← Chapters

အပိုင်း (၄၈၈) – စုံစမ်းမှု

Vol. 005 Ch. 488

အပိုင်း (၄၈၈) – စုံစမ်းမှု

Vol. 005 Ch. 488

ရှီမာယူယူသည် တုန်လှုပ်ခြင်းမရှိဖြေလေသည် “ကျွန်တော့်မှာ ဘယ်သိမ်းငှက်နဲ့မှ စာချုပ်ချုပ်ထားတာ မရှိပါဘူး၊ ဒါပေမဲ့ တစ်ကောင်တော့ရထားတယ် တကယ်မြန်တာ တခြားငှက်တွေထက် နည်းနည်းတော့မြန် တယ်”

“ကောင်းတာပေါ့” ဘေဂုံအာသည် အားကျစွာ ပြောလေသည် “ကျွန်မက အမြဲတမ်းစမ်းစီးကြည့်ချင်တာ ဒါပေမဲ့ အခွင့်အရေးမရခဲ့ဘူး”

“ဟားဟား..” ရှီမာယူယူ ပြုံးလိုက်သည်။ သို့သော် သူမဆိုလိုသည်ကို သိသော်လည်း ဘာမှမပြောပေ။

ရှီမာယူယူ အလုက်သင့်ပြန်မပြောသဖြင့် ဘေဂုံအာသည် ဒေါသထွက်သော မျက်လုံးများဖြစ်သွားလေ သည်။ သို့သော် သူမသည် ပြုံးပြီးမေးလေသည် “သခင်လေးရှီ ဒီမှာဘယ်လောက်ကြာအောင်နေမှာလဲ ဒီမှာ ကြာကြာနေဦးမယ်ဆိုရင် ဒီနားကနေရာတွေကို ခေါ်သွားပေးမယ်လေ၊ ကျွန်မ နေရာကောင်းတွေ အများကြီးသိ တယ်”

“မလိုပါဘူး” ရှီမာယူယူသည် သူမအား တည့်တိုးပင် ပြန်ဖြေလေသည် “ကျွန်တော်က လုပ်စရာရှိလို့ ဒီကိုလာတာပါ ကျွန်တော်သုံးရမယ့် ဆေးဖက်ဝင်ပစ္စည်းက မမှည့်သေးလို့ မှည့်တဲ့အချိန်ရောက်ရင် လာပို့တာကို  စောင့်ဖို့ ၂ရက်လောက်နားနေတာပါ၊ ပါဝင်ပစ္စည်းတွေရောက်လာပြီဆိုတာနဲ့ မင်းတို့ဆီကလူရဲ့ အကူအညီနဲ့  ဆေးဖော်ပြီးတာနဲ့ ကိုယ့်လမ်းကိုယ်သွားမှာပါ၊ အဲဒါကြောင့် မိန်းကလေးဘေဂုံနဲ့ အပြင်သွားပြီး မကစားနိုင်မှာ စိုးပါတယ်”

“နှမြောစရာကောင်းလိုက်တာ” ဘေဂုံထန်သည် အားမရစွာ ပြောလေသည် “သခင်းလေးရှီက ဘယ်မှာ နေတာလဲဆိုတာ သိလို့ရမလား၊ ဒီနားလေးက မြို့တွေမှာ ရှီမျိုးနွယ်ဆိုတာ မကြားဖူးလို့ပါ”

“ကျွန်တော့်ရှီမျိုးနွယ်က အလယ်ပိုင်းဒေသမှာမဟုတ်ပါဘူး” ရှီမာယူယူ ပြန်ဖြေလေသည်။

“အလယ်ပိုင်းဒေသက မျိုးနွယ်မဟုတ်ဘူးလား” ဘေဂုံအာသည် အံ့သြစွာပြောလေသည် “ဒါဆိုရင် အဂ္ဂိရတ်ပညာရှင်ရှာဖို့ ဘာလို့အဝေးကြီးလာရတာလဲ”

“ဟူး….” ရှီမာယူယူသည် ခေါင်းရမ်းကာပြောလေသည် “ဧကရာဇ်ဆေးက ဖော်ဖို့အရမ်းခက်ပြီး ဗုဒ္ဓရွှေကြာကလည်း ရှာဖို့ခက်တယ်လေ အဲဒါနဲ့ ဒီကိုပဲလာရတော့တာပေါ့၊ ဗုဒ္ဓရွှေကြာတွေ့ပြီဆိုတာနဲ့ မြန်မြန်  ဆေးဖော်ရမယ်ဆိုတာလည်း မင်းသိမှာပါ မဟုတ်ရင် အသုံးမဝင်တော့ဘူးလေ ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော်က ဗုဒ္ဓရွှေကြာပွင့်တာကို ကိုယ်တိုင်မြင်ဖို့လာခဲ့တာ အဲဒါပွင့်တာနဲ့ သိမ်းငှက်ဘုရင်က သူ့လူတွေကို လွှတ်ပြီး ဗုဒ္ဓရွှေကြာကို ခူးခိုင်းလိမ့်မယ်၊ အဲဒါကို ဆေးဖော်လို့မရဘူးဆိုရင်တော့ ကျွန်တော်တို့ ကံတရားလို့ပဲ မှတ်ရတော့မှာပေါ့”

ဝိညာဉ်စေတီအတွင်းမှ သားရဲများသည် ဆွံ့အသွားကြလေသည်။ သခင်က တကယ်ပဲ လိမ်တဲ့နေရာမှာ အရည်အချင်းရှိတာပဲ။

ရှီမာယူယူသည် အတွင်းစိတ်မှ ကျိန်ဆဲမိလေသည်။ ဘေဂုံမျိုးနွယ်သည် သူမအား စစ်ဆေးရန်  ဘေဂုံအာကိုလွှတ်လိုက်လေသည်။ သူတို့က မူးနေတာလား ဘာလားပဲ။

ဘေဂုံအာသည် ရှီမာယူယူ ဝမ်းနည်းနေသည်ကိုတွေ့သောအခါ ပြောလေသည် “ကျွန်မတို့ ဘေဂုံ မျိုးနွယ်က အဂ္ဂိရတ်ပညာရှင်တွေ အများကြီးရှိပါတယ် ပြီးတော့ အဆင့်၈ အဂ္ဂိရတ်ပညာရှင်လည်း အနည်း အကျဉ်းရှိပါတယ် သူတို့ဒီဆေးကို လေ့လာဖို့ အကုန်စုဝေးနေကြတယ်လို့ ကြားတယ် အဲတော့ ဆေးဖော်တဲ့ အချိန်ကို ဘာပြဿနာမှရှိမှာမဟုတ်ပါဘူး”

“မင်းပြောသလိုဖြစ်ရင်တော့ကောင်းတာပေါ့လေ ဒါပေမဲ့ မအောင်မြင်ဘူးဆိုတဲ့ ရာခိုင်နှုန်းကို ကြို ပြင်ဆင်ထားရမယ်လေ မအောင်မြင်ဘူးဆိုရင် ဟူး… ပွင့်ပွင့်လင်းလင်းပြောရရင် အဲဒါကိုမတွေးရဲဘူး” ရှီမာယူယူသည် ငေးလျက်ပြောလေသည်။

“အာ အာလေးအမှားပါ သခင်လေးရှီကို ဒုက္ခပေးမိတယ် အဲဒီအတွက် တစ်ခွက်လောက် ဧည့်ခံချင် တယ်”

“ဝိုင်လား အဲဒါကလေ.. မဖြစ်ဘူး ကျွန်တော်က မသောက်နိုင်ဘူး လွယ်လွယ်နဲ့မူးတတ်တယ်” ရှီမာယူယူ ပြောလေသည်။

“ကျွန်မတို့က ကျင့်ကြံသူတွေပဲ ဘယ်လိုလုပ် လွယ်လွယ်နဲ့မူးတတ်မှာလဲ” ဘေဂုံအာ ပြောလေသည် “အာလေးက တကယ်ပဲ သခင်လေးရှီနဲ့ ခင်ချင်လို့ပါ ဆက်ပြီးငြင်းနေမယ်ဆိုရင် မကောင်းဘူးနော် တစ်ခွက်  လောက်သောက်ရအောင်လေ”

“ဒါဆိုရင် ကျွန်မ ရှင့်ကို ဆောင်းဦးလမြို့တော်က နာမည်ကြီးဆိုင် တစ်ဆိုင်ကိုဖိတ်ပါမယ် ဒီအမှတ်တရ စားသောက်ဆိုင်က ဖွင့်ထားတာ ၁၀နှစ်ကျော်ပြီ ဒါပေမဲ့ ဟင်းတွေကတော့ တကယ် အရသာရှိတယ် အထူး သဖြင့် ဝိုင်ပဲ ချိုမွှေးဝိုင် တခြားနေရာမှာရှာလို့မရဘူး” ဘေဂုံအာပြောလေသည်။

ရှီမာယူယူသည် အမှတ်တရစားသောက်ဆိုင် အမည်ကိုကြားသည်နှင့် မှင်တက်သွားလေသည်။ ဒီမှာ လည်း နောက်တစ်ဆိုင်ရှိတာလား။

“သခင်လေးရှီဘာတွေစဉ်းစားနေတာလဲ” ဘေဂုံအာသည် သူမ တွေဝေသွားသည်ကို မြင်သောအခါ  မေးလေသည်။ သူမသည် နားမလည်စွာကြည့်နေသည်။

“ဘာမှမဟုတ်ပါဘူး” ရှီမာယူယူသည် ခေါင်းရမ်းကာ ပြောလိုက်သည် “ကျွန်တော် အမှတ်တရ စားသောက်ဆိုင်မှာ စားခဲ့တာ တော်တော်ကြာပြီဆိုတာကိုတွေးနေတာပါ ကျွန်တော်လည်း အဲအရသာကို လွမ်း  နေတာ”

“ရှင်တို့်ဆီမှာလည်း အမှတ်တရစားသောက်ဆိုင်ရှိတာလား” ဘေဂုံအာ အံ့သြစွာမေးလေသည်။

“ဟုတ်တယ် အမှတ်တရစားသောက်ဆိုင်တွေ အများကြီးရှိသေးတယ် မသိဘူးလား”

ဘေဂုံအာသည် ခေါင်းရမ်းကာ ပြောလေသည် “အမှတ်တရစားသောက်ဆိုင် ကြီးတယ်ဆိုတာပဲ သိ တယ် ကျွန်မက ဆောင်းဦးလမြို့တော်မှာ ငယ်ငယ်ကတည်းကနေခဲ့တာဆိုတော့ ဒီနှစ်၂၀အတွင်းကို တခြား နေရာကို မသွားဖူးဘူး အဲတော့ ကျွန်မ မသိတာ၊ အဲဒါကြောင့် ကျွန်မက အားကောင်းတဲ့ သားရဲပျံစီးပြီး နေရာ အနှံ့ သွားဖို့ကို အမြဲမျှော်လင့်နေခဲ့တာ”

ရှီမာယူယူသည် ဘေဂုံအာအားကြည့်လိုက်သည်။ သူမသည် အပြင်လောကို တစ်ခါမှမရောက်ဖူးသည့် မိန်းမငယ်လေးနှင့် တကယ်တူသည်။ သူမသည် အာဏာပြပြီး အထက်စီးဆန်ကာ မာနာကြီးသော အကျင့်စရိုက်  ဖြစ်ကြောင်းကို နီရဲပျားများပြောမထားပါက သူမသည်လည်း အလိမ်ခံရမည်ဖြစ်သည်။

ခဏအကြာတွင် ရှီမာယူယူနှင့် ဘေဂုံအာတို့သည် အမှတ်တရစားသောက်ဆိုင်သို့ရောက်လေသည်။

ရှီမာယူယူဝင်လာသည်ကို ဆိုင်ရှင်မြင်သည်နှင့် မျက်လုံးများအရောင်တောက်သွားကာ စားပွဲထိုးအား အနောက်ဘက်ခန်းမသို့ သွားရန် အမိန့်ပေးလေသည်။

“သခင်မလေးဘေဂုံ ရောက်ပြီလား ဒီတစ်ခါလည်း သီးသန့်အခန်းယူမှာလား” စားပွဲထိုးသည် ရှေ့တိုး ကာ ရိုကျိုးစွာမေးလေသည်။

“ဟုတ်တယ် အဲဒါပဲပေးပါ” ဘေဂုံထန်သည် ထိုလူအား စကားပြောနေချိန်တွင် အထက်စီးဆန်သော ပုံစံ  ဖြင့် ပြောလေသည် “ငါတို့ ကိုယ့်ဘာသာသွားမယ် မင်းတို့ဆီက အထူးဟင်းကိုသာပေးပါ မင်းတို့ဆီမှာ အကောင်းဆုံးဝိုင် နှစ်ပုလင်းလည်းပေးပါ”

“ကောင်းပါပြီ အထူးဟင်း တစ်ပွဲစီနဲ့ ပထမအဆင့်ဝိုင်နှစ်ပုလင်း” စားပွဲထိုးသည် မီးဖိုဆောင်အတွင်းဝင် သွားလေသည်။

ဘေဂုံအာသည် ရှီမာယူယူအား သူမ၏ အနှစ်သက်ဆုံးအခန်းသို့ ခေါ်သွားလေသည်။ ထိုအခန်းသည် စားသောက်ဆိုင်တွင် အကောင်းဆုံးအခန်းဖြစ်သည်။

ရှီမာယူယူဝင်လိုက်သောအခါ နောက်တစ်ထပ်ရှိနေသေးသည်ကို တွေ့သဖြင့် မေးလိုက်သည် “အခန်း  တွေကအပေါ်မှာလည်းရှိတာလား”

“မဟုတ်ဘူး” ဘေဂုံအာသည် ထိုအထပ်အားကြည့်ပြီး ပြောလေသည် “အဲဒါ ကန့်သတ်နယ်မြေပါ ဧည့်သည်တွေက အဲအပေါ်ထပ်ကိုတက်လို့မရဘူး”

“အဲတော့ ဒီနေရာမှာ အခန်းမကြီးရှိပြီး အခန်းတွေက ဒုတိယအထပ်မှာပေါ့”

“ဟုတ်တယ် ဒီနေရာကသေးပေမယ့် စီးပွားတော့ဖြစ်တယ် နည်းနည်းပဲ ဘုန်းပေးတတ်တဲ့ ဘုန်းကြီး  တွေတောင် ဒီနေရာကို လာတတ်ကြတယ် ဒီအခန်းနဲ့ တခြားအခန်းက အမြဲတမ်းကြိုယူထားကြတာပဲ” ဘေဂုံအာပြောလေသည်။

“ဒါက ရင်မျိုးနွယ်ပိုင်တာလား” ရှီမာယူယူသည် တစ်ဖက်မှအသံထွက်လာသည်ကို ကြားလိုက်သည်။ ထိုလူများသည် မူးနေသည့်ပုံပင်။

ဘေဂုံအာသည် နှုတ်ခမ်းကိုကွေးလိုက်ကာ ထိုနေရာအား ကြည့်ပြီး ပြောလေသည် “မဟုတ်သေးဘူး ရင်မျိုးနွယ်က ကျွန်မတို့်ကို ရန်စရတာကို ကြိုက်တာ ကျွန်မတို့က အခန်းတွေကို ကြိုပြီး ငှားထားလည်း သူတို့က  ဈေးမြင့်ပြီး ကမ်းလှမ်းတယ် မုန်းစရာကောင်းလိုက်တာ”

ရှီမာယူယူသည်လည်း ရင်မျိုးနွယ်အား သိပ်သဘောမကျပေ။ သူတို့သည် အမှန်တကယ်ပင် အတွင်းပိုင်း ကို ဂရုမစိုက်ကြပေ။ သူတို့နှစ်ယောက်သည် အခန်းသို့ဝင်လိုက်ကြသည်။

စားပွဲထိုးသည် လက်ဖက်ရည် အရင်ချပေးလေသည်။ ထိုအရသာသည် အစိမ်းရောင်မြို့တော်မှ အမှတ်တရစားသောက်ဆိုင်နှင့် ဆင်တူသည်။

တစ်ခဏအကြာတွင် စားပွဲထိုးသည် ဟင်းများနှင့် အရည်အသွင်းမြင့် ဝိုင်နှစ်ပုလင်းနှင့် ယူလာလေ သည်။

ခဏအကြာတွင် ရှီမာယူယူ၏ မျက်နှာများနီရဲလာကာ တောက်လာလေသည်။ သူမသည် အမှန် တကယ်ပင် မူးနေသည့်ပုံပေါက်လေသည်။

“သခင်လေး ရှီက တကယ်ပဲမသောက်နိုင်ဘူးထင်တယ် အာလေးက အစကဆင်ခြေပေးတာ ထင်နေ တာ”

“ကျွန်တော်တကယ်ပဲ မသောက်နိုင်ဘူး” ရှီမာယူယူသည် လက်ကိုရမ်းကာ ပြောလေသည်။

ဘေဂုံအာသည် မျက်လုံးများအောက်ချကာ သူမအား ကြည့်ပြီးပြောလေသည် “သခင်လေး ခုနက  အလယ်ပိုင်းဒေသကမဟုတ်ဘူးလို့ ပြောတာ ရှင်ဘယ်မှာနေတာလဲ သိချင်ပါတယ်”

All Chapters