← Chapters

နတ်ဘုရားက ကူညီနေသည့်အလား

Vol. 1 Ch. 12

နတ်ဘုရားက ကူညီနေသည့်အလား

Vol. 1 Ch. 12

ကျန်းဟောင်လည်း အကြီးအကဲချင်းနဲ့အတူ လိုက်ပါလာခဲ့သည်။ ငြိမ်သက်နေသည့် ကန်ရေပြင်ကိုကြည့်ပြီး ဤနေရာတွင် ဝိညာဥ်စွမ်းအားများ သိပ်သည်းလှကြောင်း ခံစားမိသည်။ သူသာ ဤနေရာတွင် ကျင့်ကြံရပါက အားထုတ်မှုတစ်ဝက်နှင့် ရလဒ်နှစ်ဆရပေမည်။

အသည်းကွဲကမ်းပါးက ဤနေရာနှင့် အလွန်ကွာ၏။

အတန်ကြာသော် စံအိမ်တခုကိုရောက်လာကြသည်။ ဤနေရာက သူ့ကို ထူးဆန်းပြီး ထိတွေ့ကိုင်တွယ်၍မရသော ခံစားချက်အားပေးသည်။ လူ့လောကမှ နတ်ဘုံအလား အစစ်အမှန်မဟုတ်သည့် ခံစားချက်မျိုးဖြစ်သည်။

"ဝင်ခဲ့" ညင်သာသည့် အသံတခုက အတွင်းမှထွက်လာသည်။

သူတို့ဝင်သွားသောအခါ အဖြူရောင်ဝတ်စုံဖြင့် လှပသည့် အမျိုးသမီးတဦးအား တွေ့မြင်ရသည်။ သူမ၏ ဆံပင်များကို ရိုးရှင်းစွာ ထုံးဖွဲ့ထားသော်လည်း ကျက်သရေရှိသည်။ သူမ၏ အားကောင်းသည့် အော်ရာက ကျန်းဟောင်ကို ထိတ်လန့်စေသည်။

အကြီးအကဲချင်းက ချောင်းဟန့်လိုက်သောအခါ ကျန်းဟောင် အသိပြန်ဝင်လာ၏။ ချက်ချင်းပဲ အလျင်အမြန် ဦးညွတ်လိုက်လေသည်။

"ဂျူနီယာကျန်းဟောင်က အကြီးအကဲကို အရိုအသေပေးပါတယ်"

အကြီးအကဲချင်းက သန့်စင်ယန်ပန်းကို အမျိုးသမီးထံ ပေးအပ်ပြီး အခြေအနေတခုလုံးကို ရှင်းပြသည်။

"ဒီလိုလား" ပိုင်ကျီက ကျန်းဟောင်ကို ပြုံးကြည့်ပြီး "ကြည့်ရတာ မင်းမှာ အရည်အချင်းရှိတာပဲ တိုက်တိုက်ဆိုင်ဆိုင် ငါ့မှာ လုပ်စေချင်တဲ့ကိစ္စတခုရှိနေတာ မင်းသာ ကောင်းကောင်းလုပ်မယ်ဆိုရင် ကျိန်းသေ ဆုလာဘ်ရမှာပေါ့"

"ဒါပေမဲ့ ထင်သလိုမဟုတ်ခဲ့ရင်တော့ ဘယ်လိုဖြစ်မလဲ သိတယ်နော်"

"ဟုတ်ကဲ့ပါ အကြီးအကဲ" ကျန်းဟောင် ခေါင်းညိတ်သည်။ သူ အကူအညီမဲ့နေရသည်။ အကျိုးဆောင်မှုနှစ်ခုလုပ်ခဲ့သော်လည်း ခြိမ်းခြောက်ခံနေရသည်။ မိစ္ဆာဂိုဏ်းက တကယ် ကျိုးကြောင်းမသင့်ပေ။

ကျန်းဟောင်တယောက် အစေ့တခုအား ကိုင်လျက် စံအိမ်မှထွက်လာခဲ့သည်။ စီနီယာအစ်မကျိုးချန်က သူ့ကို ပြန်လိုက်ပို့ပေး၏။ သူနဲ့ တွေ့ခဲ့သည့် အကြီးအကဲအကြောင်းသိလို၍ ကျိုးချန်အား မေးမြန်းခဲ့သည်။

သူမက ဂိုဏ်း၏ စောင့်ရှောက်သူလေးဦးထဲမှ တစ်ဦးဖြစ်သည့် အကြီးအကဲပိုင်ကျီဖြစ်ပြီး လက်ရှိတွင် ဂိုဏ်းချုပ်သဖွယ် ကောင်းကင်ရှင်းလင်းဂိုဏ်းအား စီမံနေသူဖြစ်သည်။ သူမလက်ထဲ သေခြင်းရှင်ခြင်းကို ဆုံးဖြတ်ပေးနိုင်သည့် အာဏာအား ကိုင်စွဲထားလေသည်။

ကျန်းဟောင် မယုံနိုင်ဖြစ်သွားရသည်။ သူနဲ့တွေ့ခဲ့သူက ဒီလောက်တောင် ကြီးကျယ်တာလား။ သူ့ကံတရားက ဘယ်လိုပါလိမ့်။

သို့သော် သူ ပြီးမြောက်ခဲ့သည့် တာဝန်အတွက် ကျေနပ်နေသည်။ အကြီးအကဲချင်းရှုက သူ့ကို ဝိညာဥ်ကျောက်တုံး ၂၀ အစား ၄၀ ပေးခဲ့သည်။

သူ့ကိုပေးလိုက်သည့် တာဝန်အတွက်မူ အနည်းငယ် စိတ်ရှုပ်ထွေးရသည်။ အစေ့အား စိုက်ပျိုးပြီး ကောင်းစွာပြုစုရန် ဖြစ်သည်။ မည်သို့သောရလဒ်အား မျှော်မှန်းသည်ကိုတော့ မပြောခဲ့ပေ။ သူ့ကို မည်သည့် လမ်းညွှန်ချက် ညွှန်ကြားချက်မှ မပေးခဲ့ပေ။ ဒါက ဆန်းသည်။

ငါ့ထက်ပိုပြီး ထူးချွန်သူတွေရှိမှာ အသေအချာပဲကို ဘာလို့ ငါ့ကိုမှ ဒီအစေ့ကို စိုက်ခိုင်းရတာလဲ။ တခြားအကြောင်းရင်းရှိနိုင်တယ်။

ကျန်းဟောင်တွင် သံသယများရှိနေ၏။ အစေ့အား အကဲဖြတ်ချင်သော်လည်း သူ၏ အကဲဖြတ်စွမ်းရည်က တစ်ရက်လျှင် တစ်ကြိမ်သာသုံးနိုင်သောကြောင့် မနက်ဖြန်အား စောင့်ရပေမည်။

လှပသည့် အကြီးအကဲပိုင်ကျီကို မြင်ရစဥ်က သူ့နှလုံးသားမှာ ကန်ရေပြင်ကဲ့သို့ ငြိမ်သက်နေကြောင်း သတိပြုမိခဲ့သည်။ ဒါက သူ့ကို စိုးရိမ်စေ၏။ သူ့ကိုယ်ပေါ် သက်ရောက်နေသည့် အဆိပ်နဲ့ပတ်သတ်ပြီး စိတ်မအေးလှပေ။

သူ့ကို အဆိပ်ခတ်ခဲ့သူကတော့... ပြန်မတွေ့ရလျှင် အတော်ကောင်းမည်။ သူမက သန်မာပြီး အန္တရာယ်များသည်မဟုတ်ပါလော။

....

ကျန်းဟောင် အိမ်ပြန်ရောက်လာပြီးနောက် တရားထိုင်သည်။ ထို့နောက် စနစ်မျက်နှာပြင်အား ဖွင့်ကြည့်သည်။

အမည် ကျန်းဟောင်

အသက် ၁၉

ကျင့်ကြံခြင်းအဆင့် အခြေခံတည်ဆောက်ခြင်းအဆင့် အစောပိုင်း

ကျင့်စဥ်နည်းလမ်း ကောင်းကင်တေးသံတစ်ရာလှည့်ခြင်း

နတ်စွမ်းရည် ကိုးလှည့်သေခြင်းအစားထိုး (ထူးခြား)၊ အကဲဖြတ်ခြင်း

အသက်သွေး ၂၇/၁၀၀ (ဆက်လက်ကျင့်ကြံနိုင်)

ကျင့်ကြံရေး ၃၂/၁၀၀ (ဆက်လက်ကျင့်ကြံနိုင်)

နတ်စွမ်းရည် ၃/၃ (ရရှိနိုင်)

သူ၏ အသက်သွေးနှင့် ကျင့်ကြံရေးက တိုးလာသည်။ အရေးကြီးဆုံးက ပြောင်းလဲသွားသည့် နောက်ဆုံးဖော်ပြချက်ဖြစ်သည်။ နတ်စွမ်းရည်က ပြည့်သွားပြီး ရနိုင်လေပြီ။ ပတ်ဝန်းကျင်အား စစ်ဆေးပြီး လုံခြုံမှန်းသေချာမှ ရရှိရန် ရွေးချယ်လိုက်သည်။

မျက်တောင်တခတ်အတွင်း နတ်စွမ်းရည်က ၃ ကနေ ၀ ဖြစ်သွားသည်။ အလင်းတန်းတခုက သူ့ကိုယ်ထဲ ပေါ်လာ၏။ တခုခုဖွဲ့တည်လာသလိုပင်။

နာကျင်မှုမရှိပဲ ထို့အစား သက်သောင့်သက်သာဖြစ်ပြီး ငြိမ်းချမ်းပေါ့ပါးနေသည်။ ဒါက နတ်စွမ်းရည်၏ သက်ရောက်မှုဖြစ်ကြောင်း သူသိသည်။

ခဏကြာသော် အလင်းနှင့်အတူ ခံစားချက်ပါ မှေးမှိန်ပပျောက်သွား၏။ စနစ်အား ကြည့်လိုက်သောအခါ စွမ်းရည်တခုတိုးလာသည်အား မြင်ရသည်။

[နတ်စွမ်းရည် ကိုးလှည့်သေခြင်းအစားထိုး (ထူးခြား)၊ အကဲဖြတ်ခြင်း၊ ကြည်လင်သန့်စင်နှလုံးသား]

ကြည်လင်သန့်စင်နှလုံးသား

ထိုနတ်စွမ်းရည်က သူ့ကိုယ်ထဲရှိနေမှန်း ခံစားမိသော်လည်း မည်သို့အလုပ်လုပ်မှန်းမသိပေ။

"စမ်းကြည့်တာပေါ့"

နတ်စွမ်းရည်အသစ်အား အသက်သွင်းလိုက်သည်။ ချက်ချင်းပဲ သူ့ကိုယ်အား ရေခဲရေဖြင့် လောင်းချလိုက်သလို ခံစားရသည်။ အေးစက်မှုက စိတ်အတွင်းပိုင်းထဲ ဝင်ရောက်သွားသည်။ နောက်ကျိနေသည့် ခံစားချက်များ ရှင်းလင်းသွားပြီး အသိစိတ်က ကြည်လင်သွားသည်။

ကျန်းဟောင် အံ့အားသင့်သွားသည်။ ကြည်လင်သည့် စိတ်ကြောင့် သူ နေထိုင်ရအလွန်ကောင်းသည်။ ဘေးဘီကိုကြည့်လိုက်သောအခါ အရာအားလုံးကို အသေးစိတ်ကအစမြင်နိုင်ပြီး ထင်ရှားပြတ်သားနေသည်။

အဆောင်လမ်းညွှန်အားထုတ်ပြီး ဖတ်ကြည့်သောအခါ နားလည်မှုအသစ်များရလာသည်။ စားပွဲရှေ့တွင် ရပ်လျက် စုတ်တံအား ဟင်္သာပြဒါးထံနှစ်ပြီး အဆောင်အား စတင်ရေးဆွဲလိုက်သည်။ ယခင်ထက် ပို၍ လုပ်ဆောင်ရတာ လွယ်ကူချောမွေ့နေသည်။

စုတ်တံက တိမ်လိုရေလိုစီးဆင်းသွားပြီး အရာအားလုံးကို ရေးဆွဲနိုင်သည်ဟု ခံစားနေရသည်။ စုတ်ချက်တိုင်းတွင် စိတ်ဆန္ဒတခုပါဝင်နေပြီး နောက်ဆုံးစုတ်ချက်အား အဆုံးသတ်လိုက်သည်။

အဆောင်ရေးဆွဲခြင်းပြီးလေပြီ။

ဒီနတ်စွမ်းရည်က အချိန်ကိုက်ရောက်လာတာပဲ။

စုတ်တံကို ချလိုက်သည်။ ဒီတကြိမ် စိတ်ဝိညာဥ်စုစည်းအဆောင်နှစ်ခု၊ နတ်ဓားအဆောင်နှစ်ခုနှင့် မီးအဆောင်တခုပြီးခဲ့သည်။

ကုန်ကျစရိတ်ကိုနုတ်ပြီး ဝိညာဥ်ကျောက်တုံး ၁၀ တုံးကျော်ရနိုင်သည်။ ဒါက အစသာဖြစ်၏။ အောင်မြင်မှုနှုန်းက မြင့်သထက် မြင့်လာမည်ဖြစ်သည်။ ကိစ္စများသာချောမွေ့ပါက နှစ်လအတွင်း ဝိညာဥ်ကျောက်တုံး ၁၀၀၀ ပြည့်ပေလိမ့်မည်။

ကောင်းပေမဲ့ နည်းနည်းတော့ ပင်ပန်းတယ်။

သူ ထိုင်ချလိုက်ပြီး အိတ်ကပ်ထဲမှ အစေ့ကိုထုတ်လိုက်သည်။ အကဲဖြတ်စွမ်းရည်အား အသုံးပြုနိုင်လေပြီ။

All Chapters