ငါနိုးလာတော့ မိစ္ဆာမနဲ့ တွေ့ခဲ့တယ်
Vol. 1 Ch. 1
ကောင်းကင်ရှင်းလင်းဂိုဏ်း
အသည်းကွဲကမ်းပါးအောက်ခြေတွင် မြစ်တစင်းက တောင်တန်းနဲ့ တောအုပ်များကို ဖြတ်သန်းစီးဆင်းနေသည်။ နေရောင်ခြည်က အေးစက်သည့် မြစ်ရေအပေါ် အလင်းပြန်နေလေ၏။
ဘန်း
ကမ်းစပ်ရှိ သစ်သားအိမ်ငယ်လေးအတွင်းမှ အသံတခုထွက်ပေါ်လာခဲ့သည်။ အိမ်က နှစ်ထပ်ဖြစ်သည်။ ခြံစည်းရိုးပတ်ပတ်လည်တွင် ဝိညာဥ်ဆေးပင်များ စိုက်ပျိုးထားသောကြောင့် မွှေးရနံ့များက လွင့်ပျံနေသည်။
အိမ်၏ ဒုတိယထပ်တွင် ကျန်းဟောင်မှာ နံရံနဲ့ ဆောင့်မိသွား၏။ ပါးလွှာသည့် ဇာအင်္ကျီနှင့် လှပသည့် အမျိုးသမီးတဦးက သူ့နားကို ချဥ်းကပ်လာသည်။ သူမက ကျန်းဟောင်လည်ပင်းပေါ် ဓားတင်လိုက်သည်။ ဓားသွားက အရေပြားကိုဖြတ်သွားသောကြောင့် သွေးစို့လာသည်။
သေမင်းက လက်တကမ်းတွင်ရှိနေမှန်း သူသိလိုက်၏။
ကပ်ဆိုးပဲ။ ဝိညာဥ်ဆေးပင်များကို ဂရုစိုက်ပြီးနောက် ကျင့်ကြံရန်ပြင်ဆင်နေစဥ် ဖြူရော်သည့်မျက်နှာ၊ ရှုပ်ထွေးနေသည့် သွေးချီနှင့် အမျိုးသမီးတဦးက ကောင်းကင်မှ ပြုတ်ကျလာသည်။
ထိုအမျိုးသမီးက ကျက်သရေရှိသော်လည်း သူမ၏ အပြုအမူက ကွဲပြားနေခဲ့သည်။ အဆိပ်မိနေခြင်းမဟုတ်ပါက သူမ၏ ဝါသနာဖြစ်နိုင်သည်။
သူ မလိုက်လျောချင်ပေမဲ့လည်း သူမက အလွန်အစွမ်းထက်နေခဲ့သည်။ သူ့ကို ဒုတိယထပ်ဆီ ဆွဲခေါ်သွားပြီး ကုတင်ပေါ် ပစ်တင်လိုက်သည်။ ပထမဆုံးအကြိမ် ဤသို့ ကြမ်းကြမ်းတမ်းတမ်း ပြုမူခံရခြင်းဖြစ်၏။ ရှက်စရာကောင်းပေမဲ့လည်း ဘာမှမတတ်နိုင်သောကြောင့် ဤအကြမ်းဖက်မှုအား သည်းခံခဲ့ရသည်။
သူမက အပြစ်ကင်းစွာ အလွန်လှပ၏။ သူမ၏ မျက်လုံးထဲက လူသတ်ချင်စိတ်ကိုသာ မေ့ထားလိုက်မည်ဆိုပါက ပြီးပြည့်စုံသွားပေမည်။
မနက်စောစော သူမ သတိရလာသောအခါ သူ့ကို ဓားဖြင့် ပထမဆုံး ချိန်ရွယ်သည်။ သူမ၏ အေးစက်သည့် အကြည့်များအရ မနေ့ညက ဖြစ်ပျက်ခဲ့သည်များကို မှတ်မိပုံပေါ်သည်။ ဒါကြောင့် ချက်ချင်း မသတ်သေးပဲ တွန့်ဆုတ်နေခြင်းပင်။
"စီနီယာ ကျုပ်တို့ကြားမှာ အထင်လွဲတာရှိမယ်ထင်တယ်" ကျန်းဟောင် ရှင်းပြချင်ပေမဲ့လည်း မည်သို့သော အထင်လွဲမှုဖြစ်မှန်း ဆက်မပြောနိုင်ပေ။
"မင်းက ကောင်းကင်ရှင်းလင်းဂိုဏ်းရဲ့ တပည့်လား" အမျိုးသမီးက အေးစက်စက် မေးသည်။
လည်ပင်းဓားတင်ခံထားရသည့် ကျန်းဟောင်မှာ ခေါင်းပင် မညိတ်ရဲပေ။ "ဟုတ်ပါတယ်"
"ဒါကို စားလိုက်" သူမက ဆေးတစ်လုံးကိုထုတ်ပြီး ပစ်ပေးလာသည်။
"ဒါ ဘာလဲ "
ဘန်း
ကျန်းဟောင် ဗိုက်ကန်ခံလိုက်ရပြီး နာကျင်မှုကြောင့် ပါးစပ်ဟသွားမိသည်။ ထိုအခါ သူမက ဆေးလုံးကို သူ့ပါးစပ်ထဲ ထည့်လိုက်၏။
ထို့နောက် ကြမ်းပေါ်က အဝတ်အစားများကို ကောက်ယူကာ ရစ်ပတ်လိုက်သည်။ သူမကိုယ်ကို ပန်းရောင်မြူများ ဖုံးအုပ်သွား၏။ ခဏကြာသော် ပြတင်းပေါက်မှ ပျောက်ကွယ်သွားလေသည်။
ဒီမိန်းမက မတော်တဆ ရောက်လာတာပေမဲ့ သတ်ဖြတ်ချင်စိတ်ကတော့ အစစ်ပဲ။ သူတွေးလိုက်သည်။ ထို့နောက် ပြတင်းပေါက်နားသွားပြီး သူမ အမှန်တကယ် ထွက်သွားကြောင်း အတည်ပြုသည်။
သူ့စိတ်ထဲ ကြောက်ရွံ့မှုများဖြစ်နေဆဲပင်။ ငါ့ကို သတ်မိတော့မလို့ အတော်သန်မာတာပဲ။
သူမနဲ့ တစ်ညကုန်ဆုံးခဲ့သည့်အတွက် ပြီးခဲ့တာက ပြီးခဲ့ပြီ ဟု မပြောနိုင်ပေ။ ဒါက ကျင့်ကြံခြင်းကမ္ဘာဖြစ်ပြီး သူ့ကို စိတ်အခန့်မသင့်တာနဲ့ သတ်သွားနိုင်၏။
မိစ္ဆာဂိုဏ်းအကြောင်း ပြောနေစရာမလိုချေ။ ဂရုမစိုက်လိုက်သည်နှင့် သေခြင်းတရားက ရောက်လာနိုင်သည်။
"ငြိမ်းချမ်းတဲ့ကမ္ဘာမှာ နေရရင်လည်းကောင်းသား "ကျန်းဟောင် သက်ပြင်းချသည်။
သူ ကမ္ဘာကူးပြောင်းလာတာ ၁၉ နှစ်ရှိခဲ့လေပြီ။
ငယ်ဘဝက ကြမ်းတမ်းခဲ့ပြီး သူ့မိထွေးက မိစ္ဆာဂိုဏ်းကို ရောင်းစားခဲ့သည်။ သူသာ ဂိုဏ်း၏ လိုအပ်ချက်နဲ့ မကိုက်ညီခဲ့ပါက စိတ်ဝိညာဥ်အဖြစ် သန့်စင်ခံရပြီးလောက်ပြီ။
ရွေးချယ်ခွင့်ရှိပါက ကျော်ကြားသည့် လမ်းမှန်ဂိုဏ်းကိုသာ ရွေးမည်ဖြစ်သည်။ ဤကမ္ဘာတွင် အသန်မာဆုံးဂိုဏ်းဖြစ်သော ဟောင်ထျန်ဂိုဏ်းလိုမျိုးဖြစ်သည်။ ကံဆိုးစွာ မိစ္ဆာဂိုဏ်းတွင် သောင်တင်နေလေသည်။
ကံကောင်းသည်ဟုပင်ဆိုရမည်လား။ စတင်ကျင့်ကြံသောအခါ သူ့တွင် ပြောင်းလဲမှုများ ပေါ်လာခဲ့သည်။
ကျန်းဟောင်က သူ့ရှေ့တွင်ပေါ်နေသည့် ဖန်သားပြင်အား စူးစိုက်ကြည့်နေသည်။
အမည် ကျန်းဟောင်
အသက် ၁၉
ကျင့်ကြံခြင်းအဆင့် သွေးသန့်စင်ခြင်းအဆင့် ၉
ကျင့်စဥ်နည်းလမ်း ကောင်းကင်တေးသံတစ်ရာလှည့်ခြင်း
သဘာဝလွန်စွမ်းအား ကိုးလှည့်သေခြင်းအစားထိုး (ထူးခြား)၊ အကဲဖြတ်ခြင်း (မပွင့်သေး)
အသက်သွေး ၁၀၀/၁၀၀ (ဆက်လက်ကျင့်ကြံနိုင်)
ကျင့်ကြံရေး ၁၀၀/၁၀၀ (ဆက်လက်ကျင့်ကြံနိုင်)
နတ်စွမ်းရည် ၁/၃ (မရနိုင်သေး)
သူ သက်ပြင်းရှည်ကြီးချလိုက်၏။
အသက်သွေး၊ ကျင့်ကြံရေးနှင့် နတ်စွမ်းရည်ကို သာမန် ဝေယျာဝစ္စအလုပ်များဖြင့် စုဆောင်းနိုင်ခဲ့သည်။ အပင်စိုက်ခြင်း၊ မိစ္ဆာသားရဲများကို ရှင်းလင်းခြင်းဖြင့် တိုးမြှင့်နိုင်ခဲ့သည်။ ၎င်းတို့ကို ရိတ်သိမ်းရန် လျှောက်သွားနေရုံဖြစ်၏။ တခါတလေ မှော်ရတနာများနှင့် ကျင့်ကြံခြင်းအထောက်အကူများကိုပင် ရသေး၏။
သို့သော် အသက်သွေးနဲ့ ကျင့်ကြံရေးအား ၁၀၀ ပြည့်ရန်မှာ မလွယ်ပေ။ ဒုတိယအကြိမ် ၁၀၀ ပြည့်ရန် နှစ်အနည်းငယ် အချိန်ယူခဲ့ရသည်။
ပထမအကြိမ် ၁၀၀ ပြည့်တုန်းက သူ့ကိုယ်က ပိုမိုသန်မာလာပြီး ကျင့်ကြံခြင်းကလည်း သွေးသန့်စင်ခြင်းအဆင့် ၃ မှ ၈ ထိ တိုးတက်သွားသည်။
ကံကောင်းစွာ ဖြည်းဖြည်းချင်း ချေဖျက်နိုင်ခဲ့သည်။ မဟုတ်ပါက သတိပြုမိစရာကောင်းနေပေမည်။ သူ အပြင်စည်းတပည့်ကနေ အတွင်းစည်းတပည့်ဖြစ်လာသည်ကလည်း ၎င်းကြောင့်သာဖြစ်သည်။
အသည်းကွဲကမ်းပါးတွင် သူက ဆေးဥယျာဥ်ကို စောင့်ကြပ်ရသည်။ ဤနေရာက သူ့အတွက် အဆင်ပြေသည်။ ကျင့်ကြံခြင်းကို မြန်မြန်မြှင့်တင်နိုင်သည့်အပြင် သာမန်လူတယောက်လိုလည်း ဟန်ဆောင်နေစရာမလိုပါချေ။
မိစ္ဆာဂိုဏ်းတွင် ဂရုမစိုက်မိပါက ထိခိုက်ဆုံးရှုံးရနိုင်သည်။ မနေ့က အဖြစ်အပျက်က သက်သေဖြစ်၏။ သူ၏ ဖြူစင်မှုကို ဆုံးရှုံးခဲ့ရသည်မဟုတ်ပါလား။
နတ်စွမ်းရည်မှာ အသက်သွေး၊ ကျင့်ကြံရေးတို့နဲ့ ကွာသည်။ အသက်သွေးနဲ့ ကျင့်ကြံရေးအတွက် အမှတ်ပြည့်အောင် ပြုလုပ်နိုင်သော်လည်း နတ်စွမ်းရည်အတွက်က အစိတ်အပိုင်းသုံးခုလိုသည်။
အခု သူ့မှာ တခုသာရှိထား၏။ ဒါပေမဲ့ ဂုဏ်ယူနိုင်သည်။ လုံးလုံးမရှိတာထက်စာလျှင် တော်သေးသည်မဟုတ်ပါလား။
သူ့အခန်းကို ပြန်ရောက်လာပြီး အနီရောင်စွန်းထင်းနေသည့် အခင်းကိုကြည့်ပြီး သက်ပြင်းချလိုက်သည်။ ထို့နောက် အဝတ်အစားနှင့် အခင်းအား လဲလှယ်လိုက်သည်။
"သူမက ဘယ်သူပါလိမ့် ကောင်းကင်ရှင်းလင်းဂိုဏ်းက မဟုတ်ဖို့ မျှော်လင့်ရတာပဲ " သူ ရေရွတ်သည်။ "မဟုတ်ရင် ငါ့ကို သတ်ချင်စိတ်ထပ်ပေါ်လာရင် ဒုက္ခပဲ"
သူ့ကိုယ်သူ မကာကွယ်နိုင်သည့်အတွက် ရှက်မိသည်။ အဝတ်အစားများလဲပြီးနောက် ဆေးဥယျာဥ်သို့ ထွက်ခဲ့သည်။
ယနေ့ည အခြေခံတည်ဆောက်ခြင်းအဆင့်ကို ချိုးဖျက်မည်ဖြစ်သည်။ သူ၏ အသက်သွေးနှင့် ကျင့်ကြံရေးက ပြည့်နေပြီမဟုတ်ပါလား။
"စာကြည့်တိုက်ကိုသွားပြီး ဟိုမိန်းမ ငါ့ကို ဘာဆေးလုံးကျွေးလိုက်လဲဆိုတာ ရှာကြည့်ရမယ်" ကျန်းဟောင် တွေးနေ၏။ "သတိထားရမယ် သူမ ပေါ်လာတာ သာမန်ကြောင့်တော့ မဖြစ်နိုင်ဘူး"
ကောင်းကင်ရှင်းလင်းဂိုဏ်းက ထိပ်တန်းဂိုဏ်းများထဲက တခုဖြစ်ပေမဲ့လည်း သူမက ကောင်းကင်ရှင်းလင်းဂိုဏ်းက ဟုတ်မဟုတ် မသိပါချေ။