← Chapters

အကဲဖြတ်ရလဒ်

Vol. 1 Ch. 6

အကဲဖြတ်ရလဒ်

Vol. 1 Ch. 6

ကျန်းဟောင်က ဤစွမ်းရည်ကို တောင်၊ သစ်ပင်၊ ပန်းမန် စသည်ဖြင့် များစွာအသုံးပြုခဲ့သည်။ သို့သော် လူကိုတော့ မစမ်းဖူးပါချေ။

လက်ရှိအခြေအနေတွင် စမ်းကြည့်သည်က ဆိုးဝါးသည့် အကြံမဟုတ်ပါချေ။ သူ့မျက်လုံးထဲ မမြင်နိုင်သည့် သင်္ကေတများပေါ်လာ၏။ ၎င်းတို့က ယွင်ရို၏ ပုံရိပ်ကို ထင်ဟပ်သွားစေသည်။

ချက်ချင်းပင် သူမနှင့် ပတ်သတ်သည့် အချက်အလက်များက စိတ်ထဲတွင်ပေါ်လာ၏။

အလုပ်ဖြစ််တယ်။ သူ ဝမ်းသာသွား၏။ ဒါပေမဲ့လည်း ရရှိသည့် အချက်အလက်များက သူ့ကို အေးစက်သွားစေသည်။

[ယွင်ရို အခြေခံတည်ဆောက်ခြင်း အစောပိုင်းအဆင့်၊ နေဝင်ဆည်းဆာဂိုဏ်း၏ အတွင်းစည်းတပည့်ဖြစ်ပြီး ကောင်းကင်ဘုံရနံ့တာအိုပန်းကို ရှာဖွေရန် ကောင်းကင်ရှင်းလင်းဂိုဏ်းတွင် အသွင်ယူခဲ့သည်။ လက်ရှိ သူမအတွက် ဓားစာခံ အရေးပေါ်လိုအပ်နေသည်။ သင်က သာမန် မိစ္ဆာဂိုဏ်းသားများနှင့် မတူသည့်အတွက် ပစ်မှတ်ထားခဲ့သည်။ သင်၏ စိတ်ကိုပြောင်းလဲစေရန် ညို့ငင်ခြင်းကိုလည်း အသုံးပြုနေသည်။ သင်သာ သဘောတူလိုက်မည်ဆိုလျှင် သူမနေရာအစား သစ္စာဖောက်အဖြစ် သင့်ကို သတ်ပေမည်။]

ရက်စက်လိုက်တာ။ ကျန်းဟောင် တုန်လှုပ်သွား၏။

ကျောက်စိမ်းဆွဲသီးက သူ့ရှေ့တွင်ရှိနေသည်။ ယူလိုက်ပါက သူ့ကို သစ္စာဖောက်အဖြစ် သမုတ်ပြီးသတ်မည်။ ငြင်းပါကလည်း သူ့ကို နှုတ်ပိတ်ရန် သတ်မည်သာ။

သူမက အခြေခံတည်ဆောက်ခြင်းအဆင့်တွင် အချိန်များစွာကြာခဲ့ပြီဖြစ်သောကြောင့် သူ သေချာဂရုစိုက်ရမည်။ တိုက်ရိုက်တိုက်ခိုက်ခြင်းက သူ့အတွက် မလွယ်ကြောင်း ကျန်းဟောင် သိသည်။

သူက လက်ဆန့်ပြီး ဆွဲသီးကိုယူရန်လုပ်လိုက်သည်။ ထိမည့်တော့မည့်ဆဲဆဲ သူက ယွင်ရိုနောက်ကို ထိတ်လန့်စွာ ကြည့်လိုက်၏။

"ဆ..ဆရာ"

ယွင်ရို၏ အမူအရာပြောင်းသွားပြီး လက်ထဲတွင် ဓယးပေါ်လာသည်။ အော်ရာက ကျန်းဟောင်ကို ပစ်မှတ်ထားလိုက်သည်။ သူမကိုယ်သူမ ကာကွယ်ရန် သူ့ကို ဒိုင်းအဖြစ် အသုံးချင်သည်။ ဆွဲသီးက ကြမ်းပေါ် ပြုတ်ကျသွား၏။

သူမက လှည့်ပြီး အော်လိုက်သည်။ "ကျန်းဟောင်က သစ္စာဖောက်ပဲ သူ..."

ရုတ်တရက် သူမ အေးခဲသွား၏။ သူမနောက်တွင် မည်သူမှ ရှိမနေချေ။ သူမအတွက် ပြန်လှည့်ရန် နောက်ကျသွားလေပြီ။ ဓားမြှောင်တလက်က သူမလည်ပင်းကို ထိုးစိုက်လာသည်။

တချက်တည်းနဲ့ သတ်ပစ်ရန် သူ လုပ်ဆောင်ခဲ့သည်။ ထိပ်တိုက်တွေ့ခြင်းက သူ့အတွက် အရေးမသာပါချေ။ သူမကို ချောင်းတိုက်ရသည့်အတွက် မည်သို့မှ မခံစားရပေ။ သူက အခြားသူများအား မထိခိုက်စေချင်သလို သူ့ကို ပစ်မှတ်ထားသည်ကိုလည်း မခံနိုင်ပါချေ။ ဒီတိုင်း ငြိမ်းချမ်းစွာနေပြီး သန်မာချင်ရုံသာဖြစ်သည်။

ဒါပေမဲ့ တဖက်က သူ့ကို ဒုက္ခပေးရန် ကြံရွယ်လာလျှင်တော့ သူ့ကိုယ်သူ ကာကွယ်ရပေမည်။

ဘန်း

ဓားမြှောင်က သူမလည်ပင်းကို ထိုးစိုက်သည့်အချိန် ယွင်ရိုက မန္တန်တခုဖြင့် ကျန်းဟောင်အား လွင့်ထွက်စေလိုက်သည်။

"နင်..."

ကျန်းဟောင်၏ ပြတ်သားမှုက သူမကို ရှော့ရစေသည်။ သူ့ကို ကြာမြင့်စွာ စောင့်ကြည့်ခဲ့သောကြောင့် ကျန်းဟောင်၏ သဘောထားကိုသိခဲ့သည်။ သူက အမြဲတမ်း ကြင်နာပြီး တည်ငြိမ်သည်။ ကောင်းကင်ရှင်းလင်းဂိုဏ်းနှင့် မလိုက်ဖက်သည့် လူမျိုးဖြစ်သည်။သို့သော် သူ အခုလို လုပ်ဆောင်မည်မထင်ထားပါချေ။

ကျန်းဟောင်က ဘာမှမပြောပဲ ဓားကိုထုတ်ပြီး ထိုးလိုက်သည်။ သူမ ခွန်အားက လျော့ကျနေပေမဲ့ အသက်ရှင်နေဆဲဖြစ်သည်။

ကျန်းဟောင်၏ဓားက သူမပေါ် ကျလာသည်။ ယွင်ရိုက ဓားဖြင် ပြန်ခုခံသည်။ ဓားနှစ်လက်ထိခိုက်ပြီး မီးပွားများထွက်လာသည်။

ဘန်း

ယွင်ရိုက ဒဏ်ရာရသွားသည်ဖြစ်သောကြောင့် ခြံဝန်းထဲ လွင့်သွား၏။ သူမက မြေကြီးပေါ် ပြုတ်ကျပြီး ဒဏ်ရာရနေသည့် လည်ပင်းကိုအုပ်ကာ ချဥ်းကပ်လာသည့် ကျန်းဟောင်အား ထိတ်လန့်စွာကြည့်သည်။

"ဂျူနီယာမောင်လေး ငါ့ကိုသတ်လို့မရဘူးနော် ကောင်းကင်ရွှင်ပျော်စံအိမ်သခင်က ငါ့ကို မြင့်မြင့်မားမား တွေးထားတာ ငါ့ကိုသတ်ရင် မင်း သူနဲ့ ရန်ကြွေးရှိသွားလိမ့်မယ် "

ကျန်းဟောင်က သူမကို လျစ်လျူရှုထားပြီး ဓားမြှောက်လိုက်သည်။

"ငါက နေဝင်ဆည်းဆာဂိုဏ်းရဲ့ တပည့်နော် အဲဒီမှာ ငါ့ကို သဘောကျနေတဲ့ စီနီယာအစ်ကိုတွေရှိတယ် သူတို့ နင့်ကို အလွတ်ပေးမှာမဟုတ်ဘူး နင် အရေခွံလွှာခံရပြီး အရိုး..."

နောက်ဆုံးဓားချက်ကျလာသောအခါ အရာအားလုံး တိတ်ဆိတ်သွား၏။ သူမ သေတာသေချာစေရန် နောက်တချက်ထပ်ထိုးသည်။ ကျန်းဟောင်မှာ လူသေကိုကြည့်ပြီး စိတ်မသက်မသာဖြစ်ရသည်။ လူသတ်ခြင်းနဲ့ပတ်သတ်ပြီး အသားမကျပေ။

ဒါပေမဲ့ မိစ္ဆာဂိုဏ်းသားဖြစ်၍ ဒါမျိုးက အနှေးနှင့်အမြန် ကြုံရမည်သာ။ ကျင့်ကြံခြင်းလောကက ရက်စက်သည်။

အလောင်းအား အတော်ကြာကြည့်နေပြီးနောက် အသည်းကွဲကမ်းပါးသခင်အား ရှာရန် ထွက်လာခဲ့သည်။

ကျန်းဟောင် ဂိုဏ်းဝင်စက သူ့ကို ဆရာအဖြစ် အသိအမှတ်ပြုခဲ့သည်။ ကျန်းဟောင်မှာ လူသစ်ဖြစ်သောကြောင့် သူ့ဆရာ၏ သင်ခန်းစာများကိုနားထောင်ပြီး အကျွမ်းဝင်အောင် လုပ်ခဲ့ရသည်။

များသောအားဖြင့် ကျန်းဟောင်က သူ့ကိုယ်သူသာ အားကိုးသည်။ သူ့အနေနဲ့ သိုသိုသိပ်သိပ် နေရခြင်းကို သဘောကျသော်ငြား ယခု ကိစ္စကို ဖုံးကွယ်ထားပါက သံသယဝင်စရာကောင်းပြီး အကျိုးဆက်မှာ မခန့်မှန်းနိုင်အောင် ဖြစ်လာပေမည်။

ကျန်းဟောင်က သူ့ဆရာကိုခေါ်လာပြီး နောက်ဖေးခြံဝန်းကိုပြသည်။

"မင်း သူမကိုသတ်လိုက်တာလား" သက်လတ်ပိုင်းလူက ယွင်ရိုကိုကြည့်သည်။

သူ့အမူအရာက သာမန်သာဖြစ်ပြီး မျက်လုံးများက အေးစက်စက်နိုင်သည်။ သူ့ဘဝတလျှောက် ကိစ္စရပ်များစွာ ကြုံတွေ့ခဲ့ဖူးသလို ဘာကမှ သူ့ကို မအံ့သြစေနိုင်ပုံပင်။

သူက ကမ်းပါးသခင် ခူဝူကန်းဖြစ်သည်။

"ဖြစ်ပျက်ခဲ့သမျှကိုပြော "

ကျန်းဟောင်လည်း အားလုံးကို ပြန်ပြောပြရသည်။" မတိုက်ခိုက်နိုင်အောင် သူမကို ဒဏ်ရာရစေချင်ရုံပဲ ဒါပေမဲ့ သူမက ဒီလောက်ထိလုပ်လာမယ်မထင်ထားဘူး ဒါကြောင့် ..."

"မင်း အခြေခံတည်ဆောက်တာ ဘယ်တုန်းကလဲ" ခူဝူကန်းက မေးသည်။

"ပြီးခဲ့တဲ့လကပါ"

"သူမကို ချောင်းတိုက်ခဲ့တယ်ပေါ့"

"ဟုတ်"

"ဒီကိစ္စကို စိတ်ပူမနေနဲ့တော့ ပြဿနာတခုခုရှိရင် ဥပဒေခန်းမက လူတွေ မင်းကို လာရှာလိမ့်မယ် သူတို့နဲ့ ပူးပေါင်းပေးလိုက်ပါ" ခူဝူကန်းက ယွင်ရို၏ အလောင်းကို ယူဆောင်သွားလေသည်။

ကျန်းဟောင်လည်း သူ့ဆရာထွက်သွားသည်ကိုကြည့်ပြီး သက်ပြင်းချလိုက်သည်။

ကောင်းကင်ရွှင်ပျော်စံအိမ်က ဘယ်လိုတုံ့ပြန်လာမလဲမသိဘူး နေဝင်ဆည်းဆာဂိုဏ်းကတော့ ငါ အပြင်မထွက်သရွေ့ သူတို့ကို ရှောင်နိုင်မှာပဲ။ ကျန်းဟောင် တွေးသည်။

စီနီယာအစ်မယွင်ရိုကို မေ့ဖို့ သူတို့အတွက် ဆယ်နှစ် အနှစ်တစ်ရာကြာလည်း ဂရုမစိုက်ဘူး။ သူတို့ မမေ့ခဲ့ရင်တောင် အဲဒီအချိန် ငါ သူတို့ထက် သန်မာနေလောက်ပြီ။

All Chapters