← Chapters

အခန်း (၄၈)

Vol. 4 Ch. 48

အခန်း (၄၈)

Vol. 4 Ch. 48

မုန့်ချီက စိတ်ထဲတွင် စဉ်းစားသွားမိသည်။

"ဒါက တကယ့်ကို မလွတ်မြောက်နိုင်တဲ့ ကံကြမ္မာတစ်ခုပါလား ...."

အမှန်အတိုင်းပြောရလျှင်တော့ အိပ်မက်ဟူသည်မှာ အိပ်မက်သာ ဖြစ်သည်။ ခါးသီးသောအရာများက အမှန်တကယ် ပြောင်းလဲသွားလိမ့်မည် မဟုတ်ချေ။ သူက သူ၏အိပ်မက်နှင့် တဖြည်းဖြည်း အဝေးကို ရောက်သွားနေသော်လည်း လမ်းကြောင်းပေါ်တွင် ဆက်၍ ပြေးနေခဲ့ကြောင်း ရှင်းရှင်းလင်းလင်း နားလည်မိသည်။

"အစတုန်းကတော့ ငါက အသက်ရှင်ဖို့အတွက် သံသရာကမ္ဘာကြီးထဲမှာ အစွမ်းတွေ မရှိတာ ကိုယ့်ကိုယ်ကိုပဲ အပြစ်တင်ရမယ် ...။ ဒီရွေးချယ်မှုက လုံးဝကို မလွဲမသွေ လုပ်ရမှာပဲ ..."

သူက ဆုံးဖြတ်ချက်ချပြီးပြီ ဖြစ်သည့်အတွက် မည်သူ့ကိုမျှ အပြစ်မတင်တော့ဘဲ ထိုလမ်းကြောင်းပေါ်တွင် အကောင်းဆုံး လျှောက်လှမ်းမည်ဟု ဆုံးဖြတ်ချက် ချထားခဲ့သည်။ ထိုလမ်းကြောင်းကို လျှောက်လှမ်းခြင်းကလည်း သူ၏အိပ်မက်ကို သစ္စာဖောက်သည်ဟု ဆိုလိုခြင်း မဟုတ်ပေ။

သိပ်မကြာခင် အတောအတွင်း စာရင်းထဲ၌ ရှိနေသော သိုင်းပညာများနှင့် ရင်းနှီးနေသည့်အတွက် မုန့်ချီက တခြားသူများ၏ အကူအညီကို သုံးပြီး သူ၏သိုင်းပညာကို မြှင့်တင်ရန် ဆုံးဖြတ်ထားခဲ့သည်။

မုန့်ချီက ရှောင်လင်ကျောင်းတော်ထဲတွင် ကိုရင်တစ်ပါးအဖြစ် ထာဝရ နေပြီး ဗုဒ္ဓသိုင်းပညာများကို အဓိက အလေးထား လေ့လာလိုခြင်း မရှိပေ။ သူက တခြားသော ထိပ်သီးသိုင်းပညာများကိုလည်း ရယူချင်နေခဲ့၏။ သူက သံချပ်ဝတ်အင်္ကျီကျင့်စဉ် ၊ ရွှေခေါင်းလောင်းအကာအကွယ် ကျင့်စဉ် စသည့် ဗုဒ္ဓသိုင်းပညာများနှင့်လည်း ယှဉ်ပြိုင်၍ ရနိုင်သော သိုင်းပညာများကို လေ့လာချင်ခဲ့သည်။

ချီကျန်းရန်က သူ့ထက် အရင် ကောင်းကင်ရတနာဓားကို လဲလိုက်သော်လည်း ကိစ္စမရှိချေ။ သူ၏ အစစ်အမှန်ပစ်မှတ်က အသွင်ပြောင်း(၇၂)မျိုး ကျင့်စဉ်ဖြစ်သည်။

မုန့်ချီ၏ အမူအရာက ဆက်တိုက်ပြောင်းလဲနေကြောင်း မြင်သည့်အခါ ရွှမ်ပိုင်က အပြုံးနှင့် ခေါင်းခါလိုက်မိ၏။

"မင်းက ကျန်းဟွေလောက် မတည်ငြိမ်ဘူး ..။ သူ့ရဲ့စိတ်နဲ့ ရည်ရွယ်ချက်က တစ်ထပ်တည်းပဲ....။ တည်ငြိမ်တယ် ...။ အာရုံစိုက်တယ် ..။ ဗုဒ္ဓလမ်းစဉ်ရဲ့ အနှစ်သာရနဲ့လုံးဝကို တစ်ထပ်တည်းပဲ ....။ ဒါကြောင့်လည်း ဆရာက သူ့ကို ပန်းခူးလက်ညှိုးသိုင်း ကျင့်ခွင့်ပေးခဲ့တာ ...."

ကျန်းဟွေကတော့ သူ့ဆရာပြောသည့်အတိုင်း တစ်ထပ်တည်း ဖြစ်သည်။ သူကတော့ မုန့်ချီကို ကြည့်ပြီး စိတ်ထဲတွင် ရှုပ်ထွေးနေသေး၏။ ယခင်တုန်းကတော့ သူက ရှောင်လင်၏ မိုကီမိစ္ဆာခွင်းလက်ဝါးသိုင်း ၊ ပန်းခူးလက်ညှိုးသိုင်း ၊ သဏ္ဍာန်မဲ့လက်ညှိုးသိုင်း စသည့် ထိပ်သီးသိုင်းပညာများကို အလွန်လိုချင်နေခဲ့သည်။ ဘာကြောင့် ဆရာတူအစ်ကိုကြီးက အနည်းငယ် ဝမ်းမသာသလို ဖြစ်နေရသနည်း။

"ဒါပေမယ့် မင်းကတော့ ကြောက်လန့်ပြီး မတည်ငြိမ်ဘူး ..။ အဲဒါက သိုင်းပညာ လေ့ကျင့်နေတဲ့အချိန်မှာ အန္တရာယ်များစွာ ကြုံတွေ့ရနိုင်တယ် .။ ပြီးတော့ မင်းရဲ့အခြေခံက သံချပ်ဝတ်အင်္ကျီကျင့်စဉ် ဖြစ်နေတော့ ရွှေခေါင်းလောင်း အကာအကွယ်ကျင့်စဉ်နဲ့ ပြိုင်ဘက်ကင်းမိုးကြိုးခန္ဓာကျင့်စဉ်တွေကို လေ့ကျင့်ဖို့ အကောင်းဆုံးပဲ..."

ရွှမ်ပိုင်က တင်းကျပ်သော ဆရာတစ်ယောက် မဟုတ်ချေ။ သူက သေချာစွာ ရှင်းပြနေခဲ့၏။

"အဲဒီထိပ်သီးသိုင်းပညာ (၂)ခုထဲမှာ ပြိုင်ဘက်ကင်းမိုးကြိုးခန္ဓာက ပိုပြီးတော့ ကောင်းတယ်.။ အဲဒါက အာကေလဓမ္မကာရအဆင့်ကို ရောက်ဖို့ ကူညီပေးနိုင်တယ်.။ ဒါပေမယ့် မင်းရဲ့ပုံစံနဲ့ စိတ်နေစိတ်ထားအရ ဘာကိုမှ အလေးမထားတတ်ဘူး..။ ဒီတော့ ဗုဒ္ဓသင်ကြားမှုတွေကနေ ဘာမှမရနိုင်ဘူး ...”

“တကယ်လို့ မင်းကသာ သေချာပြင်ဆင်ထားခြင်း မရှိဘဲ ပြိုင်ဘက်ကင်း မိုးကြိုးခန္ဓာကျင့်စဉ်ကို လေ့ကျင့်လိုက်မယ်ဆိုရင် အမုန်းတရားတွေ၊ဒေါသတွေရဲ့ လွှမ်းမိုးခြင်းကို ခံရပြီး အသူရာငရဲကို ကျသွားရလိမ့်မယ် ..။ ဒါကြောင့် မင်းက အရင်ဆုံး ရွှေခေါင်းလောင်း အကာအကွယ် ကျင့်စဉ်ကို လေ့ကျင့်သင့်တယ် .။ ပြီးရင်တော့ မင်းရဲ့ သဘာဝဖြစ်တဲ့ မဆင်မခြင်လုပ်ရပ်တွေ ၊ ပေါ့ပေါ့နေ ပေါ့ပေါ့စားတဲ့ အကျင့်စရိုက်တွေကို ဖယ်ရှားရမယ် ...။ တကယ်လို့ အောင်မြင်သွားတဲ့ အချိန်ကျမှ လေ့ကျင့်မယ်ဆိုရင်လည်း အရမ်းကြီး နောက်မကျသေးဘူး ..."

ရွှမ်ပိုင်က သူ့အတွက် စဉ်းစားပေးနေကြောင်း သိသည့်အခါ မုန့်ချီကတော့ စိတ်လှုပ်ရှားသွားခဲ့၏။

"ဆရာ …

ဘာက အရမ်းကြီး နောက်မကျသေးတာလဲ ...."

သူက စိတ်ဝင်တစား မေးလိုက်သည်။

အစ်ကိုချီကတော့ ထိုအတွက်ကြောင့် သူ၏အဓိကသိုင်းပညာကို ပြောင်းလဲပစ်လိုက်ခြင်းဖြစ်၏။ သူက ဝေ့ကျင်းအဆင့်ကို မရောက်ခင် ထိပ်သီး သိုင်းပညာတစ်ခု သင်ကြားခွင့်မရမှာကို စိုးရိမ်နေခဲ့၏။ ထို့နောက် သူက အခြေခံအုတ်မြစ်နှင့် ပတ်သက်သော ပြဿနာတစ်ခု ရင်ဆိုင်ပြီး ဆက်လက် တိုးတက်ရန် အတော်လေး ရုန်းကန်ရပါလိမ့်မည်။

ရွှမ်ပိုင်က နောက်တစ်ကြိမ် ခေါင်းခါပြီး အပြုံးနှင့် ပြောလိုက်၏။

"မင်းက တကယ်ပဲ ဗုဒ္ဓသင်ခန်းစာတွေကို မကြိုးစားခဲ့ဘူး ...။ အာကေလ ဆိုတာက ဉာဏ်ပညာရှင်လို့ ပြောလို့ရတယ်....။ သူ့ကိုတော့ ငြိမ်သက်ခြင်းကိုယ်တော်လို့ လူသိများတယ် ...။ အဲဒါက ငြိမ်သက်ခြင်း ဓမ္မကာရ အဆင့်ကနေ ဆင်းသက်လာတာ။ အဲဒါက ရွှေခေါင်းလောင်း အကာအကွယ်ကျင့်စဉ်ကို ကျွမ်းကျင်ပြီးမှပဲ ရနိုင်တယ် ..။ အဲဒီသိုင်းပညာ(၂)ခုက အဖေနဲ့သားလိုပဲ ...။ ဒါကြောင့် လုံးဝ နောက်ကျသွားမှာ မဟုတ်ဘူး ....."

မုန့်ချီက ရုတ်တရက် နားလည်သွားခဲ့သည်။ သူက အနည်းငယ် စိတ်လှုပ်ရှားသွားခဲ့၏။

"ကျွန်တော်က ရွှေခေါင်းလောင်း အကာအကွယ်ကျင့်စဉ်ကို ဘယ်အချိန်စပြီး လေ့ကျင့်ရမှာလဲ ဆရာ ..."

နောက်တစ်ကြိမ် သံသရာတာဝန်က မည်သည့်အချိန် စတင်မည်ဖြစ်ကြောင်း သူလည်း မသိချေ။ သူက တတ်နိုင်သမျှ မြန်မြန်လေ့ကျင့်ချင်နေခဲ့၏။ သူ၏ဂါနိုဒါးမား စွမ်းအင် ပြန်ဖြည့်ဆေးကိုလည်း အသုံးပြုရန် လိုအပ်နေသေးသည်။

"ဆရာက အဲဒီထိပ်သီးသိုင်းပညာ (၂)ခုလုံးကို ကူးယူပြီးသွားပြီ ..။ မင်းတို့က မနက်ဖြန်ကစပြီး လေ့ကျင့်ရမယ် ...."

ရွှမ်ပိုင်က ရေနွေး စားပွဲပေါ်တွင် ရှိနေသော စာအုပ် (၂) အုပ်ကို လက်ညှိုးထိုးပြလိုက်သည်။

"ဒါပေမယ့် မင်းက ဉာဏ်အလင်းပွင့်မှုအဆင့်ကို မရောက်ခင် ရွှေခေါင်းလောင်း အကာအကွယ်ကျင့်စဉ်ရဲ့ ပထမ (၄)ဆင့်ကိုပဲ ဖတ်လို့ရမယ် ...."

ဂိုဏ်းနှင့် ကျောင်း‌တော်အများစုတွင် သိုင်းပညာသင်ကြားပေးရာ၌ အမြဲလိုလို သတိထားတတ်ကြသည်။ အဆင့်တစ်ခုခုကို ရောက်ရှိပြီးမှသာ သင့်လျော်သော ကျင့်စဉ်များကို ညွှန်ကြားပေးတတ်၏။ ထိုအရာကတော့ သူတို့၏ တပည့်များကို လမ်းလွဲပြီး အာရုံထွေပြားမှုမှ ကာကွယ်ရန် ဖြစ်သည်။

မုန့်ချီက ခေါင်းညိတ်ပြလိုက်၏။

"ကျွန်တော်က ဆရာ့စကားကို နားထောင်ပါ့မယ် ...."

သူ၏ကိစ္စများကို နားလည်လာပြီးနောက် မုန့်ချီက သူ့ညီလေးအတွက် စိုးရိမ်သွားခဲ့၏။

"ဆရာ …

ပန်းခူး လက်ညှိုးသိုင်းက ဘယ်လို ဓမ္မကာရ အဆင့်ကို ရောက်နိုင်တာလဲ ....."

သိုင်းလောကနှင့် ပတ်သက်ရာတွင် ကျန်းဟွေကတော့ အနည်းငယ်လေးသာ သိထားသည်။ သူ့ဆရာတူ အစ်ကိုကြီး၏မေးခွန်းကို ကြားသည့်အခါ သူလည်း သူ့ဆရာ ရွှမ်ပိုင်ကို စိတ်ဝင်တစား ကြည့်နေခဲ့၏။

ရွှမ်ပိုင်ကတော့ အလွန်ကျယ်လောင်စွာ ရယ်လိုက်မိသည်။ ထိုအရာက သူ့အတွက်ပင် အတော်လေး ထူးဆန်းနေခဲ့၏။

သူက သားများကို ဆုံးမသင်ကြားပေးနေသော အဖေတစ်ယောက်ကဲ့သို့ ပြောလိုက်သည်။

"ပန်းခူးလက်ညှိုးသိုင်းက ဆရာတို့ ရှောင်လင်ရဲ့ ထိပ်သီးသိုင်းပညာ (၇၂)မျိုးထဲမှာ နံပါတ် (၁)ပဲ ..။ အဲဒါက ဗုဒ္ဓလက်ဝါး တတိယ သိုင်းကွက်ကနေ တိုက်ရိုက်ဆင်းသက်လာတာ ..။ ဘုန်းတော်ကြီးဓမ္မကတော့ အဲဒီသိုင်းပညာနှင့်အတူ ကစ္စပ ဓမ္မကာရအဆင့်ကို ရောက်သွားခဲ့တယ် ...။ အဲဒါက မဟာရသေ့တစ်ပါးရဲ့အဆင့်မျိုးပဲ..”

“ဒါပေမယ့် သူ့ရဲ့လိုအပ်ချက်တွေက အရမ်းကို ပြင်းထန်တယ်...။ လေ့ကျင့်သူရဲ့ နှလုံးသားနဲ့ စိတ်က တသားတည်း ရှိနေဖို့လိုတယ် ...။ တခြားသိုင်းပညာတွေနဲ့ ရှုပ်ထွေးသွားလို့ မရဘူး ..။ အဲဒီလိုဆိုရင် နားလည်ဖို့ အရမ်းခက်တယ်...။ ဒါကြောင့် မျိုးဆက်တိုင်းမှာ ဘုန်းတော်ကြီး နည်းနည်းလောက်ပဲ အဲဒီသိုင်းပညာကို ရွေးချယ်ခဲ့ကြတယ်...။ ဒါပေမယ့် ကျန်းဟွေရဲ့ အကျင့်စရိုက်အရ တခြားသိုင်းပညာတွေနဲ့ ယှဉ်ရင် အဲဒီသိုင်းပညာကို ပိုပြီးတော့ သင့်တော်တယ်…..”

“ကျန်းဟွေ …

မင်းရော ဘယ်လိုထင်လဲ ....။ တကယ်လို့ မင်းက မသင်ချင်ဘူး ဆိုရင်တော့ ဆရာက အတင်းအကျပ် တွန်းအားမပေးပါဘူး ...."

မုန့်ချီက မပြောနိုင်သေးခင် ကျန်းဟွေ၏ မျက်ဝန်းများက ဝင်းလက်တောက်ပလာခဲ့သည်။

"ကျွန်တော်က သင်ချင်ပါတယ်ဆရာ...။ မဟာရသေ့ကြီးဆိုတာက ဗောဓိတဗ္ပနဲ့ အဆင့်အတူတူပဲလို့ ဦးလေးရွှမ်ရှင်းက ပြောခဲ့တယ် ....”

“သူကတော့ အမြဲဒီလိုပါပဲလား ...."

မုန့်ချီကတော့ ထုတ်တန်းကို မော့ကြည့်လိုက်မိသည်။

ရွှမ်ပိုင်က အပြုံးနှင့် ခေါင်းခါပြလိုက်၏။

"ဒါဆိုရင်တော့ မင်းက ဆယ်စုနှစ်ပေါင်းများစွာ နေ့စဉ် လေ့ကျင့်ဖို့ အဆင့်သင့် ပြင်ထားရမယ် ...."

ထိုအချက်တွင်တော့ သူက ကျန်းဟွေအပေါ် အတော်လေး သေချာနေခဲ့သည်။

သူတို့အတွက် အဓိကကျင့်စဉ်များကို သေချာသွားပြီးနောက် မုန့်ချီက စိတ်အေးသွားပြီး စိတ်ဝင်တစား မေးလိုက်၏။

"ဆရာ ....

ဘုန်းတော်ကြီးဓမ္မ ဖန်တီးထားခဲ့တဲ့ ထိပ်သီးသိုင်းပညာ (၇၂)မျိုးထဲမှာ ဘာလို့ ပန်းခူးလက်ညှိုးသိုင်းက အာရုံပျံ့လွင့်လို့ မရတာလဲ .”

“အဲဒီသိုင်းပညာတွေထဲမှာ ဗုဒ္ဓလက်ဝါးကနေ ဘုန်းတော်ကြီးဓမ္မ နားလည်ထားတဲ့ အရာတစ်ချို့လည်း ရှိတယ် ....။ အဲဒါကို သူကိုယ်တိုင် မလေ့ကျင့်ခဲ့ပေမယ့် ကစ္စပ ဓမ္မကာရအဆင့်ကို ရောက်တဲ့အချိန်မှာ အဲဒီသိုင်းကျမ်းတွေကို ပြည့်စုံအောင် ဖန်တီးနိုင်ခဲ့တယ် ..။ တချို့အရာတွေကိုတော့ ဓမ္မကာရအဆင့်ကို ရောက်ပြီးမှ ဖန်တီးခဲ့တာ ..။ တချို့အရာတွေကိုတော့ ဗုဒ္ဓလက်ဝါးကို နားမလည်သေးခင် ဖန်တီးထားခဲ့တာ ....."

ရွှမ်ပိုင်က သူတပည့်များ၏ မေးခွန်းကို ပြန်ဖြေရာ၌ အတော်လေး စိတ်ရှည်နေပုံရသည်။

"ဒါ့ကြောင့်ကိုး .."

မုန့်ချီကတော့ သူသိချင်သည့်အရာများကို မေးနေခဲ့သည်။ ကျန်းဟွေကတော့ သိုင်း လောကပုံပြင်များအကြောင်းကိုသာ ပို၍ စိတ်ဝင်စား၏။

"ဒါပေမယ့် ဘုန်းတော်ကြီးဓမ္မက အရိုးကြွက်သားအားဖြည့်ကျင့်စဉ်ကို ကျင့်ကြံခဲ့လို့လား."

ရွှမ်ပိုင်၏အမူအရာတွင် စိတ်မရှည်မှုများ မရှိချေ။

"အရိုးကြွက်သားအားဖြည့်ကျင့်စဉ်က ပြိုင်ဘက်ကင်းကျင့်စဉ်တစ်ခုပဲလေ ..။ အဲဒါက ခန္ဓာကိုယ်ကို လိုသလို ပြောင်းလဲနိုင်တယ် ..။ ပြီးတော့ တခြားသိုင်းကျမ်းတွေရဲ့ အကျိုးသက်ရောက်မှုကိုလည်း မြှင့်တင်ပေးနိုင်တယ် ..။ သူတို့ရဲ့ မူလကန့်သတ်ချက်ကိုတောင် ကျော်ဖြတ်ဖို့ ကူညီပေးနိုင်တယ် ..။ ပြီးတော့ လေ့ကျင့်မှု အချိန်ကာလကိုလည်း တိုတောင်းသွားစေနိုင်တယ် ..။ ဒါပေမယ့် အဲဒီကျင့်စဉ်တစ်ခုတည်း လေ့ကျင့်မယ်ဆိုရင် ရွှေခန္ဓာမရနိုင်သလို လက်ဝါးကျင့်စဉ်၊ ကိုယ်ဖော့ပညာတွေလည်း တိုးတက်မသွားနိုင်ဘူး ...။ အရေးကြီးဆုံးအရာကတော့ ပန်းခူးလက်ညှိုးသိုင်းနဲ့တောင် ပူးပေါင်းလုပ်ဆောင်နိုင်တယ် …”

"ဒါကြောင့်ကိုး .."

မုန့်ချီက သံသရာအရှင်သခင်၏ စာရင်းထဲတွင် အရိုးကြွက်သားအားဖြည့်ကျင့်စဉ်နှင့် ပတ်သက်သည့်အရာများကို ဖတ်ခဲ့ဖူးသည်။ ထိုအရာက ရှောင်လင်တွင် ရှိနေသော တခြားသိုင်းပညာများနှင့် မတူဘဲ အသွင်ပြောင်းသွားနိုင်သည်ဟု ပြောထားခြင်း မရှိချေ။ ယခုတော့ ထိုအရာက လုံးဝကို ကွဲပြားနေခဲ့၏။

ထိုအချိန်တွင် ကျန်းဟွေက မေးလိုက်သည်။

"ဆရာ …

ပန်းခူးလက်ညှိုးသိုင်းက ဗုဒ္ဓလက်ဝါးအဖြစ် တဖြည်းဖြည်း တိုးတက်သွားနိုင်လား ....."

မုန့်ချီက မြေပြင်ပေါ်ကို ငုံ့ကြည့်နေခဲ့၏။

"ဒီကောင်လေးက သိထားတာတွေ တော်တော်လေး နည်းသေးတယ်...။ သူက သူလိုချင်တာကိုပဲ အဓိက သိနေတာပဲ ....."

ရွှမ်ပိုင်ကတော့ ဒေါသထွက်ခြင်း မရှိဘဲ ပြုံးလိုက်သည်။

"ဗုဒ္ဓကျင့်စဉ်တွေကို ကျင့်ကြံသူတိုင်းက ဗောဓိအနှစ်သာရတွေကို မြင်နိုင်တဲ့ အခွင့်အရေးရှိတယ် ...။ ဒီတော့ ကျင့်စဉ်တိုင်းက ဗုဒ္ဓလက်ဝါးကို ရနိုင်တာပေါ့ ...."

"ဆရာ…

ဦးလေးရွှမ်ရှင်း ပြောပြတဲ့ပုံပြင်တွေထဲမှာ ဂရုဏာကွမ်ရင်ဗောဓိတဗ္ပက ရွှေယွဲ့ သီလရှင်ကျောင်းမှာ ရှိတယ်လို့ ပြောတယ် .။ အဲဒါကလည်း မဟာဗောဓိတဗ္ပ ဓမ္မကာရ တစ်မျိုးပဲ ..။ ဗုဒ္ဓရွှေခန္ဓာနဲ့ ဗောဓိရွှေခန္ဓာပြီးရင် ဒုတိယအဆင့်မြင့်ဆုံးလို့ ပြောတယ်။ ရှောင်လင်မှာရော အဲဒီအရာကို ယှဉ်နိုင်တဲ့ တစ်ခုခုများ ရှိလား ....."

"အခု ဒီမေးခွန်းတွေကို အကျဉ်းချုပ်မေးရမယ်ဆိုရင် ကျွန်တော်တို့ရဲ့ ကျောင်းတော်မှာလည်း ဓမ္မကာရအဆင့်ကို ရောက်နိုင်တဲ့ ကျင့်စဉ်မျိုး ရှိလားဆရာ ...."

မုန့်ချီက ခေါင်းစဉ် ပြောင်းလိုက်ပြီး အနာဂတ်လဲလှယ်ရန်အတွက် အချက်အလက် တစ်ချို့ကို ရှာဖွေချင်ခဲ့သည်။ ရွှမ်ပိုင်၏ရှင်းပြမှုက သံသရာ အရှင် သခင် ရှင်းပြမှုထက်ပို၍ အသေးစိတ်ကျနိုင်တယ်။

ရွှမ်ပိုင်က ခဏကြာ စဉ်းစားနေခဲ့သည်။

"ဓမ္မကာရအဆင့်အတွက် ပထမဆုံး ဆရာတို့ဆီမှာ ရှိတာက ဗုဒ္ဓလက်ဝါး တတိယ သိုင်းကွက်ပဲ ..။ ဒါပေမယ့် ဆရာတို့မှာ ပြည့်စုံတဲ့သိုင်းကွက် (၉)ကွက်လုံး မရှိတာကတော့ နှမြောဖို့ကောင်းတယ် ..။ ပြီးတော့ ပင်မညွန်ကြားချက်တွေကလည်း ပျောက်ဆုံးနေပြီ ..။ ဒီတော့ ဆရာတို့က ဗုဒ္ဓရွှေခန္ဓာကို မရနိုင်ဘူး ..”

“ဆရာ လေ့ကျင့်ထားတဲ့ မိုကီမိစ္ဆာခွင်းလက်သီးက သေခြင်းနဲ့ရှင်ခြင်းကြားထဲမှာရှိတဲ့ ပြန်လည်ဝင်စားမှုကို အခြေခံထားတယ်။ အဲဒါက မဟာဗောဒိတဗ္ပ အဆင့်လို့ သတ်မှတ်လို့ရတယ်။ ဒါပေမယ့် ဆရာ့ဆီမှာ မြေအောက်စိတ်ဝိညာဉ် ထိန်းချုပ်ရေး တာအိုကျင့်စဉ် မရှိဘူး။ ဒီတော့ ဆရာက ဓမ္မကာရ တစ်ဝက်အဆင့်ကိုပဲ ရောက်နိုင်တယ်…”

“မြေအောက်စိတ်ဝိညာဉ် ထိန်းချုပ်ရေးတာအိုကျင့်စဉ်လား …”

မုန့်ချီက ထိုနာမည်ကို စာရင်းထဲတွင် မြင်ခဲ့ဖူးသည်။ ထိုအရာက ပြီးပြည့်စုံသောအရာဖြစ်၏။

“မဟာပုံရိပ်ယောင်ကျင့်စဉ်ကလည်း အဲဒီအရာနဲ့ အတူတူပဲ…”

ရွှမ်ပိုင်က ဆက်ပြောလိုက်သည်။

“နောက်ဆုံးအစိတ်အပိုင်းတွေ မရှိတာတောင် အဲဒါက အိမ်မက်လော်ဟန့်ရွှေခန္ဓာကို ကူညီပေးနိုင်သေးတယ်။ တကယ်လို့ အဲဒီအရာကိုသာ ပြည့်စုံနိုင်ပြီဆိုရင်တော့ ဗုဒ္ဓကျင့်စဉ်တစ်ခု ဖြစ်လာနိုင်တယ်။ အဲဒါက အိမ်မက်ဓမ္မကာရ အဆင့်ကို ရနိုင်ပြီး အာမင်ဒါရွှေခန္ဓာကို ရနိုင်တယ်…”

ရွှမ်ပိုင်က ဆက်ပြောလိုက်သည်။

“ရှောင်လင်သိုင်းပညာ(၇၂)မျိုးထဲမှာ (၁၈)ခုကတော့ ဓမ္မကာရအဆင့်ကို တိုက်ရိုက်ရောက်နိုင်တယ် ။ သူတို့တွေကိုတော့ အတွင်းသိုင်း(၁၈)မျိုးလို့ ခေါ်တယ်။ တစ်ခြားသိုင်းပညာ(၅၄)မျိုးကတော့ တော်တော်လေး အဆင့်နိမ့်တယ်။ တစ်ချို့ကတော့ အတွင်းသိုင်း(၁၈)မျိုးကနေ ခွဲထွက်လာတာ။ အတွင်းသိုင်း(၁၈)မျိုးထဲမှာ ပန်းခူးလက်ညှိုးကျင့်စဉ် ပြိုင်ဘက်ကင်း မိုးကြိုးခန္ဓာကျင့်စဉ် ရွှေခေါင်းလောင်းအကာအကွယ်ကျင့်စဉ်၊ သဏ္ဌာန်မဲ့လက်ညှိုးသိုင်း၊ သေဆုံးခြင်းသစ်သားသိုင်းပညာတွေပါတယ်…”

သူ့ဆရာက အတွင်းသိုင်း(၁၈)မျိုးအကြောင်း မိတ်ဆက်ပေးလိုက်ပြီးနောက် မုန့်ချီက စဉ်းစားပြီး ပြန်မေးလိုက်၏။

“ဆရာ …

အနတ္တကျိန်စာဖျက်ဓားပညာကရော ဓားကွက်သက်သက်ပဲ ရှိတာလား…”

“ဟုတ်တယ်…”

ရွှမ်ပိုင်က မုန့်ချီကို အလွန်ရှုပ်ထွေးစွာ ကြည့်လိုက်မိ၏။

“ဘာလို့ ဒီမေးခွန်းကို မေးရတာလဲ…”

မုန့်ချီက ကောင်းမွန်သော အဖြေတစ်ခုကို ပြင်ဆင်ထားပြီးဖြစ်သည်။ သူက အပြုံးနှင့် ပြောလိုက်၏။

“ကျွန်တော်က ဓားပညာကို အရမ်းစိတ်ဝင်စားတယ်။ ပြီးတော့ ဓားပညာကို နည်းနည်းသင်ထားဖူးပါတယ်။ ဒါကြောင့် ဦးလေး ရွှမ်ရှင်းဆီကနေ ဒီဓားပညာ အကြောင်းကြားတဲ့အချိန်မှာ စိတ်ဝင်စားနေခဲ့တာ ။ ဒါကြောင့် မေးခဲ့တာပါ…”

နောက်ပိုင်းနေ့ရက်များတွင် သူက ဓားပညာကို သေချာပေါက် လေ့ကျင့်ဦးမည် ဖြစ်သည်။ ထို့ကြောင့် သူ့ဆရာက မသိဘဲ နေမည် မဟုတ်ချေ။ သူ့ဆရာ၏အဆင့်က ဝေ့ကျင်းအဆင့်ကို ရောက်နေပြီဖြစ်သည့်အတွက် ယခုအချိန်တွင် ရှင်းရှင်းလင်းလင်း ပြောထားခြင်းက ပိုကောင်းသည်။ သူက ဓားပညာကို ချစ်မြတ်နိုးသည်ဟု ပြောလျှင်လည်း ပို၍အဆင်ပြေနိုင်၏။

ရွှမ်ပိုင်က ခေါင်းညိတ်ပြလိုက်သည်။

“အနတ္တကျိန်စာဖျက်ဓားပညာရဲ့ဓားဆန္ဒတွေက ဗုဒ္ဓလမ်းစဉ်နဲ့ ဆန့်ကျင်နေတယ်။ ဒါကြောင့် ရှောင်လင်ကိုယ်တော်တွေက နားလည်ဖို့ခက်တယ်။ ပိုပြီးမြင့်မားတဲ့ အဆင့်ကိုရောက်ဖို့လည်း ခက်တယ်။ ဒါကြောင့် မျိုးရိုးစဉ်ဆက် ဒီဓားပညာကို နားလည်တဲ့သူ နည်းနည်းလေးပဲရှိတယ်။ ဒါပေမယ့် ဉာဏ်အလင်းပွင့်မှုအဆင့်ကို ရောက်ရင် ကျမ်းစာတိုက်ရဲ့ စတုတ္ထနဲ့ တတိယအထပ်မှာ ငှားကြည့်လို့ ရတယ်။ ပုံမှန်အချိန်တွေမှာတော့ ဓားပညာနဲ့ ပတ်သက်ပြီး လေ့ကျင့်တဲ့နေရာမှာ ပြဿနာရှိရင် ဆရာ့ကို အချိန်မရွေးလာမေးနိုင်တယ်။ ဆရာက အဲဒီနယ်ပယ်မှာ မကျွမ်းကျင်ပေမယ့် သိုင်းပညာတွေအားလုံက ဆက်စပ်နေတာလေ။ တစ်ခုကို နားလည်ရင် အကုန်လုံးကို ရှင်းရှင်းလင်းလင်း သိနိုင်တယ်…”

ရှောင်လင်၏ စည်းကမ်းချက်များအရ ဉာဏ်အလင်းပွင့်မှုအဆင့်ကို မရောက်ခင် ထိပ်သီးသိုင်းပညာတစ်ခုသာ လေ့ကျင့်နိုင်သည်။ ဉာဏ်အလင်းပွင့်မှုအဆင့်ကို ရောက်ပြီးသွားလျှင်ပင် လူအများစုကတော့ တစ်ခြားသော သိုင်းပညာများကို ထပ်မံရွေးချယ်ကြခြင်း မရှိတော့ပေ။

အဘယ့်ကြောင့်ဆိုသော် သူတို့၏ ပင်မသိုင်းပညာကိုသာ အ‌လေးထားရန် လိုအပ်ခြင်းကြောင့် ဖြစ်သည်။ ထို့ကြောင့် မျိုးရိုးစဉ်ဆက်တွင် ဓမ္မကာရအဆင့်ကို ရောက်နေသော ပညာရှင်များကလွဲလျှင် သာမာန်ဘုန်းတော်ကြီးများကတော့ တစ်ခုတည်းကိုသာ အာရုံစိုက်၍ လေ့ကျင့်ကြသည်။ အကယ်၍ တစ်ခြားသောအရာများကို လေ့ကျင့်ရန် စိတ်ပျက်သွားမည်ဆိုလျှင် ရွှေခန္ဓာရရန် ကျရှုံးသွားနိုင်၏။

မုန့်ချီက သူ့ဆရာကို ကျေးဇူးတင် စကားပြောလိုက်ပြီးနောက် စိတ်ဝင်စားချင်ယောင်ဆောင်ပြီး ထပ်မေးလိုက်ပြန်သည်။

“ဆရာ…

ကျန်းကွမ်ကို ဖမ်းမိသေးလား။ အဲဒီလျှို့ဝှက်လမ်းကြောင်းက ဘယ်နေရာကို ဦးတည်နေတာလဲ…”

မတူညီသောကမ္ဘာကြီး (၂)ခု၏ လျှို့ဝှက်လမ်းကြောင်းများ အားလုံးတွင် ကွဲပြားမှုနှင့် တူညီမှုများ ရှိနိုင်မည်လော။

“ခြေတစ်လှမ်း နောက်ကျသွားတယ်။ သူက တောင်အောက်ကို ရောက်သွားပြီး ပုန်းနေတဲ့အဖော်တွေက ခေါ်သွားပြီ။ တကယ်လို့ တစ်နေ့နေ့မှာ မင်းက သူနဲ့ တွေ့ခဲ့မယ်ဆိုရင် သတိထားပါ။ သူ့ရဲ့ခန္ဓာကိုယ်က နတ်ဆိုးတစ်ဝက် ပြောင်းနေပြီ…”

ရွှမ်ပိုင်ကတော့ အမှန်တရားကို ဖုံးကွယ်ထားခြင်း မရှိပေ။

“လျှို့ဝှက်လမ်းကြောင်းက စေတီရဲ့အောက်ကို ဦးတည်နေတာ။ အဲဒီစေတီထဲမှာ နတ်ဆိုးတွေနဲ့ မကောင်းဆိုးဝါးကို ဖိနှိပ်ထားတယ်။ တစ်ချို့နတ်ဆိုးတွေနဲ့ မကောင်းဆိုးဝါးတွေကတော့ လွတ်သွားပြီ။ ဒါပေမယ့် ဆရာတို့က ဒါကိုစောစောတွေ့ခဲ့တာ ကံကောင်းသွားတယ်…”

“အစောင့်ကိုယ်တော်တွေရဲ့မျက်စိရှေ့မှာ သူတို့က ဒီလိုဏ်ခေါင်းကို ဘယ်လိုများ တူးထားခဲ့လဲ မသိဘူး…”

မုန့်ချီက ခေါင်းစဉ်ပြောင်း၍ ပြောလိုက်၏။

ရွှမ်ပိုင်က ခေါင်းခါပြလိုက်သည်။

"သူတို့ တူးထားခဲ့တာမဟုတ်ဘူး။ သူတို့က နဂိုရှိပြီးသား လိုဏ်ခေါင်းကို အခွင့်ကောင်းယူသွားခဲ့တာ......"

“ရှိပြီးသား လိုဏ်ခေါင်းလား …”

မုန့်ချီက စိတ်လှုပ်ရှားသွားခဲ့၏။

ထိုကဲ့သို့ အဆင့် ဆရာတစ်ယောက်ဖြစ်သော ရွှမ်ပိုင်က မုန့်ချီ၏ နှလုံးခုန်သံ ပြောင်းလဲသွားမှုကို သိနေသည် ။ ရွှမ်ပိုင်က တည်ကြည်စွာ ပြောလိုက်၏။

“ဒါက မှော်ဆန်တဲ့အရာတွေ တွေ့နိုင်တဲ့နေရာတစ်ခုမဟုတ်ဘူး။ မင်းက ဝေ့ကျင်းအဆင့်ကိုမရောက်မချင်း အဲဒီနေရာကို မသွားတာ ပိုပြီးတော့ကောင်းမယ် ပြီးတော့ ဒီကိစ္စက ထိလွယ်ရှလွယ်ဖြစ်နေတယ်။ ဒီတော့ ဒီအကြောင်းကို ထပ်ပြီးတော့ မမေးနဲ့တော့…”

မုန့်ချီက ထပ်မံမေးမြန်းလိုစိတ်ကို ထိန်းချုပ်ထားလိုက်သည်။

"ဆရာ....

အခုကျွန်တော်တို့က ဘာလုပ်ရမှာလဲ....."

ရွှမ်ပိုင်က ခေါင်းညိတ်ပြလိုက်သည်။

“တိုက်ခိုက်ရေးခြံဝန်းကို ပြန်သွားပြီး မင်းတို့ရဲ့ပစ္စည်းတွေကို သွားယူလေ။ ပြီးရင် ဒီနေရာကို ရွှေ့လာခဲ့…”

“ကျန်းတင်....

မနက်ဖြန်ကျရင် ဆရာက မင်းကိုအထူးလေ့ကျင့်ရေးနေရာဆီ ခေါ်သွားမယ်။ မင်းက သံချပ်ဝတ်အင်္ကျီ အခြေခံရှိနေပြီးသားဆိုတော့ အဲဒီနေရာမှာ ဆိုရင် ရွှေခေါင်းလောင်းအကာအကွယ်ကျင့်စဉ်ရဲ့ ပထမအဆင့်(၃)ဆင့်ကို မြန်မြန်နားလည်နိုင်လိမ့်မယ် ..”

ထိုစကားကြောင့် မုန့်ချီက အလွန်စိတ်ဝင်စားသွားသည်။ သို့သော် ရွှမ်ပိုင်က ပြုံးရုံလေးသာ ပြုံးနေ၏။ ထို့နောက် သူက ကျန်းဟွေနှင့်အတူ တိုက်ခိုက်ရေးခြံဝန်းဆီသို့ ပြန်သွားပြီး ရင်ထဲတွင်တော့ အလွန်လှုပ်ရှားနေခဲ့လေသည်။

Translated by Hein Htet

All Chapters