မီးပြတိုက်
Vol. 13 Ch. 192
သူတို့ အဖွဲ့ကြားထဲမှာ တိတ်ဆိတ်မူက ကြီးစိုးနေပြီး..အယ်ဖီ ရဲ့ မျက်နှာကတော့ ရှုတ်မဲ့နေခဲ့တယ်..။
"အထူးဆန်းဆုံး အပိုင်းက..သူ ရောက်လာတာ၊ ပြန်သွားတာကို ဘယ်သူမှ မမြင်ဖူးတာပဲ..။ဟာရုကို အပြင်ဘက် ရပ်ကွက်ဆီ လွှတိလိုက်တဲ့ အချိန်တိုင်း နောက်တစ်နေ့ မနက်မှာ အလောင်းတွေ တွေ့ရတာကိုပဲ ငါတို့ သိခဲ့ကြရတယ်..။တံခါးတွေ ၊ လော့ခ်တွေ နဲ့ အကာအကွယ် တွေကလည်း..သူ့ကို မတားဆီးနိုင်ဘူး..။ဟာရုကို မင်းကို သတ်ဖို့ အမိန့်ပေးလိုက်တာနဲ့ မင်းက သေရတာပဲ..။ဒါက ကံတရားက မင်းကို စွန့်ပစ်လိုက်သလိုကို ဖြစိနေတာလေ.."
ကတ်စတာ မျက်မှောင်ကျုတ်လိုက်ပြီး..
"ဒီတော့ နင်က ငါတို့မှာ အခွင့်အရေးတောင် မရှိဘူးလိူ့ ပြောနေတာပေါ့.."
မုဆိုး မိန်းကလေးက ခေါငိးခါယမ်းလိုက်တယ်..။
"ငါ ပြောချင်တာက..အခုချိန်မှာ သူ့ကို တိုက်ခိုက်တာက တုံးအတဲ့ အလုပ်ပဲလို့ ပြောချင်တာ..။သူက သူ့ရဲ့သားကောင်တွေကို ဘယ်လိုတိုက်ခိုက်နေတာလဲ ဆိုတာကို ငါတို့ မလေ့လာရသေးဘူးဆိုရင်တော့ အရေအတွက် ဘယ်လောက်ပဲ များနေပါစေ..ဒါက အသုံးမဝင်ဘူးလေ.."
ဒီလို ပြောပြီးတာနဲ့..သူမက နစ်ဖီကိုကြည့်လိုက်တယ်..။နစ်ဖီက အနည်းငယ် တွေဝေနေခဲ့ပြီးမှ ခေါင်းခါယမ်းလိုက်ပါတယ်..။
"ရဲတိုက်ထဲက ငါတို့ မိတ်ဆွေကလည်း ဒါကို မသိဘူး"
အယ်ဖီ ပြုံးလိုက်ပြီး..
"အာ..ဒီတော့..နင့်ရဲ့ ဆန်းကျယ်တဲ့ မိတ်ဆွေကလည်း အကုန် သိနေတာ မဟုတ်ဘူးပေါ့..။ကောင်းပြီ..ဒီလိုဆိုရင်တော့ ငါ့ အကြံက အမှန်ဆုံးပဲ..။ငါတို့ ပြေးသင့်တယ်.."
အဲ့အချိန်မှာပဲ..ဆန်နီဟာ နောကိဆုံးမှာ ဝင်ပြောလာခဲ့ပါတယ်..။
"ဒါပေမဲ့ , အယ်ဖီ...ငါတို့က သူ့လက်ကနေ ပြေးလို့ လွတ်နိုင်လို့လား.."
သူမ ရဲ့ မျက်နှာပေါ်က အပြုံးက ပျောက်ကွယ်သွားခဲ့ပါတယ်..။ရုတ်တရက် သူမက အနည်းငယ် တွေဝေနေပြီးကာမှ ပြောလိုက်တယ်..။
"ငါ လမ်းတစ်ခုတော့ သိထားတယ်..။ဒါပေမယ့်..အဲတာက အန္တရာယ်များလိမ့်မယ်..။အရမ်းကို အန္တရာယ်များတယ်..။ဒါပေမဲ့ သူ့ကို သဲလွန်စဖျောက်ဖို့ တစ်ခြားနည်းလမ်းကိုလည်း..ငါ မသိဘူး..။ဒီတော့ မင်းပဲ ဆုံးဖြတ်ပါ မင်းသမီးလေး.."
.
နစ် က အတော်ကြာအောင် တိတ်ဆိတ်နေပြီးကာမှ ရိုးရှင်းစွာ ခေါင်းညိမ့်လိုက်ပါတယ်..။
"ငါတို့က ဟာရု နဲ့ နောက်မှ တွေ့ကြတာပေါ့..။အခုတော့ ငါတို့အဖွဲ့ အနားယူမယ့် နေရာကို ရောက်ဖို့က
ပထမဦးစားပေးပဲ.."
မုဆိုးမိန်းကလေးဟာ ဒါကိုကြားပြီး စိတ်သက်သာရာ ရလုနီးပါး..သက်ပြင်းချလိုကိပါတယ်..။ယင်းနောက် သူမ ပြောလိုက်တယ်..။
"ဒါဆိုရင်လည်း..ငါ့နောက်လိုက်ခဲ့ကြပါ..။ပြီးတော့ ကိုယ့်ကိုကို ပြင်ဆင်ထားကြ.."
***
သူတို့ရဲ့ ဆွေးနွေးမူ အပြီးမှာတော့..အယ်ဖီဟာ အနည်းငယ် လမ်းကြောင်းပြောင်းလိုက်တယ်..။တောင်ဘက်ကို တည့်တည့် သွားရမယ့် အစား..သူတို့က ရှေးဟောင်းမြို့ကို ဖြတ်ပြီး အရှေ့ဘက် နယ်စပ်ကို သွားနေခဲ့ပါတယ်..။
အပျက်အစီးတွေရဲ့ ဒီဘက်အပိုင်းနဲ့တော့ ဆန်နီ သိပ်ပြီး မရင်းနှီးလှပါဘူး..။လွန်ခဲ့တဲ့ လပိုင်း အနည်းငယ်တုန်းက..သူက ..ရဲတိုကိရဲ့ မြောက်ဘက်မှာသာ နေခဲ့ပြီး..တစ်ခါတစ်လေ..အရှေ့မြောက်ဘက်ကို လျောက်သွားလေ့ရှိပါတယ်..။ကြက်သွေးရောင် ထိပ်ဖျားကြီးနဲ့ နီးနေတာကြောင့် သူက အနောက်ဘက် နယ်မြေတွေနဲ့တော့ ဝေးဝေးမှာ နေခဲ့တယ်..။သူ့ရဲ့ ဘုရားကျောငိးနဲ့ အတော်လေး အလှမ်းဝေးနေတဲ့ တောင်ဘက် ပိုင်းကို လည်း သူ သွားလေ့မရှိပါဘူး..။
သူ ဒီဘက်ကို နောကိဆုံးတစ်ကြိမ် ရောက်ခဲ့တုန်းက..ဆူးချွန်တမန် နဲ့ တိုက်ခိုက်ခဲ့ရတဲ့ အချိန်တုန်းကပါ..။အရင်တုန်းက..သူတို့က..အနက်ရောင်မြို့တော်ကြီးရဲ့ မြို့ရိုးတွေ အနားက အပျက်စီး တွေဘက်ကို ဦးတည်လာခဲ့ကြတာပါ..။
အခုလည်း ပတ်ဝန်းကျင်ကို လေ့လာဖို့အတွက် သူ့မှာ အချိန်မရှိပေ..။အချိန်တော်တော်များများကို..နောက်က လိုက်လာတဲ့ ဟာရု အပေါ်မှာပဲ အာရုံစိုက်နေခဲ့ရတာပါ..။
သူ ဒီ ခါးကုန်းကြီးကို စောင့်ကြည့်နေရတာကို လုံးဝ သဘောမကျမိပေ..။
'
'မင်းဘာလို့ ကျရှုံးမူ အဆင့် သားရဲ အချို့ နဲ့ သွားတိုက်ခိုက်ပြီး မသေ ရတာလဲ..ခွေးသား..'
သို့ပေမယ့် ဟာရု ပုံစံကလည်း..အယ်ဖီလိုပဲ..အပျက်အစီးတော ကို ကောင်းကောင်းသိနေတဲ့ ပုံပါပဲ..။သူက ပြောင်းလဲနေတဲ့ကြယ်ပွင့် တို့ရဲ့ မုဆိုးအဖွဲ့နောက်ကို လိုက်ရင်း..ဆိုးဝါးတဲ့ သားရဲတွေ ရှိတဲ့နေရာတွေကို ရှောင်ကွင်းသွားလာနေခဲ့ပါတယ်..။တစ်နေရာအရောက်မှာတော့ သွေးမိစ္ဆာ တစ်ကောင်က..သူ့ကို အရိပ်ထဲကနေ ရုတ်တရက် ဝင်ရောက် တိုက်ခိုက်လာခဲ့တယိ..။ဂန်လောင် ရဲ့ နောက်လိုက်ဟာ..လက်တစ်ဖက် မြှောက်ကာ ထိုးလိုက်ပြီး..သွေးမိစ္ဆာကို ချက်ချင်း အဆုံးသတ်ပေးလိုက်ပါတယ်..။
သူက မျက်တောင် တောင်မခတ်ပေ..။
'ဘာများ ခဲယဥ်းလို့လဲ..။ငါ..ငါလည်း ဒီ သားရဲတွေ အများကြီး သတ်ခဲ့တာပဲ..'
သို့ပေမယ့် ဒီ ခါးကုန်းကြီး က အတော်လေးကို သန်မာတယ် ဆိုတာကိုတော့ ဆန်နီ ဝန်ခံရမှာပါ..။နောက်ဆုံးမှာ သူတို့နှစ်ယောကိထဲက တစ်ယောက်ပဲ ရှငိကျန်ရစ် မယ် ဆိုတာကတော့ အသေအချာပါပဲ..။
ပြီးတော့ ဘယ်တစ်ယောက်လဲ ဆိုတာကို သူ သေချာမသိပေ..။
မကြာခင်မှာပဲ သူတို့က ..ကြီးမားတဲ့ မြို့ရိုးကြီးအနားကို ရောက်လာခဲ့ကြတယ်..။သိပ်မဝေးတဲ့ နေရာမှာတော့ ပြိုကျပျက်စီး နေတဲ့ တာဝါကြီးရဲ့ အကြွင်းအကျန် တွေက..အထဲကို ဝင်ရောက်နေခဲ့ပါတယ်..။လွန်ခဲ့တဲ့ နှစိထောင်ပေါင်းများစွာ လောက်ကတာဝါကြီး ပြိုကျတဲ့ နေရာမှာ ရှိနေတဲ့ အဆောကိအဦး တွေကတော့ ပျက်ဆီးပြီး..ဖုန်တွေ အဖြစ်ပြောင်းလဲနေခဲ့ပါပြီ..။
ရှေးဟောင်း မီးပြတိုက်က တစ်ချိန်တုန်းကတော့ ခမ်းနားပြီး ဂုဏ်ယူစရာ ဖြစ်နေခဲ့မှာပါ..။ဒီအရာက ကျိန်စာသင့် ညရဲ့ အမှောင်ထုထဲမှာ ..တောက်ပနေပြီးရှေးဟောင်းမြို့တော်ထဲက လူတွေရဲ့ ရန်လိုတဲ့ တုန့်ပြန်မူ အတွက် သင်္ကေတ တောင်ဖြစ်နေနိုင်ပါတယ်..။သိို့ပေမယ့် ဒီအရာက အချိန်အတော်ကြာကတည်းက ..သူ့ကို တည်ဆောက်ခဲ့တဲ့လူတွေလို ပျက်ဆီးသွားခဲ့ပြီးပါပြီ..။
အနည်းဆုံးတော့ ဒီအရာက အပျက်အစီးတွေ ကျန်နေပါသေးတယ်..။အနက်ရောင်မြို့တော် ထဲက ရှေးခေတ် နေထိုင်သူတွေကတော့..အလောင်းကောင်တောင် မကျန်ရစ် နေပဲ..ပျောက်ကွယ်သွားခဲ့ကြတာပါ..။
ဆန်နီ သက်ပြင်းချလိုက်ပြီး..
"အခု ဘယ်ကို သွားမှာလဲ.."
အယ်ဖီက ကြီးမားတဲ့ အပျက်အစီးကြီးကို လက်ညိုးထိုးပြလိုက်တယ်..။
"အထဲကို.."
သူတို့က လတ်တလောမှာ..ပျက်စီးနေတဲ့ တာဝါကြီးဘေးနားက အဆောက်အဦးတစ်ခု နားမှာ နေနေခဲ့ကြတာပါ..။ဒီ နားဝန်းကျင်မှာက မွန်းစတား တွေ အရမ်းကို ပေါများပြီး..သူတို့ရဲ့အာရုံစိုက်မူကိုသာ ရသွားရင် ..တစ်ဖွဲ့လုံးပြသနာ များသွားနိုင်ပါတယ်..။
"နင့်ရဲ့ အရိပ်ကို ပြန်ခေါ်ပြီး အနားမှာထားလိုက်တော့..။ငါတို့ မီးပြတိုက်ထဲကို ဝင်ရင်..ခပ်မြန်မြန် လှုပ်ရှားမှ ရလိမ့်မယ်.."
စိတ်သက်သာရာရ စွာပဲ ဆန်နီက သူပြောသလို လုပ်လိုက်တယ်..။ဟာရု ကို ထပ်ပြီး စောင့်ကြည့်နေစရာ မလိုတော့တာကလည်း..ဝမ်းသာစရာ ကိစ္စပါပဲ..။
သူတို့ခြောက်ယောက်က..မြေကြီးမှာ ဝပ်နေရင်းကနေ..ပျက်ဆီးနေတဲ့ မီးပြတိုက်ဆီကို ဦးတည်လိုက်ကြတယ်..။အချိန်ထပ်ဖြုန်းမနေတော့ပဲ..သူတို့က..နံရံတစ်ခုကိုတွေ့ကာ အပေါ်တက်ပြီး အထဲဝင်လိုက်ကြပါတယ်..။
အယ်ဖီက သူမရဲ့ အလင်းရောင် မှတ်သားမူကို ထုတ်ကာ..အပျက်အစီးတွေကြားထဲမှာ မြင်ရအောင် လုပ်လိုက်တယ်..။ဒီအရာက အတွင်းထဲကို ပြိုလဲနေတာကြောင့်..သူတို့က ..လှိုဏ်ဂေါင်းတစ်ခုထဲ ရောက်နေသလို ဖြစ်နေခဲ့ပါတယ်..။
အယ်ဖီက ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး..သူတို့ကို အထဲဆီကို ခေါ်သွားခဲ့တယ်..။လမ်းလျောက်နေတုန်းမှာပဲ..သူမ စတင် စကားပြောလာခဲ့ပါတယ်..။
"ငါပြောတာကို သေချာနားထောင်ပြီး ငါ ပြောသလို လုပ်ကြ..။ငါတို့ အထဲကို ရောက်သွားတာနဲ့ လူစု မကွဲစေနဲ့..။အတူတူနေပြီး လက်နက်တွေကို လက်မှာကိုင်ထားရမယ်..။ဒီနေရာက အိပ်မက်ဆိုးသားရဲတွေနဲ့ပြည့်နေတဲ့ နေရာပဲ..။သူတို့က ..အရမ်း မသန်မာပေမယ့်..အတော်လေး ထူးခြားကြတယ်.."
သူမ နှုတ်ခမ်းကို ကိုက်ထားပြီး..
"သူတို့ကို သတ်ဖို့ မကြိုးစားနဲ့..။ကိုယ့်ကိုကိုသာ ကာကွယ်ပြီး ရှေ့ဆက်ကြ..။တကယ်လို့ နင်တို့ ရပ်တန့်လိုက်တယ် ဆိုရင် သေရလိမ့်မယ်..။နှေးကွေးနေပြီး..သူတို့ ဝန်းရံတာ ခံရမယ် ဆိုရင်လည်း ရလာဒ်က အတူတူပဲ..။ဒါပေမဲ့ ငါတို့က ဝင်္ကပါ အတိုင်း အတူတူနေပြီး ထိန်းသိမ်းထားနိုင်တယ် ဆိုရင် အသက်ရှင်နိုင်လိမ့်မယ်....လို့တော့ မျှော်လင့်ရတာပဲ.."
'မျှော်လင့်တယ်လား..။မျှော်လင့်ရတာပဲ ဆိုတာ ဘာကို ဆိုလိုတာလဲ..'
ဆန်နီ ဒေါသ ထွက်ပြီး ထုတ်မပြောခင်မှာပဲ သူတို့က ဦးတည်ချက်ကို ရောက်လာခဲ့တယ်..။
သူ့ရဲ့ ရှေ့မှာတော့..ဥမှင်ရဲ့ ကြမ်းပြင်က ကျိုးပျက်နေပြီး ..ကျဥ်းမြောင်းတဲ့ အက်ကွဲကြောင်းတစ်ခုဖြစ်နေခဲ့ပါတယ်..။ဒီအရာက..အတွင်းနက်နက်အထိ အတော်လေးကို မှောင်မဲ နေခဲ့တာပါ..။သူ ဘယ်လောက်ပဲ ကြိုးစားကြည့်ကြည့်..အောက်ခြေကို မမြင်ရပေ..။
မုဆိုး မိန်းကလေးက သူ့ကိုကြည့်လိုက်ပြီး..
"နင်ဘာကို စောင့်နေတာလဲ..ငတုံး..။ခုန်လေ.."
ဆန်နီ တံတွေးမျိုချလိုက်တယ်..။
"နင်က ငါ့ကို ဒီအထဲကို ခုန်ချခိုင်းနေတာလား.."
သူ့ရဲ့ ဘေးနားမှာတော့ ကိုင် က သက်ပြင်းချလိုက်ပြီး သူ့ရဲ့ သန့်ရှင်းနေတဲ့ အကာအကွယိကို ကြည့်လိုကိတယ်..။သူ့ရဲ့ ချောမောတဲ့ မျက်နှာပေါ်မှာ ဝမ်းနည်းတဲ့အရိပ်အယောင်တွေ သိသိသာသာ ပေါ်လာခဲ့ပါတယ်..။
"အိုး..ကောင်းပြီလေ..။ငါတို့ ဒီအခြေအနေနဲ့ကြုံတွေ ရပြန်ပြီ..."