← Chapters

မသန်စွမ်းမိန်းကလေး

Vol. 012 Ch. 1133

မသန်စွမ်းမိန်းကလေး

Vol. 012 Ch. 1133

အင်ပါယာရှား နန်းတော်မှ တန်ခိုးရှင် အချို့ မကြာခဏ ပေါ်ထွက်လာခဲ့၏။

အလွန် တိတ်ဆိတ် နေတတ်လေ့ရှိသော မင်းသမီး၏ နန်းတော်သည် လတ်တလောတွင် အလွန် သက်ဝင်လှုပ်ရှား နေသည်ဟု ဆိုရပေမည်။

မြေရိုင်းပြည်နယ်မှ လူများက မင်းသမီး၏ နန်းဆောင်ကို ဝင်ထွက်ခွင့်ရနေသော ကိစ္စမှာ လူတိုင်းသိသော အကြောင်းအရာ ဖြစ်ပေသည်။ မင်းသမီးကား တော်ဝင်ကျဲနန်းတော်မှ လူများကို အလွန်တရာ အလေးပေးလွန်းကာ အကြောင်းအရင်းမှာလည်း ရီဖူရှင်းကြောင့် ဖြစ်ရပေမည်။

မဟုတ်လျှင် လတ်တလောက် အောက်ဘုံမှ တန်ခိုးရှင်နှစ်ဦး တိုက်ခိုက်ခံရခြင်းသည် ဤမျှ လှုပ်ခတ်စရာ အကြောင်းမရှိပေ။

သူတို့ကား အင်ပါယာရှား ကိုယ်တိုင်၏ ကူညီပေးခြင်းကို ခံရရာ သူတို့အတွက် အလွန်ကြီးမားသော အလေးပေးမှု ဖြစ်ပေသည်။

တော်ဝင်ကျဲနန်းတော်မှ လူအများစုသည် မင်းသမီး နန်းဆောင်တွင် သတင်းများကို စောင့်စား နေခဲ့ကြသည်။ တစ်နေ့တွင် လူတစ်စု သူတို့အုပ်စုရှေ့သို့ ရောက်လာ၏။

“ဖီးနစ် .. လင်းအာ …” အသစ်ရောက်လာသော အုပ်စုထဲတွင် ပါလာသော လူနှစ်ယောက်အား သူတို့က သတိထားမိကာ ရှေ့သို့ တိုးသွားကြသည်။ သိမ်းငှက်နက်ကလည်း သူတို့အားမြင်ကာ အရေးပေါ် အခြေအနေမှာ လွန်မြောက်သွားပြီဟု နားလည်လျက် စိတ်အေး သွားသည်။

“သူတို့အခြေအနေ ဘယ်လိုရှိလဲ” ကျူးကော့မင်းယွီက မေးသည်။

“သူတို့ နေကောင်းသွားပြီ။ သူတို့က သေရွာက ပြန်လာတယ်လို့တောင် ပြောလို့ရတယ်” အနက်ရောင်ဝတ် လူကြီးတစ်ဦးက ပြောသည်။ သူ၏အသံသည် အလွန် ခြောက်ကပ်ကာ အသားအရေများ သည်လည်း ဖျော့တော့၏။

“ကျေးဇူးတင်ပါတယ် ... စီနီယာ” တော်ဝင်ကျဲနန်းတော်မှ လူများက ကျေးဇူးတင်စွာဖြင့် အရိုအသေ ပေးကြသည်။ သိမ်းငှက်နက်၏ မျက်လုံးများက လောင်လင်းအာ၏ နောက်မှ လူတစ်ဦးထံသို့ ရောက်သွားကာ​ ခေါ်လိုက်သည် … “စီနီယာလောင် ...”

ထိုလူကြီးက သိမ်းငှက်နက်အား ကြည့်ကာ ပြောသည် … “မင်းက …”

“ကျွန်တော် ရီဖူရှင်းပါ … ဒီသားရဲကတစ်ဆင့် ကျွန်တော်က စကားပြောနေတာပါ” သိမ်းငှက်နက်က ပြောသည်။

လူကြီးက ထိုအခိုက်မှ ပြုံးကာ ပြောသည် … “ငါတို့ ပြန်တွေ့ကြပြီပေါ့ …”

“ဟုတ်ကဲ့ … နှစ်တွေတောင် ကြာခဲ့ပြီ။ စီနီယာ ကူညီခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်” သိမ်းငှက်နက်က ပြောသည်။ လူကြီးကား လောင်လင်းအာ၏ ဦးလေး လောင်ရီထျန်း ဖြစ်သည်။

“စီနီယာက ဘာဖြစ်ခဲ့တာပါလဲ”

“အရင်တုန်းက ရှန့်ထိုတိုက်ပွဲမှာ ဖြစ်ခဲ့တာ။ အိမ်ပြန်တဲ့လမ်းမှာ ငါက ဝိုင်းဝန်း လုပ်ကြံခံခဲ့ရပြီးတော့ ငါ့ရဲ့ရုပ်ခန္ဓာ ပျက်စီးသွားခဲ့တယ်။ ကံကောင်းတာက ငါမတော်တဆ ရရှိခဲ့တဲ့ တော်ဝင်ရတနာ တစ်ခုက ငါ့ဝိညာဉ်ကို သိမ်းဆည်းနိုင်ခဲ့ပြီးတော့ ဆက်အသက် ရှင်နိုင်ခဲ့တယ်။ အရှင်မင်းကြီးက ငါ့အတွက် အခု ရုပ်ခန္ဓာကိုယ် အသစ်တစ်ခု ထုဆစ်ပေးခဲ့လို့ အားလုံး အဆင်ပြေသွားတယ်” လောင်ရီထျန်းက ပြောသည်။

“အစ်ကိုဖူရှင်း … ဦးလေးကြောင့်သာ မဟုတ်ရင် လင်းအာသေတာ ကြာပြီ” လောင်လင်းအာ ကလည်း ပြောသည်။

လောင်လင်းအာ၏ အရေးပေါ် အခြေအနေကြောင့်သာ မဟုတ်လျှင် ရှားရှင်းယွန်ကလည်း အင်ပါယာရှားကို တောင်းဆိုခဲ့မည် မဟုတ်ပေ။

“မင်း အဆင်ပြေသွားမှာပါ” သိမ်းငှက်နက်က ပြောသည်။

“ဒါပေမဲ့ မုရန် သေသွားတယ်။ အစ်ကို … မုရန်က အဲလိုလူမျိုး မဟုတ်ပါဘူး။ သူ ထိန်းချုပ်ခံရတယ်လို့ လင်းအာထင်တယ်” လောင်လင်းအာက ပြောသည်။

“ငါလည်း ဒီလိုပဲ ခံစားရတယ်။ ဒီကစ္စမှာ မူမမှန်တာတွေ အများကြီးရှိတယ်” ဖီးနစ်နှင့် လောင်လင်းအာတို့ အတွေးတူပေသည်။ သူမတွင်လည်း ထူးခြားသော ဖွဲ့စည်းမှုရှိကာ ဖီးနစ်ဝိညာဉ်က ပြန်လည် မွေးဖွားနိုင်သော အစွမ်းသတ္တိ အားပေးသည်။ ထို့ကြောင့် သူမအား အဆိပ်သင့်ခြင်းတွင် ပြန်လည် မွေးဖွားပေးကာ အသက်ဆက် ရှင်နိုင်ခဲ့ပေသည်။ တခြား တစ်ဖက်တွင် လင်းအာအား လောင်ရီထျန်းက ကာကွယ်ပေးခဲ့၏။ သို့တိုင်အောင် လောင်ရီထျန်းသည် အဆိပ်ကြောင့် ဝိညာဉ်ခန္ဓာကိုယ်ပင် ပျောက်ကွယ်လုမတတ် ဖြစ်ခဲ့ပေသည်။

နှစ်ယောက်လုံးမှာ အသက် ဆက်ရှင်နိုင်ခဲ့သည့်အပေါ် အလွန် ကံကောင်းသည်ဟု ပြောရပေမည်။

မုရန်ကား ကံမကောင်းခဲ့ပေ။ သူသည် အဆိပ်မိသည့်ဒဏ်ဖြင့် ထိုနေရာတွင်ပင် သေဆုံးခဲ့၏။

“အင်း …” သိမ်းငှက်နက်က ခေါင်းညိတ်သည်။ သည်ကိစ္စများက တိုက်ဆိုင်ခြင်းဟု သူလည်း မယုံကြည်ပေ။

“ဒါတွေ ဖြစ်ပြီးနောက် ရှောင်ရှမ်းရဲ့ လှုပ်ရှားမှုတွေကို ငါ လေ့လာကြည့်ခဲ့တယ်။ သူ့ဆီမှာ သံသယဖြစ်စရာ မတွေ့ရဘူး။ ရှောင်ကလန်က သူ့ကို အကျယ်ချုပ် ထားပြီးတော့ ပြင်ပနဲ့ အဆက်အသွယ်လည်း ဖြတ်ထားတယ်။ ငါကလည်း သူ့ကို လူလွှတ် စောင့်ကြည့်ခိုင်းထားတယ်” ရှားရှင်းယွန်က ပြောသည် … “ဒါပေမဲ့လည်း ဖြစ်နိုင်ဖွယ် အချက်တွေကို လျစ်လျူရှုလို့တော့ မရဘူး။ အရင်တုန်းက သူသွားလာခဲ့တာတွေ အကုန်လုံးကို စုံစမ်းဖို့ လူတွေ လွှတ်ထားတယ်။ ဒါက အချိန်တစ်ခုတော့ လိုလိမ့်မယ်”

မတော်တဆမှုတွင် မည်သည့်သဲလွန်စမှ မရှိပေ။ မည်သို့ပင် ကြည့်ပါစေ မုရန်သည်သာ တရားခံဖြစ်သည်။ မုရန်နှင့် ယခင် ဆက်စပ်မိသော လူများအား လိုက်လံစုံစမ်းရန် မှာလည်း မလွယ်ကူပေ။

သံလွန်စကား ဖြတ်တောက် ခံရပေသည်။ သူတို့က လက်ရှိတွင် သံသယဖြစ်ဖွယ်ရာ အကောင်းဆုံးဖြစ်သော ရှောင်ရှမ်းကိုသာ စောင့်ကြည့် နိုင်ပေတော့သည်။

သို့သော်လည်း လက်ရှိပုံစံအရ ရှောင်ရှမ်းတွင်လည်း သံသယဖြစ်ဖွယ်ရာ လှုပ်ရှားမှုများ မရှိပေ။

ထို့နောက် သိမ်းငှက်နက်က မင်းသမီးကို ကြည့်ကာ ပြောသည် … “အရှင်မင်းကြီးကို ကျေးဇူးတင်တယ်လို့ ပြောပေးပါ”

“ဒါတောင် နင်က ပြန်လာဖို့ အစီအစဉ် မရှိသေးဘူးပေါ့။ ဒါတွေ အကုန်လုံးက နင့်ကို ဦးတည်နေတာ” ရှားရှင်းယွန်က ပြောသည်။

“ကျုပ်က ဟိုမှာ ရီဖူရှင်း မဟုတ်ဘူး။ ပြီးတော့ မင်းသမီးလည်း တာလီမှာ လူတွေ လွှတ်ထားတယ် မလား” ရီဖူရှင်းက မေးသည်။

“အင်း …နင် သူတို့ကို ဘယ်လို ဆက်သွယ်ရမလဲ ပြောမယ်” ရှားရှင်းယွန်က ပြောသည် … “တစ်ခုခု ဖြစ်ခဲ့ရင် ချက်ချင်း ပြန်လာပါ”

***

တာလီကျောင်းတော် လေ့ကျင့်ရေးကွင်း၌ ရီဖူရှင်းက မျက်လုံးကို ဖွင့်လိုက်သည်။ သူ့ကို လှည့်ပတ်နေသော ဓားအသိသည်လည်း တဖြည်းဖြည်း ပျောက်ကွယ် သွားခဲ့၏။ သူ၏ မျက်လုံးများက အေးစက်နေသည်။

သည်မတိုင်မီက ဖြစ်ရပ်တွင် ဧကရီရှောင်က ကိုယ်တိုင် ပါဝင်ညှိနှိုင်းပေးခဲ့ရာ သူ့အနေဖြင့် ဘာမှ မတတ်နိုင်ခဲ့ပေ။

သို့သော်လည်း သည်တစ်ကြိမ်တွင်သာ ရှောင်ရှမ်း လုပ်ခဲ့သည့် အကြောင်းကို သူက သက်သေရပါက ဧကရီရှောင်သည်ပင် ကာကွယ် ပေးတော့မည် မဟုတ်ပေ။

သူက ရှောင်ရှမ်းအပေါ် အဘယ်ကြောင့် သည်မျှ သံသယဝင် နေရသည်ကိုလည်း ရီဖူရှင်းက နားမလည်ပေ။ သည်ကိစ္စတွင် ရှောင်ရှမ်း ပါဝင်နေသည်ဟု သူက ခံစားမိနေသည်။

“သတ္တမဓား …” အသံတစ်သံကို ကြားကြရသည်။ ရီဖူရှင်းက မော့ကြည့်လျှင် လူတစ်ယောက် လှမ်းလာသည်ကို မြင်၏။ သူကား လီယောင် ဖြစ်ပေသည်။

နောက်ပိုင်း နေ့ရက်များတွင် သူနှင့် လီယောင်တို့၏ ဆက်ဆံရေးမှာ ပိုကောင်းလာသည်ဟု ပြောနိုင်ပေသည်။

“အရှင့်သားက ဒီကို ဘာကိစ္စနဲ့ ရောက်လာပါလဲ” ရီဖူရှင်းက ထိုင်နေရက်သားကပင် မေးသည်။ သူကား သတ္တမဓား၏ အမူအကျင့်အတိုင်း ထီမထင်သော ပုံစံဖြစ်သည်။

“နှစ်ကုန်ဖို့ နီးလာပြီ။ နှစ်ကုန်တိုင်း နန်းမြို့တော်က နန်းတွင်း မိသားစုဝင်တွေဟာ အမဲလိုက်ပွဲ ကျင်းပလေ့ရှိတယ်။ ဒီပွဲကို သတ္တမဓားလည်း တက်ရောက် ပါဝင်စေချင်တယ်” လီယောင်က ပြောသည်။

“အမဲလိုက်ပွဲ” ရီဖူရှင်းက နားမလည်စွာ မေးသည်။

“အမှန်ပဲ … ဒါက အမဲလိုက်ပွဲပဲ။ တာလီပြည်ရဲ့ အနောက်ဘက် တောင်တန်းတွေမှာ ထောင်သောင်းချီတဲ့ သားရဲတွေ အများကြီးပဲ။ ဒါက အမဲလိုက်သူတွေ အတွက်လည်း ကောင်းမွန်တဲ့ လေ့ကျင့်မှုတစ်ခု ဖြစ်တယ်” လီယောင်က ပြောသည်။

“အဲဒီမှာ ရှန့်ထိုသားရဲတွေ ရှိသလား” ရီဖူရှင်းက မေးသည်။

“ရှိတာပေါ့ …” လီယောင်က ခေါင်းညိတ်သည်။ ရီဖူရှင်းကား အမှန်တကယ် အံ့အားသင့်ရ၏။ တာလီနန်းမြို့တော်ကား ထောင်သောင်းချီသော သားရဲများကို အမဲလိုက်ရန် ကြွယ်ဝ ချမ်းသာသလို သူတို့က ရှန့်ထိုသားရဲများကိုပင် အမဲလိုက်ကြသေး၏။

“ကျုပ်ပါဝင်တာက စည်းမျဉ်းကို ချိုးဖျက်ရာ မရောက်ဘူးလား” ရီဖူရှင်းက မေးသည်။

“မဖြစ်ဘူး။ နန်းတွင်းမိသားစုတွေက သူတို့ရဲ့လူတွေကို ခေါ်ခွင့်ရှိတယ်” လီယောင်က ပြုံးလျက်ပြောသည် … “တော်ဝင်မျိုးနွယ်တိုင်းက အခြေအရံတွေ အများကြီးကို ခေါ်ဆောင် လာကြတယ်။ သတ္တမဓား … မင်းက ရှန့်ထိုအဆင့်အောက်မှာ ပြိုင်ဘက်ကင်းတယ်။ တာလီပြည်ထောင်မှာ ရှန့်ထိုအဆင့်အောက် ဘယ်သူမှ မင်းကို မယှဉ်နိုင်ဘူး။ ဓားပညာမှာလည်း ဒီထက် တိုးတက်ဖို့ ခက်ခဲတယ်။ သားရဲတွေကို အမဲလိုက်တာက မင်းအတွက် အကျိုးရှိနိုင်တယ်။ မင်း စမ်းကြည့်ပါလား”

ရီဖူရှင်းက လေးနက်စွာ ပြောသည် … “ကျုပ်က အရှင့်သားရဲ့ ဖိတ်ခေါ်မှုကို ဘယ်လို ငြင်းရမှာလဲ။ အမဲလိုက်ပွဲကျရင် ကျုပ်က မင်းသားဘေးမှာ ရှိနေပါ့မယ်”

“ကောင်းပြီ။ မင်းက တကယ်ပဲ တာလီရဲ့ နံပါတ်တစ်ပါပဲ” လီယောင်က ပြုံးလျက်ပြောသည် … “ဒါဆိုလည်း အချိန်ကျရင် ကျုပ်က လူလွှတ်ခေါ်လိုက်ပါ့မယ်”

“ကောင်းပြီ” ရီဖူရှင်းက ခေါင်းညိတ်လျှင် လီယောင်သည် သူ၏လူများနှင့်အတူ ထွက်ခွာသွားခဲ့သည်။

လီယောင် ထွက်သွားသည်ကို ရီဖူရှင်းက ရပ်ကြည့်နေစဉ်မှာပင် အသံတစ်သံအား ကြားလိုက်ရသည်။

“ဒါဆို မင်းသားလီယောင်က မင်းကို အမဲလိုက်ပွဲ လာဖိတ်တာပေါ့”

ရီဖူရှင်းက လှမ်းကြည့်လိုက်လျှင် နန်ကျိုင်း၊ မုချွန်းယန်နှင့် လုချွန်တို့အား မြင်သည်။

“ဟုတ်တယ် …” ရီဖူရှင်းက ခေါင်းညိတ်ကာ ပြောသည် … “စီနီယာအစ်ကိုတို့က ဒီကို ဘာကြောင့် ရောက်လာကြတာပါလဲ”

“ငါတို့ ဆရာရဲ့ အိမ်တော်ကို သွားမလို့။ အဲဒီမှာ နေ့လယ်စာ အတူစားကြမလို့” လုချွန်က ဖြေသည်။

ရီဖူရှင်းက နားမလည်ပေ။ ဆရာ၏အိမ်တော်တွင် နေ့လယ်စာ စားမည်တဲ့လား။

“သေချာတာပေါ့” ရီဖူရှင်းက ထရပ်ကာ ပြောသည်။

“ဒါဆို မင်းက ဘဝအကြောင်း ပြောဆိုမယ့် မိန်းကလေးတစ်ယောက် တွေ့ပြီပေါ့” နန်ကျိုင်းက ပြုံးလျက် မေးသည်။

ရီဖူရှင်းကား ဆွံ့အရသည်။ သူက ပြောသည် … “အစ်ကို၂ကပဲ တစ်ယောက် ရှာလိုက်ပါ”

နန်ကျိုင်းက သူ့အား စိုက်ကြည့်ကာ ပြောသည် … “မင်းအစ်ကိုက ငယ်ရွယ် ချောမောရင်ပေါ့ …”

ရီဖူရှင်းက ယုံပင် မယုံနိုင်ပေ။ နောက်ဆုံးတစ်ကြိမ် သူနှင့်ပြောဆိုခဲ့သော စကားများ မရှိခဲ့လျှင် ရီဖူရှင်းက သူ့အား အမှန်တကယ် တဏှာရူး တစ်ယောက်ဟု ထင်မိပေမည်။

“အစ်ကို … ညီလေးက ဓားသမားတစ်ယောက် ဖြစ်ပြီးတော့ သန့်စင်တဲ့ဓားအသိ ရှိတယ်။ သူ့ကို ညစ်ထေးအောင် မလုပ်ပါနဲ့” မုချွန်းယန်ကလည်း သူ့အစ်ကို၏ အပြုအမူကို သည်းမခံနိုင်ဟန်ဖြင့် ပြောသည်။

“သူက ကိုယ့်ကိုယ်ကိုယ် အရမ်း တွန်းအားပေးတော့ စိတ်လက်ပေါ့ပါးအောင် နေဖို့လည်း လိုနေတယ်” နန်ကျိုင်းက လေးနက်စွာ ပြောသည်။

“ခင်ဗျားက စီနီယာ ဆိုတော့လည်း ထားလိုက်ပါတော့ …”မုချွန်းယန်က နန်ကျိုင်းနှင့် ဆက်လက်၍ မငြင်းခုံတော့ဘဲ ဘေးမှ လုချွန်နှင့် ရီဖူရှင်းတို့အား ပြောသည် … “ဒါကပဲ မင်းတို့ရဲ့အစ်ကို၂ပဲ။ မင်းတို့က လမ်းစဉ်နဲ့ ပတ်သက်ပြီး သူ့ဆီက သင်ယူနိုင်တယ်။ ဒါပေမဲ့ တခြားကိစ္စတွေမှာတော့ မင်းတို့က ကိုယ်တိုင် ချင့်ချိန်ဖို့လိုတယ်”

ရီဖူရှင်းက ခေါင်းညိတ်သည်။ နန်းတွင်း အကြံပေးတွင် တပည့် အနည်းငယ်သာ ရှိကာ သူတို့အကြား ဆက်ဆံရေးမှာလည်း ထူးခြား ကောင်းမွန်ပေသည်။ သူကား ယခင်နှစ်များစွာ အကြာက ကော့တေးသို့ ပြန်ရောက်သွားသလိုပင် ခံစားရ၏။

တပည့်များကို ကြည့်ကာ ဆရာ၏ ကိုယ်ကျင့်စရိုက်များကိုလည်း ပြောနိုင်ပေသည်။ နန်းတွင်း အကြံပေးကား အမှန်ပင် လေးစားဖွယ် ကောင်းပေ၏။

သို့သော်လည်း သူတို့၏ရပ်တည်မှုကား မူလကတည်းက သတ်မှတ်ထားပြီးသား ဖြစ်သည်။

သို့သော်လည်း လက်ရှိတွင် ရီဖူရှင်းမြင်သည်က အရာအားလုံးကို ဆုံဖြတ်ရန် စောလွန်းသည်လည်း ဖြစ်နိုင်၏။

ရန်ယွင်နှင့် ဝမ်ကျုံးတို့သည် သူတို့အား စောင့်နေကြပြီ ဖြစ်သည်။ သူတို့အားလုံးက အတူစုစည်းကာ နန်းတွင်း အကြံပေး၏ အိမ်တော်သို့ သွားကြသည်။

သူတို့က နန်းတွင်း အကြံပေး၏ ရိုးရှင်းသော အိမ်ကလေးသို့ ရောက်သွားသောအခါ နေ့လယ်စာမှာ ပြင်ဆင်ထားပြီး ဖြစ်သည်။

နန်းတွင်းအကြံပေး အပြင် နောက်ထပ် မိန်းကလေး တစ်ဦးလည်း ရှိနေသည်ကို ရီဖူရှင်း သတိထားမိ၏။

သူမအား ကြည့်ကာ ရီဖူရှင်းသည် အနည်းငယ် အံ့အားသင့်ရ၏။ မိန်ကလေးကား အလွန် ချောမောလှပကာ သန့်စင်ပြီး မျက်လုံးထဲတွင် အလွန်တရာ ကြည့်ကောင်းရာ သူမသည် ကောင်းကင်ဘုံမှ ကောင်းချီးပေးခံရသူ ဖြစ်ရပေမည်။

သူမကလည်း ရီဖူရှင်းအား ကြည့်ကာ နန်းတွင်း အကြံပေးအား မေးသည် … “အဖေ … သူက သတ္တမဓားလား”

“အမှန်ပဲ …” နန်းတွင်းအကြံပေးကလည်း ခေါင်းညိတ်ကာ ပြုံးလျက် ပြောသည် … “သတ္တမဓား … ဒါက ဖေးရွှီ”

နန်းတွင်းအကြံပေးတွင် သမီးတစ်ဦး ရှိသည်ကို သိလိုက်ရကာ ရီဖူရှင်းကား အမှန်တကယ် အံ့အားသင့်ခဲ့သည်။ သူက သူမအား တစ်ခါမှ မတွေ့ခဲ့ဖူးပေ။

ဖေးရွှီ၏နှုတ်ခမ်းပေါ်တွင် အပြုံးတစ်ခု ပေါ်လာ၏။ သို့သော်လည်း သူမ၏ မျက်လုံးများသည် အသက်မဲ့နေသည်။ ဤတွင် ရီဖူရှင်းက သူမအား အံ့အားသင့်စွာ ကြည့်သည် … “ညီမ …”

“ကျွန်မက အဖေ့ရဲ့တပည့်မှ မဟုတ်တာ။ ကျွန်မနာမည်ကိုပဲ ခေါ်ပါ” ဖေးရွှီက နွေးထွေးစွာ ပြုံးလျက်ပြောသည် … “ကျွန်မ မျက်လုံးတွေကိုတော့ စိတ်ထဲ မထားပါနဲ့။ ကျွန်မက မျက်လုံး မမြင်ဘူး”

သူမက မျက်လုံး ကွယ်နေသည်လား။ ရီဖူရှင်း တုန်လှုပ်သွားသည်။ အကြောင်းပြချက် တချို့ကြောင့် သူမအား ထိုသို့ မြင်ရသောအခါ ရီဖူရှင်းသည် ဆွေးဆွေးမြည့်မြည့် ခံစားရ၏။

ဖေးရွှီသည် ယောက်ျားတို့၏ စိတ်ဆန္ဒအား နှိုးဆွနိုင်စွမ်းသော ရုပ်ရည်မျိုး မရှိသော်လည်း သူမကား အမှန်တကယ် ကြည့်ကောင်းပေသည်။ ထိုအရာက ဖော်မပြတတ်သော ခံစားချက်မျိုး ဖြစ်၏။

“ဆရာ့ရဲ့ ပညာနဲ့တောင်မှ ဘာမှ မလုပ်နိုင်ဘူးလား ... ဆရာ” ရီဖူရှင်းက နန်းတွင်းအကြံပေးကို မေးသည်။

နန်းတွင်းအကြံပေးက ခေါင်းယမ်း၏။

***

All Chapters