← Chapters

သူလျှိုက ငါ့ကို မျက်စိကျနေတယ်

Vol. 1 Ch. 3

သူလျှိုက ငါ့ကို မျက်စိကျနေတယ်

Vol. 1 Ch. 3

"စီနီယာအစ်ကိုကျန်း " တပည့်နှစ်ဦးက နှုတ်ဆက်သည်။

ကျန်းဟောင် ခေါင်းညိတ်ပြပြီး ဆက်လျှောက်သွားခဲ့သည်။

ဆေးဥယျာဥ်က အတော်ကျယ်သည့် စိုက်ကွင်းကြီးဖြစ်သည်။ များစွာသော ဆေးပင်များ စိုက်ပျိုးထားရှိသည်။ အလယ်တွင် တောက်ပသည့် အရွက်ကိုးလွှာပန်းပွင့်နီကြီးရှိသည်။

၎င်းကို ခံစားချက်ဖျက်ဆီးပန်း ဟုခေါ်သည်။ အစပိုင်းတွင် ရနံ့က သတိမပြုမိဖွယ်ဖြစ်သည်။ သို့သော် ပွင့်ချပ်များ ကြွေကျသွားသောအခါ ရနံ့က အလွန်အားကောင်းပြီး နေရာတိုင်းကို ပျံ့နှံ့သွားလေသည်။ ရနံ့တွင် ဝိညာဥ်စွမ်းအားများပါဝင်နေပြီး လူများအား ပုံရိပ်ယောင်ထဲ ကျဆင်းစေသည်။

၎င်းကို ဆေးလုံးအမျိုးအစားသုံးမျိုးအတွက် ပါဝင်ပစ္စည်းအဖြစ် သုံးနိုင်သည်။ ပထမက စိတ်ဝိညာဥ်စုစည်းဆေးလုံးဖြစ်သည်။ ထိုဆေးလုံးမှာ ပတ်ဝန်းကျင်က ဝိညာဥ်စွမ်းအားများကို စုစည်းပြီး ကျင့်ကြံရာတွင် မြန်စေသည်။ ပြုလုပ်ရန် အလွယ်ဆုံးဆေးလုံးဖြစ်၏။

ဒုတိယမှာ ခံစားချက်ဖျက်ဆီးဆေးလုံးဖြစ်သည်။ ကိုယ်တွင်းမိစ္ဆာအား ဖိနှိပ်နိုင်သည့် အာနိသင်ရှိပြီး ပြုလုပ်ရန် ခက်ခဲပြီး အောင်မြင်မှုနှုန်း ၂၀% သာရှိသည်။

တတိယမှာ သုခဘုံဆေးလုံးဖြစ်ပြီး အန္တရာယ်အများဆုံးဖြစ်သည်။ ၎င်းကိုစားလိုက်ပါက ပုံရိပ်ယောင်ထဲ ပိတ်မိသွားပေမည်။ အောင်မြင်လျှင် ကျင့်ကြံခြင်းမှာ တဟုန်ထိုးတိုးတက်လာမည်ဖြစ်ပြီး ကျရှုံးလျှင်တော့ သေရပေမည်။ ၎င်းသည်လည်း ဖန်တီးရအလွန်ခက်သည်။

ကျန်းဟောင်မှာ ဆေးဥယျာဥ်အလယ်က ရိုးစင်းသည့် စံအိမ်တစ်လုံးဆီ လျှောက်သွားလေသည်။ အတွင်းစည်းတပည့်သစ်ဖြစ်၍ ခံစားချက်ဖျက်ဆီးပန်းကို စောင့်ကြပ်ရန် တာဝန်ကျလေသည်။

ဤနေရာတွင် နေ့ရောညပါ နေစရာမလိုပေ။ အဓိကတာဝန်က ဆေးပင် ကောင်းကောင်းမွန်မွန်ရှိနေသည်အား စစ်ဆေးရန်ဖြစ်သည်။ တချို့ စီနီယာအစ်ကို အစ်မများက ညဖက်တွင် စောင့်ကြပ်ကြသည်။

လမ်းလျှောက်နေရင်း သေးငယ်သည့် ပူဖောင်းလေးများအား ကျန်းဟောင်မြင်ရသည်။ အများစုက အဖြူရောင်ဖြစ်ပြီး ဆေးပင်တချို့ပေါ်တွင် အစိမ်းရောင်ပူဖောင်းတခုရှိသည်။

ယခင်က သူလိုအပ်သည်အား မရွေးချယ်နိုင်ခဲ့ပေ။ ပူဖောင်းများက သူ့ကိုယ်ကို အလိုအလျောက် ပေါင်းစည်းသွားကြသည်။ အခု အသိပေးချက်များက စိတ်ထဲပေါ်လာသည်။

ခွန်အား *၁

ကြံ့ခိုင်မှု *၁

ခွန်အား *၁

စိတ်ဝိညာဥ် *၁

ဝိညာဥ်စုစည်းဆေးလုံး *၁

ကျန်းဟောင် တည်ငြိမ်နေသည်။ ဒါမျိုးက အကြိမ်ပေါင်းများစွာဖြစ်ပျက်ခဲ့ဖူးသည်။ ဒါကြောင့်လည်း အတွင်းစည်းတပည့်ဖြစ်ရန် အလျင်လိုခဲ့ခြင်းပင်။ ဒါက သူ့ကို ပိုမိုများပြားသည့် နေရာများကိုသွားနိုင်စေပြီး ပိုရစေမည်ဖြစ်သည်။

အကောင်းဆုံး ဥပမာက ဆေးဥယျာဥ်ဖြစ်သည်။ သူ အပင်များကို ဂရုစိုက်နေနိုင်သမျှ ပိုမိုရရှိပေမည်။ ခွန်အားနှင့် ကြံ့ခိုင်မှုက အလိုအလျောက် စုပ်ယူခံလိုက်ရသည်။ သူ့ခွန်အားက အဆင့်တူခြင်းထက် များစွာ သန်မာနေပြီဖြစ်သည်။ တနေ့တွင် ၎င်းတို့အားလုံးပေါင်းထားသည်ထက်ပင် ပိုမိုသန်မာနိုင်၏။

"ငါ့ကျင့်ကြံခြင်းကို ဖုံးကွယ်ဖို့ ကျင့်ကြံခြင်းနည်းလမ်း ဒါမှမဟုတ် နတ်စွမ်းရည်လိုတယ်" သူ တွေးသည်။

သူ၏ ကျင့်ကြံခြင်းကို မဖုံးကွယ်နိုင်ပဲ မြန်မြန်အဆင့်တက်ခြင်းက အန္တရာယ်များသည်။ အာရုံစိုက်ခံရပြီး ပစ်မှတ်ထားခံရနိုင်သည်။

လေပူဖောင်းများက ၎င်းတို့၏ အရည်အသွေးအလိုက် အရောင်ကွဲကြသည်။ ပုံမှန်အားဖြင့် အဖြူ၊ အစိမ်း၊ အပြာနှင့် ခရမ်းရောင်ရှိသည်။ အဖြူက အများဆုံးတွေ့ရသည်။ ၎င်းတို့တွင် ပါဝင်သည်က ကြံ့ခိုင်မှု၊ ခွန်အား စသည်ဖြင့်ဖြစ်သည်။

အစိမ်းက ဆေးလုံး၊ မှော်ရတနာများနှင့် သက်ဆိုင်သည်။ အသက်သွေးနှင့် ကျင့်ကြံရေးမှာ အပြာရောင်ထဲပါပြီး နတ်စွမ်းရည်မှာ ခရမ်းရောင်ဖြစ်သည်။ ထိုလေးရောင်ကလွဲပြီး တခြားအရောင်များနှင့် မကြုံဖူးပါချေ။

စံအိမ်အောက်တွင် နတ်မိမယ်တစ်ဦးက သူ့ကိုစောင့်နေ၏။ သူ့ကိုမြင်သောအခါ သူမ၏ နှုတ်ခမ်းက အပြုံးအဖြစ် ပြောင်းလဲသွားခဲ့သည်။

ကောင်းကင်ရှင်းလင်းဂိုဏ်းတွင် အဆက်အနွယ် ၁၂ ခုရှိပြီး အသည်းကွဲကမ်းပါးက ထိုထဲက တခုဖြစ်သည်။ သူ့ရှေ့ရှိ မိန်းကလေးက အတွင်းစည်း၏ ကောင်းကင်ရွှင်ပျော်စံအိမ်မှ နတ်မိမယ်ယွင်ရိုဖြစ်သည်။

သူမက ဆွဲဆောင်မှုရှိသည်။ ဒါက သူမ၏ ကျင့်ကြံခြင်းနည်းလမ်းကြောင့်ဖြစ်သည်။

ကောင်းကင်ရွှင်ပျော်စံအိမ်မှ တစုံတဦးနဲ့ ဆုံရသည့်အတွက် သူ ခေါင်းကိုက်သွား၏။ ထူးဆန်းသည်ဟုလည်း ခံစားရသည်။

"စီနီယာအစ်မယွင်ရိုကို နှုတ်ဆက်ပါတယ်"

ယွင်ရိုက ပြုံးပြီး" ဂျူနီယာမောင်လေးက အခြေခံတည်ဆောက်ခြင်းအဆင့်ကို ရောက်တော့မယ်ကြားတယ် အသက် ၂၀ နဲ့ ဒီလိုအဆင့်မျိုး ရောက်နိုင်တာ အံ့ဖွယ်ပဲ"

"ကံကောင်းသွားတာပါ " သူ ထူးဆန်းတာ သတိပြုမိသည်။ စီနီယာအစ်မယွင်ရိုရှေ့တွင် သူ့ နှလုံးသားက အလွန်တည်ငြိမ်နေသည်။ ဘာတွေဖြစ်နေတာလဲ။

"ဂျူနီယာမောင်လေးက လူတော်ဆိုတာသိပါတယ် တခြားဂိုဏ်းတွေမှာသာဆို သေချာပျိုးထောင်ခံရမှာ"

ကျန်းဟောင်လည်း စကားလမ်းကြောင်းပြောင်းလိုက်သည်။ "စီနီယာအစ်မက စိတ်ဝိညာဥ်ဆေးအတွက် ရောက်လာတာလား"

"ဟုတ်တယ် ဒါပေမဲ့ အဓိကအကြောင်းရင်းက မောင်လေးကို ဂုဏ်ပြုပေးချင်လို့ အစ်မအထင် နောက်တစ်နှစ် ဒါမှမဟုတ် နှစ်နှစ်ဆို အခြေခံတည်ဆောက်ခြင်းအဆင့်ကို ရောက်မှာ သေချာတယ် " သူမက ပြောသည်။

"ချီးကျူးပေးတာ ကျေးဇူးတင်ပါတယ် စီနီယာအစ်မအတွက် ဆေးပင်ကို အခုရှာပေးပါမယ်" လိုအပ်သည့်စာရင်းကိုရပြီးနောက် ပြဿနာမရှိမှန်းသေချာသောအခါ ကျန်းဟောင် လှည့်ထွက်လိုက်သည်။

ထို စီနီယာအစ်မက သေချာပေါက် ဆွဲဆောင်ခြင်းကို အသုံးပြုသည်။ သာမန်အားဖြင့် သူ့အတွက် ရှင်းလင်းသည့် စိတ်အခြေအနေရရန် အခက်တွေ့တတ်သည်။

သူမ လိုအပ်သည့် ဆေးပင်များအား ရှာဖွေပြီး ပေးလိုက်သည်။

"ကျေးဇူးပဲ ဂျူနီယာမောင်လေး ဒါဆို မနှောင့်ယှက်တော့ဘူး" ယွင်ရိုက တောက်ပစွာပြုံးသည်။

"စီနီယာအစ်မ ကြင်နာလွန်းနေပါပြီ" သူ အသာပြုံးလိုက်သည်။

ယွင်ရိုက လှည့်ထွက်သွားပြီး ခြေလှမ်းအနည်းငယ်လှမ်းပြီးကာမှ သူ့နားပြန်ရောက်လာကာ တိုးတိုးကပ်ပြောသည်။

"ဂျူနီယာမောင်လေး ကျော်ကြားတဲ့ အင်မော်တယ်ဂိုဏ်းတခုထဲ ဝင်ခွင့်ရမဲ့အခွင့်အရေးပေးမယ်ဆိုရင် လက်ခံမှာလား "

ကျန်းဟောင် ရှော့ရပြီး တုန်လှုပ်ခြောက်ခြားစွာကြည့်သည်။

"ခွီ " ယွင်ရိုက ရယ်မောပြီး "ကြည့်ပါဦး လန့်သွားလိုက်ပုံများ ဒါက တချို့ အင်မော်တယ်ဂိုဏ်းက တို့ မိစ္ဆာဂိုဏ်းက လူတွေကို စည်းရုံးတဲ့အခါ သုံးတတ်တဲ့နည်းလမ်းပဲ "

သူမက ထပ်ပြုံးလိုက်ပြီး "မောင်လေးလည်း သတိထားတာကောင်းမယ် အရူးလုပ်မခံရစေနဲ့ နောက်သိလာလိမ့်မယ်" ထို့နောက် သူမ ထွက်သွားတော့သည်။

သူမ ဘာကိုဆိုလိုတာလဲ။ သိလာလိမ့်မယ်တဲ့လား။ ကျန်းဟောင် တွေးသည်။ သူမ ပြောသွားပုံက ဟာသလိုဖြစ်ပေမဲ့ အမှန်ကိုပြောနေခြင်းဖြစ်တန်ရာသည်။

သူမက သူလျှိုဆိုရင် ဘာလို့ ငါ့ကိုပစ်မှတ်ထားရတာလဲ သူမ လုပ်ဆောင်မဲ့အရာတွေမှာ ငါ့အကူအညီလိုလို့လား ဒါမှမဟုတ် ဂိုဏ်းက ငါ့ကို မသင်္ကာလို့ စမ်းသပ်နေတာလား။

သူမသာ သူလျှိုဆိုရင် ငါ ရွေးနိုင်တာနှစ်ခုပဲ တခုက ငြင်းဖို့ ဒါဆို သူမက ငါ့ကို နှုတ်ပိတ်ဖို့ သတ်လိမ့်မယ် လက်ခံလိုက်ရင်တော့...

သို့သော် သူ့ကိုယ်သူ အန္တရာယ်များသည့် အနေအထားထဲ တွန်းမပို့နိုင်ပါချေ။ ဘာလို့ ဒီတိုင်းလေးပဲ ငြိမ်းငြိမ်းချမ်းချမ်း နေလို့မရတာလဲ။

"အရင်ဆုံး အခြေခံတည်ဆောက်ခြင်းအဆင့်ကို ရောက်ဖို့လိုတယ်"

All Chapters