← Chapters

ကောင်းကင်ရှင်းလင်းဂိုဏ်းချုပ်

Vol. 1 Ch. 2

ကောင်းကင်ရှင်းလင်းဂိုဏ်းချုပ်

Vol. 1 Ch. 2

ကောင်းကင်ရှင်းလင်းဂိုဏ်း၊ ပန်းတစ်ရာရေကန်

ပန်းတစ်ရာရေကန်က ဂိုဏ်း၏ အမြင့်ဆုံးနေရာတွင်ရှိပြီး အလွန်လှပသည်။ နာမည်အတိုင်း ရာချီသောပန်းများ ပွင့်ဖူးနေကြသည်။ ကန်ရေက ငြိမ်သက်ပြီး ကြည်လင်သည်။ တခါတလေ ကန်ထဲက ဝိညာဥ်သားရဲများကြောင့် ရေပွက်များ ထသွားတတ်သည်။

ကန်အလယ်တွင် ကျွန်းငယ်တခုရှိပြီး ၎င်းပေါ်တွင် ပန်းနီစံအိမ်ရှိသည်။ အနီရောင်ဝတ်စုံနှင့် အလွန်လှပသော အမျိုးသမီးတဦး ရပ်နေသည်။ သူမက အဝတ်အစားကိုထိပြီး မျက်လုံးထဲ ရွံရှာမှုများရှိနေသည်။

လေပြည်နဲ့အတူ ပန်းများ ယိမ်းနွဲ့သွားကြသည်။ အဖြူရောင်ဝတ်စုံနှင့် အမျိုးသမီးတစ်ဦးက ဆင်းသက်လာပြီး အနီရောင်ဝတ်စုံနှင့် အမျိုးသမီးအား လေးစားစွာကြည့်သည်။

"ဂိုဏ်းချုပ် တံခါးကျင့်ကြံရာကနေ ထွက်လာပြီလား"

အနီရောင်ဝတ်စုံနှင့် အမျိုးသမီးမှာ အတန်ငယ် လှုပ်ရှားလာပြီး လှည့်ကြည့်သည်။ သူမက အလွန်ချောမောသော်လည်း မျက်ဝန်းများက အေးစက်နေသည်။ အဖြူရောင် ဝတ်စုံနှင့် အမျိုးသမီးမှာ ကြောက်ရွံ့စွာ ခေါင်းငုံ့လိုက်၏။

"ပိုင်ကျီ ကောင်းကင်ရှင်းလင်းဂိုဏ်းရဲ့ ဂုဏ်သရေကို ဘယ်သူမှ အလေးမထားတော့ဘူးလား "

အနီရောင်ဝတ်စုံနှင့် အမျိုးသမီးမှာ ကောင်းကင်ရှင်းလင်းဂိုဏ်းချုပ် ဟုန်ယွီယဲ့ ဖြစ်သည်။

သူမ ဂိုဏ်းချုပ်မဖြစ်ခင် ကောင်းကင်ရှင်းလင်းဂိုဏ်းက ဒုတိယတန်းစား ဂိုဏ်းသာဖြစ်သည်။ သူမကြောင့်သာ ကောင်းကင်ရှင်းလင်းဂိုဏ်းက ထိပ်တန်းဂိုဏ်းအဖြစ် နေရာရလာခြင်းဖြစ်သည်။

သူမ ဂိုဏ်းချုပ်ဖြစ်လာသည်နှင့် စစ်ပွဲကြီးတခုကို ဆင်နွှဲပြီး ပြန့်ကြဲနေသည့် အင်အားစုများကို စည်းရုံးသိမ်းသွင်းသည်။ စစ်ပွဲက အနှစ် ၃၀ ကြာမြင့်ခဲ့ပြီး သွေးများက မြစ်လို စီးဆင်းခဲ့၏။

ထို့နောက် ကောင်းကင်ရှင်းလင်းဂိုဏ်းက ပိုသန်မာလာပြီး အရင်းအမြစ်များလည်း တိုးလာခဲ့သည်။ ဂိုဏ်း၏ ဂုဏ်သတင်းကလည်း အရပ်မျက်နှာတိုင်းကို ပျံ့နှံ့လာသည်။

တိုက်ပွဲပြီးနောက် ဟုန်ယွီယဲ့က ဂိုဏ်းကိုစီမံသည်။ ဆယ်နှစ်အတွင်း အရင်းအမြစ်များကို ချထားပေးပြီး ဂိုဏ်းအား ကိုယ့်ဟာကိုယ်လည်ပတ်နိုင်စေရန် ခွင့်ပြုပေးခဲ့သည်။ သူမကတော့ အနှစ် ၆၀ တံခါးပိတ်ကျင့်စဥ်ဝင်သွားခဲ့သည်။

"အလင်းပြပေးပါ ဂိုဏ်းချုပ်" ပိုင်ကျီက ဒူးထောက်ချလိုက်သည်။

ပိုင်ကျီမှာ ဂိုဏ်း၏ ကာကွယ်သူလေးဦးထဲက တစ်ဦးဖြစ်သည်။ သူမက ဂိုဏ်းချုပ်၏ ယုံကြည်မှုရထားပြီး ဂိုဏ်းကို စီမံခန့်ခွဲသည်။

ကောင်းကင်ရှင်းလင်းဂိုဏ်းသာ မတိုးတက်ခဲ့ပါက သူမ အပြစ်ဖြစ်ပေမည်။ ဒါကြောင့် ထိတ်လန့်နေ၏။

ဟုန်ယွီယဲ့က ပိုင်ကျီကိုကြည့်ပြီး ဘာမှမပြောပေ။ ကန်ပေါ်တွင် တိုက်ခတ်နေသည့် လေပြည်မှအပ သူမ၏ မတည်ငြိမ်သည့် အသက်ရှူသံသာ ကြားနေရသည်။ ဟုန်ယူယွဲ့က အကြည့်ရွှေ့လိုက်၏။

သူမ တံခါးပိတ်ကျင့်ကြံတာ အနှစ် ၆၀ ကြာခဲ့သည်။ အားလုံးချောမွေ့နေပြီး အရေးကြီးသည့် အခိုက်အတန့်တွင် ချုံခိုတိုက်ခိုက်ခံခဲ့ရသည်။ မိစ္ဆာဂိုဏ်းသားမဟုတ်ပါချေ။ သူမကို တိုက်ခိုက်ရန် သုံးခဲ့သည့် ကျင့်စဥ်နည်းလမ်းက မိုးပြာတောင်တန်း၏ သန့်စင်ခြင်းသုံးပါးဖြစ်သည်။ ဤနည်းလမ်းက အတော်ယုတ်ပက်၏။

သူမကိုယ်တွင် အဆိပ်ပုန်းကွယ်နေ၏။ သူမသာသေသွားပါက ထိုအဆိပ်က သူမအနားက အရာအားလုံးကို ကူးစက်သွားပေမည်။ ထို့ကြောင့် ဟုန်ယွီယဲ့မှာ နီးစပ်ရာ ချောက်ကမ်းပါးထဲ ခုန်ချခဲ့ရသည်။ ထိုနေရာက အသည်းကွဲကမ်းပါးပင်။

ဒါကြောင့် ယမန်နေ့ညအဖြစ်အပျက်များ ဖြစ်ပေါ်ခဲ့ခြင်းပင်။

"အခုတလော တခြားဂိုဏ်းတွေရဲ့ လှုပ်ရှားမှုဘာရှိလဲ" သူမ တည်ငြိမ်စွာ မေးသည်။

"မရှိပါဘူး" ပိုင်ကျီ ခေါင်းခါပြီး "မိုးပြာတောင်တန်းဂိုဏ်းက ကျမတို့နဲ့ အနီးဆုံးဂိုဏ်းပါ ဒါပေမဲ့ တာအိုတွေ့ဆုံပွဲအတွက် အခုတလော အလုပ်များနေတယ် နောက်ပြီး ဂိုဏ်းချုပ် သူတို့ကို အရင်က တိုက်ခိုက်ထားဖူးတော့ သူတို့ မလုပ်ရဲပါဘူး"

"အဲ့လိုလား" ဟုန်ယွီယဲ့ ပြုံးသည်။

ပိုင်ကျီက ပြန်မဖြေရဲပေ။

"ငါ ထွက်လာတာကို လျှို့ဝှက်ထားချေ အရင်တိုင်းပဲ ဂိုဏ်းကို ဆက်ဂရုစိုက်ပါ နောက်ပြီး တခြားဂိုဏ်းက သူလျှိုတွေ ရှိနိုင်လို့ ဂိုဏ်းသားတွေကို စစ်ဆေးပါ "

"ဟုတ်ကဲ့ နားလည်ပါပြီ "

တခဏမျှအသံတိတ်သွားပြီးနောက် ဟုန်ယွီယဲ့က ပြောသည်။ "ပိုင်ကျီ နင်ကရော သစ္စာဖောက်တော့ မဟုတ်ဘူးမလား"

ပိုင်ကျီက မြေကြီးနဲ့ နဖူးကိုထိကပ်ပြီး ကြောက်ရွံ့စွာ ပြောသည်။" ဂိုဏ်းချုပ် ပိုင်ကျီ မလုပ်ရဲပါဘူး"

ဟုန်ယွီယဲ့က သူမကိုကြည့်နေပြီးမှ ခေါင်းညိတ်သည်။ "မင်း သွားနိုင်ပြီ"

ပိုင်ကျီက တုန်တုန်ယင်ယင်ဖြင့် ထရပ်လာပြီး အရိုအသေပေးကာ ထွက်သွားသည်။ ထိုအခါ ဂိုဏ်းချုပ်၏ အသံအား ကြားလိုက်ရပြန်သည်။

"ငါ့ကို တင်ပြဖို့ အချက်အလက်တွေ စီစဥ်ထားချေ ဒီနှစ်တွေမှာ ဘာတွေတိုးတက်လာလဲကြည့်ရအောင် "

"ဟုတ်ကဲ့ပါ ဂိုဏ်းချုပ် "

ထို့နောက် ပိုင်ကျီ ထွက်ခွာသွားလေသည်။

သူမ ထွက်သွားပြီးနောက် ဟုန်ယွီယဲ့က လက်ဖမိုးဖြင့် နှုတ်ခမ်းအုပ်ပြီး ချောင်းအသာဆိုးသည်။

လွန်ခဲ့သည့် အနှစ် ၆၀ တုန်းက ပိုင်ကျီကို ယုံခဲ့သည်။ အနှစ် ၆၀ ကြာပြီးသည့်နောက်တွင်လည်း သူမကို ယုံနေဆဲပင်။ သို့သော်...

သူမ တံခါးပိတ်ကျင့်ကြံနေသည့်နေရာအား ပိုင်ကျီသာသိသည်။ သူမ တိုက်ခိုက်ခံရချိန် ပထမဆုံးတွေးမိသည်က ပိုင်ကျီ သစ္စာဖောက်သည်ကိုပင်။ ဒါပေမဲ့ သူမက အသုံးဝင်နေသေး၏။

ဟုန်ယွီယဲ့တယောက် မျက်စိမှိတ်ပြီး ငြိမ်သက်သွားတော့သည်။

....

အသည်းကွဲကမ်းပါး၊ ဆေးဥယျာဥ်တွင်

ကျန်းဟောင်က လမ်းကလေးအတိုင်း လျှောက်လာပြီး ပူဖောင်းအချို့ ရိတ်သိမ်းရန်လုပ်သည်။ ဒါက သူ့ခွန်အားကို တိုးစေ၏။

ဤနေရာက သူနေသည့်နေရာနှင့် နည်းနည်းလှမ်းသည်။ ဗဟိုချက်တွင် ရှိ၏။ အသည်းကွဲကမ်းပါးက တောင်ကြားနဲ့တူသည်။ သေးငယ်သည့် စမ်းချောင်းလေးက ထောင့်တနေရာကနေ စီးဆင်းနေသည်။ တိတ်ဆိတ်ငြိမ်းချမ်းပြီး မကြိုဆိုသည့် လူများမှ ကင်းဝေးသည်။

ဆေးဥယျာဥ်ကို အစီအရင်ဖြင့် ကာထားသည်။ အဝင်ဝတွင် အပြင်စည်းတပည့်နှစ်ဦး စောင့်နေကြသည်။ သူတို့က အသက်သွေးသန့်စင်ခြင်းအဆင့် ၅ တွင်ရှိရာ မဆိုးလှချေ။

အဆင့် ၈ ကိုရောက်သည်နှင့် အတွင်းစည်းကို ကူးနိုင်လေပြီ။ သူက ထိုအဆင့်တွင်ဖြစ်၏။

သို့သော် တရားဝင် အတွင်းစည်းတပည့်အဆင့်အတန်းကို သေချာစေရန် အခြေခံတည်ဆောက်ခြင်းအဆင့်ကို ချိုးဖျက်ရန်လိုသည်။ အကယ်၍ အသက် ၄၀ ဖြစ်သည်အထိ အခြေခံတည်ဆောက်ခြင်းအဆင့်ကို မချိုးဖျက်နိုင်ပါက မစ်ရှစ်ယူပြီး ခဏလောက်ထွက်သွားတာ ကောင်းသည်။

မဟုတ်ပါက ဂိုဏ်းအတွင်း အခြားသူများ၏ လှောင်ပြောင်ခြင်းခံရပြီး ကျင့်ကြံခြင်းအရင်းအမြစ်များလည်း လုယူခံရပေမည်။ ဆက်လက်တိုးတက်နိုင်တော့မည်မဟုတ်ပေ။

ဒါမျိုးကို သူ မြင်ခဲ့ဖူးသည်။

အတွင်းစည်းကိုရောက်ကာစက အရင်းအမြစ်များ သွားရောက်လက်ခံသောအခါ အသက် ၄၀ လောက် အသက်သွေးသန့်စင်ခြင်းအဆင့် ၉ လူတဦးမှာ အရင်းအမြစ်များ လုယူခံရသည်ကို မျက်မြင်တွေ့ခဲ့သည်။ ၎င်းအတွက် စိတ်မကောင်းဖြစ်သောကြောင့် မည်သူမှမရှိချိန် ဆေးတစ်လုံး လက်ဆောင်ပေးခဲ့သည်။

ထိုလူက ရှော့ရပြီး စိတ်ပျက်အားငယ်သွားသည်ကို မြင်ခဲ့ရသည်။ ထို့နောက် သူ့ကို ဂိုဏ်းတွင် မမြင်ရတော့ပေ။

မစ်ရှင်များက အန္တရာယ်များကြောင်းကြားမိသည်။ အပြင်တွင် မစ်ရှင်လုပ်ဆောင်သူ ဆယ်ဦးတွင် ကိုးဦးက အသက်ဆုံးရှုံးကြသည်။

All Chapters