ဟုန်မုန့်နှလုံးသားဆုဒြာ
Vol. 1 Ch. 14
ခရမ်းရွှေဒဏ္ဌာရီ
သူ အံ့သြသွား၏။ အခုလို ရှင်းလင်းတိကျမှုမရှိသည့် ပူဖောင်းအား ပထမဆုံးရဖူးခြင်းဖြစ်သည်။
ပတ်ဝန်းကျင်ကိုကြည့်ပြီးနောက် အညှောက်လေးအား ကြည့်လိုက်ပြန်သည်။ သေးငယ်သည့် အရွက်လေးနှစ်ခုမှလွဲ၍ ထူးဆန်းသည်အား မတွေ့ပါချေ။
ပတ်ဝန်းကျင်က တိတ်ဆိတ်နေသည်။ မည်သူမှသတိမပြုမိကြောင်းသေချာမှ အခန်းဆီပြန်ပြီး စနစ်အား ဖွင့်လိုက်သည်။
အမည် ကျန်းဟောင်
အသက် ၁၉
ကျင့်ကြံခြင်းအဆင့် အခြေခံတည်ဆောက်ခြင်းအဆင့် အစောပိုင်း
ကျင့်စဥ်နည်းလမ်း ကောင်းကင်တေးသံတစ်ရာလှည့်ခြင်း
နတ်စွမ်းရည် ကိုးလှည့်သေခြင်းအစားထိုး (ထူးခြား)၊ အကဲဖြတ်ခြင်း၊ ကြည်လင်သန့်စင်နှလုံးသား
အသက်သွေး ၃၄/၁၀၀ (ဆက်လက်ကျင့်ကြံနိုင်)
ကျင့်ကြံရေး ၃၉/၁၀၀ (ဆက်လက်ကျင့်ကြံနိုင်)
နတ်စွမ်းရည် ၀/၀ (မရနိုင်)
ခရမ်းရွှေဒဏ္ဌာရီ ၁/၁ (ရရှိနိုင်)
"တခါတည်း ရနိုင်တဲ့အရာပါလား" သူ တွေးလိုက်၏။ သူ့လက်များကို ဆေးကြောလိုက်သည်။ ခရမ်းရွှေရောင်က မြင်ဖူးသမျှထဲ အမြင့်ဆုံးဖြစ်သောကြောင့် ကောင်းမွန်သည့်အရာရရန် မျှော်လင့်နေမိသည်။
ရယူရန် ရွေးချယ်လိုက်၏။ အလင်းတချက်နဲ့အတူ သူ့စိတ်ထဲ ဆန်းကြယ်သည့် စာအုပ်ပေါ်လာသည်။ ၎င်းပေါ်တွင် ဟုန်မုန့်နှလုံးသားဆုဒြာ ဟူသည့် တောက်ပသောစာလုံးများရှိနေသည်။
ဟုန်မုန့်နှလုံးသားဆုဒြာမှာ ပကတိမူလအစ၏ ကျမ်းစာများထဲမှ တခုဖြစ်သည်။ ခရမ်းရောင်အသက်သွေးက မိုးမြေကို ဖုံးလွှမ်းပြီး အရာအားလုံးကို မွေးဖွားပေးခဲ့သည်။ ဒါကို ကျမ်းစာတွင် သူ မြင်ခဲ့သည်။ အတော်ကြာသည့်တိုင် သူစဥ်းစားနေခဲ့သည်။
ဒါက ကျင့်ကြံခြင်းနည်းစနစ်ဖြစ်သည်။ ၎င်းကို ကျင့်ကြံပြီးနောက် ခရမ်းရောင်အသက်သွေးအား ပေးစွမ်းပြီး အတွင်းလေအား ဖုံးကွယ်နိုင်သည်။
ကျန်းဟောင် ဝမ်းသာသွား၏။ အပြင်ကိုထွက်ပြီး ကောင်းကင်ဘုံရနံ့တာအိုပန်းအား ကြည့်သည်။ အခွင့်အလမ်းများက အန္တရာယ်နဲ့အတူလာသည်။ သူ အချိန်ပေးနိုင်သမျှ အန္တရာယ်လည်း လျော့ကျလာမည်သာ။
နေထွက်လာပြီးနောက် ဆေးဥယျာဥ်ကိုသွားသည်။ သူ၏ ကိစ္စများအား မြန်မြန်ဆန်ဆန်လုပ်ဆောင်ပြီးနောက် အိမ်ကို ပြန်လာသည်။ ကောင်းကင်ဘုံရနံ့တာအိုပန်း အဆင်ပြေမှန်း စစ်ဆေးပြီးမှ ကျင့်ကြံသည်။
ဟုန်မုန့်နှလုံးသားဆုဒြာကို သူ စမ်းချင်နေသည်။ သူ၏ စွမ်းအားများကို ခရမ်းရောင်အသက်သွေးမျှင်က ဖုံးကွယ်ပေးထားသော်လည်း ကောင်းကင်တေးသံတစ်ရာလှည့်ခြင်းကနေ ပြသထားသည်။ ဟုန်မုန့်နှလုံးသားဆုဒြာအား သူ အံ့သြချီးမွမ်းရသည်။
တစ်ညတည်းနှင့် ဟုန်မုန့်နှလုံးသားဆုဒြာအား အောင်အောင်မြင်မြင် ပြောင်းလဲနိုင်ခဲ့သည်။ ကျင့်ကြံခြင်းအဆင့် မပြောင်းသည့်တိုင် သူ့ခွန်အားက များစွာတိုးတက်လာကြောင်း ခံစားမိသည်။ အခုနေသာ စီနီယာအစ်မယွင်ရိုနှင့်ထပ်မံရင်ဆိုင်ရပါက များစွာလွယ်ကူနေလေပြီ။
သန်မာသည့် အင်အားက ကျန်းဟောင်ကို ပျော်ရွှင်စေ၏။ မနက်စောစော ခြံဝန်းထဲထွက်လိုက်သောအခါ ရနံ့သင်းသင်းအား ရသည်။ ကောင်းကင်ဘုံရနံ့တာအိုပန်းမှဖြစ်သည်။
သူ့ကို ပျော်ရွှင်စေသည်က ပန်းပေါ်ရှိ အပြာရောင်ပူဖောင်းနှစ်ခုဖြစ်သည်။
ကျင့်ကြံရေး +၁
အသက်သွေး +၁
သူ ကျေနပ်သွား၏။ သန့်စင်ယန်ပန်း မရှိတော့သောအခါ သူ၏ ကျင့်ကြံခြင်းက ပြန်လည်နှေးကွေးသွား၏။ အခု ကောင်းကင်ဘုံရနံ့တာအိုပန်းရှိနေသောကြောင့် ပြန်လည် မြန်ဆန်လာလေပြီ။ ပြောင်းလဲသွားသည့် ကောင်းကင်ဘုံရနံ့တာအိုပန်းအား အကဲဖြတ်စွမ်းရည်သုံးလိုက်ပြန်သည်။
[ကောင်းကင်ဘုံရနံ့တာအိုပန်းပင်ပေါက်၊ ရှေးဦးခေတ်ကာလတုန်းက မိုးမြေကြားတွင် ပန်းတစ်ပွင့်မွေးဖွားလာခဲ့သည်။ မရေမတွက်နိုင်သည့် နှစ်ကာလများကုန်ဆုံးသွားပြီးနောက် ကောင်းကင်ဘုံရနံ့တာအိုပန်းက အသီးသီးခဲ့ပြီး အစေ့များ ချန်ထားရစ်ခဲ့သည်။ ဒါက ထိုအစေ့များထဲမှ တခုဖြစ်သည်။ မြေကြီးထဲ အမြစ်တွယ်ပြီး အညှောက်ထွက်နေသည်။ တစ်ရက်ကို ရေတစ်ခွက်လောင်းပါ ပိုပိုမြန်ဆန်စွာ ကြီးထွားလာလိမ့်မည်]
ဖော်ပြချက်က အနည်းငယ်သာပြောင်းလဲသွားသည်။ သူလည်း ရေတစ်ခွက်ခပ်ပြီး လောင်းလိုက်သည်။
အိမ်ထဲ ပြန်ဝင်သွားပြီးနောက် ဝိညာဥ်ကျောက်တုံးများအတွက် ဆက်လက်ကြိုးစားရန် ပြင်ဆင်လိုက်သည်။ သို့သော် သူ့ဆီ မမျှော်လင့်ထားသည့် ဧည့်သည်ရောက်လာ၏။ ဥပဒေခန်းမက လျှိုရှင်းချန်ဖြစ်သည်။
"ဘာလို့ သူ ရောက်လာပြန်တာလဲ "
တဖက်လူ၏ ရည်ရွယ်ချက်အား သူမှန်းဆလိုက်သည်။ သူ့တွင် အခွင့်အရေးရှိမည်ဆိုပါက ကောင်းကင်ဘုံရနံ့တာအိုပန်းကို သူနဲ့အတူ ယူဆောင်သွားပေမည်။
"ဂျူနီယာညီလေးကျန်းကို ပြောစရာရှိတယ်" လျှိုရှင်းချန်က အမူအရာကင်းမဲ့စွာ ပြောလာသည်။
"စီနီယာအစ်ကို ကျေးဇူးပြုပြီး"
သူက ရွှေအမြုတေနှောင်းပိုင်းအဆင့်ဖြစ်သောကြောင့် သူ့တွင် အခွင့်အရေးမရှိပါချေ။
"ငါတို့ အထဲမှာပြောလို့ရမလား" လျှိုရှင်းချန်က ခြံထဲ လက်ညှိုးထိုးလိုက်သည်။ သူက ကျန်းဟောင်၏ ပြန်အပြောကိုပင် မစောင့်ပဲ လျှောက်ဝင်သွား၏။
ကျန်းဟောင်လည်း တွန့်ဆုတ်သွားပေမဲ့ လိုက်ဝင်လာသည်။ တခုခုဆို ပြေးရန် အသင့်ပြင်ထားသည်။ လျှိုရှင်းချန်သာ ကောင်းကင်ဘုံရနံ့တာအိုပန်းအတွက် လာသည်ဆိုပါက သူ တားနိုင်မည်မဟုတ်ပေ။
"ဂျူနီယာညီလေးကျန်းက ဆေးပင်စိုက်ရတာ ဝါသနာပါတယ်ထင်တယ်" လျှိုရှင်းချန်က ဟိုဟိုဒီဒီကြည့်သည်။
ကျန်းဟောင်က ဘာမှပြန်မပြောလိုက်ပေ။
ခဏကြာသော် လျှိုရှင်းချန်က သူ့ကိုကြည့်ပြီး "ဂျူနီယာညီလေး မင်း ဘာကြောင့် ဝိညာဥ်ကျောက်တုံး ၁၀၀၀ ပေးရမှာလဲဆိုတာသိလား"
"ကောင်းကင်ရွှင်ပျော်စံအိမ်ကြောင့်မဟုတ်ဘူးလား" သူ သတိဖြင့် မေးသည်။
"ကောင်းကင်ရွှင်ပျော်စံအိမ်က အတွင်းစည်းတပည့်တယောက်ကို ဘာကြောင့် ဒီလောက်ထိအရေးတယူလုပ်နေလဲရောသိလား" သူက မေးပြန်သည်။
သူ ဘာဖြစ်ချင်နေတာလဲ။ တဖက်လူ၏ ရည်ရွယ်ချက်အား နားမလည်နိုင်ဖြစ်နေသည်။
"ကောင်းကင်ရွှင်ပျော်စံအိမ်က စီနီယာအစ်မယွင်ရိုကို မြင့်မြင့်မားမား မျှော်မှန်းထားလို့လား "
"ဟုတ်တယ် ဒါပေမဲ့ အကုန်မဟုတ်သေးဘူး" လျှိုရှင်းချန်က ဘေးဘီကိုကြည့်သည်။ မည်သူမှမရှိမှန်း သေချာမှပြောသည်။ "ကောင်းကင်ရွှင်ပျော်စံအိမ်သခင်ရဲ့ ကျင့်ကြံခြင်းနည်းလမ်းက ညို့ငင်ခြင်းကိုယ်ရှိတဲ့သူကို အသုံးပြုပြီး တစ်ဆို့တဲ့အခြေအနေကို ကျော်ဖြတ်ဖို့လိုတယ် သူက အခု အဲ့လိုအခြေအနေကိုရောက်နေတာ တိုက်တိုက်ဆိုင်ဆိုင် သူမ ရောက်လာခဲ့တယ် ယွင်ရိုက သစ္စာဖောက်မှန်းသိတဲ့အခါ ငါတို့ ဆရာ့ကို သတိပေးခဲ့တယ် ငါတို့ သိသွားကြောင်း ယွင်ရိုသိတော့ မင်းကိုလာရှာခဲ့တယ်လေ ငါတို့က သူမကို အရှင်ဖမ်းချင်တာ မင်းက သူမကိုသတ်လိုက်တော့ ကောင်းကင်ရွှင်ပျော်စံအိမ်သခင်က ဘယ်လိုခံစားရလိမ့်မလဲ"