← Chapters

ဥမင် လှိုဏ်ခေါင်း

Vol. 13 Ch. 193

ဥမင် လှိုဏ်ခေါင်း

Vol. 13 Ch. 193

အချိန်ကို ထပ်ဖြုန်းမနေတော့ပဲ..နစ်ဖီဟာ အက်ကွဲကြောင်းထဲကို တိတ်တဆိတ် ခုန်ဝင်လိုက်တယ်..။သူမ မခုန်ခင်မှာတော့..သူမရဲ့ မျက်လုံးထဲမှာ အဖြူရောင် မီးတောက်လေးတွေ တောက်ပသွားခဲ့ပါတယ်..။အမှောင်ထုက..အမည်မသိ သားရဲကြီးတစ်ကောင်လိုပဲ သူမကို ဝါးမြိုသွားခဲ့တယ်..။

'ချီးပဲ..'

ဆန်နီဟာ စိတ်ပျက်တဲ့ အမူအရာနဲ့ ရှေ့ကို ခြေတစ်လှမ်းတိုးလိုက်တယ်..။သို့ပေမယ့် သူက အက်ကွဲကြောင်းနား မရောက်ခင်မှာပဲ ကတ်စတာက..သူ့လမ်းကြောင်းကို ရှေ့က ဖြတ်သွားခဲ့ပါတယ်..။ခနအကြာမှာတော့..ဂုဏ်ယူရတဲ့ ဆက်ခံသူပါ ပျောက်ကွယ်သွားခဲ့တယ်..။

ဆန်နီ ခနလောက် စဥ်းစားလိုက်ပြီးမှ သူ့ရဲ့ နောက်ကိုကြည့်လိုက်တယ်..။ကတ်စီ က အကူအညီ လိုအပ်လား ဆိုတာကို သူ စစ်ဆေးကြည့်ချင်ခဲ့ပေမယ့်..သူ စိုးရိမ်စရာ မလိုတော့ပါဘူး..။ကိုင် က သူမရဲ့ လက်မောင်းတွေကို တွဲထားပြီးနေပါပြီ..။

ချောမောတဲ့ လေးသည်တော့က..လေပေါ်ကို ​ဖြည်းညှင်းစွာ ပျံတက်ပြီးကာမှ အမှောင်ထု ထဲကို ဝင်ရောက်သွားခဲ့တယ်..။ဆန်နီ အကြိမ်အနည်းငယ် မျကိ

တောင်ခတ်လိုက်ပြီးမှ ခေါင်းခါယမ်းလိုက်တယ်..။

'ကြွားနေတာပဲ..'

'

အယ်ဖီလည်း..သူမရဲ့ အလင်းရောင်ထွက်တဲ့ မှတ်သားမူ နဲ့အတူ နောက်ကနေ လိုက်သွားခဲ့တယ်..။အမှောင်ထုထဲမှာ တစ်ယောက်တည်းသာ ကျန်တော့တာကြောင့် ဆန်နီ ကြက်သီးထလာခဲ့ပြီး..သူ့ခန္တကိုယ်ကို အရိပ်နဲ့ ရစ်ပတ်ကာ..ခုန်ဆင်းလိုက်ပါတယ်..။

သူ စက္ကန့်အနည်းငယ်လောက် လေပေါ်မှာ ရှိနေပြီးမှာ မာကျောတဲ့ ကြမ်းပြင်တစ်ခုပေါ်ကို ကျရောက်သွားခဲ့တယ်..။ဒီသက်ရောက်မူက..သူ့အရိုးတွေကို နာကျင်မူ အနည်းငယ် ဖြစ်ပေါ်စေခဲ့ပါတယ်..။သူ့ရဲ့ နံရံတွေကို..ရာသီဥတုဒဏ်ခံနိုင်တဲ့ ကျောက်တုံးတွေနဲ့..လူသားတွေကိုယ်တိုင် လုပ်ထားတယ်ဆိုတာ သိသာပါတယ်..။

နစ်ဖီ က သူမရဲ့ ငွေရောင် ဓားရှညိကို ထုတ်လိုက်တယ်..။ဥမင်က လုံလောက်မကျယ်တဲ့ အတွက် သူမက ဒီ ဓားကို..လွတ်လွတ်လပ်လပ်..အသုံးမချနိုင်ပဲ လက်နှစ်ဖက်နဲ့သာ ဆုပ်ကိုင်ထားရပါတယ်..။

ကတ်စတာလည်း သူ့ရဲ့ ဓားကို ထုတ်လိုက်တယ်..။သို့ပေမယ့် ..သူ့ရဲ့ ဓားက အစင်းကြောင်းတွေ ပုံစံဖော်ထားခဲ့ပြီး အတော်လေး ထည်ဝါလှပါတယ်..။ကျောက်စိမ်း လက်ကိုင်ရိုးမှာလည်း..တြိဂံ ပုံးစံကို ထွင်းထု ထားပါသေးတယ်..။ဒီ မှတ်သားမူရဲ့ အဆင့်ကို ဆန်နီ မသိပေမယ့် ဒါက အတော်လေး သန်မာမယ် ဆိုတာကတော့ သေချာပါတယ်..။သူက ဒီဓားနဲ့ အသားတွေ ၊ အရိုးတွေ ၊ စတီးတွေကို အကြိမ်များစွာ ပိုင်းဖြတ်တာ မြင်ဖူးပြီးသားပါ..။

အယ်ဖီ က သူမရဲ့ ကြီးမားတဲ့ အဝိုင်းပုံစံ ဒိုင်းကာကြီးကို ထုတ်လိုက်ပေမယ့် ရှေးဟောင်းလှံရှညိကိုတော့ မထုတ်ယူခဲ့ပေ..။ဒီလို ကျဥ်းမြောင်းတဲ့ နေရာမျိုးမှာတောင် သူမက ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုနိုင်နေတာကြောင့်..ဒိုင်းကာ နဲ့တင် အတော်လေး အလုပ်ဖြစ်နေခဲ့ပါပြီ..။အထူးသဖြင့်.သူမရဲ့ သန်မာလှတဲ့ ခွန်အားကို ထည့်တွက်ရမှာပါ..။

ကိုင်က အတော် မျက်နှာပျက်နေခဲ့တယ်..။သူ့ကျော်ပေါ်မှာ ရှိနေတဲ့ မြားကျည်ထဲက မြားတွေကို ကြည့်ကာ သက်ပြင်းချပြီး လက်တစ်ဖက်ကို ဆန့်တန်းလိုက်ပါတယ်..။လေးတစ်စင်း အစား..ထည့်ဝါလှတဲ့ ဓားတစ်ချောင်း ပေါိလာခဲ့တယ်..။ဓားသွားမှာ ထွင်းထု ထားတဲ့ ..အလှအပတွေက မီးရောင်အောက်မှာ အလင်းပြန်နေခဲ့ပါတယ်..။

ကတ်စီကတော့ လက်နက်ကို ထုတ်ယူတဲ့ နောက်ဆုံးတစ်ယောက်ပါ..။မထင်မှတ်ထားစွာပဲ..သူမက ခါးပတ်မှာ ချိတ်ဆွဲထားတဲ့ ဓားရှည်ကို ထုတ်ယူလိုက်ပါတယ်..။အံ့ဩဖို့ကောင်းတာက..ဓားရှည်က အောက်မှာ ရှိမနေပဲ လေပေါ်မှာ ဝဲပျံနေခဲ့တယ်..။ဒါကမျကိမမြင် မိန်းကလေးကို မမြင်ရတဲ့ ကြိုးတစ်ချောင်းနဲ့ ဆက်နွယ်ထားသလိုပါပဲ..။

ယင်းနောက် ဒါက အနည်းငယ်လည်ပတ်ပြီး သူမရဲ့ ရှေ့ကို ရောက်လာခဲ့တယ်..။သူ့ရဲ့ ဓားဦးကတော့

ဆန်နီ ရှိတဲ့နေရာကို တည့်တည့် ဦးတည်နေခဲ့ပါတယ်..။

"အာ...ဘာလဲဟ..."

ကတ်စီ ပြုံးလိုက်ပြီး..သူ့ဘက်ကို ခေါင်းလှည့်လိုက်တယ်..။

"အာ..ကျေးဇူးပြုပြီး တိတ်တဆိတ် ကခုန်သူကို ခွင့်လွတ်ပေးပါ..။သူမက..တစိမ်းတွေ ရှိနေရင် ရှကိရွံ့တတ်တယ်လေ.."

ဆန်နီ သူ့ ခေါင်းကို ကုတ်လိုက်တယ်..။သူ စိတ်ရှုတ်နေတာကို ခံစားမိတဲ့အလား ကတ်စီက ရှငိးပြလိုက်ပါတယ်..။

"ကခုန်သူ က ထပ်တူညီမူဖြစ်ပြီး..ငါ့ရဲ့ ပါတနာ ဆိုလည်း ဟုတ်တယ်လေ..။ငါတို့က အတူတူ အလုပ်လုပ်ကြတာ.."

သူမရဲ့ စကားလုံးတွေကို ပြန်ဖြေလိုက်တဲ့ အလား..ဓားပျံ လေးက မျက်မမြင်မိန်းကလေးရဲ့ ပတ်လည်မှာ ဝဲပျံလိုက်ပြီးမှ ရှေ့ကို ပြန်ရောက်လာခဲ့တယ်..။...အစောကအတိုင်းပဲ..သူ့ရဲ့ ဓားဦးက ဆန်နီ ဆီကို ချိန်ရွယ်နေတာက အတော်လေးကို မသက်မသာ ဖြစ်စေပါတယ်..။

"အာ..ဟုတ်သားပဲ.."

သူတို့ရဲ့ စကားပြောဆိုမူက အယ်ဖီက ကြားဖြတ်ဝင်လာခဲ့ပါတယ်..။

"ဟေး..ဆန်နီ..အခုချိန်က နင့်ရဲ့ကောင်မလေးကို ပူးပေါင်းခိုင်းဖို့ အချိန်ကောင်းပဲနော်.."

ကျန်တဲ့ အဖွဲ့သားတွေက သူတို့ကို နားမလည်စွာကြည့်နေခဲ့ကြတယ်..။

ဆန်နီ အံကိုကြိတ်လိုက်ပြီး..

"ငါ ဘယ်နှစ်ခါလောက်ပြောရမလဲ..သူမက ငါ့ ကောင်မလေး မဟုတ်ဘူး.."

ကျန်တဲ့လူတွေရဲ့ ထူးဆန်းတဲ့ စိုက်ကြည့်မူ တွေကို သတိထားမိပြီး သူ သက်ပြင်းချလိုက်တယ်..။

"အယ်ဖီ ..သူတို့ကို ပြောပြလိုက်.."

မုဆိုးမိန်းကလေးက ..သူ့ကို ဆက်ပြီး မစနောက်တော့ပေ..။ဒီအချက်ကတင်..အခြေအနေက ဘယ်လောက်တောင် သေရေးရှငိရေး ဖြစ်နေလဲဆိုတာကို သိစေပါတယ်..။

"ဆန်နီ မှာလည်း ထပ်တူညီမူရှိတယ်..။အတော်သန်မာတဲ့ အရာတစ်ခုပဲ..။လုပ်စမ်းပါ..သူမကို ထုတ်လိုက်.."

သူခေါ်ထုတ်လိုက်ပြီး ခနအကြာမှာတော့ ကျောက်တုံးသူတော်စင်က သူ့ အရိပ်ထဲကနေ ဥမင်ထဲကို ထွက်ပေါ်လာခဲ့ပါတယ်..။သူမရဲ့ ပတ္တမြားရောင် မျက်လုံးတွေက..ခေါင်းစွပ်ရဲ့ နောက်ဘက်မှာ ..တောက်ပနေခဲ့တယ်..။ဒီကြောက်မက်ဖွယ် မွန်းစတားက..ပတ်ဝန်းကျင်က လူတွေကို တစ်ချက်ကြည့်လိုက်ပြီးမှ..မထူးခြားစွာပဲ အရိပ်ဘက်ကို ပြန်လှည့်သွားခဲ့ပါတယ်..။

ဒီလိုနဲ့ပဲ..သူတို့ထဲကို ရှစိယောက်မြောက်အဖွဲ့ဝင် ရောက်လာခဲ့တယ်..။ကောင်းပြီ..တကယ်လို့ ဓားပျံကိုသာ အဖွဲ့ဝင် အဖြစ်သတ်မှတ်မယ် ဆိုရင်ပေါ့..။

ရုတ်တရက် ဆူညံတဲ့ အသံတစ်ခုက သူတို့ကို အေးခဲသွားစေခဲ့ပါတယ်..။နက်မှောင်တဲ့ အမူအရာနဲ့အတူပဲ..အယ်ဖီက..အသံလာရာဘက်ကို ကြည့်ပြီး သက်ပြင်းချလိုက်တယ်..။

"ဟုတ်ပြီ..။ငါတို့ အချိန်ဖြုန်းတာ တော်လောက်ပြီ..။လိုက်ခဲ့တော့..ပြီးတော့ အဆင်သင့်ပြင်ထားကြ "

ဒီလိုပြောပြီးတာနဲ့ သူမက ရှေ့ကို ခြေတစ်လှမ်းတိုးပြီး ဥမင်ရဲ့ အတွင်းပိုင်းကို ဝင်သွားခဲ့ပါတယ်..။ဆန်နီ နောက်ကနေ လိုက်သွားပြီး..ကျောက်တုံးသူတော်စင်ကို ကတ်စီ နဲ့ ကိုင်တို့ အနားမှာ နေဖို့ အမိန့်ပေးလိုက်တယ်..။

အတော်ကြာပြီးတဲ့ နောက်မှာတော့..သူ့ခြေထောက်အောက်က အသံတစ်ခုကိုကြားလိုက်ရပါတယ်..။သူအောက်ကို ငုံ့ကြည့်လိုက်တဲ့အခါမှာတော့ သူမြင်ရတာက..အရိုးတစ်ခု..။လူသား အရိုးတစ်ခုပါ..။

"ဒါက ဘယ်လို နေရာလဲ.."

မုဆိုး မိန်းကလေးဟာ နောက်ကို လှည်ကြည့်ပြီး..မသက်မသာ ပြန်ဖြေလိုက်တယ်..။

"ဥမင် လှိုဏ်ခေါင်း.."

သူ မျက်မှောင်ကျုတ်လိုက်တယ်..။

"ဘယ်တုန်းက အနက်ရောင်မြို့တော်ရဲ့ အောက်မှာ ဥမင် လှိုဏ်ခေါင်းရှိသွားတာလဲ..။ငါ နင်ပြောပြတာ တစ်ခါမှ မကြားဖူးပါလား.."

သူမ တွေဝေနေပြီးကာမှ ပြန်ဖြေလိုက်တယ်..။

"ဥမင်တွေက အမြဲတမ်း ဒီမှာရှိတယ်..။သူတို့က မြို့တစ်ခုလုံးရဲ့ အောက်ခြေမှာရှိပြီး ..အများစုက အရင်ကတည်းက ပြိုကျသွားခဲ့ပြီ..။မုဆိုးတွေ ဒီအကြောင်းပြောရမှာ မကြိုက်တာက ရူးသွပ်တဲ့လူတစ်ချို့က ဒီနေရာကို လာပြိီး စူးစမ်းတာတွေ လုပ်မှာစိုးရိမ်လို့ပဲ..။သူတို့ထဲက တစ်ချို့က ဒဏ္ဍာရီတွေ ပြန်ပြောတတ်သေးတယ်.."

ယင်းနောက် သူမ ထပ်ပြောလိုက်တယ်..။

"ဟာရု ဘယ်လောက်ပဲ သန်မာပါစေ..လူတစ်ယောက်က လမ်းကို သေချာသိထားမှ ..ရှင်သန်နိုင်လိမ့်မယ်..။ပြီးတော့ အပြင်ဘက်က မုဆိုးအနည်းငယ်လောက်ပဲ ဒီလိုမျိုးသိထားကြတာ..။ဒီတော့ ငါတို့ သူ့ကို ချန်ထားခဲ့နိုင်လောက်တယ်..။

အဲ့အချိန်မှာပဲ ဆန်နီဟာ အရိုးတွေက ပိုပိုများလာတာကို သတိထားမိလိုက်ပါတယ်..။သူတို့ အများစုက..တစ်ချိန်တုန်းက လူသားတွေဖြစ်ခဲ့ပုံပါပဲ..။

'ငါ ဒီလိုကြီးကို မကြိုက်ဘူး.."

သေချာကြည့်နေရင်း သူ မေးလိုက်တယ်..။

"နင် ပြောတဲ့ စကားကို ပြန်သွားရရင် လူအနည်းငယ်လောက်ပဲ ဒီကနေ လွတ်မြောက်နိုင်ခဲ့တာလား..။ဘာလို့လဲ..."

မုဆိုးမိန်းကလေးက...မျက်နှာမဲ့သွားခဲ့ပြီး..

"ဘာလို့လဲဆိုတော့.."

သို့ပေမယ့်..သူမ မပြောနိုင်ခင်မှာပဲ..သူတို့ရှေ့က အမှောင်ထု ထဲကနေ တစ်ခုခု ပေါ်ထွက်လာခဲ့ပါတယ်..။

ဆန်နီ မျက်လုံးပြူးကျယ်သွားခဲ့တယ်..။

သူတို့ရှေ့မှာတော့..အလောင်းကောင် တစ်ခုက အလင်းနဲ့ အမှောင်ထု ကြားထဲမှာ ရပ်နေခဲ့တာပါ..။သူက လူသားခြောက်ယောက်ကို ဘာမှ မရှိတဲ့ မျက်လုံးတွေနဲ့ စိုက်ကြည့်နေခဲ့တယ်..။

မဟုတ်ဘူး..တကယ်ပဲ အလောင်းကောင် တစ်ခု မဟုတ်ဘူး..။ဒါက အရိုးခြောက်တစ်ခုပဲ...။

လောဂျစ် နဲ့ ရူပဗေဒ ရဲ့ ဥပဒေသ တွေ အကုန်လုံးကို ဆန့်ကျင်နေပြီး..လူသားအရိုးနဲ့ပြုလုပ်ထားတဲ့ သတ္တဝါ တစ်ကောင်က ရုတ်တရက် ရှေ့ကို တက်လာပြီး သူ့ရဲ့ သွားတွေကို ဆာလောင်တဲ့ အပြုံးနဲ့ ဖော်ပြထားခဲ့ပါတယ်..။

All Chapters