သူမက တကယ် သစ္စာဖောက်ပဲ
Vol. 1 Ch. 5
နောက်တစ်ရက် ကျန်းဟောင်မှာ လုပ်ရိုးလုပ်စဉ်အတိုင်း ဆေးဥယျာဥ်ကိုသွားပြီး ညနေခင်းတွင် ပြန်လာသည်။ သူ့အနေနဲ့ ပူဖောင်းသိပ်မရခဲ့ပေ။
ဆေးပင်လာရောက်တောင်းဆိုသူမရှိသလို စီနီယာအစ်မယွင်ရိုလည်း ပေါ်မလာခဲ့ပေ။ ဂိုဏ်းက သစ္စာဖောက်နဲ့ပတ်သတ်သည့် ကောလာဟလများအား သူကြားခဲ့သည်။ အများစုကို ရှာတွေ့ခဲ့ပြီး ဂိုဏ်းအား သန့်စင်နေသည်။
အိမ်ပြန်ရောက်လာပြီးနောက် သူ သက်ပြင်းချလိုက်သည်။ သူက သစ္စာဖောက်မဟုတ်သလို ၎င်းတို့ကို ဖမ်းဆီးသူလည်း မဖြစ်ချင်ပါချေ။ တဖက်ကို ဆန့်ကျင်မိသည်က ကောင်းသည့် အရာမဟုတ်ပေ။
ကောင်းကင်ရှင်းလင်းဂိုဏ်းက မိစ္ဆာဂိုဏ်းဖြစ်သောကြောင့် ကျင့်ကြံခြင်းလောကက လူတိုင်းက နှိမ်နင်းချင်နေကြသည်။ တရက်တွင် ဖျက်ဆီးခံရသည့် အခြေအနေဖြစ်လာနိုင်၏။
ထို့ကြောင့် အခြားဂိုဏ်းများ၏ သူလျှိုကိုဖမ်းဆီးပြီး မဆန့်ကျင်ချင်ပါချေ။ သူလျှိုများက အင်မော်တယ်ဂိုဏ်းများ၏ နယ်ရုပ်များဖြစ်သည်။ သူပါဝင်မိလျှင် သူ့နာမည်ကို ရှင်းလင်းရခက်သွားပေမည်။
ခေါင်းအသာယမ်းပြီး ခြံနောက်က ဆေးပင်များထံသွားလိုက်သည်။ ထိုနေရာက ဆေးပင်များမှာ သာမန်သာဖြစ်သည်။ ပိုကောင်းသည့် ဆေးပင်များကို လိုချင်ပေမဲ့ မဝယ်နိုင်သေးပေ။
"ငါ့ကျင့်ကြံခြင်းက အားနည်းနေပေမဲ့ သိသာထင်ရှားနေတော့ ပြဿနာကို ဖိတ်ခေါ်မိနိုင််တယ်" သူ တွေးလိုက်၏။ "ငါ တခြားနည်းလမ်းတွေကို စဥ်းစားရမယ် ရတနာတခုရခဲ့လို့ ကျင့်ကြံခြင်းမြင့်လာတယ်လို့ပြောရမလား ဒါမဟုတ် ဂိုဏ်းကနေထွက်သွားပြီး ပြန်မလာတော့ရင်ရော"
သူ ခေါင်းယမ်းသည်။ တခုမှ အကြံကောင်းမဟုတ်ချေ။
ထွက်သွားခြင်းက ရွေးချယ်စရာမဟုတ်ပေ။ အပြင်လောကက ပို၍အန္တရာယ်များသည်။ သူ့တွင် ရတနာရှိသည်က ပြောခြင်းကလည်း မသင့်တော်သလို ဂိုဏ်းကို သစ္စာဖောက်ခြင်းကလည်း စွန့်စားလွန်းရာကျသည်။
ကောင်းကင်ရှင်းလင်းဂိုဏ်းက သစ္စာဖောက်များနဲ့ပတ်သတ်ပြီး မသက်ညှာပေ။ သူ ဂိုဏ်းရောက်စက အင်မော်တယ်ဂိုဏ်းနှင့် ဆက်သွယ်သည့် တပည့်တဦးအကြောင်းကြားခဲ့ဖူးသည်။ ၎င်းက ပိရိလွန်းရကား ဂိုဏ်းမှာ ဆယ်နှစ်ကြာသည်အထိ စောင့်ဆိုင်းပြီး ဖော်ထုတ်ကာ သတ်ပစ်ခဲ့သည်။
ကျန်းဟောင်လည်း စိုးရိမ်ပူပန်ခြင်းများအား ဘေးဖယ်ပြီး ဆေးပင်များအား ဂရုစိုက်နေလိုက်သည်။ သူ၏ အသက်သွေးနှင့် ကျင့်ကြံရေးက တိုးတက်လာသည်။ သဘာဝလွန်စွမ်းရည်များကိုပင် ရခဲ့သည်။
ကိစ္စပြီးနောက် ထရပ်ကာ လက်ခါ၍ အခန်းဆီသွားရန်လုပ်သည်။ ထိုအခါ သူ့နောက်မှ ခေါ်သံထွက်လာခဲ့သည်။
"ဂျူနီယာမောင်လေး."
သူလှည့်ကြည့်လိုက်ရာ ဖြူရော်နေသည့် ယွင်ရိုကို တွေ့ရသည်။ အခြေအနေမဟန်တော့မှန်း သူသိလိုက်၏။ သူတို့က ပုံမှန်အားဖြင့် ဆေးဥယျာဥ်တွင်သာတွေ့ကြပြီး အခု သူမက သူ့အိမ်ကိုရောက်လာခဲ့သည်။
"စီနီယာအစ်မယွင်ရို ဆေးပင်လိုချင်လို့လား" သူ တည်ငြိမ်စွာမေး၏။
"ငါတို့ အထဲမှာပြောလို့ရမလား" သူမက ချိုသာစွာပြောသည်။
လုံးဝမရဘူး။ သူ့စိတ်ထဲ ပြောလိုက်ပေမဲ့ ပါးစပ်မှ မထွက်ပေ။ ရန်သူအား အသိပေးလိုက်သလိုဖြစ်သွားမည်။
"ဒါပေါ့ စီနီယာအစ်မ" သူ လက်ဟန်ပြလိုက်သည်။ "ကျေးဇူးပြုပြီး"
သူ သတိအပြည့်ထားထားသည်။ ယွင်ရိုက တခုခုမှားနေကြောင်း သူ့အာရုံက ပြောနေ၏။ ဂရုမစိုက်၍မရပေ။
အိမ်ထဲရောက်ပြီးနောက် ယွင်ရို၏ မျက်နှာက တည်သွားသည်။ သူမက ကျန်းဟောင်ကိုကြည့်၏။
"ဂျူနီယာမောင်လေး အစ်မ မင်းကိုယုံလို့ရလား" သူမက ပြောသည်။ "မဟုတ်သေးဘူး အစ်မယုံကြည်နိုင်တာ မင်းပဲရှိတယ် အစ်မ သတိထားမိတာကြာပြီ မင်းက မိစ္ဆာဂိုဏ်းမှာ ရှိသင့်တဲ့လူမျိုးမဟုတ်ဘူး"
ကျန်းဟောင် ရှော့ရသွား၏။ ဘာတုန်းဟ ငါ့ကို သူလျှိုလို့ ထင်နေတာလား ဒါမှမဟုတ် ငါ့ကို လှည့်စားမလို့လား။
သူက ခေါင်းငုံ့လိုက်ပြီး "အစ်မ ကျနော်က ဒီဂိုဏ်းမှာ ကြီးပြင်းလာတာ ဒီနေရာကလွဲပြီး ကျနော်ရှိနိုင်မဲ့နေရာ စဥ်းစားလို့မရဘူး "
"အစ်မသိပါတယ် မောင်လေးရဲ့ စိတ်နေသဘောထားက ဒီနေရာနဲ့ မသင့်တော်ဘူးဆိုတာ ခံစားမိရုံတင်ပါ အင်မော်တယ်ဂိုဏ်းကို သွားသင့်တယ် နှစ်ထောင်ချီအမွေအနှစ်ရှိတဲ့ နေဝင်ဆည်းဆာအင်မော်တယ်ဂိုဏ်းက လူတိုင်းလေးစားရတဲ့ဂိုဏ်းပဲ"
"ဒါ..ဒါဆို အစ်မက.. " ကျန်းဟောင် ထစ်အအဖြစ်သွား၏။
သူ၏ ခန့်မှန်းထားမှုက မှန်ကန်ခဲ့သည်။ စီနီယာအစ်မယွင်ရိုက သစ္စာဖောက်ဖြစ်နေသည်။ အခု သူ့ကိုပင် လာဆွယ်နေ၏။
"ဟုတ်တယ် အစ်မက နေဝင်ဆည်းဆာဂိုဏ်းရဲ့ တပည့်ပဲ ဒီကို တာဝန်နဲ့ ရောက်နေတာ အစ်မတာဝန်က ပြီးသွားခဲ့ပြီ ဒါပေမဲ့ ပေါ်သွားလို့ မောင်လေးကို အကူအညီတောင်းရတာပဲ အစ်မရခဲ့တဲ့အရာကို ဖွက်ထားပြီး ဂိုဏ်းကို ပြန်ပို့ပေးပါ"
"အင်မော်တယ်ဂိုဏ်းကို ဝင်ခွင့်ရရစေမယ်လို့ အာမခံတယ် အစ်မရဲ့ ဆုလာဘ်ကလည်း မင်းအတွက်ပဲဖြစ်လိမ့်မယ် အစ်မ ဒီမှာ အသက်ဆုံးရမယ်ဆိုတာ သိပါတယ်" ယွင်ရိုက သေခြင်းတရားကို မကြောက်ရွံ့သည့် ယုံကြည်မှုဖြင့် ပြောသည်။
ဒါက သူမ၏ စတေးမှုဖြစ်သည်။ ကျန်းဟောင်ကို အကူအညီတောင်းခြင်းက နောက်ဆုံးလုပ်ဆောင်ရမည့်အရာကို မလုပ်နိုင်တော့သောကြောင့်ပင်။
ကျန်းဟောင် စိတ်လှုပ်ရှားသွားသည်။ သူမက လိမ်နေဟန်မရပေမဲ့ သူ မလုပ်ချင်ပေ။
ဒါက ထောင်ချောက်ဖြစ်နေရင်။ သူတွေးလိုက်၏။
"မောင်လေး စိတ်ပူနေတာကိုသိပါတယ် ဒီပစ္စည်းကို ယုံယုံကြည်ကြည်နဲ့ အပ်ခဲ့မယ် အစ်မသေသွားရင် အစီရင်ခံလိုက်လို့ရတယ် ဘာပဲဖြစ်ဖြစ် အစ်မအကြောင်းက ပေါ်သွားပြီပဲလေ"
သူမက ဆန်းကြယ်သည့် သင်္ကေတတခုထွင်းထုထားသော ကျောက်စိမ်းဆွဲသီးတခုကို ထုတ်လိုက်သည်။ ၎င်းက သာမန်ဖြစ်ပုံမရချေ။
ကျန်းဟောင် မျက်မှောင်ကြုတ်၏။ ငါငြင်းလိုက်ရင် ပြဿနာတက်နိုင်လား ငါ့ကို သတ်ဖို့ကြိုးစားလာမှာလား လမ်းမှန်ဂိုဏ်းတပည့်ကလည်း မိစ္ဆာဂိုဏ်းကလို ရက်စက်တတ်သလား။
သူ မသေချာဖြစ်နေသည်။
"ဂျူနီယာမောင်လေး" ယွင်ရိုက နှုတ်ခမ်းကိုက်ပြီး သူ့ကို သနားစဖွယ်ကြည့်သည်။
သူမက ယုံစရာကောင်းလောက်သည်ဟု အတွေးဝင်လာသည်။ ဆွဲသီးအား ယူလိုက်ရမည်လားဟု တွေးနေစဥ် အတွေးတခုက စိတ်ထဲ ဖျတ်ခနဲဝင်လာပြီး အကဲဖြတ်ခြင်းစွမ်းရည်ကို အသက်သွင်းလိုက်သည်။
`စီနီယာအစ်မယွင်ရိုကို အကဲဖြတ်ပါ ´