← Chapters

ရွေ့လျားနေတဲ့ တိုက်ပွဲ

Vol. 13 Ch. 195

ရွေ့လျားနေတဲ့ တိုက်ပွဲ

Vol. 13 Ch. 195

မုဆိုးအဖွဲ့ကို နေရာအနှံ့ကနေ ဝန်းရံ ခံလိုက်ရတဲ့ အချိန်မှာတော့ ကိုင် နဲ့ ကတ်စီ တို့ပါ..တိုက်ပွဲမှာ ဝင်ပါလာခဲ့ရပါပြီ..။

ဆန်နီကတော့ မျက်မမြင် မိန်းကလေးနဲ့ လေးသည်တော် ကို စိတ်မပူခဲ့ပေ..။ဘာလို့လဲဆ်ိုတော့..သူတို့ကို ကျောက်တုံးသူတော်စင် နဲ့ တိတ်တဆိတ် ကခုန်သူ တို့က ကာကွယ်ပေးထားခဲ့လို့ပါ..။

သူ့အရိပ်ကတော့..သွေးဆာနေတဲ့ အရိုးစုတွေအတွက် အဆိုးဝါးဆုံး ရန်သူတောင် ဖြစ်နေနိုင်ပါတယ်..။သူမက သူမရဲ့ ဓားနဲ့ ဒိုင်းကာ နှစ်ခုစလုံးကို အသုံးပြုပြီး ဘေးနားကနေ ကပ်လာရဲတဲ့..ရန်သူတိုင်းကို ဖျက်ဆီးပစ်နေခဲ့တာပါ။သူမရဲ့ သိမ်မွေ့ပြီး ဖျက်ဆီးနိုင်စွမ်းအားပြင်းတဲ့..ကခုန်မူ က ..မြင်တွေ့ရတာတောင် အတော်လေးကြည့်လို့ လှပါတယ်..။

.

တိတ်တဆိတ် ကခုန်သူကလည်း လေထဲမှာ ပျံဝဲရင်း အရိပ်ကို ကူညီပေးနေခဲ့တယ်..။ဒီအရာက..အရိပ်ရဲ့တားဆီးမူကနေ ကျော်ထွက်လာတဲ့..အရာတိုင်းကို အဆုံးသတ်ပေးနေခဲ့တာပါ..။တကယ်လို့ သူတို့နှစ်ယောက်ကို ကျော်ဖြတ်လာနိုင်တဲ့ အရာ ရှိရင်လည်း ကိုင်က သူ့ရဲ့ ဓားကို အသုံးပြုကာ..တိုက်ခိုက်နေခဲ့တယ်..။

သူ့ရဲ့ လက်တစ်ဖက်က ကတ်စီကို ကိုင်ထားပြီး မျကိမမြင် မိန်းကလေး ဥမင်ထဲမှာ သွားလာနိုင်အောင် လမ်းပြပေးနေခဲ့ပါတယ်..။သို့ပေမယ့် သူမရဲ့နေရာလွတ်မှာ ကိုယ့်ကိုကို ထိန်းထားတဲ့ စွမ်းဆောင်ရည်က လွန်ခဲ့တဲ့ သုံးလအတွင်းမှာ အတော်လေးကို တိုးတက်လာတဲ့ ပုံပါပဲ..။ဒါက ..ဓားပျံနဲ့ သူမရဲ့ ဆက်သွယ်ချက်ကြောင့်လည်း ဖြစ်နိုင်ပါတယ်..။အနည်းဆုံးတော့ သူမက တုတ်ချောင်းအကူအညီ

မပါပဲနဲ့တောင် အလျငိအမြန် ရွေ့လျားနေနိုင်ခဲ့ပါပြီ..။

သူတိူ့ နှစိယောက်ကိုကြည့်ပြီး..ဆန်နီ ..စိတ်သုန်မှုန် လု နီးပါးတောင်ဖြစ်သွားခဲ့တယ်..။ကိုင် ရော ၊ ကတ်စီရော က အရမ်းကို လှပကြတာပါ..။

အမှောင်ထုနဲ့သားရဲတွေ ဝန်းရံနေတဲ့ အချိန် ..။

ချောမောတဲ့လူငယ်လေးက..လက်တစ်ဖက်မှာ ဓားကို ကိုင်ထားတဲ့ပုံအရ သူတို့က..ဝတ္တုစာအုပ်ရဲ့ အဖုံးနဲ့တောင် တူနေပါသေးတယ်..။ သူတိုနှစ်ယောက်က အတော်လေးကို ပြီးပြည့်စုံမူ ရှိပါတယ်..။

တစ်ဖက်မှာတော့..ဆန်နီရဲ့ အဖြစ်က..

ကောင်းပြီ..အနည်းဆုံးတော့ သူ့အနားမှာ အပေါင်းအပါ အဖြစ် အရိပ်ရှိနေပါသေးတယ်..။ပြီးတော့..သာမန် ကျောကိတုံး တစ်ခု...

သို့ပေမယ့်..သူ ဒီဝမ်းနည်းမူထဲမှာ သာယာနေဖို့ အချိန်မရှိပေ..။ဘာလို့လဲဆိုတော့..သူနေတဲ့ နေရာက..ဒီကြမ်းတမ်းစွာ ရွေ့လျားနေတဲ့ တိုက်ပွဲမှာ ဒုတိယ အရေးအပါဆုံးနေရာပါ..။သူက အဖွဲ့ရဲ့ နောကိကျော်ဘက်ကို စောင့်ကြည့်နေရတယ်လို့တောင်​ပြောလို့ရပါတယ်..။

'ငါ ဘာလုပ်နိုင်လဲ ဆိုတာကို ပြရသေးတာပေါ့..'

နောက်ထပ် နောက်ထပ် အရိုးစုတွေက မြေကြီးကနေ ပေါ်လာနေခဲ့ပြီး..သူတို့အဖွဲ့ကို နောက်ကနေ တိုက်ခိုက်နေကြပါတယ်..။ဆန်နီ အတော်လေးကို လုံ့လ စိုက်ထုတ်နေခဲ့ရတယ်..။

အစကတော့..သူက တစ်ကြိမ်မှာ မသေနိုင်တဲ့ မွန်းစတား တစ်ကောင်လောက်သာ တိုက်ခိုက်ရတာပါ..။သူတို့ရဲ့ လျင်မြန်တဲ့ အရှိန်နဲ့ ခွန်အားကလွဲရင်..အရိုးစု သတ္တဝါ တွေက ..အနိုင်ယူဖို့ မခဲယဥ်းလှပါဘူး..။သူတို့က အသိစိတ်ကင်းမဲ့နေပုံရပြီး..အမြဲတမ်း တိုက်ရိုက်နည်းလမ်းအတိုင်းသာ တိုက်ခိုက်နေခဲ့ကြတယ်..။ဒါပေါ့..ကြိုတင်မပြင်ဆင်ထားခဲ့တဲ့ လူသာဆိုရင် အစောကတည်းက ဒီသားရဲတွေရဲ့အောက်မှာ တစ်စစီ ဖြစ်နေလောက်ပါပြီ..။

သို့ပေမယ့် ဆန်နီက လွန်ခဲ့တဲ့ လ အနည်းငယ်ကလို..အားနည်းပြီး အတွေ့အကြုံနည်းတဲ့ ကောင်လေး မဟုတ်တော့ပေ..။မေ့ပျောက်ကုန်းမြေပေါ်က ထိပ်လန့်စရာ စမ်းသပ်ချက်တွေ ၊ သူ့ရဲ့ ဇွဲကြီးတဲ့ စိတ်ဓာတ် နဲ့ လက်မလျော့တမ်း ဆုံးဖြတ်ချက်တွေက..သူ့ကို အကြောက်အလနိ့ကင်းတဲ့ သတ္တဝါ တစ်ကောင် ဖြစ်လာစေခဲ့တယ်..။

တကယ်လို့ ..ရက်စက်မူချင်း နှိုင်းယှဥ်ကြမယ်ဆိုရင် အရိုးစုတွေက သူ့ကို လုံးဝ ယှဥ်နိုင်မှာ မဟုတ်ပေ..။

သန်းခေါင်းယံ အမြုတေကို အရိပ်နဲ့ ရစ်ပတ်ထားတာကလည်း..မွန်းစတားတွေရဲ့ မာကျောတဲ့ အရိုးတွေကိုလွယ်ကူစွာ ပိုင်းဖြတ်စေနိုင်ပါတယ်..။ဆန်နီဟာ..အရိပ်သူတော်စင်နဲ့ လေ့ကျင့်ထားခဲ့တဲ့ နည်းစနစ်တိုင်းကိုလည်း ထုတ်သုံးနေခဲ့တယ်..။

ဒီလို သိမ်မွေ့လေးနက်ပြီး ၊ မဖြိုဖျက်နိုင်တဲ့ လှုပ်ရှားမူတွေက..သူ ကျောက်တုံးသူတော်စင်နဲ့ နစ်ဖီ တို့ဆီကနေ သင်ယူထားခဲ့တာပါ..။ဒီအရာက ဆန်နီ အတွက်အရိုးစုတွေကို တစ်ကောင်ပြီးတစ်ကောင် မြန်မြန်အဆုံးသတ် နိုင်နေစေခဲ့တယ်..။သူ့ရဲ့ ဓားက မွန်းစတားတွေ တစ်ကောင်ပြီးတစ်ကောင်ကို ဖြတ်တောက်တာ ၊ ခုတ်ဖြတ်တာ နဲ့ ထိုးဖောက်တာ တွေ ဆက်တိုက်လုပ်နေခဲ့တယ်..။

ဒါပေါ့..မုဆိုးအဖွဲ့ရဲ့ နောက်မှာ ကျန်မနေခဲ့ပဲ ဒီအခြေအနေကို ထိန်းသိမ်းထား ရတာက သိပ်တော့ မလွယိကူလှပါဘူး..။ထွက်ပြေးနေတုန်းမှာ တိုကိခိုက်တဲ့ နည်းစနစ်ကို ဆန်နီ ဘယ်တုန်းကမှ မလေ့ကျင့်ခဲ့ဖူးပေ..။အထူးသဖြင့်..အနောက်ကို ဆုတ်ပြီး မတိုက်ခိုက်ဖူးပါဘူး..။သို့ပေမယ့် အယ်ဖီရဲ့ စကားအရ..အဖွဲ့နဲ့ ဝေးကွာသွားရင် သေဆုံးရမှာဖြစ်တာကြောင့်..သူ့ရဲ့ အပေါငိးအပါတွေနဲ့ ဘယ်တော့မှ မဝေးအောင် ဂရုစိုက်နေခဲ့ပါတယ်..။

အစကတော့..အခြေအနေက သိပ်မဆိုးပဲ သူ့ရဲ့ စွမ်းဆောင်နိုင်မူ အတွင်းမှာသာ ရှိနေခဲ့ပါတယ်..။လွန်ခဲ့တဲ့ ရက်အနည်းငယ်က သူ လေ့ကျင့်ထားသမျှကို အသုံးချဖို့ အကောင်းဆုံး အချိန်ပဲ လို့တောင် ဆန်နီ တွေးမိလိုက်တယ်..။တိုက်ပွဲက သူ အမဲလိုက်တုန်းက အခြေအနေနဲ့ အများကြီး ကွားခြားတယ်ဆိုပေမယ့်သူ အဆင်ပြေနေဆဲပါ..။

အနက်ရောင်မြို့တော်ရဲ့ လမ်းကြားတွေမှာတော့ သူက ညဘက်မှသာ အမဲလိုက်ခဲ့တယ်..။သူက ရန်သူကို အရိပ်ထဲကနေသာ တိုကိခိုက်ပြီး တစ်ချက်တည်းနဲ့ အဆုံးသတ်နိုင်ဖို့ အမြဲတမ်း ချိန်ရွယ်ခဲ့တာပါ..။

လက်ဦးမူ ယူရတာက သူ့ဘက်က ဖြစ်တာကြောင့် ၊ သူက ဘယ်လို တိုကိခိုက်မလဲဆိုတာကို ဆုံးဖြတ်တဲ့သူပါပဲ..။

သို့ပေမယ့် အခုချိန်မှာတော့ အခြေအနေတွေက မတူဖြစ်နေခဲ့တယ်..။ဆန်နီက အတိုက်ခိုက်ခံရတဲ့ နေရာကို ပြန်ရောက်သွားပြီး အရိုးစုတွေက..အမှောင်ထုထဲကနေ သူ့အပေါ်ကို ဆက်တိုက် ခုန်အုပ်နေခဲ့တာပါ..။

ခုခံတဲ့ ပုံစံကို ပြုလုပ်ရင်း ရန်သူရဲ့ တိုက်ခိုက်လာမူ တွေကို ခုခံနေခဲ့ရတယ်..။

ဒါတောင်မှ သူက လုပ်နိုင်နေဆဲပါ..။သူက ဒီလို အခြေအနေကို ကြိုတင်မျှော်လင့်ထားခဲ့တာကြောင့်..သူ့ရဲ့ နည်းစနစ်တွေက တောင့်ခံဖို့ အတွက် လုံလောက်နေခဲ့ပါတယ်..။သူက အမှန်တကယ်ပဲ သူ့ရဲ့ သင်ခန်းစာတွေကို လက်တွေ့ အသုံးချနေခဲ့တယ်..။ဘာပဲဖြစိဖြစ် နစ်ဖီ ပြောသလိုပဲ..အကြိမ်တစ်ထောင်လောက် လေ့ကျင့်တာက အစစ်အမှန်တစ်ကြိမ်တိုကိခိုက်တာလောက် သက်ရောက်မူ မရှိပါဘူး..။

...သို့ပေမယ့် အဲ့နောက်မှာတော့ အခြေအနေတွေက ဖြည်းဖြည်းချင်းပြောင်းလဲလာခဲ့တယ်..။

သူက..မသေဆုံးနိုင်တဲ့သားရဲတွေ အများကြီးကို ဖြတ်တောက်ပြီးတဲ့နောက်မှာ..ရုတ်တရက် မွန်းစတား နှစ်ကောင်က သူ့ကို တစ်ပြိုင်နက်တိုက်ခိုက်လာခဲ့တယ်..။ဆန်နီ ကျိန်ဆဲကာ ဘေးနားကို တိမ်းရှောင်လိုက်ပါတယ်..။ဒီကတဆင့် အရိုးစု တစ်ခုက သူ့ခေါင်းကို ထိုးဖောက်ဖို့ လုပ်ရာကနေ လွတ်မြောက်သွားခဲ့တယ်..။သူ့ရဲ့ ဓားက နောက်တစ်ကောင်ရဲ့ တိုငိခိုက်မူကို ကာကွယ်လိုက်ရတာကြောင့် နောက်ကို ခြေလှမ်း အနည်းငယ် ယိုင်သွားကာ ဟန်ချက်ပျက်သွားခဲ့ပါတယ်..။

မွန်းစတားတွေကို ရှေ့ဆက်လာဖို့ခွင့်မပြုတော့ပဲ ဆန်နီ ရှေ့ကို တက်ကာ..ခန္တာကိုယ်ကို တစ်ပတ်လှည့်လိုက်တယ်..။ပြီးတဲ့နောက်မှာတော့ သားရဲတစ်ကောင်ရဲ့ ရင်ဘတ်ကို ကန်လိုက်ပြီး..အရှိန်ယူကာ နောက်တစ်ကောင်ကို ပိုင်းဖြတ်လိုက်ပါတယ်..။

သူ့ရဲ့ ဓားက..အရိုးစုရဲ လက်နှစ်ဖက်စလုံးကို ဖြတ်တောက်သွားနိုင်ခဲ့တယ်..။ဆန်နီ ချက်ချင်းပဲ သားရဲရဲ့ ဘေးနားကို သွားလိုက်ပြီး..အောက်ပိုင်းကို ခုတ်ကာ ခြေထောက်တွေကို ပိုင်းဖြတ်လိုက်ပါတယ်..။

မွန်းစတား ပြန်မထခင် အချိန်မှာပဲ သူက ဦးခေါင်းခွံကို သန်းခေါင်းယံအမြုတေရဲ့ ထိပ်ဖျားနဲ့ထိုးလိုက်ပြီး..မုဆိုးအဖွဲ့ဆီကို အမြန် အမှီပြန်လိုက်လိုက်တယ်..။

ဆန်နီ သူ့ရဲ့ အပေါင်းအဖော်တွေ ကို တစ်ချက်ကြည့်ကာ ဘယ်သူမှ မသေတာကို အတည်ပြုလိုက်ပြီးမှ ကျန်နေသေးတဲ့ မွန်းစတား တစ်ကောင်ဘက်ကို မျက်နှာချင်းဆိုင်လိုက်ပါတယ်..။

အဲ့အချိန်မှာပဲ သူ့ရဲ့ နှလုံးခုန်သံက မြန်သွားခဲ့တယ်..။

' ချီးပဲ...'

အရိုးစု သုံးကောင်က အရည်ပြားမရှိတဲ့ မျက်နှာတွေနဲ့သူ့ဆီကို အလျင်အမြန်တိုးဝင်လာနေခဲ့တာပါ..။

All Chapters