သဘာဝလွန်စွမ်းရည်ကို သင်ယူခြင်း
Vol. 1 Ch. 4
ဆေးဥယျာဥ်မှ ကျန်းဟောင်ထွက်လာသောအခါ ညနေစောင်းနေလေပြီ။ သူ ထွက်မလာခင် အားလုံးအဆင်ပြေစေရန် သေချာစစ်ဆေးခဲ့သည်။
ပုံမှန်အားဖြင့် နောက်ရက်တွင် ပူဖောင်းများပိုရစေရန် အပင်များအား သေချာ ဂရုစိုက်သည်။ မဟုတ်ပါက ပူဖောင်းများက ရှားပြီး ကံတရားကိုသာ အားကိုးရတတ်သည်။ ဒါကြောင့် သူ၏ အသက်သွေးနှင့် ကျင့်ကြံရေး ရာပြည့်ရန် နှစ်အနည်းငယ် အချိန်ယူခဲ့ရခြင်းပင်။
အတွင်းစည်းတပည့်ဖြစ်ပြီးနောက် သဘာဝလွန်စွမ်းရည်နဲ့ ထိတွေ့ရန် မကြာခဏလာလေ့ရှိသည်။ ဆေးပင်များကို ပိုဂရုစိုက်လေ ပူဖောင်းများ ပိုရလေဖြစ်ကြောင်း သင်ယူခဲ့ရသည်။
အိမ်ကိုပြန်ရောက်ပြီးနောက် ပတ်ဝန်းကျင်အား သေချာစစ်ဆေးသည်။ မည်သူမှ မရှိမှန်းသေချာမှ လေ့ကျင့်ရေးအခန်းထဲဝင်ပြီး ကျင့်ကြံသည်။
စီနီယာအစ်မယွင်ရို၏ စကားများက သူ့ကို စိုးရိမ်စေသည်။ ဂရုစိုက်တာ အကောင်းဆုံးဖြစ်သည်။
တင်ပြင်ခွေထိုင်ပြီးနောက် အသက်သွေးနှင့် ကျင့်ကြံရေးအား ဖွင့်လိုက်သည်။ ဂိုဏ်းဝင်ကာစ စစ်ဆေးမှုအရ သူ့ပါရမီက သာမန်အထက်တွင် ရှိသည်။ သူသာ ကြိုးစားပါက အသက် ၃၀ သို့ ၄၀ တွင် အခြေခံတည်ဆောက်ခြင်းအဆင့်ကို ရောက်နိုင်လေသည်။
သူက အခု ၂၀ သာရှိသေးပြီး ထင်ထားသည်ထက် ပိုမိုစောခဲ့သည်။ ချိုးဖျက်ရန်အတွက်လည်း မခက်လောက်ပေ။
အတန်ကြာသော် နာကျင်မှုကြောင့် ကျန်းဟောင် မျက်နှာမဲ့သွားခဲ့သည်။ အသက်သွေးက ဆူပွက်ပြီး ဝိညာဥ်စွမ်းအားက ထိုးတက်လာသည်။ ကောင်းကင်တေးသံတစ်ရာလှည့်ခြင်းက ပြင်းပြင်းထန်ထန် လည်ပတ်ပြီး အသက်သွေးနှင့် ဝိညာဥ်စွမ်းအားကို စုပ်ယူနေသည်။
ခွပ်
သူ့ကိုယ်မှ အသံတခုထွက်လာသည်။ အသွေးအသား၊ အရိုးများက စတင်ပြောင်းလဲလာသည်။ သူသာ တောင့်ခံနိုင်ပါက အခြေခံတည်ဆောက်ခြင်းကို ပြီးစီးသွားပေမည်။
ဖြစ်စဥ်က အတော်လေးကြာမြင့်ခဲ့သည်။ မနက်စောစောတွင် သူ၏ အသက်သွေးက တည်ငြိမ်သွားခဲ့သည်။ ဝိညာဥ်စွမ်းအားသည်လည်း သွေးကြောများတလျှောက် စီးဆင်း၍ ပုံမှန်အတိုင်း ဖြစ်နေလေပြီ။
အားလုံးက ချောချောမောမောဖြစ်ခဲ့၏။ ကျန်းဟောင် မျက်လုံးဖွင့်ပြီး သူ့ခွန်အားကို ခံစားကြည့်၏။
`ငါ အခြေခံတည်ဆောက်ခြင်းအဆင့်ကို ရောက်သွားခဲ့ပြီ အားလုံးကလည်း အဆင်ပြေပြေပဲ`
သက်ပြင်းရှည်ကြီးချပြီး စနစ်မျက်နှာပြင်အား ဖွင့်လိုက်သည်။ တချို့အရာများက ပြောင်းလဲသွားခဲ့သည်။
အမည် ကျန်းဟောင်
အသက် ၁၉
ကျင့်ကြံခြင်းအဆင့် အခြေခံတည်ဆောက်ခြင်းအဆင့် အစောပိုင်း
ကျင့်စဥ်နည်းလမ်း ကောင်းကင်တေးသံတစ်ရာလှည့်ခြင်း
သဘာဝလွန်စွမ်းအား ကိုးလှည့်သေခြင်းအစားထိုး (ထူးခြား)၊ အကဲဖြတ်ခြင်း (သင်ယူနိုင်သည်)
အသက်သွေး ၃၆/၁၀၀ (ဆက်လက်ကျင့်ကြံနိုင်)
ကျင့်ကြံရေး ၄၁/၁၀၀ (ဆက်လက်ကျင့်ကြံနိုင်)
နတ်စွမ်းရည် ၁/၃ (မရနိုင်သေး)
အဆင့်တက်ပြီး ဆုမရဘူးလား။
အခြေခံတည်ဆောက်ခြင်းအဆင့်ကိုရောက်ပြီးနောက် ကျင့်ကြံခြင်းနည်းလမ်းအသစ်အား ရရှိလိမ့်မည်ဟု ထင်ထားခဲ့သည်။ ကောင်းကင်တေးသံတစ်ရာလှည့်ခြင်းက ကောင်းမွန်ပေမဲ့ သူ့အား မြင့်မားသည့်အဆင့်များ ရောက်ရန် မကူညီနိုင်ပေ။ ပိုအားကောင်းသည့် ကျင့်ကြံခြင်းနည်းလမ်းလိုသည်။
`ထားလိုက်တော့ ဆေးဥယျာဥ်ကို မသွားခင် အကဲဖြတ်ခြင်းကို ကြည့်ရမယ် ကျင့်ကြံခြင်းနည်းလမ်းအတွက်က နောက်မှစဥ်းစားရမယ်´ သူတွေးလိုက််သည်။
တစ်နာရီအတွင်း သူသင်ယူပြီးသွားခဲ့သည်။ ၎င်းကို ဘာအတွက် သုံးသည်အား သေချာမသိပါချေ။ ထို့နောက် အပြင်ကိုထွက်လာပြီး သူ၏ သစ်သားအိမ်အား အကဲဖြတ်လိုက်သည်။ မကြာမီ ရလဒ်အား လက်ခံရရှိသည်။
(ကျန်းဟောင်ရဲ့ သစ်သားအိမ်၊ လွန်ခဲ့သည့်သုံးနှစ်က တည်ဆောက်ခဲ့သည်။ အစိမ်းရောင်သစ်သားဖြင့် ဖန်တီးထားပြီး တောင့်တင်းခိုင်မာသည်။ သို့သော် အတွင်းပိုင်းတည်ဆောက်ပုံတွင် အားနည်းချက်များရှိနေသောကြောင့် အချိန်မရွေး ပြိုကျနိုင်သည်)
`ဒါဆို ဒီစွမ်းရည်က ပစ္စည်းတွေကို အကဲဖြတ်တာပေါ့´
ကျန်းဟောင်မှာ ဆေးဥယျာဥ်ကို ရောက်လာပြီး လေပူဖောင်းများကို ကောက်သည်။ `အချိန်ရရင် ဗိသုကာပညာကို လေ့လာပြီး အိမ်ကို ပြန်ပြင်မှပဲ`
ခွန်အား +၁
စိတ်ဝိညာဥ် +၁
ကျင့်ကြံရေး +၁
သာမန်စိတ်ဝိညာဥ်ဓား +၁
ပူဖောင်းများကို သူစုပ်ယူလိုက်သည်။ ထိုသို့သောအချိန်က သူ့အတွက် အပျော်ဆုံးဖြစ်သည်။ ခဏနားပြီးနောက် ဥယျာဉ်ထဲ ထွက်သွားပြန်သည်။
ဆေးဥယျာဥ်ကို ဂရုစိုက်နေသူအများစုက သာမန်လူများဖြစ်ကြသည်။ အမှားလုပ်မိပါက သေနိုင်သောကြောင့် အတွင်းစည်းတပည့်များအား ကြောက်ရွံ့ကြသည်။ ကျန်းဟောင် တာဝန်ယူလိုက်ချိန်ကစပြီး ထိုကြောက်ရွံ့မှုများ မရှိတော့ပေ။ ကျန်းဟောင်က ကြင်နာတတ်သောကြောင့်ပင်။
သူ့အနေနဲ့ သာမန်လူများအား လက်လွတ်စပယ် သတ်ဖြတ်ရခြင်းကို ငြင်းဆန်သည်။ ကံကောင်းသည်က ထိုအတွက်ကြောင့် မည်သူမှ စောဒကလာမတက်ပါချေ။
လောလောဆယ် သူ အဆင့်တက်သွားသည်ကို လျှို့ဝှက်ထားရပေဦးမည်။
...
သုံးရက်ကြာပြီးနောက်
စီနီယာအစ်မယွင်ရိုနဲ့ ပြန်တွေ့သည်။ သူ အခြေခံတည်ဆောက်ခြင်းအဆင့်ကို ရောက်သွားကြောင်း သိထားသည်။ လျှို့ဝှက်ချက်မဟုတ်တော့ပါချေ။
နောက်ရက်များတွင်း ယွင်ရိုက သူ့ဆီလာပြီး စကားပြောလေ့ရှိသည်။ မိစ္ဆာဂိုဏ်းဟူသည် သူမ ထိန်းချုပ်နိုင်စွမ်းရှိသည့်အရာမဟုတ်ကြောင်း မကြာခဏ ပြောလေ့ရှိသည်။ သူမ ငယ်ငယ်က လူကောင်းဖြစ်ချင်ခဲ့သည်ဟုလည်း ဆိုသည်။
သူမ လာတွေ့လေ သူ့စိုးရိမ်မှုက ကြီးလာလေဖြစ်သည်။ သူ၏ အသက်သွေးနှင့် ကျင့်ကြံရေးကိုလည်း ပေါင်းစပ်ထားနိုင်လေပြီ။
တစ်လကြာပြီးနောက် နေသာသည့်နေ့တစ်နေ့ ကျန်းဟောင် အပြင်ထွက်လာခဲ့သည်။
`စီနီယာအစ်မယွင်ရိုကိုတောင် အခုတလော မတွေ့ပါလား မအားလို့ပဲလား ဒါမှမဟုတ် တခုခုကြောင့်လား ´
သူ စာကြည့်တိုက်ကို သွားလိုက်သည်။ ဤလအတွင်း သူ သတိပြုမိခဲ့တာရှိသည်။ စီနီယာအစ်မယွင်ရိုက ကောင်းကင်ရွှင်ပျော်စံအိမ်ကဖြစ်ပြီး ဆွဲဆောင်မှုရှိကာ ဂိုဏ်း၏ အလှမယ်ဖြစ်သည်။ သို့သော် သူ မည်သို့မှ မခံစားရပေ။ သူ၏ ခံစားချက်များအား လှုပ်နှိုးခဲ့သည့်တိုင် မထူးခြားပေ။
ဒါက သူ့ကို မကောင်းသည့် ခံစားချက်ပေး၏။ သူ နှလုံးသားကို တာအိုဆီ မြုပ်နှံထားပေမဲ့ အခုလိုဖြစ်နေသည်က ထူးဆန်းသည်။
ဒါက ဟိုမိန်းမနဲ့ တွေ့ပြီးနောက် ဖြစ်လာခြင်းပင်။ ထိုမိန်းမ ကျွေးခဲ့သည့် ဆေးလုံးကြောင့် ဖြစ်နိုင်သည်။
ကျန်းဟောင်က နှစ်ရက်လုံးလုံး ရှာဖွေခဲ့သည့်တိုင် အဖြေမတွေ့ခဲ့ချေ။ သို့သော် ရှားပါးသည့် ခရမ်းရောင်ပူဖောင်းကို တွေ့ခဲ့သည်။
စွမ်းရည်အပိုင်းအစ +၁
ဒါက အံ့အားသင့်ဖွယ်ဖြစ်သည်။
"
အခုတလော ဂိုဏ်းက တပည့်စာရင်းကို ပြုစုနေတယ် တခုခုဖြစ်လို့လား"
ကျန်းဟောင် စာကြည့်တိုက်အတွင်း လူများ ပြောနေသည်ကို ကြားရသည်။
"သစ္စာဖောက်ကို ရှာနေတာများလား" အခြားတယောက်က ပြောသည်။
စီနီယာအစ်မယွင်ရိုအား သူတွေးမိလိုက်သည်။ တခုခုဖြစ်နေမှန်းသိပေမဲ့ သူပါနေမည်ဟုတော့ မထင်ပေ။
`စီနီယာအစ်မယွင်ရိုက အခြေခံတည်ဆောက်ခြင်းအဆင့်ကို ရောက်နေတာကြာပြီ သူမကိုနိုင်ဖို့ အခွင့်အရေး များများစားစားမရှိဘူး ´
ကျန်းဟောင်က အဆိုးဆုံးအခြေအနေထိပင် တွေးမိလိုက်သည်။ သူ စိုးရိမ်လွန်နေခြင်းသာဖြစ်ပါစေဟု မျှော်လင့်မိသည်။