← Chapters

ကျန်းဟောင်၏ နာမည်ကိုတွေ့သွားသော ဟုန်ယွီယဲ့

Vol. 1 Ch. 7

ကျန်းဟောင်၏ နာမည်ကိုတွေ့သွားသော ဟုန်ယွီယဲ့

Vol. 1 Ch. 7

ယွင်ရိုသေပြီး ခုနစ်ရက်ကြာသွားလေပြီ။

သူ အတော်လေး စိုးရိမ်စွာဖြတ်ကျော်ခဲ့ရပေမဲ့ မည်သူမှ လာ မရှာခဲ့ပေ။ ထို မတော်တဆမှုကနေ သူရခဲ့သည့် တခုတည်းသောအကျိုးက အကဲဖြတ်စွမ်းရည်၏ အာနိသင်မှာ ထင်ထားသည်ထက် ပိုကောင်းခြင်းပင်။

သူက လူများကို စတင်၍ တိတ်တဆိတ် အကဲဖြတ်သည်။ ပြဿနာဖြစ်စေမည့် အကျိုးဆက်များကို မတွေ့သောအခါမှ ရပ်တန့်လိုက်သည်။

သူ့ကိုယ်သူစမ်းကြည့်သောအခါ ရလဒ်က စိတ်ဝင်စားစရာပင်။

[ယန်ဂူအဆိပ်အား ခန္ဓာကိုယ်တွင် တွေ့ရသည်။ ယင်ဂူပိုင်ဆိုင်ထားသည့် အမျိုးသမီးမှလွဲ၍ သူတော်စင်အခြေအနေတွင် ရှိနေမည်။]

သူ သက်ပြင်းချလိုက်၏။ ဟိုမိန်းမ တိုက်သွားသည့်ဆေးလုံးက ဂူအဆိပ်ဖြစ်နေသည်။ သူ့ခန္ဓာကိုယ်မှ ပြောင်းလဲမှုများက ၎င်းကြောင့်ပင်။

ဒါက ကံဆိုးသည်လား ကံကောင်းသည်လား မသိပါချေ။ ယွင်ရိုက သူ့ကို ညို့ငင်ခဲ့ပြီး အလုပ်မဖြစ်ခဲ့ချေ။ ဒါက ဂူအဆိပ်နှင့် ပတ်သတ်နေလောက်သည်။ သူသာ ညို့ငင်ခံလိုက်ရလျှင် ဖြစ်လာမည့်အရာများအား တွေးပင်မတွေးနိုင်ပေ။

မိစ္ဆာဂိုဏ်းတွင် ပြုစားခြင်းအတတ်တတ်သူ များစွာရှိသည်။ ဒါက ကောင်းသည့်အရာဖြစ်နိုင်သည်။ မိန်းမလှဟူသည် ယောကျာ်းများ၏ အားနည်းချက်ဖြစ်သည်။ ကျန်းဟောင်မှာ ထိုအားနည်းချက်မျိုး မရှိချင်ပေ။ သူ အသုံးချခံသွားရနိုင်သည်။

အတွေးများကိုဖယ်ထုတ်ပြီး ဆေးဥယျာဥ်ကို သွားလိုက်သည်။ ထိုနေရာကိုသွားတိုင်း သူ့ကို သန်မာစေသည့် အရာကို တွေ့ရလေ့ရှိသည်။

သို့သော် အဝင်ဝရောက်သောအခါ လူငယ်သုံးဦးက သူ့ကို လမ်းပိတ်ထားကြသည်။ သူတို့ကိုယ်မှ လူသတ်ငွေ့ရေးရေးထွက်နေသည်။

ကျန်းဟောင်မှာ အကဲဖြတ်ခြင်းအား ထုတ်သုံးလိုက်၏။ ခေါင်းဆောင်ဖြစ်သူမှာ တကိုယ်လုံး အနက်ရောင်ဖြစ်၏။ သူ့မျက်ခုံးများက ဓားလိုထက်ရှပြီး မျက်နှာက စကျင်ကျောက်သားဖြင့် ထုလုပ်ထားသလိုပင်။

[လျှိုရှင်းချန် ၊ ကောင်းကင်ဂိုဏ်း၏ တပည့်ဖြစ်ပြီး နဂါးအော်ရာနှင့် မွေးဖွားလာကာ ရွှေအမြုတေအဆင့် နောက်ဆုံးပိုင်းတွင်ရှိသည်။ သူက ကောင်းကင်ရှင်းလင်းဂိုဏ်း၏ ဥပဒေခန်းမတွင် သူလျှိုလုပ်နေပြီး ကောင်းကင်ရွှင်ပျော်စံအိမ်၏ ဒေါသကိုပြေစေရန် သင့်အား လာရှာခြင်းဖြစ်သည်။ ]

ကျန်းဟောင် နှလုံးခုန်မြန်သွား၏။ ကောင်းကင်ဂိုဏ်းက အင်အားကြီးအင်မော်တယ်ဂိုဏ်းပဲ။ ဘာလို့ ဒီလိုလူက ဒီမှာ သူလျှိုလာလုပ်နေတာလဲ။

သူက အသာဦးညွတ်ပြီး နှုတ်ဆက်လိုက်သည်။

"ငါတို့က ဥပဒေခန်းမကပဲ လွန်ခဲ့တဲ့ခုနစ်ရက်က မတော်တဆမှုအတွက် လာခဲ့တာ ငါတို့မှာ မေးစရာရှိတယ်" လျှိုရှင်းချန်က ပြောသည်။

"ဟုတ်ကဲ့ပါ စီနီယာ" သူ လန့်နေပေမဲ့ အပြင်ပိုင်းတွင် တည်ငြိမ်နေသည်။ ကောင်းကင်ရွှင်ပျော်စံအိမ်၏ ဒေါသ ဟူသည့်စကားက သူ့ကို စိုးရိမ်စေသည်။

"ဂျူနီယာညီမယွင်ရိုကိုသတ်တာ မင်းလား "

"ဟုတ်ပါတယ်"

"ဘာလို့သတ်တာလဲ"

"သူမက ဂိုဏ်းကို သစ္စာဖောက်ပြီး ကျနော့်ကိုပါ တွန်းအားပေးပါတယ် အစက သတ်ဖို့ထိ မရည်ရွယ်ခဲ့ပေမဲ့ နောက်ဆုံး မတော်တဆဖြစ်သွားပါတယ် "

"သူမက ကောင်းကင်ရွှင်ပျော်စံအိမ်က လူပဲ အသည်းကွဲကမ်းပါးက ဝင်ပါစရာမလိုဘူး" လျှိုရှင်းချန်၏ အသံက အေးစက်လာသည်။

"မင်းက ကောင်းကင်ရွှင်ပျော်စံအိမ်ကလူကိုသတ်ပြီး ဂိုဏ်းစည်းမျဥ်းကို ဖောက်ဖျက်ခဲ့တယ်" သူက ဆက်ပြောသည်။" ဒါပေမဲ့ မင်းပြောတဲ့ အကြောင်းရင်းကြောင့် ငါးနှစ်စာ ကျင့်ကြံရေးအရင်းအမြစ်တွေကို လျှော့ချမယ် သုံးလအတွင်း ကောင်းကင်ရွှင်ပျော်စံအိမ်ကို လျော်ကြေးအဖြစ် ဝိညာဥ်ကျောက်တုံး ၁၀၀၀ ပေးရမယ်"

"နောက်ပြီး ယွင်ရိုက သစ္စာဖောက်ဖြစ်ပြီး မင်းက သူမနဲ့ နောက်ဆုံးတွေ့ခဲ့သူဖြစ်တဲ့အတွက် လောလောဆယ် ဂိုဏ်းက ထွက်သွားခွင့်မပြုဘူး ငါတို့ရဲ့ စုံစမ်းစစ်ဆေးမှုမှာ ပါဝင်ပေးဖို့လိုတယ် စစ်ဆေးမှုပြီးရင် အကြောင်းကြားမယ်"

ကျန်းဟောင်တယောက် အေးခဲနေခဲ့သည်။ သူ့အတွက် စုံစမ်းစစ်ဆေးခြင်းက ပြဿနာမရှိသော်လည်း ဝိညာဥ်ကျောက်တုံး ၁၀၀၀ ပေးရမည့် ကိစ္စကတော့...

အတွင်းစည်းတပည့်ပေမဲ့ တစ်လမှ ဝိညာဥ်ကျောက်တုံး ၁၀ တုံးပဲရတာ ၁၀၀၀ ကြီးများတောင် ဘယ်ကသွားရှာရမှာတုန်း။

ကျန်းဟောင် တိတ်ဆိတ်နေသောအခါ လျှိုရှင်းချန်က မေးသည်။" မေးစရာရှိသေးလား"

ကျန်းဟောင်လည်း အသိပြန်ဝင်လာပြီး ခေါင်းငုံ့လိုက်သည်။ "မရှိပါဘူး"

ထိုအခါ ဥပဒေခန်းမက သုံးဦးလည်း ထွက်ခွာသွားတော့သည်။

ကျန်းဟောင် သက်ပြင်းချ၏။ အသည်းကွဲကမ်းပါးကပဲ အားနည်းတာလား ဒါမှမဟုတ် ငါပဲလား။ ဒါကြီးက အနိုင်ကျင့်လွန်းတာပဲကွာ။ သုံးလအတွင်း ဝိညာဥ်ကျောက်တုံး ၁၀၀၀ မပေးနိုင်ရင် ငါ့ကိုသတ်မှာလား။

အသက် ၁၉ နဲ့ အခြေခံတည်ဆောက်ခြင်းအဆင့်ရောက်တာ ရှားတယ်။ အသည်းကွဲကမ်းပါးက ငါ့ကို ကာကွယ်ပေးနိုင်မလား။ သူတွေးမိသည်။

စိတ်လေးလေးဖြင့် ဥယျာဉ်ထဲ ဝင်သွားတော့သည်။ သူ့ရဲ့ ကျင့်ကြံရေးအပြင် ဝိညာဥ်ကျောက်တုံးများအတွက်ပါ စဥ်းစားရပေဦးမည်။

သူ့အတွက် ထိုသုံးယောက်ကို ရန်စရန်မှာမဖြစ်နိုင်ပေ။ သူ့ကို မေးခွန်းထုတ်သူက ရွှေအမြုတေနောက်ဆုံးအဆင့်ပင် ရောက်နေသည် မဟုတ်ပါလား။ ကျန်းဟောင်မှာ အခြေခံတည်ဆောက်ခြင်းအဆင့်သာရှိသေး၏။

သူတို့ကို သူလျှိုအဖြစ် ဖော်ထုတ်ရန်မှာမူ သေလမ်းရှာသလိုသာဖြစ်နေပေမည်။

ကျင့်ကြံခြင်းလောက၌ ကျင့်ကြံခြင်းကို အသက်သွေးသန့်စင်ခြင်း၊ အခြေခံတည်ဆောက်ခြင်း၊ ရွှေအမြုတေ၊ စိတ်ဝိညာဥ်၊ စိတ်ဝိညာဥ်သန့်စင်ခြင်းနှင့် ဗလာနယ်ပြန်အဆင့် ဟူ၍ ခွဲခြားထားလေသည်။

...

ပန်းတစ်ရာရေကန်အလယ်ရှိ စံအိမ်၌ ဟုန်ယွီယဲ့က ပန်းများကို ငေးမောကြည့်ရှုနေသည်။

ညင်သာသည့် လေပြည်နဲ့အတူ အဖြူရောင်ပုံရိပ်က အနောက်တွင် ပေါ်လာ၏။ ပိုင်ကျီက ရိုသေစွာ ဦးညွတ်လိုက်၏။

"ဂိုဏ်းချုပ်"

ဟုန်ယွီယဲ့က လှည့်မကြည့်ပဲ မေးသည်။ "ဘာကိစ္စလဲ"

"သံသယရှိတဲ့ တပည့်စာရင်းနဲ့ သစ္စာဖောက်စာရင်းကို ပြုစုပြီးပါပြီ ဂိုဏ်းချုပ်ကြည့်ရအောင်ပါ " ပိုင်ကျီက စာရင်းအား ပေးအပ်လာသည်။

နောက်ခံအပါအဝင် လူအများ၏ အသေးစိတ် အချက်အလက်များဖြစ်သည်။ ကျင့်ကြံခြင်းအဆင့်နှင့် သံသယဖြစ်ဖွယ် အပြုအမူများပါသည်။ သစ္စာဖောက်များနှင့် သံသယရှိသူများဖြစ်သည်။

တချက်မျှကြည့်လိုက်ပြီးနောက် သူမအကြည့်က အဆုံးရှိ ကျန်းဟောင်အမည်ပေါ် ရောက်သွားသည်။

ကျန်းဟောင်၊ အသည်းကွဲကမ်းပါးတပည့်၊ အခြေခံတည်ဆောက်ခြင်း အစောပိုင်းအဆင့်

All Chapters