လှုပ်ရှားနေတဲ့ အရိုးများ
Vol. 13 Ch. 194
'ဘယ်လို...ဒါကြီးက..ဘယ်လိုတွေတောငိ ရွေ့လျားနေတာလဲ...'
လောဂျစ်တွေ အကုန်လုံးကို ဆန့်ကျင်ပြီး..အရိပ်ကြီးက..အယ်ဖီ ဆီကို လျင်မြန်တဲ့ အရှိန်နဲ့ ပြေးဝင်လာခဲ့တယ်..။ဒီ အလျင်နှုန်းကတော့ ဆန်နီ ကိုယ်တိုင်တောင် မပြုလုပ်နိုင်သေးပါဘူး..။သူ့ရဲ့ အရိုးတွေကို ဘယ် အသားကမှ..မဆက်ပေးထားပေမယ့်..ထူးဆန်းစွာပဲ ဒီသားရဲက..မတ်တတ်ရပ်နေနိုင်ခဲ့ပါတယ်..။
ဒီ မွန်းစတားကြီးက..သူတို့နဲ့ နီးကပ်လာတဲ့ အချိန်မှာပဲ အယ်ဖီက အော်ပြောလာခဲ့တယ်..။
"အတူတူ နေကြ.."
ပြီးတာနဲ့..သူမရဲ့ ခန္တာကိုယ်ကို သားရဲဘက်ကို လှည့်ကာ ဒိုင်းကာကြီးနဲ့..လွှဲရိုက်လိုက်ပါတယ်..။ပြင်းထန်တဲ့ အင်အားနဲ့ အတူပဲ..အရိုးခြောက်က နောက်ကို လွင့်စင်သွားခဲ့တယ်..။သူ့ရဲ့ အရိုးခေါငိးနဲ့ ခန္တာကိုယ်က ပြုတ်ထွက်သွားခဲ့ပြီး..မြေပြင်ပေါ်ကို အပုံလိုက်ပြုတ်ကျသွားခဲ့ပါတယ်..။
ဆန်နီ ဒီအရိုးတွေကို စိတ်ရှုပ်ထွေးစွာ ကြည့်နေခဲ့တယ်..။
"ခနလေး..အဲတာပဲလား..'
မုဆိုး မိန်းကလေးရဲ့ နောက်တစ်ကြိမ် အော်ဟစ်သံက သူ့ရဲ့ ဒီအတွေးတွေကို မောင်းထုတ်သွားခဲ့တယ်..။
"မရပ်နဲ့.. ဆက်သွား.."
မုဆိုးအဖွဲ့ဟာ အယ်ဖီ ရဲ့ ညွှန်ကြားချက်အတိုင်း ရှေ့ကို အလျင်အမြန်ရွေ့လျားလိုက်ကြပါတယ်..။ဆန်နီဟာ အစောက..ပျက်ဆီးသွားတဲ့ အရိုးစုနားကို ရောက်တဲ့ အချိန်မှာ တစ်ခုခု ကို သတိထားမိလိုက်ပြီးကျောချမ်းသွားခဲ့တယ်..။
အရိုး တွေက..ရွေ့လျားနေဆဲဖြစ်ပြီး..သူတို့ကိုယ်သူတို့ အစောက လူသားပုံစံအတိုင်း ပြန်လည်တည်ဆောက်နေခဲ့ပါတယ်..။သူ ဒီ သတ္တဝါရဲ့ အပေါ်ကနေ ကျော်သွားတော့မယ့် အချိန်မှာပဲ..အရိုးစုရဲ့ လက်က ရုတ်တရက် သူရှိနေတဲ့ဘက်ကို လှမ်းလာပြီး ခြေထောက်ကို လှမ်းဆွဲဖို့လုပ်လိုက်တယ်..။ဆန်နီ ရဲ့ လျင်မြန်လှတဲ့ အရှိန်ကြောင့်သာ မဟုတ်ရင် ဒီအရာက သူ့ကို ဒဏ်ရာရသွားစေနိုင်ပါတယ် .။
သူက သန်းခေါင်းယံ အမြုတေကို တစ်ချက်ဝေ့ယမ်းလိုက်ပြီး အရိုးလက်ကို ဖြတ်တောက်ကာ အဝေးကို လွင့်ပစ်လိုက်တယ်..။အရိုးလက်က..မီတာအနည်းငယ် အဝေးမှာရှိနေတဲ့..ကျောက်တုံးပေါ်ကို ပြုတ်ကျသွားခဲ့တယ်..။ဒါက ခနလောက် ခံစားချက်မဲ့စွာ ငြိမ်နေပြီးကာမှ..စတင်လှုပ်ရှားလာပြန်ပြီး..ပြန်လည်တည်ဆောက်နေတဲ့ အရိုးစုဆီကို ရွေ့လျားသွားခဲ့ပါတယ်..။
ဒီမွန်းစတားကို ..မမြင်ရတဲ့ ကြောက်စရာ အားတစ်ခုက ပြန်ပြီး တည်ဆောက်ပေးနေခဲ့တာပါ..။ဒီမမြင်ရတဲ့ ဆွဲအားကြောင့်ပဲ..အရိုးတွေက တစ်ခုနဲ့တစ်ခု ပြန်ပြီး ဆက်နေခဲ့ကြတယ်..။သုံးလို့ မရအောင် အရမ်းပျက်ဆီးသွားတဲ့ အရိုးတွေအတွက်ကတော့..အောက်မှာ ပျံ့ကျဲနေတဲ့ အရိုးတွေထဲက တစ်ခုနဲ့ အစားထိုးခံလိုက်ရပါတယ်..။မကြာခင်မှာပဲ..ဒီအရိုးစုက အစောက ပုံစံအတိုင်း ပြန်ဖြစ်လာခဲ့ပါပြီ..။
အတွေးတစ်ခုက ဆန်နီ ရဲ့ စိတ်ထဲကို ဝင်လာခဲ့တယ်..။
အယ်ဖီက..ဒီ ပြန်လည်ဖြစ်တည်နေတဲ့ အိပ်မက်ဆိုးသားရဲတွေကို သတ်ဖို့ကြိုးစားမယ့်အစား ရှေ့ကိုသာ ဆက်သွားကြဖို့ ဘာလို့ပြောလဲဆိုတာကို သူ နားလည်လိုက်ပါတယ်..။
ဘာလို့လဲ ဆိုတော့ ဒီသားရဲတွေက..အင်မော်တယ် တွေဖြစ်နေကြတာလား..။
ဒါမှမဟုတ်..မသေနိုင်ဖြစ်နေတာလား..။
ဆန်နီဟာ သူ့စိတ်တွေ လေးလံနေသလို ခံစားလိုက်ရတယ်..။ဒီလိုသာ..ဆိုရင်တော့ အခြေအနေတွေက ဆိုးပြီးရင်း ဆိုးရင်း ဖြစ်လာတော့မှာပါ..။
အဲ့အချိန်မှာ..အမှောင်ထဲကနေ သူတို့ဆီကို လျင်မြန်စွာ ရွေ့လျားလာတဲ့ အသံတွေကို ကြားလိုက်ရတယ်..။အချိန်ခနလောက်..သူကို ကြောက်လန့်မူက လွှမ်းမိုးသွားသလို ခံစားလိုက်ရပါတယ်..။ဒီဟာက..ကျိန်စာသင့် ပင်လယ်ကြီးတစ်ခုလုံးက..ဥမင်ထဲကို ဝင်ရောက်လာသလိုပါပဲ..။
ဒါပေမဲ့ မဟုတ်ဘူး..။ဒါက ကျိန်စာသင့် ပင်လယ်မဟုတ်ပေ..။အဲဲဒီအစား..တစ်ဒါဇင် ...မဟုတ်ဘူး , တစ်ရာ လောကိရှိတဲ့ အရိုးစုတွေရဲ့ ဥမင်ကြမ်းပြင်က ကျောက်တုံးတွေနဲ့ ထိတဲ့ ခြေသံတွေပါ..။
ဒါက ထောင်နဲ့ချီပြီးတော့တောင် ဖြစ်နေနိုငိပါတယ်..။
မသေနိုင်တဲ့ မွန်းစတား အုပ်လိုက်ကြီးက..လူသား ခြောက်ယောက်ကို တစ်စစီ စုပ်ဖြဲဖို့အတွက် ရှေ့ကို ချီတက် လာခဲ့ပါပြီ..။
နက်မှောင်နေတဲ့ မျက်နှာအမူအရာနဲ့ ဆန်နီဟာ သန်းခေါင်ယံ အမြုတေကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ပြီး..တစ်ခြား အဖွဲ့သားတွေကို အမှီလိုက်လိုက်ပါတယ်..။
'လာ...လာလိုက်စမ်းပါ..ခွေးသားတွေ..'
***
မကြာခငိမှာပဲ..မသေနိုင်တဲ့ သတ္တဝါတွေက သူတို့ဆီကို ရောက်လာခဲ့တယ်..။ပထမတော့ တစ်ကောင်စ ၊ နှစ်ကောင်စ ၊ နောက်တော့ သွေးဆာနေတဲ့ အရိုးစု တွေက အဖွဲ့ငယ်လေးတွေ အဖြစ် ..စမ်းချောင်းတစ်ခုလို ဆက်တိုက်ဝင်ရောက်လာခဲ့ပါတယ်..။ဥမင်ရဲ့ အမှောင်ထုထဲကနေ ထွက်လာခဲ့ပြီး..သူတို့က..လက်သည်းတွေ သွားတွေနဲ့..တိုက်ခိုက်လာခဲ့ကြတယ်..။
အဖွဲ့ရဲ့ ရှေ့ဘက်မှာနေကြတဲ့ အယ်ဖီနဲ့ နစ်ဖီတို့ကတော့..တိုက်ခိုက်မူတွေကို စတင်ကြုံတွေ့နေခဲ့ရပါပြီ..။မုဆိုး မိန်းကလေးကတော့..သူမရဲ့ လူသားတွေထက် သာလွန်တဲ့ ခွန်အားကို အသုံးပြုပြီး အရိုးခြောက်တွေကို ရှင်းလင်းပစ်နေခဲ့တယ်..။သူမရဲ့ အဝိုင်းပုံစံ ဒိုင်းကာ ကလည်း..မွန်းစတားတွေကို ဘယ်ဘက် ၊ ညာဘက်တွေကို ရိုက်ထုတ်ပစ်နေခဲ့ပါတယ်..။
နစ်ဖီကတော့ ရေလိုမျိုး ပြေပြစ်ကြော့ရှင်းစွာ တိုကိခိုက်နေခဲ့တယ်..။သို့ပေမယ့်..ရေကြီးနေသလို ပြင်းထန်တဲ့ လှိုင်းအားတွေလည်း ပါဝင်နေပါသေးတယ်..။သူမက ဓားရှည်ကို ကိုင်ထားခဲ့ပြီး..ဓားသွား၊ ဓားရိုးတွေကို အသုံးပြုကာ..မျိုးစုံသုံးလို့ ရတဲ့ ကျိုင်းတစ်ခုလို တိုကိခိုက်နေခဲ့ပါတယ်..။အဖြူရောင် မီးတောက် တွေက သူမရဲ့ မျက်လုံးထဲမှာ..ကခုန်နေခဲ့ပြီး..အရိုးစုတစ်ခုကနေ နောက်တစ်ခုစီကို သွားကာ..ဦးခေါင်းခွံတွေကို ဖျက်ဆီးနေခဲ့တယ်..။
တကယ်လို့..သူတို့ကိုသာ ဖြတ်ကျော်လာခဲ့ရင် ကတ်စတာ က တန်းပြီး အဆုံးသတ်ပါတယ်..။သူ့ရဲ့ ဓားသွားက အစိမ်းရောင် တောက်ပနေပြီး..အရိုးစူ တစ်ခုချင်းစီတိုင်းကို..အတားအဆီး မရှိဖြစ်တောက်နေခဲ့တယ်...။ဂုဏ်ယူရတဲ့ ဆက်ခံသူက..အမြဲတမ်း ရန်သူကို တစ်ချက်တည်းနဲ့ အဆုံးသတ်အောင် တိုက်ခိုက်ပြနေခဲ့တာပါ..။အရိုးစုတွေက..တုန့်ပြန်ချိန်တောင် မရပဲ..သူ့ ဓားချက်အောက်မှာ ကျရှုံးရတာ ချည်းပါပဲ..။
ဒီ အင်အားကြီးသုံးယောက်က..လမ်းကြောင်းတစ်လျောက်ကို ရှင်းလင်းနေခဲ့တာကြောင့်..လွယ်ကူသလိုတောင် ဖြစ်နေခဲ့တာပါ..။သို့ပေမယ့်..အရိုးစုတစ်ခုချင်းစီတိုငိးက..သာမန်လူတွေထက် ပိုမြန်ပြီး ပိုသန်မာတယ် ဆိုတာကိုတော့ ဆန်နီ သိထားပါတယ်..။သူတို့ကို..စက္ကန့်အနည်းငယ်တောင် မတုန့်ဆိုင်းပဲ..ဖြတ်တောက်ဖို့ဆိုရင်..မယုံကြည်နိုင်လောက်တဲ့ ကျွမ်းကျင်မူ ၊ စိတ်ပိုင်းဖြတ်မူ နဲ့ ဦးတည်ချက်ရှိမူတွေလိုအပ်မှာပါ..။
မကြာခင်မှာပဲ...သူက မသေနိုင်တဲ့ သတ္တဝါတွေရဲ့ ခွန်အားကို ကိုယ်တိုင်စမ်းသပ်ခွင့်ရသွားခဲ့တယ်..။
ဆန်နီ ၊ ကတ်စီ နဲ့ ကိုင်တို့က အစောပိုင်းတုန်းက လုံခြုံပေမယ့် မိနစ်တွေ ကုန်ဆုံးလာတိုင်း သူတို့ရဲ့ အခြေအနေတွေက ပိုဆိုးလာခဲ့ပါတယ်..။
ဥမင်ထဲက အခြေအနေက တကယ်ကို ရူးလောက်စရာပါပဲ..။မကြာခနဆိုသလိုပဲ..သူတို့သွားနေတဲ့ ဥမင်တွေက ရှုပ်ထွေးလာပြီး..ဖြတ်လမ်းတွေကနေတဆင့်တစ်ခြားလမ်းကြောင်းတွေကို..ဆက်သွယ်ထားခဲ့ပါတယ်..။ဒီလို အခြေအနေတွေမှာဆိုရင် မသေနိုင်တဲ့ သတ္တဝါတွေက သူတိုအဖွဲ့ရဲ့ ဘေးနားတွေကနေပါ တိုက်ခိုက်လာကြပါပြီ..။
ထပ်ပြောရရင်..သူတို့ဖျက်ဆီးလိုက်တဲ့..အရိုးစုအရေအတွက်က ပိုတိုးလာခဲ့ပြီး..မိနစ်တွေကြာလာတာနဲ့ ဒီမွန်းစတားတွေက..ကြမ်းပြင်ကနေ ထကာ..မုဆိုးအဖွဲ့နောက်ကို ဆက်လိုက်လာခဲ့ပါတယ်..။မကြာခင်မှာပဲ သူတို့ကပါ..ဆက်ပြီး တိုက်ခိုက်လာခဲ့တယ်..။
နောက်ဆုံးတော့..မုဆိုးအဖွဲ့ဟာ..ဘက်ပေါင်းစုံကနေ ပတ်လည်ဝိုင်းပြီး တိုက်ခိုက်တာကို ခံနေခဲ့ရပါတယ်..။
ဆန်နီဟာ သူ့ကို ဘေးနားကနေ တိုကိခိုက်လာတဲ့ အရိုးစုကို တွန်းလှန်ဖို့ ဓားကို စတင်အသုံးပြုရတဲ့အချိန်မှာတော့..သူ နာရီပေါင်းများစွာလေ့ကျင့်ထားခဲ့သလိုပဲ တည်တည်ငြိမ်ငြိမ် တုန့်ပြန်နိုင်ခဲ့တယ်..။သန်းခေါင်းယံ အမြုတေကို သေသပ်စွာ ဝေ့ယမ်းပြီး မသေနိုင်တဲ့ သတ္တဝါကို တိတိကျကျ ခေါင်းဖြတ်နိုင်ခဲ့တာပါ..။အရိပ်ရဲ့ အားဖြည့်မူကြောင့် သူ့ ဓားသွားက အရမ်းအားမစိုက်ရပဲ အရိုးတွေကို ပိုင်းဖြတ်နိုင်ခဲ့တယ်..။
.
ဦးခေါင်း ဆုံးရှုံးသွားတာက ဒီ အရိုးစုတွေကို မသေစေနိုင်ဘူးဆိုတာ သိနေတဲ့ ဆန်နီက..ချက်ချင်း ဟန်ချက်ကို ထိန်းလိုက်ပြီး မွန်းစတားရဲ့ ရင်ဘတ်ကို ကန်ကာ..နောက်ကို လွင့်ထွက်သွားစေခဲ့ပါတယ်..။
ဒီလိုဖြစ်လာမယ်ဆိုတာကို မျှော်လင့်ထားခဲ့ပေမယ့်..ရင်းနှီးနေကြ အသံကို မကြားရတာက..သူ့ကို အားပြတ်စေတာ အမှန်ပါပဲ..။ပုံမှန်အားဖြင့်..သူ တစ်ခုခုကို သတ်လိုက်ပြီဆိုရငိ ကြေညာတဲ့ အသံကို ကြားနေကြပါ..။
သို့ပေမယ့် ဒီသတ္တဝါ တွေက..အင်မော်တယ်တွေဖြစ်တာကြောင့်..အခိုက်အတန့်က တိတ်ဆိတ်နေခဲ့ပါတယ်..။
သူ ဒီနေ့ ဘာ အရိပ်အပိုင်းအစမှ မရဘူးဆိုတာကို သိနေတာကြောငိ့..ဆန်နီက ခေါင်းဖြတ်အရိုးစုကို ချန်ထားရစ် ရင်း ..သက်ပြင်းချလိုက်တယ်..။
'ကောင်းပြီ..အနည်းဆုံးတော့..ဒါက ငါထင်ထားတာလောက် မဆိုးဝါးဘူးပဲ...'
...သို့ပေမယ့် မိနစ် အနည်းငယ်ကြာပြီးနောကိမှာတော့ သူ ဒီလို တွေးမိတာကို နောင်တရစ ပြုလာခဲ့ပါပြီ..။