← Chapters

အခန်း (၅၅)

Vol. 4 Ch. 55

အခန်း (၅၅)

Vol. 4 Ch. 55

ညကောင်းကင်ယံပေါ်တွင် ကြယ်အနည်းငယ်လေးသာ ရှိသည်။ လမင်းကြီးကတော့ ထူးထူးခြားခြားကို တောက်ပနေခဲ့၏။ လရောင်ကျဆင်းနေသည့်အတွက် အရိပ်ထဲတွင် ပုန်းအောင်းနေသော မုန့်ချီက ထိုလူကို ချက်ချင်း မှတ်မိသည်။

"ကျန်းရုံ…"

မုန့်ချီက ဤအတောအတွင်း ရွှေခေါင်းလောင်း အကာအကွယ်ကျင့်စဉ် ၊ ဓားပညာနှင့် ကိုယ်ဖော့ပညာများကို လေ့ကျင့်ရန် အာရုံစိုက်ခဲ့သည်။ ထို့ကြောင့် သူက တိုက်ခိုက်ရေးခြံဝန်းထဲတွင် ရှိနေသော ထိုလူများနှင့် အဆက်အဆံ နည်းပါး၏။

ထိုသို့ဆိုရာတွင် သူက ကျမ်းစာတိုက်ထဲ၌ လေ့ကျင့်နေချိန်တိုင်း ကျောင်းတော်ထဲ၌ ဖြစ်ပျက်ခဲ့သော ကိစ္စရပ်များကို ကျန်းရုံနှင့် နေ့စဉ် ပြောဆိုမေးမြန်းခဲ့သည်။ ထို့ကြောင့် ကျန်းရုံကို မြင်လိုက်ရုံနှင့် မှတ်မိနိုင်၏။

"ဘာလို့ သူက ဒီနေရာကို ဒီလောက်နောက်ကျမှ ရောက်လာခဲ့ရတာလဲ…”

ဤနေရာတွင် လျှို့ဝှက်ချက်ကြီးတစ်ခု ရှိနေခြင်းပေလော။ မုန့်ချီက အတော်လေးကို ရှုပ်ထွေးနေခဲ့၏။ သူ၏ ကိုယ်ပိုင်လျှို့ဝှက်ချက်များ ရှိနေမည်ဆိုလျှင် သူက မူမမှန်သောအရာများကို ရှာတွေ့လိမ့်မည် ဖြစ်သည်။ သူကတော့ ရှောင်လင်ကျောင်းတော်ထဲတွင် တိတ်တဆိတ် နေထိုင်သော ကိုရင်လေးတစ်ပါးသာ ဖြစ်ချင်နေခဲ့၏။

ထိုကဲ့သို့ စိတ်နေစိတ်ထားနှင့် သိစိတ်ကြောင့် ယခင်တခေါက်ကလည်း လျှို့ဝှက်လမ်းကြောင်းထဲသို့ ဝင်ရောက်ရှာဖွေခဲ့ခြင်း မရှိချေ။ ထိုအစား သူက ပြန်လာပြီး တခြားလူများကို အချက်ပြခဲ့သည်။

မီးခိုရောင်လူရိပ်က ပတ်ပတ်လည်ကို လှည့်ကြည့်နေပြီး သတိထားနေပုံရသည်။ မှိန်ပြပြလရောင်အောက်တွင် သူ၏မျက်နှာကို မုန့်ချီက သေချာမှတ်မိသွား၏။ သူက အမှန်တကယ်ကို ကျန်းရုံဖြစ်သည်။

မုန့်ချီက အသက်ကို ဖြည်းဖြည်းချင်း ရှုလိုက်ပြီး ကျန်းရုံ သတိမထားမိစေရန် ထိန်းချုပ်ခဲ့သည်။ ကျန်းရုံက မည်သူမျှ သတိမထားမိခင် မြန်မြန်ထွက်သွားရန် သူလည်း မျှော်လင့်ခဲ့၏။ ကျန်းဟွေက ဆရာဆီသို့ အမှန်တရားကို ပြောပြပြီးသွားလျှင် ကျန်းရုံ၏ လျှို့ဝှက်ချက်များက သေချာပေါက် ပေါ်ပေါက်လာပါလိမ့်မည်။

ဤနေရာက အလွန်ချောင်ကျပြီး သီးသန့်ဆန်၏။ လူအနည်းစုခန့်သာ သိကြသည်။ ကျန်းရုံက ပတ်ပတ်လည်ကို လှည့်ပတ်စစ်ဆေးကြည့်ပြီးနောက် သူ၏အင်္ကျီထဲမှ စာအုပ်တစ်အုပ်ကို ထုတ်ပြီး အပြုံးနှင့် ဖတ်နေခဲ့၏။

လရောင်အောက်တွင် မုန့်ချီက ကျန်းရုံ၏လက်ထဲတွင် ရှိနေသော စာအုပ်ကို လှမ်းကြည့်လိုက်၏။ စာအုပ်ကို ကျမ်းစာရေးရန် အသုံးပြုသောဝါးလိပ်များအစား အဖြူရောင်စာရွက်များကို သုံးထားကြောင်း သတိထားမိခဲ့သည်။

အဖြူရောင်စာရွက်များက ကျမ်းစာခန်းမတွင် ကျမ်းစာများ ကူးရေးရန် အပြစ်ခံရသော ကိုရင်များအသုံးပြုရသည့်အရာများ ဖြစ်သည်။ ထိုအရာက ကျမ်းစာများအတွက် တန်ဖိုးရှိသောစာရွက်များ မဟုတ်ချေ။

“ဒါက သာမန်စာရွက်တွေကိုသုံးပြီး ကူးယူထားတဲ့ စာအုပ်တစ်အုပ်များလား….”

မုန့်ချီက စဉ်းစားကြည့်လိုက်၏။

ကျန်းရုံကတော့ စာအုပ်ထဲတွင် အာရုံစိုက်နေပြီး သူ၏လုပ်ဆောင်မှုများ မပြီးမချင်း ထွက်သွားမည့်ပုံ မရှိချေ။ ထို့ကြောင့် မုန့်ချီက စိတ်ထဲတွင် ကြိတ်၍ စိုးရိမ်လာခဲ့သည်။ သူကတော့ ရပ်ကြည့်နေ၍ မရတော့မှာ စိုးရိမ်နေခဲ့၏။

သူ့ဘေးတွင် ရပ်နေသော ဆရာတူညီလေးကတော့ ထိုအခြေအနေမျိုးကို လုံးဝမကြုံဖူးချေ။ အချိန်ကြာလာသည်နှင့်အမျှ သူလည်း စိုးရိမ်လာပြီး အနားတွင် အသံအနည်းငယ် ထွက်လာနိုင်၏။

မုန့်ချီက ကျန်းရုံကို လှမ်းကြည့်လိုက်သည်။ အရိပ်အောက်တွင် သူ့မျက်နှာက အနည်းငယ် ပျက်နေပြီး ကျန်းရုံကို အနည်းငယ် စိတ်ဝင်စားနေပုံရသည်။ သူ၏အာရုံစူးစိုက်မှုကတော့ မဆိုးလှပေ။ ထိုအရာကို မြင်သည့်အခါ မုန့်ချီက ကျန်းရုံကိုကြိတ်၍ ချီးကျူးလိုက်၏။

အမွှေးတိုင်တစ်တိုင်စာခန့် ကြာပြီးနောက် ကျန်းရုံက အနေအထားကို ပြင်လိုက်သည်။ ထိုအချိန်တွင် သူက ကျောက်ခဲလေးတစ်လုံးကို မတော်တဆ နင်းလိုက်မိရာကို ကျောက်ခဲက ကမ်းပါးပေါ်မှ လိမ့်ဆင်းသွားခဲ့သည်။

ကျန်းရုံက စာအုပ်ပေါင်းများစွာ ပါဝင်နေသော အထုပ်ကို ဖွင့်ကြည့်လိုက်သည်။ သူက လက်ထဲတွင် ကိုင်ထားသော စာအုပ်ကိုလည်း အထုပ်ထဲတွင် သိမ်းလိုက်ပြီး သေချာချည်နှောင်ထားခဲ့သည်။

ထိုအချိန်တွင် လိုဏ်ဂူထဲမှနေ၍ ကြွက်တစ်ကောင် ထွက်လာသည့်အတွက် ကျန်းရုံလည်း ကြောက်လန့်သွားပြီး အသည်းအသန် ပုန်းလိုက်သည်။ တိတ်ဆိတ်နေသောအချိန်တွင် တကျွိကျွိမြည်သံက တော်တော်လေး ကျယ်လောင်လှသည်။

ထို့နောက် သူက တုန်ယင်နေသော လက်များနှင့် အထုပ်ကို သေချာချည်လိုက်ပြန်၏။ သူ၏လက်နှစ်ဖက်က တုန်ယင်နေသည့်အတွက် အထုပ်က လက်ထဲမှ ပြုတ်ကျသွားသည်။ ထိုအချိန်တွင် ကျန်းရုံက ထိတ်လန့်သွားပြီး ပတ်ပတ်လည်ကို စိုးရိမ်တကြီး လှည့်ကြည့်လိုက်ပြန်၏။

တချိန်တည်းတွင် သူက ချောက်ကမ်းပါးအစွန်ကို သတိလက်လွတ် နောက်ဆုတ်သွားမိခဲ့သည်။

"ဘယ်သူလဲ…"

ကျန်းရုံက တိတ်တဆိတ် ပြန်မေးလိုက်သည်။

သူကတော့ မုန့်ချီနှင့် ကျန်းဟွေတို့ကို သတိထားမိခြင်း မရှိပေ။ သူ့အသံ ပျောက်မသွားခင် ကျန်းရုံက မုန့်ချီဆီကို ဓားကိုင်ပြီး ခုန်ဝင်လာခဲ့သည်။

မုန့်ချီကတော့ အချိန်တိုလေးအတွင်း အဖြေကို မစဉ်းစားနိုင်သေးပေ။ သူ၏မေးခွန်းများအားလုံးက တိုက်ပွဲပုံစံအဖြစ်သာ ပြောင်းလဲသွားခဲ့၏။

“ဒါက ချီစု‌ဆောင်းရေးအဆင့်ပဲ။ သူက သူ့ရဲ့အစွမ်းကို တကယ်ပဲ ဖုံးကွယ်ထားခဲ့တယ်…”

ကျန်းရုံ၏လှုပ်ရှားမှုကို မြင်သည့်အခါ မုန့်ချီက သက်ပြင်းချလိုက်ပြီး ပုခုံးကိုလှည့်၍ ရှောင်လိုက်သည်။ သူကတော့ ကျန်းရုံ၏ဓားသွားနှင့် အတည့်အတိုင်း ရှောင်တိမ်းလိုက်ခြင်းဖြစ်၏။

ကျန်းရုံက သူ၏ရည်မှန်းချက်ကို ဖုံးကွယ်ထားပြီး မထင်မှတ်ထားသော တိုက်ခိုက်မှုကို လုပ်ဆောင်လိုက်ခြင်း ဖြစ်သည်။ ထိုသို့ဆိုလျှင် သစ်တောထဲ၌ ပုန်းနေသော ရန်သူက ရှောင်တိမ်းရန် နောက်ကျသွားနိုင်ပြီး သိုင်းကွက်တစ်ကွက်တည်းနှင့် အပြတ်ရှင်းပစ်ခံရနိုင်သည်။

သို့သော် ထိုလူက သူ့ဓားသွားဆီသို့ တည့်တည့်ဝင်လာလိမ့်မည်ဟု သူလည်း မထင်ထားခဲ့ပေ။

“ချွမ်...”

ဓားသွားက ရွှေတုံးကြီးတစ်တုံးကို ခုတ်လိုက်ရသလို ထင်မှတ်ရသည်။

“အခြေအနေ မကောင်းဘူး…”

ကျန်းရုံက နောက်ထပ်အတွေးမျိုး မတွေးရဲတော့ပေ။

ထိုအချိန်တွင် ဓားသွားတစ်ခုက တခြားတဖက်မှနေ၍ သူ့ကိုခုတ်ချလိုက်ပြီး မထင်မှတ်ထားသော အနေအထားနှင့် တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။ ထို့ကြောင့် ကျန်းရုံက ဓားသွားကို ရှောင်တိမ်းရန် ခက်ခဲနေခဲ့၏။

ကျန်းရုံက အံကြိတ်လိုက်ပြီး ဓားသွားကိုကိုင်၍ မုန့်ချီ၏တိုက်ခိုက်မှုကို အနည်းငယ် ရှောင်တိမ်းလိုက်သည်။

“ဘယ်လို…”

ကျန်းရုံက သူ၏သွေးဓားသိုင်းကို အလျင်အမြန် ရှောင်တိမ်း‌နိုင်ခဲ့သည့်အတွက် မုန့်ချီလည်း ဇဝေဇဝါ ဖြစ်သွားခဲ့သည်။ ကျန်းရုံ၏ဓားပညာက နိမ့်ကျသောအဆင့် မဟုတ်ခဲ့ပေ။

ကျန်းဟွေကလည်း တိတ်တဆိတ် ထွက်လာပြီး စိုက်ကြည့်နေခဲ့၏။ သူက ညာလက်ကို လေထဲတွင် မြှောက်ထားသည့်အတွက် ကမ္ဘာ့လေထုကို သယ်ဆောင်ထားရသလို ထင်မှတ်ရသည်။

ကျန်းရုံက ဒုတိယရန်သူတစ်ယောက် ရှိနေခြင်းကိုလည်း သိနေခဲ့၏။ ထို့ကြောင့် သူက ကျန်းဟွေ၏ တိုက်ခိုက်မှုကို အံ့ဩနေခဲ့ခြင်း မရှိချေ။ ပြင်းပြင်းထန်ထန် တုန့်ပြန်လိုက်ပြီးနောက် သူက ကျန်းဟွေ၏ပန်းခူးလက်ညှိုးသိုင်းကို ဓားနှင့် ခုခံလိုက်၏။

ထို့နောက် ကျန်းဟွေကို ဘယ်ခြေနှင့် ကန်လိုက်ပြီး မုန့်ချီကိုဓားသွားနှင့် တိုက်ခိုက်ခဲ့သည်။ ထိုလှုပ်ရှားမှုက အလွန်ထူးခြားလှသည့်အတွက် မုန့်ချီက ပြဿနာအားလုံးကိုပင် မေ့လျော့သွားခဲ့သည်။

ထိုအရာက အလွန်ကြောက်စရာကောင်းသော ဓားပညာတစ်မျိုးဖြစ်သည်။ မုန့်ချီက အလေးမဲ့‌မနေရဲပေ။ သူက သူ၏စွမ်းရည်ကို အကောင်းဆုံးပြသနေပြီး ကျန်းရုံကို မထင်မှတ်ထားသော တိုက်ခိုက်မှုများနှင့် ပြန်လည်တိုက်ခိုက်ခဲ့၏။

ကျန်းရုံက ဓားပညာကို တိတ်တဆိတ် လေ့ကျင့်ထားခဲ့ပြီး ပြသရန် အခွင့်အရေး အနည်းငယ်လေးသာရှိသည်။ သူက သေရေးရှင်ရေး အခြေအနေမျိုးအတွက် လေ့ကျင့်ထားသော်လည်း မု့န်ချီ၏ အစွမ်းကုန်တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရာတွင် အတော်လေး ပြဿနာများခဲ့သည်။

သူက မုန့်ချီ၏ တိုက်ခိုက်မှုကို ရင်ဆိုင်လိုက်ပြီးနောက် ဒုတိယအကြိမ် မထင်မှတ်သော တိုက်ခိုက်မှုကို ကာကွယ်လိုက်ရပြန်သည်။

တစ်ဖက်တွင် ရှိနေသော ကျန်းဟွေက အစစ်အမှန် တိုက်ပွဲအတွေ့အကြုံမရှိချေ။ သူက ကျန်းရုံ၏ ကန်ချက်ကို ရှောင်တိမ်းလိုက်သည့်အချိန်တွင် ကိုယ်ဟန်ထိန်းထားနိုင်ခြင်း မရှိချေ။ သူက တစ်ဖက်သို့ နောက်ဆုတ်သွားလိုက်ရပြီး ကမ်းပါးပေါ်မှ ပြုတ်ကျသွားလုမတတ် ဖြစ်သွားခဲ့၏။

“အား....”

သူက အနည်းငယ် အော်ဟစ်လိုက်ပြီးနောက် ကမ်းပါးပေါ်တွင် ရှိနေသော ကျောက်တုံးတစ်တုံးကို ကန်လိုက်မိသည်။ အထုပ်ကတော့ အောက်သို့ ပြုတ်ကျသွားခဲ့၏။

မုန့်ချီကလည်း ကျဉ်းမြောင်းသော ချောက်ကမ်းပါးစွန်းကြောင့် သူ၏တိုက်ကွက်ကို ပြည့်ပြည့်ဝဝ ထုတ်တိုက်၍ မရနိုင်ကြောင်း သိနေသည်။ သူက ထိုနေရာတွင် အချိန်ကြာမြင့်စွာ တိုက်ခိုက်လိုခြင်း မရှိချေ။

ထို့ကြောင့် သူက စိုးရိမ်ထိတ်လန့်နေသော ကျန်းရုံဆီသို့ ခုန်ဝင်လိုက်ပြီး သူ၏ဓားနှင့် ရင်ဘတ်ကို ကာကွယ်ထားသည်။

“ဝုန်း...”

ဓားသွားက မုန့်ချီ၏ အင်္ကျီစကို ထိုးခွဲသွားသော်လည်း ရွှေရောင်ကျောက်တုံးကြီးတစ်တုံးနှင့် တိုက်မိသွားသည့်အလား အဖြူရောင်ဓားရာတစ်ခုသာ ကျန်နေခဲ့သည်။

ကောင်းကင်ပေါ်တွင် ပေါ်နေသော လမင်းကြီးကြောင့် သူ၏ပြိုင်ဘက်က ကျန်းတင်ဖြစ်နေကြောင်း ကျန်းရုံက မှတ်မိသွားသည်။ ရွှေခေါင်းလောင်း အကာအကွယ်ကျင့်စဉ်၏ ကြောက်စရာကောင်းမှုကို သိနေသည့်အတွက် သူလည်း အားနည်းချက်နေရာများကို တိုက်ခိုက်နေခဲ့သည်။ သို့သော် ကျန်းတင်၏ ဓားပညာက ထိုမျှထူးဆန်းလိမ့်မည်ဟု သူလည်း မထင်ထားခဲ့ပေ။

မုန့်ချီက ကျန်းရုံ၏ အချိန်ကိုက် တိုက်ခိုက်မှုများကို အခွင့်ကောင်းယူပြီး ဓားသွားကို ရင်ဘတ်နှင့် တားဆီးထားခဲ့သည်။ သတိလွတ်သွားသည့်အတွက် သူလည်း ဦးတည်ချက် ပြောင်းလဲသွားခဲ့ရသည်။

ကျန်းရုံကို အတင်းအကြပ် တွန်းအားပေးနေရင်း သူက ကျန်းရုံ၏လည်ပင်းကို ဓားနှင့် တင်ထားနိုင်ခဲ့၏။ ကျန်းရုံက သူ့ဓားကို လွှတ်ချလိုက်ပြီး မခုခံတော့ကြောင်း အချက်ပြလိုက်သည်။

ကျန်းဟွေက နောက်တစ်ကြိမ် ရှေ့သို့ လျှောက်လာပြီး သူ၏ပန်းခူးလက်ညှိုးသိုင်းနှင့် သွေးကြောများကို ပိတ်လိုက်၏။

မုန့်ချီက စိတ်အေးမနေခဲ့ပေ။ သူက ကျန်းရုံ၏လည်ပင်းပေါ်သို့ ဓားတင်ထားပြီး သူ့ခါးပန်းကြိုးကိုဖြုတ်၍ ကျန်းရုံ၏ လက်နှစ်ဖက်ကို နောက်ပြန်ချည်ထားရန် အမိန့်ပေးလိုက်သည်။

"ညီလေးကျန်းဟွေ…ညီလေးကျန်းတင် ..

မင်းတို့က ဒီတစ်ကြိမ် ဘာလုပ်နေကြတာလဲ…"

ကျန်းရုံက ဖြူဖပ်ဖြူရော်မျက်နှာနှင့် အားတင်းပြီး မေးလိုက်သည်။

မုန့်ချီကတော့ တာဝန်အရ မေးလိုက်၏။

"မင်းက ဘာလို့ခိုးကြောင်ခိုးဝှက် လုပ်နေရတာလဲ…"

သူ၏သွေးကြောများကို ပိတ်ပြီးနောက် သူက မတ်တပ်မရပ်နိုင်သော်လည်း တင်ပျဉ်ခွေထိုင်နိုင်သေးသည်။ သူက ဝမ်းနည်းစွာ ပြောလိုက်၏။

"ငါ့ဆီမှာကျန်းဟွေလို စွမ်းရည်မရှိသလို မင်းလို အရည်အချင်းမျိုးလည်း မရှိဘူးလေ။ တကယ်လို့ ငါက ထိပ်သီးသိုင်းပညာတစ်ခုခုကို သင်ချင်တယ်ဆိုရင် ဒီလမ်းကြောင်းကို သွားရမှာပဲ။ ငါကရှောင်လင်မှာပဲ ဘဝတစ်ခုလုံးကို ဖြုန်းမပစ်နိုင်ဘူး။ မဟုတ်ရင် ငါက အရမ်းအံ့ဩစရာကောင်းတဲ့ သိုင်းလောက‌ အတွေ့အကြုံတွေကို ဘယ်လိုလုပ်ပြီး သိနိုင်တော့မှာလဲ…”

“ညီလေးကျန်းဟွေနဲ့ ညီလေးကျန်းတင် …

ငါတို့ရဲ့ခင်မင်မှုကို ထောက်ထားပြီး ငါ့ကိုလွှတ်ပေးပါလား။ ငါက ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲပြီး လမ်းမှားကို ဆက်မလျှောက်တော့ဖို့ ကတိပေးပါတယ်။ ငါ့ဆီမှာရှိတဲ့ သိုင်းကျမ်းကိုလည်း မင်းတို့ကို အားလုံးပြပါ့မယ်…"

သူ၏မျက်လုံးများက နီရဲနေပြီး သနားစဖွယ် တောင်းပန်နေခဲ့သည်။

ထင်ထားသည့်အတိုင်း ကျန်းရုံဖတ်နေသည်မှာ သိုင်းကျမ်းများဖြစ်နေသည်။ မုန့်ချီက အပြုံးနှင့် ပြောလိုက်၏။

"အစ်ကိုကြီးကျန်းရုံလို တိုက်ခိုက်ရေးကိုရင်တစ်ပါးက ထိပ်သီးသိုင်းကျမ်းတွေကို ဘယ်လိုများ ရလာတာလဲ…"

ပုံမှန်အားဖြင့် ကျန်းရုံက သူ့ကို လမ်းမှားရောက်စေနိုင်သောဘဝမျိုးတွင် မနေထိုင်သင့်ပေ။ ကျန်းရုံ၏အမူအရာက ပြောင်းလဲသွားပြီး တိုးတိုးလေး သက်ပြင်းချလိုက်မိသည်။

"ကျမ်းစာတိုက်မှာ စောင့်ကြပ်နေတဲ့ ဆရာအဘိုးကုံဟွေက အတွင်းဒဏ်ရာရနေတာကို ငါသိတယ်။ အဲဒီအတွင်းဒဏ်ရာက နေ့ခင်းပိုင်းဆိုရင် ဒဏ်ရာပြန်ပြီးတော့ ပေါ်လာတတ်တယ်။ ဒါကြောင့် ငါက အဲဒီအခွင့်အရေးကို အရယူပြီး သိုင်းကျမ်းတွေကို ခိုးယူခဲ့တာ။ ဒါပေမယ့် ငါက တတိယနဲ့စတုတ္တအထပ်တွေကိုပဲ သွားနိုင်တာပါ။ ဒီတော့ အတွင်းသိုင်းကျမ်း(၁၈)ခုကို မမြင်ဖူးပါဘူး…."

"ဒါကြောင့် မင်းက ကျန်းဟွေနဲ့ ငါ့ကို ရင်းနှီးအောင် ပေါင်းခဲ့တာပဲ…"

မုန့်ချီက ခနဲ့သလို ပြောလိုက်၏။

ကျန်းရုံက မျက်မှောင်ကြုတ်လိုက်မိသည်။ သူ၏ရှင်းပြမှုက သူတို့နှစ်ယောက်ကို ပို၍ပင် အပြစ်ပြုမိသွားမည်ဟု သူလည်း မထင်ထားခဲ့ပေ။

"မင်းက အဲဒီလျှို့ဝှက်ချက်တွေကို ဘယ်ကနေ သိလာတာလဲ…."

မုန့်ချီက ကျန်းရုံကို ဒေါသတကြီး အော်မေးလိုက်သည်။

ကျန်းရုံက တစ်ကိုယ်လုံးတုန်ယင်သွားခဲ့၏။ သူက ပါးစပ်ပိတ်ထားပြီး မပြောချင်သည့်အတွက် ခေါင်းမာနေခဲ့သည်။

မုန့်ချီကလည်း ထပ်မမေးချင်တော့သည့်အတွက် ကျန်းဟွေကို ပြောလိုက်၏။

"ညီလေးကျန်းဟွေ….

အနားမှာရှိတဲ့ ခြံဝန်းထဲကိုသွားပြီး အကူအညီတောင်းလိုက်။ လူတယောက်တည်း မဟုတ်ဘဲ မင်းအသံကို လူတိုင်းကြားပါစေ…"

ကျောင်းတော်ထဲ၌ ကင်းလှည့်နေသည့်အချိန်တွင် သူတို့က အချင်းချင်း သတင်းပို့၍ မရနိုင်ပေ။

ကျန်းဟွေက ခေါင်းညိတ်ပြလိုက်ပြီး အပြင်ဘက်သို့ ထွက်သွားခဲ့၏။

အန္တရာယ်ကို သိသွားသည့်အတွက် ကျန်းရုံက သတိနှင့် ပြောလိုက်သည်။

"ညီလေးတို့…

ငါ့အထုပ်ထဲမှာ ဘယ်လိုသိုင်းကျမ်းတွေပါလဲဆိုတာ သိလား…"

မုန့်ချီနှင့် ကျန်းဟွေတို့က သူ့ကိုစိုက်ကြည့်နေကြောင်း မြင်သည့်အခါ သူက ဆက်ပြောလိုက်သည်။

"အရိုးကြွက်သားအားဖြည့်ကျင့်စဉ်…."

မုန့်ချီက အံ့အားသင့်သွားသည်။ ထိုအရိုးကြွက်သားအားဖြည့်ကျင့်စဉ်က ရှောင်လင်၏ရတနာများထဲမှတစ်ခုဖြစ်ပြီး အလွန်တန်ဖိုးကြီးလွန်းလှ၏။ ထိုကျင့်စဉ်ကို သာမန်သိုင်းပညာအနေနှင့် လက်ဆင့်ကမ်း၍ပင် မရပေ။ အဘယ်ကြောင့်ဆိုသော် ထိုအရာကဓမ္မကာရအဆင့်ကျင့်စဉ်ဖြစ်ပြီး ဝေ့ကျင်းအဆင့်သိုင်းပညာ မဟုတ်ချေ။

ထိုအရာကို အစောင့်အရှောက်များနှင့် လျှို့ဝှက်ထိန်းသိမ်းထားခြင်းဖြစ်ပြီး ကျန်းရုံကဲ့သို့ တိုက်ခိုက်ရေးကိုရင်တစ်ပါးက မည်သို့ရရှိခဲ့သနည်း။ ကြည့်ရသည်မှာ သူ့နောက်ကွယ်တွင် တစ်စုံတစ်ယောက် ရှိနေနိုင်သည်။

"ဟုတ်လား…"

"တကယ်လို့ မင်းတို့ကသာ ဖြစ်ခဲ့တဲ့အရာတွေကို မေ့ပေးမယ်ဆိုရင် ငါက မင်းတို့ကိုမျှဝေပေးမယ်…"

ကျန်းရုံက အသံတိုးတိုးနှင့် ပြောလိုက်၏။ သူက မုန့်ချီတို့နှစ်ယောက်ကို သွေးဆောင်ရန်ကြိုးစားနေခဲ့သည်။

မုန့်ချီကတော့ ထိုကဲ့သို့ ဆိုးဝါးသောအရာမျိုးကို မလုပ်ချင်ခဲ့ပေ။ သို့သော် သူက ဓမ္မကာရအဆင့်နှင့် ညီမျှသော အရိုးကြွက်သားအားဖြည့်ကျင့်စဉ်ကိုလည်း စိတ်ဝင်စားနေသည့်အတွက် အတော်လေးကို တွေဝေနေခဲ့သည်။

"အစ်ကိုကြီး…

ကျွန်တော်က အဲဒီအထုပ်ကို ချောက်ထဲ ကန်ချမိခဲ့ပြီ…"

ကျန်းဟွေက အားနည်းစွာ ပြောလိုက်၏။

မုန့်ချီက သူ့ကိုယ်သူ မနည်းထိန်းထားလိုက်ရ၏။ သူက လောဘ၏ သိမ်းသွင်းမှုကို ခွင့်ပြုလိုက်ရမည်လော။ အကယ်၍ သူကသာ အရိုးကြွက်သားအားဖြည့်ကျင့်စဉ်ကို ရွေးချယ်ပြီး ကျန်းရုံကို လွှတ်ပေးလိုက်မည်ဆိုလျှင် ကျန်းရုံနောက်တွင် ရှိနေသော လူက သူတို့ကိုသတ်ရန် အခွင့်အရေးရှာနေနိုင်သည်။

ထိုလူက မည်သူဖြစ်မှန်း မသိနိုင်သည့်အတွက် သူတို့ကလည်း တိုက်ခိုက်မှုကို သတိထားမိလိမ့်မည် မဟုတ်ချေ။

"နှမြောစရာပဲ…."

မုန့်ချီက အလွန်နက်ရှိုင်းသော ချောက်ထဲကို ငုံ့ကြည့်လိုက်သည်။ ချောက်၏ ပတ်ပတ်လည်တွင် အဆိပ်လေလှိုင်းများ လွှမ်းခြုံနေပြီး သတ္တဝါအနည်းငယ်သာ အသက်ရှင်နိုင်ကြသည်။ ထိုသတ္တဝါများကလည်း နှစ်ထောင်ပေါင်းများစွာ အသက်ရှင်နေထိုင်သော သတ္တဝါများဖြစ်ကြ၏။ တချို့ကတော့ ဝေ့ကျင်းအဆင့် စွမ်းအားများပင် ရှိနိုင်သည်။

“အောက်ကျသွားပြီ ဟုတ်လား…”

ကျန်းရုံက စိတ်လွတ်သွားသလို ခံစားလိုက်ရသည်။

မုန့်ချီကတော့ မထင်မှတ်ထားသောအရာများ ဖြစ်မလာခင် ကျန်းဟွေကို ချက်ချင်း သတင်းပို့ခိုင်းလိုက်သည်။ အရိုးကြွက်သားသိုင်းကျမ်း ပေါ်လာသည်မှာပင် ကြောက်စရာကောင်းလွန်းလှ၏။ ကျန်းဟွေက အနီးဆုံးရှိ ခြံဝန်းများဆီသို့ ချက်ချင်း ပြေးထွက်သွားခဲ့သည်။ မုန့်ချီက ကျန်းရုံကိုကြည့်နေပြီး တိုက်ခိုက်မှုများကို ခုခံရန် ပြင်ဆင်ထား၏။

ခဏကြာပြီးနောက် အဝေးမှနေ၍ ကျန်းဟွေ၏အော်သံကို ကြားလိုက်ရသည့်အတွက် သူလည်း စိတ်အေးသွားခဲ့သည်။

ကျန်းရုံက သူ့ကိုယ်သူ ထိန်းချုပ်လိုက်ပြီးနောက် နောက်ဆုံးအနေနှင့်ပြောရန် ကြိုးစားလိုက်၏။

"ညီလေးကျန်းတင်…

ကျမ်းစာထုတ်က အောက်ကိုပြုတ်ကျသွားပေမယ့် ငါက တစ်ဝက်နီးပါးပဲ ပြီးသေးတယ်။ ငါက ပထမပိုင်းကျင့်စဉ်တွေကို သေချာမှတ်မိနေတယ်။ တကယ်လို့ မင်းသာ င့ါကိုလွှတ်ပေးလိုက်မယ်ဆိုရင် ငါက မင်းကိုပြောပြမယ်လေ။ မင်းက အနာဂတ်မှာ အရာအားလုံးကိုဖတ်ဖို့ အခွင့်အရေးရမှာပါ။ ပြီးတော့ ငါလည်း ချက်ချင်းထွက်သွားမယ်။ ဘာတွေဖြစ်ခဲ့လဲဆိုတာ ဘယ်သူမှမသိစေရဘူး။ မင်းက သိုင်းကြမ်းရပြီးတဲ့အခါမှ ငါက ထွက်သွားမယ်လေ…"

မုန့်ချီက နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး သတိထားနေစဉ် သစ်တောထဲမှနေ၍ အနက်ရောင်လူရိပ်တစ်ခု ခုန်ဝင်လာခဲ့ပြီး ကျန်းရုံ၏နောက်ကျောကို လက်နှင့် ရိုက်ချလိုက်သည်။

မုန့်ချီကတော့ ကျန်းရုံ၏စကားကို သတိထားနေသည့်အတွက် တိုက်ခိုက်မှုကို တားဆီးနိုင်ခဲ့ခြင်း မရှိချေ။

Translated by Hein Htet.

All Chapters