Chapters

ခရစ်စွန်တန် ၁

Vol. 55 Ch. 851

ခရစ်စွန်တန် ၁

Vol. 55 Ch. 851

အင်ပါရီယန်သိုင်းသူတော်စင်မှ ဓားတစ်လက်၏ ကလေးကို တပည့်အဖြစ်လက်ခံခြင်းနှင့် ဓားတစ်လက် လုံးဝအပြစ်ကင်းသည်ဟူသော သတင်းက စိန့်ပီတာဘတ်တစ်မြို့လုံးသို့ ပျံ့နှံ့သွား၏။

မြို့နေလူများအကြားတွင်လည်း ကွပ်မျက်နေရာမှပြန်လာခဲ့သူများ၏ ‌သိုင်းသူတော်စင်ကိုတွေ့ခဲ့ရသည့် အတွေ့အကြုံများနှင့်အတူ ဓားတစ်လက် သူလျှိုလုပ်ကာ တိုက်ခိုက်မှုပြုလုပ်ခဲ့သည်ဟူသော ၎င်းတို့၏ ပုံပြင်များပျံ့နှံ့နေသည်။

စာရုံး၏ တွန်းပို့မှုအောက်တွင် ဓားတစ်လက်မှာ ချမ်းဘော့ဒ်တွင် သေသည့်အထိ တိုက်ပွဲဝင်ပြီး အော်မွန်မင်းသားကိုသတ်ဖြတ်ခဲ့သည့်အကြောင်းမှာ ပျံ့နှံ့သွားသည်။

ဖေး၏ စကားများကြောင့် ဓားတစ်လက်မှာ ဇင်းနစ်သမိုင်း၌ အဆိုးရွားဆုံးသစ္စာဖောက်ဘဝမှာ သစ္စာအရှိဆုံးစစ်သည်တော်အဖြစ်ကူးပြောင်းသွား၏။

အင်ပါယာတော်ဝင်စစ်ရုံးချုပ်နှင့် တော်ဝင်မိသားစုပင် ဓားတစ်လက်အပေါ်ချခဲ့သော အမိန့်ကိုပြတ်ရုတ်သိမ်းလိုက်ကြသည်။ ၎င်းတို့က ဓားတစ်လက်ကို ဂုဏ်ပြုမပေးကြသော်လည်း ရုတ်သိမ်းပေးသည့် ရိုးရှင်းသောလုပ်ရပ်ကလေးကတာသွား၏။

လူအများကို အံ့ဩစေသည်က ဖေး၏ သိုင်းသူတော်စင်ဂုဏ်က ထိုလုပ်ရပ်ကြောင့် ကျဆင်းမသွားပဲ ပိုပိုပြီးလူများအကြားတွင် လေးစားခံလာရသည်။

စိန့်ပီတာဘတ်မြို့ရှိ ရွှယ်လုပြည်အိမ်တော်သို့ လူအများအပြားလာရောက်ကြပြီး နိုဘယ်များပင် ရွှယ်လုတော်ဝင်များနှင့် တွေ့ဆုံခွှင့်ရရန် တန်းစီစောင့်ဆိုင်းနေကြရသည်။

အင်ပါရီယန်သိုင်းသူတော်စင်၏ တပည့်ဟူသော ဂုဏ်ပုဒ်ကြောင့် မည်သူမျှရွှယ်လုမိသားစုနှင့် လာမရှုပ်ရဲကြပေ။

ဒုတိယမြောက်နေ့၌ ရွှယ်လုပြည်အိမ်တော်မှ အနက်ရောင်မြင်းလှည်းတစ်စီးမှာ သိုင်းသူတော်စင်တောင်ရှိရာအရပ်သို့ဦးတည်၍ ထွက်လာသည်။

လမ်းတွင် လူတိုင်းလူတိုင်းမှာ ထိုမြင်းလှည်းက်ု မနာလိုအားကျသောအကြည့်ဖြင့်ကြည့်နေကြ၏။ အားလုံး ရွှယ်လုမင်းသားလေး လူဖီက သိုင်းသူတော်စင်အလက်ဇန္ဒား၏ တရားဝင်တပည့်ဖြစ်ရန် သွားနေခြင်းဖြစ်ကြောင်းသိကြသည်။ ထိုကလေးငယ်က အလွန်ကံကောင်းသူဖြစ်၏။

လူဖီလေးအပြင် သူ့မိခင်လော်ရာနှင့် သူ့အဖိုးလည်းပါလာကြသည်။ ခရီးက ချောမွှေ့လှပြီး မကြာမှီတွင် သိုင်းသူတော်စင်တောင်သို့ရောက်တော့မည်ဖြစ်၏။ သိုင်းသူတော်စင်တောင်မှလူများလည်း တောင်ခြေတွင် စောင့်ဆိုင်းနေကြသည်။

သိုင်းသူတော်စင် ခရာစစ် စစ်ပွဲတွင် ကျဆုံးပြီးနောက် သိုင်းသူတော်စင်တောင်မှာ ပိတ်ချထားသည့် အခြေအနေသို့ရောက်သွား၏။ ကျန်ရစ်သော ခရာစစ်၏ တပည့်များကိုတော့ ဖေးလက်အောက်ခံအဖြစ်လက်ခံထားသည်။ အားလုံးက အစွမ်းထက်သစ္စာရှိ ငယ်သားများဖြစ်ကြသည်။ ဖေးမှာ အများစုကို စာရုံးအဖွဲ့ဝင်အဖြစ် ပို့ပေးထားပြီး အနည်းစုကိုတော့ အနီးကပ်လူများအဖြစ်ထားထား၏။

ယခု သူ သိုင်းသူတော်စင်ဖြစ်လာပြီဖြစ်ရာ ခရာစစ်၏ တပည့်များကို သိုင်းသူတော်စင်တောင်အားစီမံရန်အတွက် သူပြန်လည်ခေါ်ဆောင်လိုက်သည်။

ဗလတောင့်တောင့်နှင့် ဖေးတို့ကိုစောင့်ဆိုင်းနေသော လူငယ်က ခရာစစ်၏ ပါရမီအရှိဆုံး တပည့် မာထရီဖြစ်သည်။ သူက ဖေးနောက်လိုက်ပြီးနောက်ပိုင်း အလျှင်အမြန်အင်အားကြီးလာပြီး ယခုတော့ ကြယ်ရှစ်ပွင့်အထွတ်အထိပ်သို့ရောက်နေပြီဖြစ်သည်။

လူဖီကို မြင်းလှည်းမှ ထုတ်ပြီးနောက် မာထရီကပြောသည်။ " သခင်လေး လူဖီ သိုင်းသူတော်စင်တောင်ကနေ ကြိုဆိုပါတယ် သိုင်းသူတော်စင်က သခင်လေးကိုတောင်ပေါ်မှာ စောင့်နေပါတယ် အရှင်မလော်ကာကတော့ သခင်လေးကိုစောင့်ရှောက်ဖို့တောင်ပေါ်မှာလိုက်နေနိုင်ပါတယ် ရွှယ်လု ဘုရင်နဲ့ ဘုရင်မကတော့ သခင်လေးလူဖီကိုနှုတ်ဆက်ပြီး ပြန်နိုင်ပါတယ်ခင်ဗျ "

မာထရီက လူဖီနှင့် လော်ရာကို တရိုတသေဆက်ဆံသော်လည်း ရွှယ်လုဘုရင်နှင့် ဘုရင်မကိုတော့ သာမန်သာဆက်ဆံသည်။ လူဖီက သိုင်းသူတော်စင်တပည့်ဖြစ်လာပြီဖြစ်ရာ သိုင်းသူတော်စင်တောင်၏ သခင်လေးတစ်ဦးဆိုပါက မမှားပေ။ ရွှယ်လုဘုရင်နှင့် ဘုရင်မကတော့ လက်အောက်ခံနိုင်ငံတစ်နိုင်ငံ၏ အုပ်စိုးသူများသာဖြစ်ရာ သိုင်းသူတော်စင်တောင်အဖွဲ့ဝင်အနေနှင့် အရေးစိုက်စရာမလိုပါ။

End