အပိုင်း (၄၈၉) – စည်းမျဉ်း
Vol. 005 Ch. 489
ဘေဂုံအာက သူမမူးနေတုန်းကို သတင်းနှိုက်ဖို့ စီစဉ်ထားတာလား။
ရှီမာယူယူသည် စိတ်ထဲမှ သရော်ကာ ယစ်မူးကာ အဓိပ္ပာယ်မရှိသော စကားများကို ပြောဟန်ဆောင် လိုက်လေသည်။ သူမ ရေရွတ်လိုက်သည် “ငါ့အိမ်လား ငါ့အိမ်က ဒီမှာမရှိဘူး ဟိုးအဝေးကြီးမှာ”
“သိတယ်လေ အလယ်ပိုင်းဒေသမှာမဟုတ်ဘူးလို့ ပြောတယ်လေ” ဘေဂုံအာ ပြောလိုက်သည်။
“အလယ်ပိုင်းဒေသတင်မဟုတ်ဘူး အပြင်ပိုင်းဒေသမှာလည်းမဟုတ်ဘူး” ရှီမာယူယူ ပြောလေသည် “ငါ့မျိုးနွယ်က အပြင်လူတွေ ဖိအားပေးတာနဲ့ မပြောရဘူးဆိုတဲ့ စည်းမျဉ်းရှိတယ်၊ အဲဒါကြောင့် ငါတို့ဘယ်ကလဲ ဆိုတာ ပြောလို့မရဘူး”
သူမပြောသည့်စကားကို ဘေဂုံအာကြားသောအခါ အလွန်ပျော်သွားလေသည်။ ထိုလူ၏ နောက်ခံ သည် ရိုးရှင်းမှုမရှိသည်ကို သူမ ခန့်မှန်းမိသည်မှာ ကြာပြီဖြစ်သည်။ မဟုတ်လျှင် သိမ်းငှက်ဘုရင်ကိုယ်တိုင် သူမ အားခေါ်လာမည် မဟုတ်ပေ။ သို့သော် သူသည် အလယ်ပိုင်းဒေသမှလူဖြစ်သည်ဟု မတွေးခဲ့ပေ။
သူမသည် သူတို့နှင့် ကောင်းမွန်သော ဆက်ဆံရေးတည်ဆောက်ထားပါက ဘေဂုံမျိုးနွယ်သည် ပျံတက် သွားမည်။ သူမသာ သူ၏ မိန်းကလေးဖြစ်သွားပါက သူမသည် အလယ်ပိုင်းဒေသတွက် သွားနေနိုင်မည်။
ထိုအကြောင်းအားတွေးမိသည်နှင့် သူမအသည် အစီအစဉ်ဆွဲတော့သည်။ သူမသည် ဝိုင်ကရားကို ကောက်ကိုင်လိုက်ကာ ရှီမာယူယူအား ခွက်အပြည့်ဖြည့်ပေးကာ ပြောလေသည် “သခင်လေးရှီ ဝိုင်က ကောင်း တယ်မလား”
“မဆိုးဘူး မဆိုးဘူး အရသာက တကယ်ကောင်းတယ်” ရှီမာယူယူသည် ဝိုင်အား တစ်ကျိုက်တည်း သောက်ကာ ပြန်ချလိုက်လေသည်။
ဘေဂုံအာသည် ထပ်ဖြည့်ကာ ရှက်ရွံ့စွာ ပြောလေသည် “ဝိုင်က ကောင်းလား ကျွန်မက ကောင်းလား”
“အာ့”
ရှီမာယူယူသည် ဘေးသို့သွားကာ အန်တော့လေသည်။ သူမသည် အမှန်တကယ်ပင် ပျို့အန်စရာ ဖြစ် လေသည်။ သူမသည် ဗိုက်ထဲမှရှိသမျှ အန်မိတော့မလိုပေ။
သူမသည် အန်ပြီးနောက် ပြောလေသည် “တောင်းပန်ပါတယ် ဒီကဝိုင်က တကယ်ပဲ…”
ရှီမာယူယူ ပျို့အန်သည်ကို တွေ့သောအခါ ဘေဂုံအာသည် မျက်နှာတင်းသွားလေသည်။ သို့သော် တစ်ဖက်လူမှာ ဝိုင်ကြောင့်ဟု ပြောသောကြောင့် ထိုကြောင့်ဟုသာ မှတ်ယူလိုက်ရသည်။ သူမသည် အန် ပြီးနောက် ဆက်မသောက်တော့သည်မှာတော့ နှမြောစရာကောင်းသည်။ ချဉ်စူးသော အရသာသည် အမှန် တကယ်ပင် ပျို့အန်ချင်စရာဖြစ်သည်။
“အာလေးက သခင်လေးရှီကို မူးအောင်လုပ်ပြီး ဒုက္ခပေးမိတယ်ထင်တယ် ကျွန်မတို့ အရင်ပြန်ကြ မလား”
“သွားမယ် သွားမယ်” ရှီမာယူယူသည် မတည်ငြိမ်စွာ မတ်တတ်ရပ်ကာ အပြင်သို့ ယိမ်းထိုးကာ ထွက်သွား လေသည်။
ဘေဂုံအာသည် လက်ဆန့်ထုတ်ကာ သူမအား တွဲလိုက်လေသည်။ သူမသည် မတော်တဆခလုတ် တိုက်ပြီးနောက် တံခါးဖွင့်ကာ ထွက်သွားလေသည်။
သူတို့သည် အောက်ထပ်သို့ရော်ကသောအခါ ဆိုင်ရှင်သည် သူတို့အားမြင်ပြီး အပြုံးဖြင့် ပြောလေသည် “သခင်မလေးဘေဂုံ စားတာဒီလောက် မြန်မြန်နဲ့ပြီးသွားတာလား”
“ဟုတ်တယ် ကျွန်မမိတ်ဆွေက ဝိုင်မသောက်နိုင်ဘူး ကျွန်မအတွက် သားရဲလှည်းခေါ်ပေးပါ” ဘေဂုံအာ သည် ရှီမာယူယူအား ညွှန်ပြရင်း ပြောလေသည်။
“ကောင်းပါပြီ စားပွဲထိုး သခင်မလေးဘေဂုံအတွက် လှည်းတစ်စင်းပြင်ပေးလိုက်ပါ” ဆိုင်ရှင်သည် ရှီမာယူယူအား ဝန်လေးသော အကြည့်များဖြင့် ကြည့်လေသည် “ဒီသခင်ကြီးက မူးနေတာ နောက်မှ မင်းသူ့ကို တွဲသွားပေးလိုက်”
“ကောင်းပါပြီ” စားပွဲထိုးသည် သူ့ပခုံးပေါ်မှ လက်သုတ်ဝတ်ကို ပစ်ကာ ထွက်သွားလေသည်။
စားပွဲထိုးသည် ရှီမာယူယူအား တွဲလာကာ အောက်ထပ်သို့ ယိမ်းထိုးကာ ဆင်းလာလေသည်။ စားပွဲထိုး သည် သူမအား ထူးဆန်းစွာကြည့်ကြည့်နေသည်ကို ခံစားမိသည်။ သို့သော် သူမ ဒီနေရာသို့ ပထမဆုံးရောက် ခြင်းဖြစ်သည်ကို တွေးမိလျှင် ထိုအချက်သည် အရေးပါလှသည်တော့မဟုတ်ပေ။
“သခင်လေးရှီ ကျွန်မ အပြင်ကိုတွဲသွားပေးမယ်” ဘေဂုံအာသည် ရှေ့တိုးကာ ပြောလေသည်။
“မလိုပါဘူး ကျွန်တော် တစ်ယောက်တည်း လျှောက်နိုင်တယ်” ရှီမာယူယူသည် တံခါးပေါက်သို့ ယိမ်းထိုး ကာဆက်သွားပြီး ဝင်လာသော လူတစ်ယောက်နှင့် မတော်တဆ တိုက်မိလေသည်။
“တောင်းပန်…” သူမသည် ထိုလူ၏ အနံ့ကိုရလိုက်သည့်အချိန်တွင် တစ်ခုခုမှားနေပြီဆိုသည်ကို သိ လိုက်သည်။ ထိုအနံ့သည် ရင်းနှီးလွန်းနေသည်။ သူမသည် ခေါင်းမော့လိုက်ရာ ရင်းနှီးသော မျက်နှာကို တွေ့ရ လေသည်။ “စီနီယာအစ်ကို ဒီကိုဘာလာလုပ်တာလဲ”
“မင်းကိုဒါပေးဖို့လာတာ” ဝူလင်းယူသည် ရှီမာယူယူအား တွဲကာ ဘေဂုံအာကို ပြောလိုက်လေသည် “ကျွန်တော် သူ့ကို ခေါ်သွားမယ်နော်”
ပြောပြီးနောက် သူသည် ဘေဂုံအာ၏ အဖြေကိုမစောင့်ပဲ ရှီမာယူယူအား တွဲကာထွက်သွားလေသည်။ ဘေဂုံအာသည် ပြောရန်ဟန်ပြင်သော်လည်း လျစ်လျူအရှုခံလိုက်ရလေသည်။
ဆိုင်ရှင်သည် ဝူလင်းယူအား မြင်သောအခါ ဘာမှမပြောပေ။ သိူသည် ခေါင်းငုံ့ ဟန်ဆောင်ကာ ဝူလင်းယူ အကြည့်ကို ရှောင်လိုက်လေသည်။
ဒုတိယအထပ် လမ်းဘက်မျက်နှာမူထားသော သီးသန့်အခန်းမှ တံခါးပွင့်လာကာ ပြတင်းပေါက်နားတွင် စုံတွဲ တစ်စုံတွဲထိုင်နေလေသည်။ အမျိုးသား၏ မျက်နှာတွင် မျက်နှာဖုံးရှိနေကာ လမ်းပေါ်မှ လူနှစ်ယောက်အား ကြည့်နေလေသည်။ အမျိုးသမီးသည် ပြောလိုက်သည် “အဲဒါ ပညာရှိစံအိမ်တော်က မြင့်မြတ်သောသားတော် ဝူလင်းယူမလား သူက ဒီကို ဘာလာလုပ်တာလဲ လေလံပွဲပါမလို့လား”
“ဒါပေမဲ့ ယူလင်းယူအင်အား ဘယ်လောက်သန်မာလဲဆိုတာ ဘယ်သူမှ သေချာမသိဘူး၊ သူ့ကို ပြဿနာသွားရှာတဲ့သူက စကားတောင်မပြောနိုင်လောက်အောင် ဖြစ်တယ်လို့ ကြားတယ် သူနဲ့ တိုက်ရင် အန္တရာယ်မများဘူးလား” ထိုအမျိုးသမီးသည် စိုးရိမ်စွာ ပြောလေသည်။
“ငါ့အသက်ကလည်း မရှည်ပါဘူး ငါသတ်ရမယ့်သူ တစ်ယောက်သတ်လိုက်ရင် င့ါလက်စားချေမှုက တစ်ခုပြည့်သွားမှာပဲ”
“ရှင်ကတော့… ဟူး…” အမျိုးသမီးသည် သက်ပြင်းချလိုက်လေသည်။ သူမသည် ရှီမာယူယူအား ကြည့် ကာ မေးလိုက်သည် “သူက သူ့ကို စီနီယာအစ်ကိုလို့ခေါ်လိုက်တယ်နော် သူကဘယ်သူလဲ သူ့ကိုလဲ သတ်မှာ လား”
မျက်နှာဖုံးနှင့်အမျိုးသားသည် ရှီမာယူယူ၏ နောက်ကျောကို ကြည့်လိုက်လေသည်။ သူသည် အကြောင်းအရင်းမသိသော်လည်း ရင်းနှီးသလိုခံစားရလေသည်။
ရှီမာယူယူသည် သူမအား တစ်စုံတစ်ယောက်က ကြည့်နေသည်ကို ခံစားမိရာ ခေါင်းမော့ပြီး လှည့် ကြည့်လေသည်။ သူမသည် ထိုစုံတွဲနှင့် ချက်ချင်းပင် မျက်လုံးချင်းစုံသွားလေသည်။
“ဘုံး” သူမ နှလုံးသားတစ်ခုလုံး ကျသွားသလိုပင်။ သူမသည် မျက်နှာဖုံးဝတ်ထားသော အမျိုးသားကို ကြည့်လိုက်ရာ ဘေးပတ်လည်မှာ တိတ်ဆိတ်သွားပြီး သူတို့နှစ်ယောက်ကိုသာမြင်မိတော့လေသည်။
ရှီမာယူယူ သူ့အားကြည့်နေသည်ကို မြင်သောအခါ မျက်နှာဖုံးနှင့် အမျိုးသားသည် မျက်ခုံးများပင့်လိုက် သည်။ သူ့မျက်ခုံးပေါ်မှ မှည့်သည်လည်း မြင့်တက်သွားလေသည်။
ရှီမာယူယူ မလှုပ်သည်ကို ဝူလင်းယူမြင်သောအခါ သူသည် သူမအကြည့်နောက်ကို လိုက်ကြည့်ရာ သူတို့အား ကြည့်နေသော အမျိုးသားကို တွေ့လေသည်။ သူ့နှလုံးသားသည် စတင်ခုန်လာလေသည်။
သူသည် သူမနှင့် ရှင်းမလို့လုပ်သေးသည် အခု သူမက အခြားယောက်ျားလေးကို ကြည့်နေသည်။
ရှီမာယူယူသည် မျက်နှာဖုံးနှင့်အမျိုးသားကို မြင်သောအခါ မျက်လုံးများ နီလာလေသည်။ သူမ နှုတ်ခမ်း များလှုပ်လာကာ တစ်စုံတစ်ခုပြောချင်သော်လည်း မျက်ရည်များသာ ကျလာလေသည်။
“ဘာဖြစ်လို့လဲ” ဝူလင်းယူသည် ရှီမာယူယူရုတ်တရပ် ငိုနေသည်ကို မြင်သည်နှင့် ညင်သာစွာ မေးလေ သည်။
ထိုအခါမှသာ ရှီမာယူယူ သတိပြန်ဝင်လာလေသည်။ သူမသည် စားသောက်ဆိုင်မှ ဘေဂုံအာထွက် လာသည်ကို မြင်သောအခါ လက်ဖြင့် မျက်ရည်များကို သုတ်လိုက်ပြီး ပြောလေသည် “ဘာမှမဟုတ်ဘူး သွား ရအောင်”
သူမလှည့်လိုက်သည်နှင့် ရင်းနှီးသောအသံသည် မှတ်ဉာဏ်ထဲတွင် ကြားယောင်လာသည် “အစ်မ ဒီနေ့ ယုန်ကင်စားရအောင်”
“အစ်မ မြန်မြန်သွားတော့ အစ်မကအသက်ရှင်ရမယ် ကျွန်တော်တို့အတွက် လက်စားချေပေးရမယ်”
သူမ မျက်လုံးများပိတ်လိက်ရာ မျက်ရည်များသည် အထိန်းအကွပ်မဲ့ကျလာလေသည်။ သူမ အနည်း ငယ်လျှောက်လာ အပြီးတွင် နီရဲပျားများ ခေါ်ထုတ်ကာ ပျံလွှတ်လိုက်လေသည်။
“အဲလူက မင်းကိုကြည့်တဲ့အကြည့်က ထူးဆန်းနေတယ်”
မျက်နှာဖုံးနှင့်လူသည် ရှီမာယူယူ၏ နောက်ကျောကိုကြည့်ကာ အခုဖြစ်ပျက်ခဲ့သည်ကို ပြန်တွေးနေလေ သည်။
ထိုအကြည့်… သူမကြည့်လိုက်သည့်အခါတွင် သူ၏ အစ်မကြီးနှင် အလွန်တူသော ခံစားချက်မျိုးရသည်။ သို့သော် ဒီတစ်ခါတွင် သူ့အစ်မ၏ အကြည့်သည် အလိုလိုက်ခံရခြင်းခံရသည့် ပုံမျိုးဖြစ်သည်။ နာကျင်မှုများ ပြည့် မနေပါ။
“ရှင်အဆင်ပြေရဲ့လား” အမျိုးသမီးသည် လက်ဆန့်ထုတ်ကာ သူ့ရှေ့တွင် ရမ်းလိုက်မှပင် သူအတွေးများ ပြန်ယုတ်သွားလေသည်။
“အဆင်ပြေပါတယ်” မျက်နှာဖုံးနှင့် အမျိုးသားသည် သတိပြန်ထိန်းကာ ပြောလိုက်သည် “အဲလူက ဘယ်သူလဲ ငါလည်းမသိဘူး”
ထိုလူသည် သူ၏ အစ်မကြီးမဖြစ်နိုင်ပေ။ သူ့အစ်မသည် သေဆုံးပြီးဖြစ်လေသည်။ သူတို့အကြည့်များ တူသော်လည်း သူမ မဖြစ်နိုင်ပေ။
“အဲလောက်မရိုးရှင်းဘူးမလား သူဘယ်သူလဲဆိုတာ ကျွန်မတို့က အခုမှစုံစမ်းရမယ်လေ” အမျိုးသမီး သည် စာပို့ကြိုးကြာကိုထုတ်ကာ ဝိညာဉ်စွမ်းအင်ထည့်လိုက်သည်။ ပြီးနောက်တွင် သူမသည် စာရွက်အပိုင်းကို ထုတ်ကာ ထည့်လိုက်သည်။ စက္ကူကြိုးကြာသည် အတောင်ပံဖြန့်ကာ ပျံသွားလေသည်။
ရှီမာယူယူသည် အဲနောက်တွင် စိတ်ခံစားချက်မကောင်းမွန်ပေ။ သူမသည် လမ်းလျှောက်ရင်းနှင့် မှိုင်တွေနေသည်။ သူတို့နှစ်ယောက်သည် လမ်းလျှောက်လာကာ ဝူလင်းယူသည်လည်း သူမအား ဂရုမစိုက်ပဲ လမ်းဘေးမှ သစ်ပင်နှင့် သူမဝင်တိုက်သည်ကို ကြည့်နေလိုက်သည်။
“အာ”
ရှီမာယူယူသည် တိုက်မိတော့မှပင် နာသောကြောင့် အသိပြန်ဝင်လာလေသည်။ ထိုမှာသာ သူမသည် လမ်းဘေးတွင်လျှောက်နေသည်ကို သိလိုက်ရသည်။ သူမသည် လှည့်ကြည့်ရာ ဝူလင်းယူ၏ ရယ်မောသံကို ကြားလိုက်ရလေသည်။ သူမသည် လှည့်ပြီး စိုက်ကြည့်လိုက်ရာ သူသည် ရယ်ကွဲတော့လေသည်။