ခရမ်းရွှေရောင်ပူဖောင်း
Vol. 1 Ch. 13
"ဘုရားရေ အကြီးအကဲပိုင်ကျီက ငါ့ကို ဗုံးပေးလိုက်တာပဲ" ကျန်းဟောင်မှာ သူ့လက်ထဲက အစေ့ကိုကြည့်ပြီး ချွေးအေးများထွက်လာသည်။
အစေ့ကို အကဲဖြတ်ခြင်း၏ ရလဒ်မှာ
[ကောင်းကင်ဘုံရနံ့တာအိုပန်းအစေ့၊ ရှေးဦးခေတ်ကာလတုန်းက မိုးမြေကြားတွင် ပန်းတစ်ပွင့်မွေးဖွားလာခဲ့သည်။ မရေမတွက်နိုင်သည့် နှစ်ကာလများကုန်ဆုံးသွားပြီးနောက် ကောင်းကင်ဘုံရနံ့တာအိုပန်းက အသီးသီးခဲ့ပြီး အစေ့များ ချန်ထားရစ်ခဲ့သည်။ ဒါက ထိုအစေ့များထဲမှ တခုဖြစ်သည်။ မြေကြီးထဲမြုပ်နှံပြီး တစ်ရက်ကို ရေတစ်ခွက်လောင်းပါ၊ ခုနစ်ရက်ကြာသော် အညှောက်ပေါက်လာမည်]
ဤပန်း၏ နာမည်ကို သူသိသည်။ စီနီယာအစ်မယွင်ရိုကို အကဲခတ်ဖြတ်တုန်းက သူမ သူလျှိုလာလုပ်ရသည့် အကြောင်းရင်းမှာ ထိုပန်းကြောင့်ဖြစ်သည်။ အခြား သစ္စာဖောက်သူလျှိုများသည်လည်း ဤအရာနှင် ဆက်စပ်နေလောက်သည်။
"အခု ကောင်းကင်ဘုံရနံ့တာအိုပန်းက ငါ့လက်ထဲမှာ လူတိုင်း ငါ့ကို ပစ်မှတ်ထားလာမှာလား " သူတွေးလိုက်သည်။ "ခုနစ်ရက်အတွင်း အညှောက်ပေါက်လာမယ်ဆိုရင် ငါ ပတ်ဝန်းကျင်ကို သတိထားမှဖြစ်တေ့မယ် ဒီပန်းကို မစိုက်ပဲနေရင်ရော အကြီးအကဲပိုင်ကျီက ဘယ်လိုတုံ့ပြန်လာမလဲ"
ကျန်းဟောင်မှာ ကုန်းတင်ငါးလို အသက်ရှူကျပ်နေသည်။ သူ့တွင် လျော်ကြေးအတွက် ရှာဖွေရမည့် ကိစ္စအပြင် နောက်ထပ် ခေါင်းကိုက်စရာတိုးလာပြန်လေပြီ။
မိစ္ဆာဂိုဏ်းက ငြိမ်းငြိမ်းချမ်းချမ်းနေထိုင်ချင်သူတွေအတွက် မသင့်တော်ဘူးပဲ။ သူ ခေါင်းယမ်းသည်။ ခြံထဲဆင်းလာပြီး အစေ့စိုက်ရန် နေရာအားရှာဖွေသည်။ လက်ဖြစ် သစ်သားခြံစည်းရိုးကိုကြည့်ပြီး ကျောက်တုံးစည်းရိုးဖြင့် အစားထိုးရန် တွေးမိသည်။
အစေ့အား စိုက်ပျိုးပြီး ရေတစ်ခွက်လောင်းသည်။
ငါ သေချာဂရုစိုက်ရမယ် မလုပ်ခဲ့ရင် လွတ်မြောက်ဖို့ နည်းလမ်းလည်း ရှာရမယ်။
ကျန်းဟောင် အိမ်ကနေထွက်ခဲ့ပြီး ဆေးဥယျာဥ်ကို ရောက်လာသည်။ ပူဖောင်းများထဲ အပြာရောင်ပူဖောင်းနှစ်ခုပါသည်။
ကျင့်ကြံရေး +၁
အသက်သွေး +၁
ခွန်အား +၁
စိတ်ဝိညာဥ် +၁
ကြံ့ခိုင်မှု +၁
အချိန်ကုန်သွားပြီးနောက် သူ၏ ခွန်အားတိုးလာသည်ကို ခံစားမိသည်။ နေ့စဥ်ရက်ဆက် အပင်များပြုစုပျိုးထောင်ပြီးနောက် သူ့ခွန်အား မည်မျှတိုးလာသည်ကို သိလိုနေသည်။ အဆင့်တူများထက် သန်မာမည်မှာ သေချာလေသည်။
နေ့ခင်းတွင် ဈေးကိုသွားပြီး သူ့အဆောင်များအား ရောင်းသည်။ ဒီတကြိမ် ကံကောင်းပြီး အဆောင် ၅ ခုလုံး ရောင်းထွက်ပြီး ဝိညာဥ်ကျောက်တုံး ၂၁ တုံးရခဲ့သည်။ အမြတ်က ၁၁ တုံးဖြစ်သည်။ ယခင် ဝယ်ယူခဲ့ဖူးသူဆိုပါက လျှောဈေးပါပေးသည်။
"မီးအဆောင်တွေ ဘယ်လောက်ရနိုင်သေးလဲ" သူ၏ အဆောင်အားလုံးကိုဝယ်သွားသူက မေးလာသည်။ သူမက အလယ်အလတ် အခြေခံတည်ဆောက်ခြင်းအဆင့်ရှိ စီနီယာအစ်မတဦးဖြစ်ပြီး ပုံစံက ကြောက်စရာကောင်းသည်။
"ဘယ်လောက်လိုချင်တာလဲ စီနီယာအစ်မ" ကျန်းဟောင် မေးသည်။
"သုံးရက်အတွင်း ၅၀" လန်ထျန်က ပြောလာသည်။
ကျန်းဟောင် ခေါင်းယမ်းပြီး "တောင်းပန်ပါတယ် အဲ့လောက်အများကြီး ကျနော်မလုပ်နိုင်ဘူး"
သူ တစ်ညလုံးလုပ်ရင်တောင်မှ အများဆုံး ၁၀ ခုသာရနိုင်သည်။ အဆောင်များဖန်တီးခြင်းက ဝိညာဥ်စွမ်းအား ကုန်ဆုံးသည်။ အထူးသဖြင့် သူ၏ နတ်စွမ်းရည်အသစ်ကို အသုံးပြုသောအခါတွင်ဖြစ်သည်။
"ဒါဖြင့် သုံးရက်အတွင်း ရသလောက်အဆောင်တွေ အကုန်ယူမယ်" လန်ထျန်က ပြောပြီး ဝိညာဥ်ကျောက်တုံး ၁၀ တုံးပေးသည်။
"ကျနော် အကောင်းဆုံးလုပ်ပေးပါမယ်" သူ ခေါင်းညိတ်သည်။
အခြားအဆောင်များက ပိုပြီးအကျိုးအမြတ်ရပေမဲ့လည်း အခုလို တလုံးတခဲတည်း ရောင်းရခြင်းက ကွာခြားသည်။ အဘယ်ကြောင့် မီးအဆောင်အများအပြားလိုနေသည်အား သိလိုစိတ်ဖြစ်မိသည်။
နောက်ရက်များတွင် နေ့ပိုင်း တာဝန်မရှိ၍ အဆောင်များကို အားစိုက်ပြုလုပ်သည်။ အောင်မြင်မှုနှုန်းက သိပ်မကောင်းပေ။
ပထမရက်တွင် ၁၅ ကြိမ်ကြိုးစားခဲ့ပြီး ၈ ကြိမ်သာ အောင်မြင်သည်။ ဒုတိယရက်တွင် ၉ ကြိမ်အောင်မြင်ပြီး တတိယရက်တွင် ၁၀ ကြိမ်ဖြစ်သည်။ စုစုပေါင်း မီးအဆောင် ၂၇ ခုကိုသာလုပ်နိုင်ခဲ့သည်။
ဝိညာဥ်ကျောက်တုံး ၈၁ တုံးရခဲ့သည်။ ကုန်ကျစရိတ် ၄၅ တုံးဖြစ်သောကြောင့် အမြတ်အစွန်းက ၃၆ တုံးဖြစ်သည်။ အခု သူ့တွင် ဝိညာဥ်ကျောက်တုံး ၂၅၀ နီးပါးရှိနေလေပြီ။ နှစ်ပတ်မကြာသေးခင် တစ်ရာနီးပါးရခဲ့သည်။ ယခင်ကဆို ဖြစ်နိုင်သည်ဟု တွေးမိမည်မဟုတ်ပေ။
လေးရက်ကုန်ဆုံးသွားပြီး အဆောင်အားလုံးကို ရောင်းချခဲ့သည်။ တစ်ရက်ကို အမြတ်အစွန်း ၁၀ တုံးပတ်ချာလည်ရသောကြောင့် သူ၏ စုဆောင်းမှုမှာ ၃၀၀ ရှိသွားလေပြီ။ အခုမှ လဝက်သာကုန်ပါသေး၏။ မထင်ထားသည်များ မဖြစ်ပျက်ခဲ့လျှင် ဝိညာဥ်ကျောက်တုံး ၁၀၀၀ အား စုဆောင်းနိုင်ပေလိမ့်မည်။ သူ့ပုခုံးပေါ်က ဖိအားမှာ အတန်ငယ်လျော့သွားသည်ဟု ခံစားရသည်။
ညတွင် အဆောင်များ ဆက်လက်ပြုလုပ်နေ၏။ နောက်ဆုံးစုတ်ချက်ပြီးခါနီးတွင် ထူးဆန်းသည့်အရာဖြစ်လာသည်။ မမြင်နိုင်သည့် ဝိညာဥ်စွမ်းအားက ခြံဝန်းထဲမှ ရိုက်ခတ်လာပြီး အဆောင်စာရွက်များအား လောင်ကျွမ်းသွားစေသည်။
ခုနစ်ရက်ရှိပြီ။ ကောင်းကင်ဘုံရနံ့တာအိုပန်းက အညှောက်ပေါက်ပြီလား။ သူတွေးလိုက်၏။
ကျန်းဟောင်မှာ ၎င်းနဲ့ပတ်သတ်ပြီး အမြဲတမ်းစစ်ဆေးနေသော်လည်း အခုလို ထူးဆန်းမှုဖြစ်လာမည် မထင်ထားပေ။ ခြံထဲသွားလိုက်သောအခါ လေကဲ့သို့ မမြင်ရသည့် စွမ်းအားတရပ်ထွက်ပေါ်နေကြောင်း သတိပြုမိသည်။ ကံကောင်းစွာ သက်ရောက်မှုက ခြံကို ကျော်လွန်ထွက်မသွားခဲ့ချေ။
သူလျှိုများက ဤပန်းကို ပစ်မှတ်ထားနေကြသည်မဟုတ်ပါလား။ ရိုက်ခတ်မှုက သိပ်မကြာခဲ့ပေ။ မြေကြီးထဲမှ အဖူးလေးတခုက လေနဲ့အတူ ယိမ်းနွဲ့နေကြောင်း သတိထားမိသည်။ ထွက်ပေါ်နေသည့် စွမ်းအားများ ပျောက်သွားသည်နှင့် ခရမ်းရွှေရောင်ပူဖောင်းတခုက ၎င်းပေါ်တွင် ပေါ်လာသည်။
ကျန်းဟောင် ဒါမျိုး တခါမှမမြင်ဖူးပေ။
"ခရမ်းရွှေရောင် ဘာများဖြစ်နိုင်မလဲ" သူ အနည်းငယ် စိတ်လှုပ်ရှားမိသည်။ ကောင်းကင်ဘုံရနံ့တာအိုပန်းနားကပ်သွားသောအခါ ပူဖောင်းလေးက သူ့ဆီပျံလာပြီး ပေါင်းစပ်သွားခဲ့သည်။
ခရမ်းရွှေဒဏ္ဌာရီ +၁