← Chapters

မိစ္ဆာမနဲ့ ထပ်တွေ့ပြီ

Vol. 1 Ch. 15

မိစ္ဆာမနဲ့ ထပ်တွေ့ပြီ

Vol. 1 Ch. 15

ကျန်းဟောင် တိတ်ဆိတ်သွား၏။ ဒါဆို ယွင်ရိုက အမှန်ပြောနေခဲ့တာပဲ။ သူသာ စောစောသိခဲ့ရင်...

ဒါပေမဲ့ သူသာ ထိုအချိန်က တွန့်ဆုတ်နေခဲ့လျှင် သူမက သူ့ကို သတ်သွားမည်ဖြစ်သည်။ ထို့ကြောင့် နောင်တမရပါချေ။

"မင်း ငါပြောတာကို ယုံဖို့ခက်လိမ့်မယ်" လျှိုရှင်းချန်က ဆိုသည်။ "ဝိညာဥ်ကျောက်တုံး ၁၀၀၀ တောင်းဆိုတာက မင်းကို ပစ်မှတ်ထားတာမဟုတ်ဘူး ပြောရရင် ကူညီဖို့ပဲ ကောင်းကင်ရွှင်ပျော်စံအိမ်က မင်းကို ပစ်မှတ်ထားလာမှာကို တားဆီးဖို့ပဲ မင်း လျော်ကြေးကောင်းကောင်းပေးထားရင် သူတို့မှာ အကြောင်းပြချက်မရှိတော့ဘူး ဒါပေမဲ့ သတိတော့ထားပေါ့ အသည်းကွဲကမ်းပါးက မင်းကို ကာကွယ်နိုင်ပေမဲ့ အဓိကက ကိုယ့်ရဲ့ခွန်အားပဲ "

"မင်းကို ဂိုဏ်းပြင်ပေးမထွက်တာကလည်း ယွင်ရိုရဲ့ ဂိုဏ်းကနေ ကာကွယ်ပေးဖို့ပဲ သူမ သေသွားတာနဲ့ပတ်သတ်ပြီး မကျေနပ်သူတွေရှိတယ် မင်းက နေဝင်ဆည်းဆာဂိုဏ်းက လူတွေရဲ့ ပစ်မှတ်ဖြစ်နေပြီ မင်းအခြေအနေက စိုးရိမ်စရာကောင်းတယ်"

ကျန်းဟောင် ဆွံ့အသွား၏။ ဒါဆို သူတို့က သူ့ကို အနိုင်ကျင့်တာမဟုတ်ပဲ တဖက်လှည့်နဲ့ ကာကွယ်ပေးနေတာလား။ အမှန်ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ သူ မငြင်းနိုင်ပါချေ။ ဒါက မိစ္ဆာဂိုဏ်းဖြစ်သည်။ စံအိမ်သခင်က အတွင်းစည်းတပည့်ကို ပစ်မှတ်ထားခြင်းက မခက်ခဲပါချေ။

"သတိပေးတာ ကျေးဇူးတင်ပါတယ် စီနီယာ" ကျန်းဟောင် ကျေးဇူးတင်လိုက်၏။

"ဂရုစိုက်ပါ ဂျူနီယာညီလေး တခြားသစ္စာဖောက်တွေရဲ့ သတင်းကြားရင် ငါ့ကို အသိပေးပါ " ထို့နောက် လျှိုရှင်းချန်က ထွက်ခွာသွားတော့သည်။

ခြံထဲ မည်သူမှ မရှိတော့ပါချေ။ ကျန်းဟောင်လည်း ကောင်းကင်ဘုံရနံ့တာအိုပန်းအားကြည့်သည်။ လျှိုရှင်းချန်တွင် အခြား ရည်ရွယ်ချက်ရှိကြောင်း သူသိသည်။ သူက စိတ်ကောင်းနှလုံးကောင်းဖြင့် ကျန်းဟောင်ထံလာပြီး အခြေအနေကို ရှင်းပြရုံသက်သက်ဟု သူ မယုံပါချေ။

သူ မသိတာလား ဒါမှမဟုတ် အခွင့်အရေးကိုစောင့်နေတာလား ကျန်းဟောင် နားလည်ရခက်နေသည်။

လေပူဖောင်းများအား ကောက်ယူလိုက်သည်။ ဆေးဥယျာဥ်တွင် ပုံမှန်ထက်ပိုပြီး လူများနေသည်။ သူ တခါမှမမြင်ဖူးသည့် အကြီးအကဲများနှင့် အတွင်းစည်းတပည့်များပါကြသည်။

ကျန်းဟောင်က သူတို့ကို အာရုံမထားပဲ လုပ်စရာရှိသည်ကိုသာလုပ်နေသည်။ စီနီယာအစ်မတဦးက သူ့ကို ဆေးပင်များ မတောင်းဆိုလာခင်အထိဖြစ်သည်။ ဒါက ကောင်းမွန်သည့် လက္ခဏာမဟုတ်ပါချေ။

ထင်သည့်အတိုင်း တစ်ပတ်ကြာပြီးနောက် ထို စီနီယာအစ်မပင် သူ့နေရာကိုရောက်လာပြီး ဆေးပင်တစ်မျိုးရထားကြောင်း၊ ထို့အတွက် သူ ကူညီနိုင်မလားဟုပြောလာသည်။

"ဂျူနီယာမောင်လေးမှာ တခြားဧည့်သည်မရှိပါဘူးနော် မဟုတ်ရင် အစ်မပြန်သွားလိုက်မယ်" နတ်မိမယ်မင်ယီက ခြံဝန်းထဲ မေးထိုးလိုက်၏။

"မရှိပါဘူး စီနီယာအစ်မက ကျနော့်ကို အထင်ကြီးနေပါပြီ နောက်ပြီး ကျနော်က ဆေးပင်တွေအကြောင်းလည်း သိပ်မသိပါဘူး" သူ အမှန်ကိုပြောလိုက်သည်။

သူ၏ အာရုံများကို အဆောင်ပြုလုပ်ခြင်းတွင် နစ်မြုပ်ထားသောကြောင့် ဆေးပင်ဗဟုသုတအား မမြှင့်တင်နိုင်ပါချေ။ ကံကောင်းစွာ အဆောင်လုပ်ငန်းစဥ်တွင် သူ အဆင်ပြေနေသည်။ သူ၏ အောင်မြင်နှုန်းက ၉၀ ရာခိုင်နှုန်းထိပင် ရောက်လာသည်။ အခု သူက ပိုခက်ခဲပြီး ရှုပ်ထွေးသည့် အဆောင်များကို စလုပ်နေသည်။

တစ်ပတ်အတွင်း ဝိညာဥ်ကျောက်တုံး ၁၅၀ ကိုလည်း ရနိုင်ခဲ့သည်။ အခု သူ့တွင် ၄၅၀ ရှိနေလေပြီ။ ဒါက တစ်ဝက်နီးပါးဖြစ်ပြီး သူ့တွင် အချိန်နှစ်လကျန်နေပါသေး၏။

သူ့ရှေ့ရှိ စီနီယာအစ်မက တိမ်မြူခိုးတောင်မှဖြစ်သည်။ သူမက နှစ်ပေါင်းများစွာ တံခါးပိတ်ကျင့်စဥ်ဝင်နေပြီး အခုမှ ထွက်လာခြင်းပင်။ သူမက လူများများစားစားနှင့် မရင်းနှီးသောကြောင့် သူ့ကို လာမေးခြင်းဖြစ်လေသည်။

ကျန်းဟောင်က သူမကို အပြည့်အဝမယုံသောကြောင့် အကဲဖြတ်စွမ်းရည်ကို အသုံးပြုခဲ့သည်။

[မင်ယီ၊ ကောင်းကင်သူတော်စင်ဂိုဏ်း၏ အစားထိုးသူတော်စင်မ၊ အစောပိုင်း ရွှေအမြုတေအဆင့်၊ ကောင်းကင်ရှင်းလင်းဂိုဏ်း၏ တိုးတက်လာသည့် အကြောင်းရင်းအား ရှာဖွေလိုသူ၊ ညွှန်ကြားချက်အရ ခြံဝန်းထဲတွင် ရှိသည့်အရာ၊ ရက်စက်သည့်စိတ်ထား၊ အပြုံးနောက်တွင် ဓားသွားဝှက်ထားသူ]

သူမ၏ ကျင့်ကြံခြင်းအဆင့်ကြောင့် ကျန်းဟောင်တယောက် ခေါင်းငုံ့ထားရုံသာတတ်နိုင်သည်။ သူလျှိုများက ရွှေအမြုတေအဆင့်တွင် ရှိနေကြသည်။ သူတို့က အစစ်အမှန်တပည့်မဟုတ်လျှင် သူတော်စင်မဖြစ်နေကြသည်။

သူ့ကို အံ့သြစေသည့်အရာက ကောင်းကင်ရှင်းလင်းဂိုဏ်းကို မြင့်မားစေသည့်အရာက သူ့ခြံဝန်းထဲတွင် ရှိနေခြင်းပင်။

ကောင်းကင်ဘုံရနံ့တာအိုပန်းလား ဒါက ဂိုဏ်းချုပ်ကို ကိုယ်စားပြုတဲ့အရာမဟုတ်ဘူးလား။

ဂိုဏ်း၏ ရှေးဟောင်းမှတ်တမ်းများကို ကြည့်ချင်သွား၏။ သူ့အတွက် ထိုသို့အရေးကြီးသည့်အရာကို စိုက်ပျိုးခွင့်ရထားခြင်းက အတော်စိုးရိမ်စရာကောင်းလေသည်။

မင်ယီက ကြာကြာမနေပေ။ သူမ၏ ဆေးပင်အား ကျန်းဟောင်ကို စစ်ဆေးစေသည်။ ဒါပေမဲ့ သူ မသိချေ။ မင်ယီက စိတ်မရှိပဲ ကျေးဇူးတင်စကားပြော၍ ထွက်ခွာသွားသည်။ ကျန်းဟောင်လည်း နဂိုအခြေအနေအား ပြန်ရလိုက်သည်။

တစ်လကြာပြီးနောက် သူ၏ ဝိညာဥ်ကျောက်တုံးများအား ပျော်ရွှင်စွာ ရေတွက်နေသည်။ ၉၂၆ တုံး မကြာခင် ၁၀၀၀ ပြည့်တော့မယ်ကွ

သူ တလျှောက်လုံး အဆောင်များပြုလုပ်ခဲ့ရသည်။ အဆင့်မြင့် အဆောင်များက အောင်မြင်နှုန်းနိမ့်သည်။ ထို့ကြောင့် တခါတလေမှသာ လုပ်လေ့ရှိသည်။ အနာဂတ်တွင် အဆောင်များ ဆက်လက်ဖန်တီးပြီး ဝိညာဥ်ကျောက်တုံးရှာနိုင်ကြောင်း နားလည်ခဲ့သည်။

အမည် ကျန်းဟောင်

အသက် ၁၉

ကျင့်ကြံခြင်းအဆင့် အခြေခံတည်ဆောက်ခြင်းအဆင့် အစောပိုင်း

ကျင့်စဥ်နည်းလမ်း ကောင်းကင်တေးသံတစ်ရာလှည့်ခြင်း၊ ဟုန်မုန့်နှလုံးသားဆုဒြာ

နတ်စွမ်းရည် ကိုးလှည့်သေခြင်းအစားထိုး (ထူးခြား)၊ အကဲဖြတ်ခြင်း၊ ကြည်လင်သန့်စင်နှလုံးသား

အသက်သွေး ၁၀၀/၁၀၀ (ဆက်လက်ကျင့်ကြံနိုင်)

ကျင့်ကြံရေး ၁၀၀/၁၀၀ (ဆက်လက်ကျင့်ကြံနိုင်)

နတ်စွမ်းရည် ၀/၀ (မရနိုင်)

ခရမ်းရွှေဒဏ္ဌာရီက ပျောက်သွားပြီး ကျင့်ကြံခြင်းနည်းလမ်းတွင် ဟုန်မုန့်နှလုံးသားဆုဒြာ တိုးလာသည်။ ကောင်းကင်ဘုံရနံ့တာအိုပန်းကြောင့် အသက်သွေးနှင့် ကျင့်ကြံရေးမှာ ၁၀၀ ပြည့်သွားလေပြီ။

ဒီနေ့ကို သူ စောင့်နေခဲ့တာကြာပြီဖြစ်၏။ ဟုန်မုန့်နှလုံးသားဆုဒြာက ဖုံးကွယ်ပေးထားသောကြောင့် သူ အဆင့်တက်မြန်သည်အား စိုးရိမ်နေစရာမလိုတော့ချေ။ အသက်သွေးနှင့် ကျင့်ကြံရေးအား ထုတ်နှုတ်ပြီး ဟုန်မုန့်နှလုံးသားဆုဒြာအား လှည့်ပတ်လိုက်သည်။

အသက်သွေးနှင့် ဝိညာဥ်စွမ်းအားက လျှံထွက်လာသည်။ ကိုယ်တွင်းရှိ ခရမ်းရောင်မြူများကို စတင်စုပ်ယူပြီး ဝိညာဥ်စွမ်းအားနှင့် အသက်သွေးအဖြစ် သန့်စင်သည်။ ခရမ်းရောင်မြူများက ပြန့်ကားပြီး စွမ်းအင်ဗဟိုချက်ကို ရွေ့လျားသွားသည်။

ကျန်းဟောင်၏ ကျင့်ကြံခြင်းက မျက်စိနဲ့ပင် မြင်ရနိုင်အောင် မြင့်တက်လာသည်။ အလယ်အလတ် အခြေခံတည်ဆောက်ခြင်းအဆင့်ကို ပိတ်ထားသည့် အကာအရံကို ခရမ်းရောင်အသက်သွေးက အောင်မြင်စွာ ဖျက်ဆီးလိုက်နိုင်သည်။

"ပြီးပြီ" အောင်မြင်မှု၏ ခံစားချက်က သူ့ကို သက်သောင့်သက်သာဖြစ်စေသည်။

သူ့ကိုယ်သူ တည်ငြိမ်စေပြီးနောက် အပြင်ကိုကြည့်ရာ နောက်ကျနေသည်ကို တွေ့ရသည်။ ကောင်းကင်ဘုံရနံ့တာအိုပန်းအား ရေလောင်းရပေဦးမည်။ သို့သော် သူ အပြင်ထွက်လိုက်သောအခါ ခြံဝန်းထဲ အမျိုးသမီးတဦးရှိနေသည်ကို တွေ့လိုက်ရသည်။

သူမက တကိုယ်လုံး အနီဆင်မြန်းထားပြီး နေဝင်ချိန်အောက်တွင် တောက်ပနေသည်။ သူမက အဖက်ဖက်ကနေ အလွန်လှပနေ၏။

"သူပါလား"

All Chapters