Chapters

ဒုတိယမြောက်တပည့် ၂

Vol. 55 Ch. 850

ဒုတိယမြောက်တပည့် ၂

Vol. 55 Ch. 850

ဤ ရက်စက်ကြမ်းတမ်းသော ကမ္ဘာကြီး၌ ထိုကိစ္စမျိုးကဖြစ်နေကျဖြစ်၏။ ဓားတစ်လက်၏ ရန်သူများပေါင်း၍ လူဖီလေးကို လုပ်ကြံခြင်းပင်ဖြစ်လာနိုင်သေးသည်။

ဖေးအနေနှင့် လူဖီလေးအနားတွင် တောက်လျှောက်နေကာ ကြည့်ရှုမပေးနိုင်ပေ။ သို့သော်လည်း လူဖီလေးကို တပည့်အဖြစ်လက်ခံလိုက်ပါက သိုင်းသူတော်စင်၏ တပည့်တစ်ဦးအနေနှင့် လူဖီလေး၏ အဆင့်အတန်းမြင့်မားသွားမည်ဖြစ်သည်။

ဖေး၏ အမည်၊ စွမ်းအားနှင့် အကာအကွယ်ပေးရာ၌ ကျော်ကြားမှုတို့ကြောင့် ဇင်းနစ်အင်ပါယာအတွင်းရှိမည်သူမျှ လူဖီလေးကို ထိရဲမည်မဟုတ်ပေ။ ထို့ပြင် သိုင်း‌သူတော်စင်တပည်၏ တိုင်းပြည်ဖြစ်သော ရွှယ်လုပြည်မှာလည်း ဘေးကင်းသွားမည်ဖြစ်၏။

ဖေး၏ စကားက အားလုံးကို အံ့ဩသွားစေသည်။ ရွှယ်လုဘုရင်အိုကြီးပင် သူ၏ စိတ်လှုပ်ရှားမှုကို မထိန်းနိုင်ဖြစ်သွား၏။ ရွှယ်လုပြည်အနိုင်ကျင့်ခံရမည်ကို သူ့အနေနှင့် ပူစရာမလိုတော့ပေ။

လှပသော အမျိုးသမီးလည်း ပျော်ရွှင်သွားသည်။ မိခင်တစ်ဦးအနေနှင့် သူ့အပူပန်ရဆုံးကိစ္စက သားဖြစ်သူ၏ အနာဂတ်ပင်ဖြစ်၏။

နေအဆင့်အရှင်ဖြစ်သော သိုင်းသူတော်စင်၏ တပည့်ဖြစ်လာရန်က ဇင်းနစ်ပြည်သား လူငယ်များအားလုံး၏ အိပ်မက်ပင်ဖြစ်သည်။ ဩဇာအာဏာရှိသော မြင့်မြတ်မိသားစုများပင် ဤသို့သော အခွှင့်အရေးရရှိပါက မနက်အိပ်ယာထတိုင်း ရယ်မောနေကြမည်ဖြစ်သည်။

“ သား လူဖီ မြန်မြန် သိုင်းသူတော်စင်ကို ဒူးထောက်ပြီး အရိုအသေပေးပြီးဆရာခေါ်လေ “ လှပသော အမျိုးသမီးမှာ စိတ်လှုပ်ရှားလွန်း၍ အိန္ဒြေပင် မထိန်းနိုင်တော့ဘဲ ငိုကြွေးမိသွား၏။ သိုင်းသူတော်စင်က စကားပြန်လည်ရုတ်သိမ်းမည်ဟု စိုရိမ်ကာ ကလေးကိုဆွဲ၍ ဒူးထောက်ကာ မြေတွင်ခေါင်းကိုဖိကပ်လုမတတ်ပင်ဖြစ်နေသည်။

“ ဆရာ လူဖီ ဆရာ့ကို အလုပ်အကျွေးပြုချင်ပါတယ် ဒီနေ့ကစပြီး ဆရာစကားကိုမြေဝယ်မကျနားထောင်ရင်း စိတ်ရင်းအပြည့်နဲ့ ဆရာ့ကို အလုပ်အကျွေးပြုလိုပါတယ် အပြင်းအထန်ကြိုးစားပြီး ဆရာ့လို စစ်သူရဲတစ်ဦးဖြစ်လာစေရပါမယ် ဆရာ့သိက္ခာလုံးဝမကျစေရပါဘူး “ ကောင်လေးကလည်း ပျော်ရွှင်နေပြီး အမြန်ဒူးထောက်၍ အသံစာစာကလေးနှင့်ပြောနေ၏။ ချစ်စဖွယ်ကလေးငယ်လေး၏ လူကြီးဆန်ဆန်အပြုအမူကြောင့် ဖေးပင်အနည်းငယ်ပြုံးမိသွားသည်။

ထိုမြင်ကွင်းက အားလုံးကို မနာလို အားကျသွားစေ၏။

လူအုပ်ထဲရှိ အားလုံး ဓားတစ်လက်၏သား ကံကောင်းလှသည်ဟု ထင်မြင်မိသွားကြသည်။ သိုင်းသူတော်စင်၏ တပည့်ဖြစ်ရခြင်းက လူသန်းချီမရနိုင်သောကံကောင်းမှုဖြစ်၏။ လူဖီလေးမှာ အဆိုးထဲမှ အကောင်းတွေ့သွားခြင်းဖြစ်သည်။ အားလုံး လူဖီ၏ အနာဂတ်မှာ တောက်ပနေပြီ အင်ပါယာအတွင်း၌ သူ့ကိုမည်သူမျှ မစော်ကာရဲတော့သည်ကို သိလိုက်ကြသည်။

လက်ရှိအခိုက်အတန့်တွင် လူအုပ်ထဲရှိ ငယ်ရွယ်သူများမှာ သိုင်းသူတော်စင်၏ တပည့်ဖြစ်ချင်မိသွားကြ၏။ သို့သော်လည်း မည်သူမျှ ရှေ့ထွက်မတောင်းဆိုကြပေ။ တောင်းဆိုခဲ့လျှင်လည်း ပါရမီလုံလုံလောက်လောက်မရှိဘဲ သိုင်းသူတော်စင်၏ တပည့်မဖြစ်နိုင်မှန်းသိထားကြသည်။

“ ဒီနေ့ကစပြီး မင်းက ငါရဲ့ ဒုတိယတပည့်ဖြစ်သွားပြီ ငါ့ရဲ့တပည့်ကြီးကတော့ ဖီးလစ်အင်ဇာကီပဲ နောက်ကျမင်းသူ့ကိုတွေ့မှာပါ ကဲဒီနေ့တော့ မင်းအဖိုးနဲ့ အမေဆီပြန်ပြီးပြင်ဆင်တော့ သူတို့ကိုနှုတ်ဆက်ပြီးရင်တော့ နက်ဖြန် ငါရဲ့သိုင်းသူတော်စင်တောင်ကိုလာခဲ့ “

ဖေးလည်း သိုင်းသူတော်စင်တံဆိပ်ပြားကို စစ်ခုံရုံးအရာရှိထံမှ ယူပြီး လူဖီလက်ထဲထည့်ကာထွက်ခွာလိုက်တော့သည်။

လူအုပ်ကြီးကတော့ ယနေ့အဖြစ်အပျက်ကို မိသားစုကိုပြန်ပြောပြရန်မစောင့်နိုင်ဖြစ်နေ၏။

“ ဒီနေ့ ငါကွပ်မျက်တာလာကြည့်တာ သိုင်းသူတော်စင်ကိုတွေ့ရမယ်လို့ ဘယ်ထင်မလဲ ငါသိပ်ကံကောင်းတာပဲ “ လူတိုင်းထိုသို့သော အတွေးမျိုးတွေးနေကြသည်။

End