← Chapters

အပိုင်း (၄၉၀) – ဦးလေးနှင့်ပြန်ဆုံခြင်း

Vol. 005 Ch. 490

အပိုင်း (၄၉၀) – ဦးလေးနှင့်ပြန်ဆုံခြင်း

Vol. 005 Ch. 490

ရှီမာယူယူသည် မကျေနပ်သောအကြည့်ဖြင့်ကြည့်ကာ ရှေ့ဆက်သွားသည်ကို ဝူလင်းယူမြင်သောအခါ သူမ နဖူးအား လက်ဖြင့် ပွတ်လိုက်လေသည်။ သူသည် ပြုံးပြီး ပြောလေသည် “နောက်ထပ် အတွေးလွန်ဦးမလား ကြည့်ကြတာပေါ့”

ရှီမာယူယူသည် သူ့အား မျက်စောင်းထိုးကာ လှည့်ပြီးဆက်လျှောက်လေသည်။ သူမသည် သူ့အား စိတ် ထဲမထားတော့ပေ။

သူမ၏ ဒေါသထွက်သောအကြည့်အား တွေးလိုက်မိလျှင် ဝူလင်းယူသည် ပျော်လေသည်။ သူမ  လျှောက်သွားသည်မှာ အဝေးသို့ ရောက်သောအခါ သူမနှင့် အမှီလိုက်ပြီး ဘေးမှလျှောက်လေသည်။

“အဲလူကို မင်းသိတာလား”

သူသည် ထိုလူအကြောင်း ပြောလိုက်ချိန်တွင် ရှီမာယူယူသည် နာကျင်သော ခံစားမှုမျိုးဖြစ်သွားလေ သည်။ သူမ ခေါင်းရမ်းကာ “သိရင်လည်းသိမှာ မသိရင်လည်းမသိဘူး အဲအပြင်မပိုဘူး”

ထိုအချိန်က အခြေအနေတွေက အရမ်းဆိုးခဲ့တာ။ သူဘယ်လိုလုပ် အသက်ရှင်နေနိုင်တာလဲ။

သို့သော် သူမ သူ၏ ရင်းနှီးသောအကြည့်များနှင့်အတူ သူ၏ မှည့်ကိုမြင်လိုက်သော ခံစားမှုသည် သူမ၏  မျှော်လင့်ချက်ကို ဖြစ်စေသည်။ သူအသက်ရှင်သေးရင် ဘယ်လိုလုပ်မလဲ။

ထိုလူသည် သူဖြစ်ပါစေဟု သူမ ဆုတောင်းမိသည်။ တစ်ချိန်တည်းမှာပင် ဖြစ်နိုင်ချေမရှိခြင်းကို ခံစားရ သည်။ သူမအိပ်မက်များသည် လက်တွေ့နှင့် ရောထွေးလာသည်။

သူမသည် အံ့ဖွယ်အဆင့်တက်ချိန်မှစပြီး ပြောင်းလဲလာသည်ကို ဝူလင်းယူခံစားမိသည်။ သူမ၏ မျက်လုံးများသည် မုန်းတီးမှုများနှင့် နာကျင်ခြင်းများ ရှိလာသည်။ ထို့အပြင် သူမ၏ လူသတ်ချင်သည့် ရောင်ဝါ သည်လည်း အရင်ထက်ပိုထူထပ်လာသည်။

“ဟုတ်သားပဲ ခင်ဗျားဒီကို ဘာလို့လာတာလဲဆိုတာ မပြောရသေးဘူး”  ရှီမာယူယူ မေးလိုက်သည်။

“ငါကတံခါးပိတ်ကျင့်ကြံနေခဲ့တာ ငါထွက်လာလို့ သိတာနဲ့ ရောက်လာတာပဲ” ဝူလင်းယူ ပြောလေသည် “မင်းကိုပေးလိုက်တဲ့ အိမ်မြောင်က အံ့ဖွယ်နတ်ဆိုးတောင်ကြားကို တည့်တည့်ရောက်အောင် ပို့ပေးနိုင်တယ်  လေ  ဘယ်လိုဖြစ်လို့ တခြားပြည်နယ်တွေရောက်သွားတာလဲ၊ ငါအစောကြီးကတည်းကသိရင် ငါကိုယ်တိုင် ခေါ် သွားပေးပါတယ်”

သူ ထိုအကြောင်းအား ပြောလိုက်သည့်အခါတွင် ရှီမာယူယူသည် အကူအညီမဲ့စွာ ပြုံးုလိုက်သည် “ကျွန်တော် မသိဘူးမထင်နဲ့ ခင်ဗျားဝိညာဉ်က မတည်ငြိမ်သေးဘူး ဒီရှေးဟောင်းကမ္ဘာဦးနယ်မြေတွေမှာပဲ  လျှောက်သွားလို့ရမယ် ခင်ဗျားက အနိမ့်တိုင်းပြည်တွေသွားချင်ရင်တောင် မလွယ်ဘူး ပြီးတော့ ကျွန်တော်က ခင်ဗျားကို အနှောင့်အယှက်မပေးချင်လို့ အိမ်မြောင်သုံးပြီး အံ့ဖွယ်နတ်ဆိုးတောင်ကြားကိုသွားတာ… ဒီလိုမျိုး အဖြစ်တွေကြုံရပြီး နေရာစုံသွားနေရမယ်လို့ ဘယ်သူထင်မှာလဲ… လေဟာပြင်တွေပျံ့သွားပြီး ကျွန်တော်သွား မယ့်လမ်းကလည်း ပျက်စီးသွားတယ် အဲဒါကြောင့်ပဲ ကျွန်တော် အံ့ဖွယ်နတ်ဆိုးတောင်ကြားကို မသွားခင်ကို ဒီရောက်နေတာပဲ”

သူမ မှတ်ဉာဏ်များကို ပြန်ရသောအခါ အနိမ့်ပိုင်းတိုင်းပြည်မှ ဥပဒေကြောင့် ပိတ်ပင်မှုရနေခဲ့သည်ကို ပြန်တွေးမိလေသည်။ လူတစ်ယောက်သည် အချိန်ကွာခြားမှုလေဟာပြင်ကိုသွားမည်ဆိုလျှင် အလွန်ခက်ခဲ သည်။ အဆင့်နိမ့်သော နယ်မြေ၏ လုပ်နိုင်စွမ်းအရ အားအကောင်းဆုံးနှင့် အသန်မာဆုံးကို ပိတ်ပင်ထားသော စည်းမျဉ်းရှိသည်။ ဖိနှိပ်မှုများသည်လည်း သက်ရောက်မှုအရှိဆုံးဖြစ်သည်။ အထူးသဖြင့် လိပ်ပြာမပြည့်စုံသော ဝူလင်းယူအတွက် သက်ရောက်မှုရှိသည်။ ထိုနေရာသို့ သွားရန်အလွန်ခက်ခဲသည်။

ရှင်းပြရမည်ဆိုလျှင် အရင်ကတိုင်းပြည်ကို သွားခြင်းသည် ဖရဲသီးနှင့်တူသည်။ အနိမ့်ပိုင်းတိုင်းပြည်ကို သွားချင်လျှင် ဓားသုံးပြီးနောက် အမာဆုံးအပိုင်းကို ဖြတ်ပစ်ရသည်။ အခက်အခဲများကို တိုးမလာစေရန် ဖြစ် သည်။

ထို့အပြင် သူမသည် အံ့ဖွယ်နတ်ဆိုးတောင်ကြားသို့ သွားရာလမ်းတွင် အိမ်မြောင်ကိုသာသုံးချင်ပြီး သူ့ အား ဒုက္ခမပေးချင်ပေ။ သူမသည် သူမဘာသာသွားနိုင်သည်။ ဒီလောက် ကံဆိုးလိမ့်မည်ဟု ဘယ်သူမှ ထင် မထားပေ။ သူမသည် နှစ်တစ်ရာမှ တစ်ခါမဖြစ်သော ကိစ္စများကိုသာ ကြုံတွေ့ခဲ့ရသည်။

သူမ ထိုအကြောင်းအရာကို သိလိမ့်မည်ဟု ဝူလင်းယူထင်မထားပေ။ သို့သော် သူမသည် သေချာ စဉ်းစားပြီးမှပင် ငြင်းဆန်ခြင်းဖြစ်သည်။

“ဒါဆိုရင် အံ့ဖွယ်နတ်ဆိုးတောင်ကြားကို အခုသွားချင်လား”

“အခုတော့ မသွားနိုင်သေးဘူး” ရှီမာယူယူ ခေါင်းရမ်းလိုက်လေသည် “ဘေဂုံထန်ရဲ့ ကိစ္စရှင်းလို့ မပြီး  သေးဘူး အဲကိစ္စရှင်းပြီးသွားရင် ရွန်းယွမ်ဆိုင်သွားပြီး လေလံပွဲကိုဝင်ပါချင်တယ် ကောင်းကင်ဂိုဏ်းက  ကျောင်းသားအသစ်တွေ စုဆောင်းနေတယ်ကြားတယ် ကျွန်တော်သွားပြီးကြည့်ချင်တယ်”

သူမသည် နယ်နိမိတ်များ သတ်မှတ်သည့် ပညာကို သင်ကြားပြီး ကောင်းကင်ဂိုဏ်းသည် မည်မျှ အင်အားကြီးကြောင်းကို သိချင်သည်။ ထို့ကြောင့်ပင် သူမ ကြိုးစားကြည့်ချင်သည်။

“ကောင်းကင်ဂိုဏ်းက တကယ်ပဲ မဆိုးဘူး၊ အပြင်ပိုင်းဒေသမှာဆိုပေမယ့် အံ့ဖွယ်နတ်ဆိုးတောင်ကြား ရဲ့ အဆင့်အောက်မရောက်ဘူး အဲမှာ အင်အားကောင်းတဲ့ဆရာတွေလည်းရှိတော့ အဲသွားပြီးခဏလောက်  နေတာက အကျိုးရှိမှာပါ ငါအံ့ဖွယ်နတ်ဆိုးတောင်ကြားသွားတော့ မင်းအပြင်ပိုင်းဒေသမှာဆိုတာ ဆရာက သိနေ တယ်၊ မင်းအခွင့်အရေးရမယ်ဆိုရင် ကောင်းကင်ဂိုဏ်းကို သွားကြည့်သင့်တယ်လို့တောင် သူပြောနေသေးတယ် အဲဒီက ရေကြက်အိုကြီးတွေက အံ့ဖွယ်နတ်ဆိုးတောင်ကြားနဲ့လည်း ရင်းနှီးတယ်လေ” ဝူလင်းယူ ပြောလေ သည်။

“ကျွန်တော်က ကောင်းကင်ဂိုဏ်းကိုသွားချင်တယ်လို့ မပြောရင်တောင် ခင်ဗျားက သွားဖို့ ပြောမှာပဲ မလား” အဘိုးနတ်ဆိုးသည်လည်း ကောင်းကင်ဂိုဏ်းသို့ ဝင်ရန် ပြောလာမည်ဟု ရှီမာယူယူ ထင်မထားမိပေ။

“လမ်းကြုံနေလို့လေ” ဝူလင်းယူ ပြောလေသည် “မင်း အံ့ဖွယ်နတ်ဆိုးတောင်ကြားကို တိုက်ရိုက်သွားရင် ဒီလိုရောက်လာစရာအကြောင်းမရှိဘူး ဒါပေမဲ့ ဒီရောက်နေမှတော့ အတွေ့အကြုံရတာပိုကောင်းတာပေါ့”

ရှီမာယူယူသည် ဆွံ့အသွားလေသည်။ သူမသည်လက်ရှိတွင် အားနည်းနေသေးသည်ကို သူမသိသည်။ သို့သော် သူမ အသက်အရဆိုလျှင် မဆိုးလှပေ။ သူမသည် ပြောင်မြောက်လှသည်မဟုတ်သော်လည်း အသက် ၂၀ကျော်နှင့် အံ့ဖွယ်အလယ်အလတ်အဆင့် ရောက်နေပြီဖြစ်သည်။ ပါရမီနှင့် မွေးဖွားလာသူများအပြင် သူမ သည်လည်း အားကောင်းသည်ဟု သတ်မှတ်၍ရသည်။

သို့သော် အဘိုးနတ်ဆိုးပင်လျှင် ကောင်းကင်ဂိုဏ်းကို အဆင့်မြင့်သည်ဟု သတ်မှတ်သည်။ ထိုသည်မှာ သူမကို ထိုနေရာတွင် လေ့လာစေလိုခြင်းကို ပြသနေသည်။

သူတို့နှစ်ယောက်သည် တည်းခိုနေသော တည်းခိုဆောင်သို့သွားလေသည်။ ဘေဂုံထန်နှင့် တခြား သူများသည် ရှီမာယူယူပြန်လာသည်ကို တွေ့သောအခါ အံ့သြကြလေသည်။ သို့သော် သူမနောက်မှ လျှောက် လာသော ဝူလင်းယူအား မြင်လိုက်သောအခါ နားလည်သွားကြလေသည်။

“ငါတို့အစက ဆေးပို့မယ့်သူကို ကျိရွှီကိုလုပ်ခိုင်းမလို့ ဒါပေမဲ့ အခုစီနီယာအစ်ကိုရောက်လာပြီဆိုတော့ ကျိရွှီသွားစရာမလိုတော့ဘူး” ရှီမာယူယူ ပြောလေသည် “မနက်ဖြန်ကျရင် စီနီယာနဲ့ ငါနဲ့ ဘေဂုံမျိုးနွယ်ကို သွား မယ် အဲဒါပြီးတာနဲ့ နင်ကလာပြီး သူတို့ကို ဗြောင်ပဲမေးရမယ် သူတို့ဝန်မခံဘူးဆိုရင် အားလုံးရှေ့မှာ ခေါ်ပြမယ် ဒါပေမဲ့ အရေးကြီးတာ တစ်ခုရှိတယ် နင်ဘေဂုံမျိုးနွယ်ကိုဝင်လို့မရဘူး အပြင်မှာပဲစောင့်ရမယ် ဝင်လိုက်တာနဲ့  ဘေဂုံမျိုးနွယ်က နင့်ကိုသတ်ဖို့ နည်းလမ်းမျိုးစုံသုံးလိမ့်မယ် နင်အပြင်မှာနေတယ်ဆိုရင် ပတ်ဝန်းကျင်ရဲ့ အာရုံ စိုက်တာကိုခံရပြီး ဘေဂုံမျိုးနွယ်ကလည်း သိသာအောင် မလုပ်ရဲဘူး”

“ကောင်းပြီ” ဘေဂုံထန် သဘောတူကာ ခေါင်းညိတ်လေသည် “ဟုတ်သားပဲ ငါတို့ ဒီနေ့အပြင်ထွက်  တော့ ရင်မျိုးနွယ်တွေနဲ့တွေ့တယ်”

“စကားများလာလို့လား” ရှီမာယူယူသည် မျက်ခုံးပင့်လိုက်သည်။ ဒီအချိန်တွင် သူတို့သည် ရင်မျိုးနွယ်န နှင့် ပဋိပက္ခဖြစ်လျှင် မကောင်းပေ။

“မဖြစ်ပါဘူး” ဘေဂုံထန် ခေါင်းရမ်းလိုက်သည် “ဒါပေမဲ့ ဘေးကနေနားထောင်ကြည့်တာ ငါ့အမေရဲ့  မောင်ပြန်လာပြီလို့ ကြားတယ် ငါတို့သာ သူနဲ့တွေ့ဖို့အခွင့်အရေးရမယ်ဆိုရင် သူသေချာပေါက်ကူညီပေးမှာပဲ နင့်အရဲ့ အစီအစဉ်တွေကို အနှောင့်အယှက်ဖြစ်မှာစိုးလို့ နင့်ကိုအရင်ပြောပြတာ”

“ရင်မျိုးနွယ်က တခြားသူတွေကရော သူတို့ုကို ဘယ်လိုလုပ်မယ် စိတ်ကူးလဲ”

“အဲဒါကတော့ ငါ့အမေနဲ့ မောင်လေးကို ကယ်ပြီးမှာပဲ ထပ်ပြောကြတာပေါ့” သူမသည် မျိုးနွယ်အား စိတ်ထဲမရှိပေ။ သူတို့သည် သူမနှင့် ပြန်ပြေလည်လိုသည်ဖြစ်စေ သူမအတွက် ကိစ္စမရှိပေ။ သူတို့သည် အမေ၏ ဆုံးဖြတ်ချက်ကို စောင့်ရုံသာဖြစ်သည်။

“နင့်ဦးလေးက နင့်အမေပေါ်မှာ စိတ်ရင်းအမှန်ှရှိတယ် သူ့အကူအညီယူပြီး ဘေဂုံမျိုးနွယ်ကို တိုက်မယ် ဆိုရင် အသုံးဝင်မှာပါ” ရှီမာယူယူ ပြောလေသည် “ဒါဆိုရင် ဒီနေ့ကို သူ့ကိုရှာကြတာပေါ့”

“ကောင်းပြီ” ဘေဂုံထန်သည် ပြုံးပြီး ပြောလေသည်။

ညရောက်သောအခါ ဘေဂုံထန်၊ ရှီမာယူယူနှင့် ဝူလင်းယူတို့သည် တည်းခိုဆောင်မှထွက်ကာ  မြောက်ပိုင်းရှိ ရင်မျိုးနွယ်သို့ သွားလေသည်။

ရင်ဟောင်သည် အိမ်တွင် ကျင့်ကြံနေကာ သူ့အားကြည့်နေသည်ကို ခံစားမိလေသည်။ လူသတ်ချင် သည့်အကြည့်တော့မဟုတ်ပေ။

သူသည် မကျလုံးဖွင့်ပြီးကြည့်ရာ သားရဲပျံသည် လေတွင်ပျံကာ သူ့အားကြည့်နေသည်ကို မြင်လိုက်ရ  လေသည်။

သူသည် အိမ်ဝန်းကျင်အား အတားအဆီးလုပ်ကာ ကျင့်ကြံလေသည်။ ဒီကောင် ဘယ်လိုဝင်လာတာလဲ။

“ခင်ဗျားကရင်ဟောင်လား” ဟိန်းသံလေး မေးလေသည်။

“မင်းက ငါ့အိမ်ထဲတောင်ရောက်နေပြီ မေးစရာလိုသေးလို့လား” ရင်ဟောင်သည် ဟိန်းသံလေးအား ကြည့်လေသည်။ သူသည် သူ့အားအနာတရဖြစ်အောင်လုပ်မည့်သူမဟုတ်သည်ကို သေချာသောကြောင့် မစိုးရိမ်ပေ။

“လူတစ်ယောက်က ခင်ဗျားကို တွေ့ချင်နေတယ်” ဟိန်းသံလေး ပြောလေသည်။

“ဘယ်သူလဲ”

“အဲလူကိုတွေ့ရင် ခင်ဗျားပျော်မှာပဲ မတွေ့ရင်တော့ နောင်တရလိမ့်မယ်” ဟိန်းသံလေးသည် လှည့် ထွက်ကာ ပြောပြီးနောက် ပျံထွက်သွားလေသည်။

ရင်ဟောင်သည် ရှင်းလင်းစွာ မြင်လိုက်ရသည်။ ဝိညာဉ်သားရဲသည် အတားအဆီးနှင့်တွေ့သောအခါ အတားအဆီးသည် ညင်သာစွာပင် ပွင့်သွားကာ ဝင်ထွက်၍ရသည်။ ခေတ္တမျှ စဉ်းစားပြီးနောက် သူလိုက်သွား လေသည်။

All Chapters