဘဝက အတော်လေးကို အဆင်ပြေတယ်ဆို..။မင်းမှာ ရဲတိုက်ထဲ အတော်ကြာအောင် နေဖို့ အမြုတေတွေရှိတယ် ။လူတိုင်းကလည်း မင်းကို သဘောကျကြတယ်..။ပြီးတော့..မင်းရဲ့အသုံးဝင်တဲ့ စွမ်းရည်ကြောင့် ရဲတိုက်အရှင်ကလည်း ကောင်းကောင်းမွန်မွန် ဆက်ဆံတယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား..။မင်းက ဘာလို့ ငါတို့နဲ့ ဝင်္ကပါ ထဲကိုလိုက်ပြီး ဒုက္ခခံနေသေးတာလဲ.."

ချောမောတဲ့ လေးသည်တော်က ခနလောက်တွေးလိုက်ပြီး..

"အာ..ကောင်းပြီ..တကယ်တော့ ငါ့မှာ တကယ်ပဲ ပြသနာ အနည်းငယ် တက်နေတယ်..။အဲလို ထင်တာပဲ..။သူတို့က ရေတွင်းထဲမှာ ငါ့ကို ပိတ်လှောင်ထားတဲ့ အစောင့်တွေ သေသွားတာကို အခွင့်ကောင်းယူပြီး အယ်ဖီကို စွပ်စွဲနေကြတာလေ..။ကောင်းပြီ..တကယ်လို့ သူတို့ပျောက်ကွယ်သွားတာက ငါနဲ့သက်ဆိုင်နေတယ် ဆိုတာကို တစ်ယောက်ယောက် သိသွားရင် ဘယ်လိူလူပ်မလဲ..။ငါက အန္တရာယ်နဲ့ တွေ့ရမှာမဟုတ်ဘူးလား.."

ဆန်နီ ခနလောကိတွေးကြည့်လိုက်ပြီး သူပြောတာကို သဘောတူလိုက်တယ်..။

"အဓိပ္ပါယ်ရှိတယ်..။ဒါပေမဲ့..မင်းထွက်ပြေးဖို့ လုပ်နေတဲ့အရာထက်..ဒီ စူးစမ်းရှာဖွေမူမှာ တွေ့ရမယ့်အရာတွေက ပိုပြီး ဆိုးဝါးနိုင်တယ် မဟုတ်ဘူးလား.."

ကိုင် က ပြုံးလိုက်ပြီး..

"ဒါက သေချာတာပေါ့..။ဒါပေမဲ့ ဆန်နီ...ဒီနေရာမှာ မင်းထည့်မတွက်တဲ့ အရာတစ်ခုလည်း ရှိနေသေးတယ်.."

ဆန်နီ မျက်မှောင်ကျုတ်လိုက်တယ်..။

"အဲတာ ဘာလဲ..။ကျေးဇူးပြုပြီး..ကျေးဇူးပြုပြီး..မင်းလည်း နစ်ဖီ ရဲ့ ဝါဒကို ယုံကြည်သွားပြီလို့တော့ မပြောနဲ့နော်.."

ချောမောတဲ့ လူငယ်လေးဟာ ရယ်မောလိုက်တယ်..။

"ယုံကြည်သွားတာလား..။မဟူတ်ဘူး ငါတော့ အဲလိုမထင်ဘူး..။အနည်းဆုံးတော့ မင်းတွေးနေတဲ့ နည်းလမ်းအတိုင်း မဟုတ်ဘူး.."

သူ အတော်ကြာအောင် တိတ်ဆိတ်နေပြီးကာမှ သက်ပြင်းချလိုက်တယ်..။

"တကယ်တော့..လူတွေက ရှင်းရှင်းလင်းလင်း မြင်နိုင်ကြတယ်လို့ ငါ မထင်ဘူး..။ဒါပေမဲ့ တကယ်တော့..ဒါက နားလည်ဖို့ အဲလောက်ထိ မခက်ဘူးလေ.."

သူ့ရဲ့ ပုံမှန်အတိုင်း လွတ်လပ်တဲ့ မျက်နှာနဲ့ ဆန်နီဘက်ကို လှည့်လိုက်ရင်း..ကိုင်က ရုတ်တရက် မေးလိုက်တယ်..။

"ငါ မေ့ပျောက်ကုန်းမြေကို လွန်ခဲ့တဲ့ သုံးဆယ့် တစ်လတုန်း က ရောက်လာခဲ့တာ..။အဲ့နှစ်က ငါတို့ထဲက ဘယ်လောက်များများ အနက်ရောင်မြို့တော်ထဲကို ရောက်နိုင်ခဲ့ကြလဲ သိလား.."

ဆန်နီ ခေါင်းခါယမိးလိုကိတယ်..။

လေးသည်တော်ဟာ မျကိနှာရှံ့မဲ့သွားခဲ့ပြီး..

"လေးရာ နီးပါးပဲ..။ပြီးတော့ ဘယ်လောက်က အခုချိန်ထိ ရှင်သန်နေနိုင်လဲသိလား..။ဒါက နှစ်ရာထက် နည်းပါးတယ်..။

သူ အတော်ကြာအောင် တိတ်ဆိတ်သွားခဲ့ပြီးမှ..

"ဒါက ..နှစ်နှစ်အတွင်းမှာ ငါတို့ထဲက တစ်ဝက်ကျော်လောက် သေဆုံးသွားတယ်လို့ ဆိုလိုတာပဲ..။နင်သိတဲ့အတိုင်း လူတွေက အနက်ရောင်မြို့တော်ထဲမှာ အချိန်တိုငိး သေနေကြတာလေ..။ရဲတိုက်က လုံခြုံတယ်လို့ ထင်ရပေမယ့် အမှန်တော့ အဲလိုမဟုတ်ဘူး..။ရက် သတ္တပတ် တိုင်းမှာ မုဆိုး အချို့က ပြန်လာနိုင်စွမ်း မရှိကြဘူးလေ..။ရက်သတ္တပတ် အချို့စီကြာတိုင်းမှာလဲ..အိပ်မက်ဆိုးသားရဲတွေက လာတိုက်ခိုက်လေ့ရှိပြီး..သူတို့ကို မောင်းထုတ်တာ ၊ သတ်ဖြတ်တာမလုပ်ခင် အစောင့်အနညိးငယ် အရင် သတ်ဖြတ်လေ့ရှိကြသေးတယ်.."

ကိုင် သက်ပြင်းချလိုက်ပြီး..

"ဒါပေမယ့် ဒီအရာတွေက မကြာခနဆိုသလိုပဲ..လူတွေကို လာပြီး ဆွဲခေါ်သွားတာတွေ ရှိတယ်..။ဒီနေရာမှာ ဆာလောင်လို့ သေတဲ့လူတွေ ၊ မျှော်လင့်ကျင့် ကင်းမဲ့ပြီးသေတဲ့လူတွေ ၊ဒါမှမဟုတ် တစ်ခြားလူတစ်ယောက်ယောက်လက်ထဲမှာ သေတဲ့လူတွေ တောင် မပါသေးဘူး..။ငါ..ငါက ဘာလို့ ဒီလိုတွေ လုပ်နေလဲ ဆိုတာ သိပြီမလား..။

ဆန်နီ မျက်နှာစူပုတ်နေပြီး..နားလည်မူတစ်ခုက သူ့ ဆှမှာ ဖြစ်ပေါ်လာခဲ့ပါတယ်..။သူ့ရဲ့ အမူအရာကြောငိ့ ကိုင်က..အဝေးကိုကြည့်လိုက်တယိ..။

"အမှန်ပဲ..။နှစ်တိုင်းမှာ..အနက်ရောင်မြို့တော်ထဲက လူ ရာနဲ့ချီပြီး သေနေကြတယ် .။ပြီးတော့ နှစိတိုင်းမှာပဲ သူတို့ရဲ့နေရာကို အစားထိုးဖို့ လူ ရာနဲ့ချီပြီး ထပ်ရောက်လာကြတယ်လေ..။ဒါပေမဲ့ ဆန်နီ...ဒီနှစိတော့ လေးယောက်တည်း ရှိတယ်..။ဒါက လေးရာ မဟုတ်ဘူးနော်..။လေးယောက်တည်းရယ်.."

သို့ပေမယိ့..သူ ဒါကို ဘာလို့ အရင်က မတွေ့မိတာလဲ..။ဆန်နီ ရဲ့ မျက်လုံးတွေက အနည်းငယ် ပြူးကျယ်သွားခဲ့ပါတယ်..။

အဲ့အချိန်မှာပဲ ကိုင်က ဆက်ပြောလိုက်တယ်..။

"ဒါက ရဲတိုက်အနေနဲ့ သူ့ရဲ့ ဆုံးရှုံးမူကို ပြန်အစားမထိုးနိုင်တော့ဘူးလို့ ဆိုလိုတာပဲ..။လူတွေပြောနေကြတဲ့ သီအိုရီတွေက မှန်နေရင် ဘယ်လိုလုပ်မလဲ..။အခုက နေစပြီး နောက်ငါးလ ဆောင်းယဥ်စွန်းတန်း ကျော်ရင် တူညီတဲ့အရာတွေက ဖြစ်ပြန်ဦးမှာလား.."

သူက နက်မှောင်တဲ့ အမူအရာနဲ့ ခေါင်းခါယမ်းလိုက်တယ်..။

"ဒါက အခုကနေ စပြီး နောကိတစ်နှစ်ဆိုရင် အနက်ရောင်မြို့တော်ထဲမှာ လူခြောက်ရာလောကိပဲ ကျန်တော့မယ်လို့ ဆိုလိုတာပဲ..။နောက်နှစ်နှစ်လောက်ကြာလို့ ရှိရင် လူ ဒါဇင်လောက်ပဲ ကျန်တော့မယ်..။ငါတို့အခု ရှိနေတဲ့လူနေမူ ဘဝကို ထိန်းသိမ်းဖို့ က လူတွေအများကြီးလိုမှာလေ ဆန်နီ..။ငါတို့..ပြန်လှည့်လို့ မရတဲ့ အမှတ်ကို ဖြတ်ပြီးတာနဲ့..အရာအားလုံး ပျက်ဆီးကြရလိမ့်မယ်.."

ချောမောတဲ့ လေးသည်တော်က သူ့ကို ကြည့်ပြီး လေးနက်တဲ့ အသံနဲ့ ထပ်ပြောလိုက်ပါတယ်..။

"ကိုယ်ခံပညာ မတတ်တဲ့ လူတိုင်းသေကြရလိမ့်မယ်..။လုံလောက်အောင် မသန်မာတဲ့လူတိုင်း သေကြရလိမ့်မယ်..။ပုံမှန်အားဖြင့်တော့..အသန်မာဆုံး အနည်းငယ်လောက်ပဲ ရှင်ကျန်ရစ်ခဲ့မှာ..။ဒီအနည်းငယ်ထဲမှာ ပါနိုင်ဖို့ ငါက လုံလောက်အောင် သန်မာရဲ့လား..။ငါတော့ မသေချာဘူး..။တကယ်လို့ သန်မာတယ်ဆိုရင်တောင် ဘယ်သူက အဲလို ဘဝမှာနေချင်တော့မှာလဲ.."

သူ ရှေ့မှာဦးဆောင်ပြီး လျောက်နေတဲ့ နစ်ဖီကို စိူက်ကြည့်လိုက်တယ်..။

"ဒီတော့ မဟုတ်ဘူး..ဆန်နီ..။ငါက ယုံကြည်လိုက်စားသူ မဟုတ်ဘူး..။ဒါပေမဲ့ ငါက မိန်းကလေးနစ်ဖီ နောက်ကနေလိုက်ပြီး..ဝင်္ကပါ အစွန်းကို သွားပြီး ပြန်လာမယ်..။ဘာလို့လဲဆိုတော့..မင်းရဲ့ ခေါင်းကို မြေကြီးထဲဝပ်ပြီး ပုန်းနေတာထက်..တစ်ခုခုကို ကြိုးစားရင်း သေရတာက ပိုကောင်းလို့ပဲ..။မင်းရော အဲလို မထင်ဘူးလား.."

ဒီလိုနဲ့ သူတို့ရဲ့ စကားစက ပြတ်သွားခဲ့တယ်..။ဆန်နီ တိတ်တဆိတ် လမ်းလျောက်ရင်း ကိူင် ပြောတာကို တွေးတော နေခဲ့ပါတယ်..။

တကယ်လို့ လေးသည်တော် ပြောတာသာ အမှန်ဆိုရင် ..အနာဂတ်က တကယ်ကို ဆိုးဆိုးဝါးဝါးပါပဲ..။ဒါပေါ့ ဆောငိးယဥ်စွန်းတန်းမှာ အိပ်စက်သူ ဘယ်နှစိယောက် ရောက်လာမလဲဆိုတာကတော့ ဘယ်သူမှ အတိအကျ မသိပေ..။သို့ပေမယ့် အခု သူတွေးကြည့်တဲ့ အခါကျမှ..လူတွေယုံကြည်နေကြတဲ့..လူသစ်ရောက်ရှိမူ စက်ဝန်းသဘာဝက အတော်လေးကို မှန်နိုင်ချေများပါတယ်..။

မေ့ပျောက်ကုန်းမြေပေါ်ကို ဒီငါးလ အတွင်း လူသစ်တွေ ထပ်ရောက်မလာဘူးဆိုတာကိုလည်း သူ ယုံကြည်ထားပါတယ်..။

သို့ပေမယ့် တစ်ခြားလူတွေ မျော်မှန်းကြသလိူ ..တစ်ဒါဇင်လာမယ် ၊ တစ်နှစ်ကြာရင် ဒါဇင်အနည်းငယ်လာမယ်၊ ပြီးရင် တစ်ရာ ခန့်လာမယ်ဆိုတာကတော့ သူ မယုံကြည်ပေ..။

အကြောင်းပြချက် တစ်ချို့ကြောင့်..အနက်ရောင်မြို့တော်ထဲကို ဘယ်သူမှ ထပ်မလာတော့ဘူးလို့

ဆန်နီ ခံစားနေခဲ့ရပါတယ်..။

သူတို့သုံးယောက်နဲ့ ကတ်စတာက အခိုက်အတန့် ကနေ ဒီငရဲကို ပို့လိုက်တဲ့ ..နောက်ဆုံးလူတွေပါပဲ..။

' အံ့ဩစရာပဲ..ဒီက လူတွေက ဘာဖြစ်နေကြတာလဲ.။ပထမဆုံး အယ်ဖီ နဲ့ သူမရဲ့ ခံယူချက်တွေ ..အခုတော့ဒီဟာ..။ငါကပဲ အရမ်းကို အဆိုးမြင်တဲ့လူတစ်ယောက်လို ဖြစ်နေပြီးပြီလေ..။အနာဂတ်ရဲ့ဆိုးဝါးမူတွေကို ခံစားရဖို့ ငါက ဘယ်သူ့ အကူအညီမှ မလိုအပ်ဘူး.."

သို့ပေမယ့် သူက တကယ် အကူညီလိုအပ်ခဲ့တာပါ..။ဒီ နှစ်ယောက်နဲ့ စကားစမြည် ပြောတာက ဆန်နီကို အမြင်ကျယ်စေခဲ့ပါတယ်..။

သူက အရမ်းကို အမြင်ကျဥ်းခဲ့တာပါ..။သူက လက်ရှိပြသနာကို အရမ်းအားရုံစိုက်ထားတာကြောင့်..ပိုကြီးမားတဲ့ အရာကို မမြင်နိုင်ခဲ့ပါဘူး..။ဒါကလည်း အယ်ဖီနဲ့ ကိုင် တို့က မေ့ပျောက်ကုန်းမြေမှာ နေထိုင်တာ ကြာနေပြီကြောင့် ဖြစ်နိုင်ပါတယ်..။ဒါမှမဟုတ်..သူက အသေးစိတ် အချက်အလက်ကို မမြင်နိုင်လောက်အောင် တုံးအနေလို့ပါ.."

သူသာ အမြင်ကျယ်ခဲ့ရင် အခြေအနေတွေ ပြောင်းလဲသွားမှာလား..

ဆန်နီက..နစ်ဖီကို ကြည့်နေတုန်းမှာပဲ..ကတ်စီက ရုတ်တရက် သူ ရှိတဲ့ ဘက်ကို လှည့်လာခဲ့ပါတယ်..။

ဆန်နီ မျက်မှောက်ကျုတ်လိုက်တယ်..။

"ဘာဖြစ်လို့လဲ.."

'သူမက ငါ့ကို တစ်ချိန်လုံး လျစ်လျူရူထားပြီး.

အခုမှ စကားပြောချင်လာတာလား..ဟမ်....'

မျက်မမြင် မိန်းကလေးဟာ ခနလောက်တွေဝေနေပြီးကာမှ..တီးတိုး ပြောလာခဲ့ပါတယ်..။

"...ငါတို့ နောက်ကို တစ်ခုခု လိုက်လာ နေတယ်.."

All Chapters