Vol. 005 Ch. 491
Vol. 005 Ch. 491
အပိုင်း (၄၉၁) – မင်းဘယ်သူလဲ
ရင်ဟောင်သည် ဟိန်းသံလေးနောက်လိုက်ကာ ရင်မျိုးနွယ်အနီးအနားရှိ လမ်းကြားသို့ ဆင်းလာလေ သည်။ သူဝင်လိုက်သည်နှင့် လူသုံးယောက်စောင့်နေသည်ကို တွေ့လိုက်သည်။ တစ်ယောက်ကိုတော့ သူသိ သည်။ ပညာရှိစံအိမ်တော်မှ မြင့်မြတ်သောသားတော်….
တခြားနှစ်ယောက်ကိုတော့ သူ မသိပေ။ သူတို့သည် ငယ်ရွယ်ပုံပေါက်သောကြောင့် သူ့ကိုလည်း မသိ တာဖြစ်နိုင်သည်။ သူ့ကိုရှာတာ ဝူလင်းယူလား။
“ငါ့ကိုဘာလို့ရှာတာလဲ”
“ကျွန်တော်တို့ ဦးလေးကိုပြောစရာရှိလို့ပါ ရင်လန်အသက်ရှင်နေသေးတယ် ဒါပေမဲ့ သူမက အချုပ်ခံ ထားရတယ်” ရှီမာယူယူသည် ရင်ဟောင်အား ကြည့်လိုက်သည်။ သူမသည် သူ့အမူအရာကို အနီးကပ် အကဲခတ် ကြည့်ရာ သူသည် အံ့သြကာ ပျော်ရွှင်သွားသည်ကို တွေ့လိုက်ရသည်။ သူသည် ပျော်ရွှင်မှုတစ်ဖက်တွင် သူမ အား စိုးရိမ်နေပြန်သည်။
“တကယ်ပြောနေတာလား” ရင်ဟောင်သည် သူတို့အား ကြည့်ပြီးပျော်သွားပြီးနောက် ထိန်းလိုက်လေ သည်။ သူသည် သူတို့သုံးယောက်ကို သံသယဖြင့် ကြည့်လိုက်လေသည် “အဲဒါကို င့ါကိုဘာလို့ပြောပြတာလဲ”
“ဦးလေးအကူအညီကို ကျွန်တော်တို့လိုတယ်” ရှီမာယူယူ ပြောလိုက်သည်။
“မင်းတို့က ပညာရှိစံအိမ်တော်က မြင့်မြတ်သောသားတော်နဲ့ အတူရှိပေမယ့် မင်းတို့စကားကို ငါ ဘယ်လို ယုံရမှာလဲ” ရင်ဟောင် မေးလေသည်။
“ရင်လန်မှာ သားနဲ့ သမီးရှိတာ သိမှာပါ သမီးက လူတစ်ယောက်ကူညီတာနဲ့ ဘေဂုံမျိုးနွယ်ကနေ ထွက် ပြေးသွားနိုင်ခဲ့တယ်” ရှီမာယူယူ ပြောလေသည်။
ရင်ဟောင်သည် မျက်ခုံးများပင့်သွားလေသည်။ ရှီမာယူယူသည် ထိုအရာအားသိ ထားသည်။ သူမသည် ရင်လန်တို့နှင့် ရင်းနှီးသောလူမဟုတ်သည့်လူ၊ တခြားအဖွဲ့အစည်း တစ်ခု၏ လူဖြစ်ပါက သူမသည် အန္တရာယ်များ သည်။
ရှီမာယူယူသည် ဘေဂုံထန်ကို ကြည့်ကာ မေးလိုက်သည် “နင်ဘယ်သူလဲဆိုတာ မပြော တော့ဘူးလား”
ဘေဂုံထန်သည် အသက်ကိုရှုသွင်းကာ ပြောလေသည် “ကျွန်မက အဲနှစ်က ထွက်ပြေး သွားတဲ့ရင်လန်ရဲ့ သမီးပါ”
“မင်းကထန်လေးလား ရင်လန်နဲ့လည်းမတူဘူး ဘယ်လိုသက်သေပြမှာလဲ” ရင်ဟောင် သည် သံသယ ဖြင့် မေးလေသည်။
ဘေဂုံထန်သည် သူမ မျက်နှာအားကိုင်ကြည့်ကာ မျက်လုံးထဲတွင် မုန်းတီးမှုများ ဖြတ်ပြေးသွားလေ သည်။ အဘယ့်ကြောင့်ဆိုသော် သူမသည် အဲလူနှင့် အလွန်တူ သောကြောင့်ပင်။
“အရင်က အမေပြောဖူးတယ် ရင်မျိုးနွယ်မှာဆိုရင် ဦးလေးက သူမနဲ့ ဆက်ဆံရေး ကောင်းတယ်ဆိုပြီး တစ်ခါက ဦးလေးက သူမကိုခေါ်ပြီး အပြင်မှာထွက်ကစားတာ တောင်ထဲကို သွားတော့ မြွေအကိုက်ခံရတယ်လေ ဦးလေးကို အမေကပဲ မြွေဆိပ်ထုတ်ပေးခဲ့တာ၊ အဲဒါကြောင့်ပဲ ဦးလေးက အကြီးအကဲတွေဆူတာကို ခံလိုက်ရ သေးတယ် ပြီးတော့ ဦးလေးငယ်ငယ်တုန်းက မိသားစုကမွေးထားတဲ့ ကြက်တူရွေးကိုကင်လိုက်သေးတယ် အဲဒါ က ဦးလေးရဲ့ ဦးလေးအချစ်ဆုံး ကြက်တူရွေးလေ အဲဒါက ဦးလေးနဲ့အမေနဲ့ပဲ သိတာပဲ…”
“ရပြီ” ရင်ဟောင်သည် ဘေဂုံထန်အား စိတ်လှုပ်ရှားစွာကြည့်လိုက်သည်။ ထိုအခါမှပင် သူမမျက်လုံးများ သည် သူ့ညီမနှင့် တူသည်ကို တွေ့လိုက်ရလေသည်။ သူသည် ရှေ့ထွက်လာကာ သူမအား ဖက်လေသည် “အဲနှစ်က ဦးလေးပြန်လာတော့ သမီးကေ ပျောက်သွားပြီး သမီးအမေနဲ့ မောင်လေးက သေသွားပြီလို့ ဦးလေးကို ဘေဂုံမျိုးနွယ်က ပြောခဲ့တယ်၊ အဲကတည်းက သမီးတို့နဲ့ ဘေဂုံမျိုးနွယ်နဲ့ ဆက်ဆံရေးမကောင်းဘူး ဆိုတာ မှန်းမိတယ် နောက်တော့ ဘာတွေဖြစ်ခဲ့လဲဆိုတာ သိခဲ့ပေမယ့် စောစောပြန်မလာနိုင်ခဲ့ဘူး သမီးကို ခံစား စေခဲ့တယ်”
“ဦးလေး အမေက အသက်ရှင်နေသေးတယ်၊ ဦးလေးက ပြဿနာရှာမှာစိုးလို့ အမေနဲ့ မောင်လေး သေ သွားပြီလို့ သူတို့ပြောခဲ့ကြတာ” ဘေဂုံထန်သည် အမေမှလွဲပြီး သူမအား မဖက်ဖူးခဲ့သဖြင့် ရှက်ရွံ့စွာ ပြောလေ သည်။
“တကယ်ပဲလား သမီးအမေအသက်ရှင်သေးတယ်ပေါ့”
“သမီးတို့ စုံစမ်းပြီးသွားပါပြီ ဟိန်းသံလေးက အမေနဲ့တွေ့ပြီးပါပြီ သူမအသက်ရှင်တာ သေချာပါတယ်” ဘေဂုံထန် ပြောလေသည်။
“ဘေဂုံမျိုးနွယ်ကို အခုပဲသွားရအောင် သူတို့ကို ခေါ်ထုတ်ခိုင်းရမယ်” ရင်ဟောင်သည် ဘေဂုံထန်အား ဆွဲကာ သွားရန် ဟန်ပြင်သည်။
“ဦးလေး မလောပါနဲ့ အခုသွားမယ်ဆိုရင် သူတို့က သေချာပေါက်ငြင်းမှာပဲ” ဘေဂုံထန် ပြောလေသည်။
“ဒါပေမဲ့ သမီးရဲ့ အမေနဲ့ မောင်လေးက ဘေဂုံမျိုးနွယ်မှာလေ…”
“သမီးတို့ အစီအစဉ်ဆွဲပြီးပါပြီ အမေနဲ့မောင်လေးကို သေချာပေါက် ကယ်မှာပါ” ဘေဂုံထန် ပြောလိုက် သည်။ “သမီးတို့ ဦးလေးကို ရှာရတာက အကူအညီတောင်းစရာရှိလို့ပါ”
“ဦးလေးကို ဘာလုပ်စေချင်တာလဲ ပြောလိုက်ပါ…”
တစ်နာရီအကြာတွင် ရင်ဟောင်သည် ရင်မျိုးနွယ်သို့ပြန်ကာ သူတို့သုံးယောက်သည် တောင်ပိုင်းသို့ ပြန် လေသည်။ ရှီမာယူယူသည် အကွာအဝေးကို တွက်ထားလို့သာ တော်သေးသည်။ မဟုတ်လျှင် သူတို့သည် သားရဲပျံသာစီးမသွားပါက တောင်နှင့်မြောက်ကူးရင်း တစ်ညကုန်သွားနိုင်သည်။
ရှီမာယူယူသည် တစ်ယောက်လက်တစ်ယောက်ကိုင်ထားသောကြောင့် ဘေဂုံထန်နှင့် ဝူလင်းယူတို့ သည် တစ်နေရာထဲပင် အတူရောက်လာသည်။ ထိုနည်းလမ်းသည် အခြေခံ အဆင့်ဖြစ်သော်လည်း ရင်ဟောင် နှင့် စကားပြောသော အချိန်ပါထည့်တွက်လိုက်လျှင် တစ်ညလုံးတော့ မကုန်ဆုံးလိုက်ပေ။
ရှီမာယူယူသည် လေဟာပြင်တစ်ခုနှင့်တစ်ခု အကွာအဝေးကို မြင်ပြီးသားဖြစ်လေသည်။ တကယ်တော့ ပျံသန်းခြင်းအဆင့် ဆင့်ကဲဖြစ်စဉ်တစ်ခုသာဖြစ်သည်။ ထိုအချိန်တွင် ဒီလောက်ကောင်းမည်ဟု သူမ ထင်မထား ပေ။ သို့သော် ကိုယ်တိုင်ကြုံတွေ့ပြီးနောက်တွင် ကောင်းသော နည်းလမ်းဖြစ်သည်ကို တွေ့လိုက်ရလေသည်။
သူမ မြို့တောင်ပိုင်းသို့ရောက်သည်နှင့် နှစ်ယောက်လုံးကို လွှတ်ကာ ပြောလေသည် “နင်တို့နှစ်ယောက် လုံး အရင်ပြန်နှင့်ကြ”
“ယူယူ ငါတို့နဲ့ ပြန်မလိုက်ဘူးဆိုတော့ ဘယ်သွားမလို့လဲ” ဘေဂုံထန် မေးလေသည်။
“ငါ့ကိစ္စလေးရှင်းစရာရှိလို့” ရှီမာယူယူသည် ပျံသန်းကာ ထွက်သွားလေသည်။
ဝူလင်းယူသည် သိသည့်သဘောဖြင့် သူမအရိပ်ကို ကြည့်နေသည်ကို ဘေဂုံထန် မြင်သောအခါ မေး လေသည် “သူမ ဘယ်သွားလဲဆိုတာ သိလား”
“သိတယ်” ဝူလင်းယူသည် တိုးညင်းစွာ ဖြေလေသည်။
“ဒါဆို လိုက်မသွားဘူးလား”
“သူမ တစ်ယောက်တည်းသွားချင်တယ်လို့ပြောတယ်လေ ငါလိုက်မယ်လို့ပြောရင် တောင် အလိုက်ခံမှာ မဟုတ်ဘူး” ဝူလင်းယူသည် ပြောပြီးနောက်တွင် တည်းခိုးဆောင်သို့ ဝင်ကာ ရှီမာယူယူ နေထိုင်ခဲ့သော အခန်းသို့ သွားလေသည်။
သူမအား ထိုကိစ္စများကို အခုချိန်တွင် မမေးသော်လည်း တစ်နေ့တော့ သူမ ပြောလာမည်ဟု သူ ယုံကြည်သည်။
ရှီမာယူယူသည် လမ်းတစ်လျှောက်လာကာ တည်းခိုဆောင်တစ်ခုရှေ့တွင် ရပ်လိုက် သည်။ သူမသည် မီးလင်းနေသော အခန်းအားကြည့်ကာ တိတ်ဆိတ်နေမိသည်။
“ဖန်လေး…” သူမသည် ပြတင်းပေါက်မှထိုးထွက်နေသော အရိပ်အားကြည့်ကာ တိုးညင်းစွာ ရေရွတ်မိ လေသည်။
“ယူယူ အဲလူကတကယ်ပဲ ဖန်လား” ဟိန်းသံလေးသည် အနက်ရောင်အမွေးနှင့် ပင်ရှိသေးသည်။ သူသည် ထိုအတိုင်းရှိမှသာ ဖြေရှင်းနိုင်မည်ဟု ရှီမာယူယူ ပြောခဲ့သည်။
ထိုပုံစံသည် ရုပ်ဆိုးကာ ကြည့်မကောင်းပေ။ သူသည် သူ့အရင်ပုံစံအဖြူရောင် အမွေးကိုသာ ကြိုက် သည်။
သို့သော် ရှီမာယူယူ၏ အခုလက်ရှိခံစားချက်ကို သူသိသဖြင့် မပြောရဲပေ။
“ဖန်လေးရဲ့ အနံ့ကိုမင်းရလား”
ဟိန်းသံလေးသည် ခေါင်းရမ်းလေသည်။ သို့သော် သူ၏ မည်းနက်နေသော ခေါင်းသည် အမှောင်ထဲ တွင် မမြင်ရပေ။
“အနံ့ကလည်း မတူဘူး…” ရှီမာယူယူသည် ခေါင်းပြန်မော့ကာ အရိပ်အား ပြန်ကြည့်လေသည်။ သူမ မျက်လုံးများသည် စိတ်ပျက်မှုများ ပြည့်နေသည်။
လူတစ်ယောက်သည် အသွင်အပြင်နှင့် အသံကို ပြောင်းနိုင်သော်လည်း အနံ့ကိုပြောင်းရန် ခက်သည်။
“သခင်လိုမျိုး ပြောင်းနိုင်တဲ့တစ်ခုခုကို ယူလာလို့နေမှာပေါ့၊ သူ့အနံ့ကိုပြောင်းနိုင်တာ မျိုးလေ” ဟိန်းသံလေး ရှင်းပြလေသည်။
ရှီမာယူယူ မှင်တက်သွားလေသည်။ ထိုအခါမှပင် သူမအနံ့ပြောင်းစေရန် ဝူလင်းယူ သူမအား လက်စွပ် ပေးခဲ့သည်ကို သတိရသွားသည်။ ဖြစ်နိုင်သည်မှာ တစ်ဖက်လူမှာလည်း ထိုအရာမျိုးရှိ သောကြောင့် ဟိန်းသံလေးမမှတ်မိတာ ဖြစ်နိုင်သည်။
“ဘုန်း”
ပြတင်းပေါက်သည် ရုတ်တရက်ပွင့်သွားကာ သူမသည် မျက်နှာဖုံးနှင့် လူနှင့် အကြည့်ချင်း ဆုံမိပြန်သည်။
သူမ အပြင်မှာရှိသည်ကို သူသိနှင့်ပြီးသားဖြစ်သည်။ သို့သော် ထိုလူသည် ဘာကြောင့် ထိုကဲ့သို့ ထူးဆန်းသော ခံစားချက်မှုမျိုးပေးသည်ကို မသိတော့ပေ။ ထို့ကြောင့်ပင် သူ မလှုပ်ရှားခြင်းဖြစ်သည်။
“ဖန်လေး…မင်းလား” ရှီမာယူယူသည် သူမကိုယ်သူမ ရေရွတ်လေသည်။
မျက်နှာဖုံးနှင့် အမျိုးသားသည် အံ့သြသွားကာ ရုတ်တရက်အကြည့်များ ပြောင်းသွားလေသည်။ သူသည် အိမ်မှ ချက်ချင်းပင် ပျံဆင်းလာကာ ရှီမာယူယူဘေးတွင် ဆင်းသက်လိုက်သည်။ သူသည် သူမ လည်ပင်းအား ချက်ချင်းဆုပ်ကိုင်လိုက်သည်နှင့် သူ့ပတ်လည်မှ အပူချိန်များ ကျဆင်းသွားလေသည်။
“မင်းဘယ်သူလဲ” သူ၏ အက်ကွဲသောအသံသည် ဖိအားပေးကာ မေးမြန်းလေသည်။