← Chapters

အပိုင်း (၄၈၇) – ဘေဂုံအာ

Vol. 005 Ch. 487

အပိုင်း (၄၈၇) – ဘေဂုံအာ

Vol. 005 Ch. 487

ရင်လန်၏ တုန့်ပြန်မှုကို ဟိန်းသံလေးမြင်လိုက်သည်နှင့် သူမ ဖြစ်ကြောင်းကို သိလိုက်သည်။

“အမေ ဒါ အစ်မရဲ့နားဆွဲမဟုတ်လား” ဘေဂုံဟောင်သည်လည်း မှတ်မိကာ စိတ်လှုပ်ရှားစွာ ပြောလေ သည်။

ရင်လန်သည် အကျဉ်းထောင်နားကပ်လာကာ နားဆွဲအား ယူလိုက်လေသည်။

“ထန်လေး ထန်လေး သူမ အခုဘယ်မှာလဲ”

ဟိန်းသံလေးသည် နားဆွဲကို ရင်လန်၏လက်ထဲထည့်ပေးကာ ပြောလိုက်လေသည် “စိတ်ချပါ အစ်မဘေဂုံက အသက်ရှင်ပါသေးတယ်”

“သူမ ဘယ်မှာလဲ ဘေးကင်းရဲ့လား” ဘေဂုံဟောင်သည် မေးလေသည်။

“သူမက ဆောင်းဦးလမြို့တော်မှာ ဒီကနေ ကီလိုမီတာနည်းနည်းတော့ဝေးတယ်” ဟိန်းသံလေးပြော လိုက်လေသည်။

“သူမ ဘယ်လိုပြန်လာတာလဲ တခြားသူတွေသိရင် သူမအန္တရာယ်ရှိတယ်” ရင်လန်သည် စိတ်ပူပန်စွာ  အော်လေသည် “သူမ ဒီနေရာကနေမြန်မြန်ထွက်သွားဖို့ ကျေးဇူးပြုပြီး ပြောပေးပါ ဒီမှာထပ်မနေနဲ့ပါနဲ့တော့လို့”

“အဲဒါကို အဒေါ်စိတ်ပူဖို့မလိုပါဘူး ဘေဂုံက တကယ်ဘေးကင်းပါတယ် သူမဒီတစ်ခါကို အဒေါ်တို့ကို ကယ်ဖို့ပြန်လာတာ” ဟိန်းသံလေး ပြောလေသည် “အဒေါ်တို့နှစ်ယောက်ကို ၂နှစ်ကြာရင်သတ်မယ်လို့ ဟိုအတွဲ  ပြောတာကြားလိုက်တယ် ငါတို့တကယ်ကယ်ပေးမှာပါ”

“ငါ ထန်လေးရဲ့ ပစ္စည်းကိုတွေ့လိုက်တာ့ အရမ်းစိတ်လှုပ်ရှားသွားတယ် မေးတောင်မမေးရသေးဘူး မင်းက ထန်လေးနဲ့ ဘယ်လိုပတ်သတ်တာလဲ” ရင်လန်သည် စိတ်ငြိမ်အောင်ထားကာ မေးလေသည်။

“ကျွန်တော့်သခင်က ဘေဂုံနဲ့ သူငယ်ချင်းကောင်းတွေပါ သူတို့ကအတူကြီးပြင်းလာကြတာ” ဟိန်းသံလေးပြောလေသည် “ကျွန်တော်တို့မှာ လူအင်အားလည်းရှိတယ် အဒေါ်တို့ကို သေချာပေါက် ကယ်နိုင် မှာပါ”

သူတို့သည် ၁၄နှစ်အရွယ်ကစပြီး သိကျွမ်းခဲ့ခြင်းဖြစ်သောကြောင့် သူတို့သည် အတူတကွကြီးပြင်းလာ  ခြင်းဖြစ်သည်။

“မဖြစ်သေးဘူး ဘေဂုံမျိုးနွယ်က အရမ်းအားကောင်းလွန်းတယ် ငါတို့ကိုကယ်ဖို့ဆို မင်းတို့ အရမ်း အန္တရာယ်များတယ်” ရင်လန်သည် ငြင်းဆန်တုန်းပင် “ဖြစ်နိုင်မယ်ဆိုရင် ဟောင်လေးကို ကယ်ပေးပါ ငါဒီမှာ ရှိရင် အဲယောကျ်ားက အရမ်းဒေါသထွက်ဦးမှာမဟုတ်ဘူး ဘာလို့လဲဆိုတော့ သူကလျှို့ဝှက်နည်းလမ်းကို ယူချင်  သေးတာလေ ငါသာပျောက်သွားတယ်ဆိုရင် အားအကုန်စိုက်ထုတ်ပြီး ငါတို့ကို ပြန်ဖမ်းမှာပဲ”

“မဟုတ်သေးဘူး အမေ ကျွန်တော်က ဘယ်လိုလုပ်တစ်ယောက်တည်း ထွက်ပြေးပြီး အမေ့ကို ထားခဲ့ရ မှာလဲ” ဘေဂုံဟောင်သည် ငြင်းဆန်ကာ ခေါင်းရမ်းလေသည်။

“အမေ ဒီမှာနေပြီး အချိန်ကိုပဲစောင့်မယ်”  ရင်လန် ပြောလေသည် “အမေက သားကို ဒီမှာနေခိုင်းသလို  ဖြစ်နေပြီး နှစ်တွေအကြာကြီးဒုက္ခခံခိုင်းထားရတယ်၊ သားကို အမေနဲ့အတူလိုက်မသေစေချင်ဘူး အခု မင်းအစ်မ  ပြန်လာပြီဆိုတော့ သူမက သားရဲ့ လုံခြုံမှုကိုတော့ အာမခံနိုင်မှာပါ…”

“ကျွန်တော် သဘောမတူဘူး”

“နှစ်ယောက်လုံး စကားမများကြပါနဲ့တော့ တစ်ယောက်မှမချန်ခဲ့ဘူးလို့ ငါ့သခင်ကပြောတယ် နှစ်ယောက်လုံးကို ဒီကနေထုတ်ပေးမှာ” ဟိန်းသံလေး ပြောလေသည် “ဒါပေမဲ့ အဒေါ်တို့နှစ်ယောက်ကို ရှာပြီး အခြေအနေကို ကြည့်ပြီးမှ အစီအစဉ်အတွက် ဆွေးနွေးလို့ရမှာလေ၊ ဒါကြောင့် ဒီမှာ ၂ရက်လောက်တော့ စောင့်  ပေးပါ၊ ငါ့သခင်က မေးချင်တာလေးတွေရှိတယ်တဲ့”

ရင်လနသည် သားဖြစ်သူ၏ ဆုံးဖြတ်ချက်ပြတ်သားသော အကြည့်များကို ကြည့်ကာ ပြောလေသည် “မေးပါ အဒေါ်တို့ သိသလောက်ဖြေပါ့မယ်”

“ကောင်းပါပြီ ပထမဆုံးမေးခွန်းက အဲလူဘယ်လောက်ကြာရင် တစ်ခါလာတာလဲ”

“အဲလူဟုတ်လား”

“သိတယ်မလား အဲငတုံးကောင် အထက်စီးဆန်တဲ့ ဘေဂုံအောင်လေ”

“နောက် ၅ရက်ကနေ ၁၀ရက်အတွင်းလာမယ်”

“သူဒီနေ့ လာပြီးပြီဆိုတော့ နောက် ၅ရက်အတွင်းတော့မလာတော့ဘူးလို့ ပြောတာလား”

“ဖြစ်လောက်တယ်”

“ကောင်းပြီ နောက်မေးခွန်း အခု အဒေါ်တို့နှစ်ယောက် ဘယ်လောက်သန်မာကြလဲ”

“ငါက အံ့ဖွယ်သူတော်စင်အလယ်အလတ်အဆင့် ဟောင်လေးက အံ့ဖွယ်အဆင့်မြင့်ရောက်စခါပဲရှိ  သေးတယ်”

“နောက်မေးခွန်း…”

ဟိန်းသံလေးသည် မေးခွန်းများကို မေးပြီးနောက် ဆေးပုလင်းထုတ်ကာ ဘေဂုံဟောင်အားပေးကာ  ပြောလေသည် “ဒါက ဒဏ်ရာတွေကုဖို့ အထောက်အကူဖြစ်မှာပါ”

ဂူယွန်းအာနှင့် ဘေဂုံအာတို့သည် ပျင်းရင်ပျင်းသလို ဘေဂုံဟောင်ကို လာရိုက်နှက်လေ့ရှိကြသည်။ ထို့ကြောင့်ပင် သူ့တွင် ဒဏ်ရာဟောင်းများနှင့် ဒဏ်ရာအသစ်များပြည့်နေလေသည်။ ရင်လန်သည် ဆေးများ  ဖော်စပ်နေသဖြင့် သူမကို ဒဏ်ရာရအောင် လုပ်မရပေ။

“ကောင်းပြီ ငါအခုသွားတော့မယ် နောက်၂ရက်နေရင် ပြန်လာမယ် မဟုတ်ရင် သူတို့ရုတ်တရက်ရောက် လာရင် ငါပါပြဿနာတက်နေမယ်၊ ဟူး အားနည်းတာက ခက်ခဲလိုက်တာ” ဟိန်းသံလေးသည် ပြီးသည်နှင့် သက်ပြင်းချကာ လာရာလမ်းအတိုင်းပြန်သွားလေသည်။

ဟိန်းသံလေးထွက်သွားပြီးနောက်တွင် ရင်လန်နှင့် ဘေဂုံဟောင်တို့သည် အကြည့်ချင်းဖလှယ်လိုက် ကြသည်။ ရင်လန်လက်ထဲတွင် ဘေဂုံထန်၏ နားဆွဲကိုင်ထားခြင်းနှင့် ဘေဂုံဟောင်လက်ထဲတွင် ဆေးလုံး ကိုင် ထားခြင်းကြောင့်သာ မဟုတ်လျှင် အိပ်မက်ဟု ထင်နေမြဲဖြစ်မည်။

“ကျွန်တော်တို့ အစ်မအကြောင်းကို ပြောနေတုန်းပဲရှိသေးတယ် အဲဒီဝိညာဉ်သားရဲက အံ့သြလောက်စရာ ပဲ” ဘေဂုံဟောင်ပြောလေသည်။

“ထန်လေးက အသက်ရှိသေးတယ် သူမရောင်ဝါလည်း အဆင့်မြင့်နေပြီ အမေခံစားလို့ရတယ်” ရင်လန် သည် နားဆွဲအား သူမရင်ခွင်ထဲ ပိုက်လိုက်ကာ “သူမ အသက်ရှင်နေသေးတယ်ဆိုရင် တော်ပါပြီ..”

ဟိန်းသံလေးသည် ရှီမာယူယူဆီပြန်သွားကာ ထိုအမျိုးသားနှင့် အမျိုးသမီးစုံတွဲတို့ ပြောသမျှအကြောင်း  တွေကို ပြောပြလေသည်။ ရှီမာယူယူ အကြောင်းစုံသိသောအခါ ဒေါသထွက်ပြီးနောက်တွင် ဒေါသပြေသွားမှပင် မိခင်ကျောက်တုံးထုတ်ပြီး အပြင်ဘက်နှင့် ဆက်သွယ်လေသည်။

သူမ မိခင်နှင့်မောင်လေးတို့ အသက်ရှင်နေသေးသည်ဟု ဘေဂုံထန်သိသောအခါ စိတ်အေးသွားကာ အားလုံးသည်လည်း သူမအတွက် ဝမ်းသာပေးကြသည်။ အခန်းတွင် စိတ်ခံစားချက်များ ချက်ချင်းပင် တက်လာ ကြသည်။

“အခု သူတို့ဘယ်မှာရှိတာလဲဆိုတာ သိတော့ နောက်အစီအစဉ်ကို တိုင်ပင်ကြတာပေါ့ ငါ့အကြံက…”

နောက်နေ့တွင် ရှီမာယူယူသည် ဘေဂုံမျိုးနွယ်အား အကဲခတ်ရန် ဆင်ခြေရှာလေသည်။ သူမသည် အနီးနားနေရာများကို လှည့်ပတ်သွားကာ ဘေဂုံထန်တို့၏ ခြံဝန်းနားရောက်သောအခါ အမျိုးသမီးတစ်ယောက် သည် ပြုံးပြီး ပိတ်ပင်လေသည်။

“ရှင်က သခင်လေးရှီဖြစ်ရမယ် ဟုတ်လား၊ ကျွန်မက ဘေဂုံအာပါ တွေ့ရတာဝမ်းသာပါတယ်” ထိုအမျိုး သမီးသည် ရှက်ကိုးရှက်ကန်းပုံဖြစ်ကာ နွဲ့လျသည်။

ထိုအမျိုးသမီးသည် ဘေဂုံအာဖြစ်လိမ့်မည်ဟု ရှီမာယူယူ မထင်မိပေ။ သို့သော် သူမသည် အမှန် တကယ်ပင် ဘေဂုံထန်နှင့် တူသည်။ ဘေဂုံအောင်၏ မျိုးရိုးဗီဇကြောင့်ပင် ဖြစ်မည်။

“မင်းက ဘေဂုံအာလား ဝမ်းသာပါတယ် ဝမ်းသာပါတယ်” ရှီမာယူယူသည် လက်အုပ်ချီကာ ပြုံးပြီး နှုတ်ဆက်လေသည်။

ဘေဂုံအာသည် ယဉ်ကျေးလွန်းသော ရှီမာယူယူကို ကြည့်ကာ ပြုံးလေသည် “သခင်လေးရှီ ဟိုက ခြံဝန်း က ပစ်ထားတဲ့ခြံကြီးပါ ကြည့်စရာဘာမှ မရှိပါဘူး သခင်လေး လမ်းလျှောက်ချင်တယ်ဆိုရင် ဒီ့ထက်ပို စိတ်ဝင် စားစရာကောင်းတဲ့နေရာတွေကို ကျွန်မလိုက်ပြပေးပါမယ်”

“ဒါဆိုရင် မိန်းကလေးဘေဂုံကိုပဲ ဒုက္ခပေးရတော့မှာပဲ” ရှီမာယူယူ ပြန်ဖြေလေသည် “ကျွန်တော် ထွက် သာလာတာ နန်းတွင်းသူရော အစေခံရော တစ်ယောက်မှ မတွေ့လို့ တစ်ယောက်တည်း ရမ်းသမ်းလျှောက် လာတာ”

“သိမ်းငှက်ဘုရင်က လူသားတွေကို မကြိုက်ဘူးလို့ပြောလို့ ကျွန်မအဖေက မျိုးနွယ်ဝင်တွေကို ဒီနေရာ ကို မလာခိုင်းလို့ပါ၊ အဲဒါကြောင့် တစ်ယောက်မှ ရှာမတွေ့တာပါ” ဘေဂုံအာသည် မှတ်ချက်ပေးလေသည် “သခင်  လေးရှီက ဘယ်သွားချင်တာလဲ”

“အာ.. မင်းက ဘေဂုံမျိုးနွယ်က သခင်မလေးပဲ ပုလဲတွေလှရင် လိုက်မမှီဘူးဆိုတာ မှန်တာပဲ” ရှီမာယူယူ သည် ဟန်ဆောင်ကာ အံ့သြပြလေသည် “ကျွန်တော်က ဘယ်နေရာမဆိုအဆင်ပြေပါတယ် အများကြီးတော့ မရှိပါဘူး မင်းရဲ့နန်းဆောင်က ကြီးတာကိုတွေ့လိုက်လို့ အဲဒီဘက်ကို လျှောက်သွားကြမလား ဘယ်နေရာမဆို  တော့ရပါတယ်”

“ဒါဆိုရင် သခင်လေးရှီ ကျွန်မနောက်လိုက်ခဲ့ပါ” ဘေဂုံအာသည် လျှောက်သွားလေသည် “ရှင် နေရာ  ကောင်းတွေကို ကြည့်ချင်ရင် ကျွန်မနောက်လိုက်တာ မှန်တယ် ဒီနေရာအကြောင်းကို ကျွန်မအသိဆုံးလေ”

“ဒါဆိုရင် ငါဒီနေ့ မင်းနဲ့တွေ့တာ တကယ်ကံကောင်းတာပေါ့”

“သခင်လေးရှီက ယဉ်ကျေးလွန်းနေပါပြီ” ဘေဂုံအာပြောလေသည် “ဟုတ်သားပဲ ရှင်က လမ်းလျှောက် ထွက်လာတော့ သိမ်ငှက်ဘုရင်နဲ့ တခြားသူတွေကရော”

“အထဲမှာ ကျင့်ကြံနေကြတယ်” ရှီမာယူယူသည် ဘေဂုံအာအား ကြည့်ကာ သူမ မည်သည့် မကောင်း အကြံကြံနေသည်ကို သိချင်မိသည်။

“သြော်” ဘေဂုံအာ၏ မျက်လုံးများသည် လည်သွားကာ အမှုမထားသလိုဟန်ဆောင်ကာ မေးလေ သည် “ရှင်က သိမ်းငှက်ဘုရင်အတွက် ကောင်းတာတစ်ခုလုပ်ပေးထားတယ်ဆို အဲဒါကြောင့်မို့လို့ သူကိုယ်တိုင် တောင် ကနေဆင်းပြီးလာပေးတာ အဲဒါဘာဖြစ်မလဲသိချင်လိုက်တာ အာလေးကို ပြောပေးလို့ရမလား”

သူမကိုယ် သူမ အာလေးဟု သုံးနှုန်းလိုက်သည်ကို ရှီမာယူယူ ကြားသောအခါ အန်တော့မတတ်ဖြစ် သွားလေသည်။ သို့သော် သူမသည် ဆက်ပြီးပြောနေလိုက်သည်။

“တကယ်တော့ ဘာမှတော့မဟုတ်ပါဘူး ကျွန်တော့်အဖေက အရင်က သိမ်းငှက်ဘုရင်ကိုကယ်ဖူးတာ ပါ”

“ဒါဆိုရင် သူတို့က ရှင့်ကို သိမ်းငှက်နဲ့ စာချုပ်ချုပ်ခွင့်မပေးဘူးလား၊ သူတို့က တကယ်မြန်အောင် ပျံနိုင် တယ်လို့ကြားတယ် ဟုတ်လား”

ရှီမာယူယူသည် နှာခေါင်းရှုံ့ကာ သရော်လိုက်သည်။ သူမ၏ မြေခွေးအမြီးသည် တဖြည်းဖြည်း ထွက်လာ  လေပြီ။

All Chapters