← Chapters

နောက်က လိုက်သူ

Vol. 13 Ch. 191

နောက်က လိုက်သူ

Vol. 13 Ch. 191

"တစ်ခုခုက ငါတို့ နောက်ကို လိုက်နေတယ်.."

ဆန်နီ မျကိမှောက်ကျုတ်လိုက်တယ်..။အချိန်ကို ဖြုန်းမနေတော့ပဲ..သူက ရှေ့ကို အမြန်လျောက်ကာ..နစ်ဖီ၊ ကတ်စတာ နဲ့ အယ်ဖီ တို့ကို အမှီလိုက်လိုက်ပါတယ်..။မုဆိုး မိန်းကလေးက..သူ့ကို သတိကြီးစွာကြည့်လိုက်ပြီး..

"နင့် အရိပ်က ရန်သူကို သတိထားမိလို့လား.."

အရိပ်က လက်ရှိအချိန်မှာ သူတို့အဖွဲ့ရဲ့ အရှေ့ မီတာ တစ်ရာကျော်မှာရောက်နေပြီး..အန္တရာယ်တွေကို လေ့လာနေခဲ့တာပါ..။

သူ ခေါင်းခါယမ်းလိုက်တယ်..။

"ကတ်စီ က ငါတို့နောက်ကို တစ်ယောက်ယောက် လိုက်လာနေတာကို ခံစားမိလို့..။ငါ့ရဲ့အရိပ်ကို ပြန်ခေါ်ပြီး အနောက်ဘက်ကို ပို့မှဖြစ်တော့မယ်..။သတိဝီရိယ နဲ့ နေကြ..."

အယ်ဖီ သူ့ကို ခေါင်းညိမ့်ပြလိုက်တယ်..။ဒါပေါ့..အဖွဲ့ရဲ့ လမ်းပြတစ်ယောက် အနေနဲ့ သူမက အမြဲတမ်း နိုးနိုးကြားကြားရှိပါတယ်..။သူက..သူမ အလုပ်လုပ်တာမှာ ချိန်ညှိလို့ ရအောင်သာ သတိပေးထားတာပါ..။

သူတို့ နှစ်ယောက်က ကောင်းကောင်းပူးပေါင်းနိုင်ကြတာကြောင့်..စကားလုံး အပိုတွေနဲ့ အချိန်ဖြုန်းနေဖို့ မလိုအပ်ပေ..။

ဆန်နီ အရိပ်ကို ပြန်ခေါ်လိုက်ပြီး..အဖွဲ့ရဲ့ အနောက်ကို ပြန်သွားနေလိုက်တယ်..။နောက်ကို ပြန် ရောက်တဲ့အချိန်မှာတော့..ပတ်ပတ်လည်ကို အာရုံစိုက်ထားပြီး..သူတို့မမြင်နိုင်တဲ့ အရာတစ်ခုခု ရှိနေလားဆိုတာကို အာရုံခံကြည့်လိုက်ပါတယ်..။

သို့ပေမယ့် ဘာမှ ရှိမနေခဲ့ပေ..။

သူ့ရဲ့ရှေ့မှာတော့..ကျန်တဲ့ အဖွဲ့သားတွေက တိတ်တဆိတ်ပဲ..အဆိုးဆုံး အခြေအနေကို ပြင်ဆင်ထားခဲ့ကြတယ်..။သူတို့ရဲ့ ရန်သူက ..သူတို့ သိနေတယ် ဆိုတာကို သတိမထားမိစေဖို့အတွက် ဘယ်သူမှ လက်နက်ကို မထုတ်ထားကြပါဘူး..။ဘယ်သူမှတောင် နောက်ကို လှည့်မကြည့်ကြပေ..။သို့ပေမယ့် သူတို့ရဲ့ ​ပြောင်းလဲလာတဲ့ ကြွက်သားတွေကို ကြည့်ချင်းအားဖြင့်..ဒီလူတွေက မုန်တိုင်းတစ်ခုကို အချိန်မရွေး ဖော်ထုတ်နိုင်ကြတယ် ဆိုတာကို ဆန်နီ သိထားပြီးသားပါ..။

ပြောင်းလဲနေတဲ့ကြယ်ပွင့် နဲ့ သူ့ရဲ့ အမဲလိုက်အဖွဲ့ရဲ့ ဂုဏ်သတင်းတွေက..အလကား ရထားတာ မဟုတ်ပေ..။

နောက်ဆုံးမှာတော့ အရိပ်ဟာ ပြန်ရောက်လာခဲ့တယ်..။အချိန်ကို တစ်စက္ကန့်တောင် မဖြုန်းပဲ..ဆန်နီဟာ ချက်ချင်း အနောက်ဘက်ကို သွားခိုင်းလိုက်ပါတယ်..။သူ့ရဲ့ အမြင်အာရုံ ကိုတော့..အရိပ်ရဲ့ အမြင် နဲ့ကိုယ်ပိုင် အမြင်ဆိုပြီး နှစ်ခု ပိုင်းခြားထားလိုက်တယ်..။

အရိပ်က အဝေးမှာ ရောက်နေတဲ့ အချိန်ဆိုရင် သူ့စိတ်က မလုံခြုံသလို ဖြစ်တဲ့ ခံစားချက်က ပိုပြီး မြင့်တက်လာခဲ့ပါတယ်..။ဆန်နီ သက်ပြင်းချလိုက်တယ်..။အခြေအနေအရ သူက အနောက်ဆုံးမှာ ရောက်နေတာကြောင့်..ဒီလို အခြေအနေမှာ တစ်ခုခု ဖြစ်လာရင် သူအရင်ဆုံး တိုကိခိုက်ခံရမှာပါ..။

'စိတ်အေးအေးထား..။အဖွဲ့ကို ဘယ်အရာက လိုက်လာလည်း ဆိုတာ မင်းမှ မသိသေးတာ..'

ခနကြာပြီးတဲ့ နောက်မှာတော့..အရိပ်ဟာ..ပျက်ဆီးနေတဲ့ အဆောက်အဦးတစ်ခုမှာ ပုန်းအောင်းရင်း သူတို့နောက်ကို လိုက်လာဖို့ ကျိန်းသေဖြတ်ရမယ့် လမ်းတစ်ခုကို စောင့်ကြည့်နေခဲ့တယ်..။ဆန်နီကတော့ ဘာမှ မသိတဲ့ပုံစံနဲ့ ဆက်ပြီး လမ်းလျောက်လာခဲ့ပါတယ်..။

စက္ကန့် အနည်းငယ် တိတ်ဆိတ်နေပြီး..နောက်ထပ် စက္ကန့် အနည်းငယ် ကုန်ဆုံးသွားခဲ့တယ်..။

'မင်း ဘယ်မှာလဲ..။မင်းက ဘာလဲ...'

နောက်က ဆန်းကျယ်စွာ လိုက်တာတဲ့ အရာပေါ်မူတည်ပြီး သူတို့ရဲ့ တုန့်ပြန်မူက ကွာခြားသွားမှာပါ..။တကယ်လို့ ဒါကသာ အိပ်မက်ဆိုးသားရဲ ဆိုရင်..သူတို့က တိုကိခိုက်တာဖြစ်ဖြစ်..ခြေရာဖျောက်တာဖြစ်ဖြစ် လုပ်ကြပါလိမ့်မယ်..။သို့ပေမယ့် လိုက်လာတဲ့ အရာက..ရှေးဟောင်းအပျက်အဆီးထဲက ထိပ်လန့်စရာ တည်ရှိမူ ဆိုရင်..အခြေအနေတွေက ကိုင်တွယ်ရ ခက်သွားမှာပါ..။

တစ်ခြား ဖြစ်နိုင်ချေလည်း ရှိနေပါသေးတယ်..။အဲဒါကတော့ သူတို့နောက်ကို လိုက်လာတာက သားရဲတွေ မဟုတ်ပဲ လူသားတွေ ဖြစ်နေမှာပါ..။ဂန်လောင်ကလည်း သူ့ရဲ့ မုဆိုးအဖွဲတွေကို..ပြောင်းလဲနေတဲ့ကြယ်ပွင့်တို့ အဖွဲ့ကို ရှင်းပစ်ဖို့ လွှတ်နိုင်ပါတယ်..။

ဒီလိုသာ ဆိုရင်တော့..အရိုးသားဆုံးပြောရရင် ဆန်နီ ဘာတွေဖြစ်မလဲဆိုတာ မသိတော့ပေ..။သို့ပေမယ့် သူတို့ရဲ့ လက်ရှိအင်အားနဲ့ဆိုရင်..ရန်သူက..အရေအတွက်များနေမယ် ဆိုရင်တောင် တောင့်ခံနိုင်မှာ အသေအချာပါပဲ..။

တစ်ခြားလူတွေလည်း..တူညီတဲ့ အတွေးပဲ ရှိကြမှာပါ..။

အချိန်အနည်းငယ် ကုန်ပြီးတဲ့ နောက်မှာတော့ အရိပ်က လှုပ်ရှားမူတစ်ချို့ကို သတိထားမိလိုက်တယ်..။တစ်စုံတစ်ယောက်က..သူ့ရဲ့ တည်ရှိမူကို ဖုံးကွယ်ဖို့တောင် မကြိုးစားပဲ..လမ်းအလယ်ကနေ လျောက်လာခဲ့တာပါ..။အစကတော့ ဒီအရာက ..အနက်ရောင်မြို့တော်ထဲမှာ ရှိတဲ့ တစ်ခုခုလို့ ထင်ထားခဲ့တာပါ..။ပုံရိပ်က လူသားတစ်ယောက်ပုံစံ ရှိပြီး ..ရိုးရှငိးတဲ့ အနက်ရောက် ဝတ်ရုံရှညိကို ဝတ်ဆင်ထားကာ..သူ့ရဲ့ ခြေတွေ လက်တွေကို ဖုံးအုပ်ထားခဲ့တယ်..။သို့ပေမယ့် အဲဒီအချိန်မှာပဲ...

ဆန်နီ ဟာ သူ့ရဲ့ နှလုံးသားတစ်ခုလုံးအေးစက်သွားသလို ခံစားလိုက်ရတယ်..။

သူက ဒီအသက်မဲ့နေတဲ့ မျက်လုံးတွေကို ကျိန်းသေ မှတ်မိပါတယ်..။ဒီ ပုန်းကွယ်ပြီး ဖြူဖျော့နေတဲ့ မျက်နှာက လူများစွာကို ထိပ်လန့်စေနေခဲ့တာပါ..။

... ဟာရု...။ဒါကတော့ ဟာရု ပါပဲ..။ဂျူဘိုင်ကို လက်ဗလာတဲ့ သတ်သွားခဲ့တဲ့ ရက်စက်တဲ့ လူသတ်သမားပါ..။ဂန်လောငိရဲ့ ..ရက်စက်တဲ့ အဆုံးသတ်သူ ဖြစ်သလို ၊ လျို့ဝှက်ဓား တစ်ချောင်းဆိုလည်း ဟုတ်ပါတယ်..။

ရဲတိုက်ထဲမှာ ဂျူဘိုင်ကို သတ်ခဲ့တဲ့ ပျင်းရိနေတဲ့ အမူအရာ အတိုင်းပဲ..ဟာရုက သူတို့နောက်ကို လိုက်လာနေခဲ့တယ်..။

ဂန်လောင်က..ပြောင်းလဲနေတဲ့ ကြယ်ပွင့်ကို သုတ်သင်ဖို့..မုဆိုးတွေ ဒါဇင်နဲ့ချီပြီး မလွှတ်ခဲ့ပေ..။အဲဒီအစား..သူက ဒီတိုင်း တစ်ယောက်တည်း လွှတ်ခဲ့ပါတယ်..။

ဆန်နီ ကျောချမ်းသွားခဲ့တယ်..။

'ချီးပဲ...ဘာလို့...ဘာလို့ ငါက သူ့ကို အရမ်း ကြောက်နေတာလဲ...'

သို့ပေမယ့် ဘာလို့လဲဆိုတာကို သူသိထားပြီးသားပါ..။ဘာလို့လဲဆိုတော့..သူ့ရဲ့ စိတ်အတွင်းပိုင်းထဲကနေ သူတို့နှစ်ယောက်က အတူတူပဲ ဆိုတာ သိနေလို့ပါပဲ..။ဟာရု ရဲ့ ..စရိုက်လက္ခဏာတွေလို ဖြစ်လာမှာက ဆန်နီ အကြောက်ဆုံးပါပဲ..။

သူ့ရဲ့ အကြောက်တရားတွေကို ကွယ်ပျောကိအောင် လုပ်ဖို့ကြိုးစားရင်း..ဆန်နီ အရှေ့ကိုလျောက်သွားကာ နစ်ဖီကိုကြည့်လိုက်တယ်..။ယင်းနောက် သူ..အက်ကွဲတဲ့ လေသံနဲ့ပြောလိုက်ပါတယ်..။

"ဒါက...ဒါက ခါးကုန်းကြီးပဲ..။သူက ငါတို့နောက်ကို လိုက်လာတာ.."

ရုတ်တရက် လေထုက..အေးစက်သွားခဲ့တယ်..။လှည့်ကြည့်နေစရာတောငိ မလိုပဲ လူတိုင်းရဲ့ မျကိနှာတွေက နက်မှောင်သွားတာကို ဆန်နီ သိနေခဲ့ပါတယ်..။

ဟာရုက ဆန်းကျယ်တဲ့လူတစ်ယောက်ပါ..။သူ့ရဲ့ အားနည်းချက်ကို မပြောနဲ့ ..သူ့ရဲ့ စွမ်းရည်ကိုတောင် ဘယ်သူမှ မသိကြပါဘူး..။ဒီလူအကြောင်းသိထားတာ ဆိုလို့ သူက အရမ်းကို သန်မာပြီး ..သူ့ရဲ့သားကောင်တွေ တစ်ယောက်မှ မသက်မရှင်ကြဘူး ဆိုတာပဲ သိထားခဲ့ကြတာပါ..။

နစ်ဖီ မျကိမှောင်ကျုတ်လိုက်တယ်..။

"သူက တစ်ယောက်တည်းလား.."

ဆန်နီ ခေါင်းညိမ့်လိုက်ပြီး..

"ဟုတ်တယ်.."

ညဘက်မှာ ရှိနေတဲ့ ကတ်စတာက နှာခေါင်းရှုတ်ကာ ပြောလာခဲ့ပါတယ်..။

"ငါတို့ ခြောက်ယောက်အတွက် သူ တစ်ယောက်တည်း ပို့ရလောက်အောင် ဂန်လောင် က ဘာတွေ တွေးနေတာလဲ.."

သို့ပေမယ့် နစ်ဖီကတော့ သူ့လို အထင်မသေးခဲ့ပေ..။သူမက အယ်ဖီ ဘက်ကို လှည့်ပြီး ကြည့်လိုက်တယ်..။သူမ ရဲ့ မျက်နှာပေါ်မှာ အပြုံးတစ်ခု ရှိနေခဲ့ပြီး..

"နင် ဘယ်လိုထင်လဲ.."

မုဆိုး မိန်းကလေးက ခနလောက် တွေဝေနေခဲ့ပါတယ်..။ယင်းနောက် သူမက သေချာစဥ်းစားကာ ပြောလိုက်တယ်..။

"ငါကတော့ ထွက်ပြေးသင့်တယ်လို့ ထင်တာပဲ.."

ကတ်စတာ ဝင်ပြောလိုက်တယ်..။

"ပြေးမှာလား..။ဘာလို့လဲ..။သေချာတာကတော့..

ဟာရု ဘယ်လောက်ပဲ သန်မာပါစေ..ငါတို့ အနိုင်ယူနိုင်တယ်..။ငါတို့ထဲက ဘယ်သူကမှလည်း အားနည်းမနေဘူး..။ငါတို့ သူ့ကို တစ်ယောက်ချင်း အနိုင်မယူနိုင်ဘူး ဆိုရင်တောင်..."

အယ်ဖီ ခေါင်းခါယမ်းလိုက်ပြီး..

"နင်က ပြောတာ နားမလည်ဘူးပဲ..။ငါတို့က ဟာရု နဲ့ တိုကိခိုက်လို့ မရဘူး..။ဘယ်သူမှ လည်း မရဘူး..။လူတွေ အများကြီးက ကြိုးစားခဲ့ပေမယ့် အကုန် သေခဲ့ကြတယ်.."

သူမက အံကိုကြိတ်ထားခဲ့ပြီး..

"သူက လူသားအရည်ခွံ ခြုံထားတဲ့ သားရဲပဲ ကတ်စတာ..။သူက အရမ်းကို သန်မာတယ်..။ဒါပေမဲ့ ဒါက ပြသနာ မဟုတ်သေးဘူး..။ပြသနာက သူ့ရဲ့ စွမ်းရည်က ဘာလဲဆိုတာ ဘယ်သူမှ မသိတာပဲ..။ငါတို့သိတာဆိုလို့..ဟာရုက မင်းဆီကို လာမယ်ဆိုရင်..မင်း သေရလိမ့်မယ် ဆိုတာပဲ..."!

သူမ သက်ပြင်းချလိုက်တယ်..။

"ဂန်လောင်က ဟာရုကို လွတ်လိုက်တဲ့ အချိန်မှာ လူအများကြီးက တောင့်ခံဖို့ကြိုးစားတာကို ငါ တွေ့ခဲ့ဖူးတယ်..။သန်မာတဲ့လူတွေ ၊ အားနည်းတဲ့လူတွေ အစုံပဲ..။တစ်ချို့တွေက သူ့ကို တစ်ယောက်တည်း တိုက်ခိုက်ဖို့ကြိုးစားသလို ၊ တစ်ချို့က အကြောက်အလန့်တဲ့ ကင်းမဲ့တဲ့လူတွေကို အဖွဲ့ဖွဲ့ပြီး ရင်ဆိုင်ဖို့ ကြိုးစားခဲ့ကြတယ်..။နောက်တစ်နေ့ မနက်ရောက်ရင် တော့ သူတို့အားလုံးက သေကြရတာပဲ..။သူတို့ ဘယ်လောက်ပဲ သန်မာပါစေ၊ လူအရေအတွက် ဘယ်လောက် ရှိနေပါစေ..ဘယ်သူမှ မရှင်သန်နိုင်ခဲ့ကြဘူး..။အားလုံးက..သွေးအိုင်တွေ ၊ အလောင်းကောင်တွေ အဖြစ် အဆုံးသတ်ရတာ ချည်းပဲ.."

All Chapters