ခရစ်စွန်တန် ၂
Vol. 55 Ch. 852
မိန်းမလှလေးလော်ရာမှာ အတော်လေး အံ့ဩနေသည်။
သူက သူ့သားနှင့် ပြန်မတွေ့ရတော့ဟု ထင်နေသော်လည်း သိုင်းသူတော်စင်က သူ့ကိုသားငယ်နှင့်အတူ ရှိခွှင့်ပေးခဲ့၏။ ထို့ကြောင့် သူတို့ ခွဲနေစရာမလိုတော့ပေ။
ရွှယ်လု ဘုရင်ကတော့ အနည်းငယ်စိတ်ပျက်သွား၏။ သူက သူ့မြေးထံ သိုင်းသူတော်စင်နှင့် ရင်းနှီးခွှင့်ရရေးအတွက် လာခဲ့ခြင်းဖြစ်သည်။ မာထရီ၏ စကားကြားပြီးနောက်တွင်တော့ မဖြစ်နိုင်တော့မှန်းသိသွားသည်။
ထို့ကြောင့် ရွှယ်လုဘုရင်မှာ မာထရီကိုနှုတ်ဆက်၊ လော်ရာနှင့် လူဖီတို့ကိုနှုတ်ဆက်ပြီး သူဇနီးနှင့်အတူ မြင်းလှည်းစီးကာထွက်ခွာသွား၏။
“ သခင်လေး လူဖီ ခနစောင့်ပါဦးခင်ဗျ ဒီနေ့ အရှင်သိုင်းသူတော်စီဆီ လာရောက်တဲ့သူတွေ နည်းနည်းများနေလို့ “
လူဖီနှင့် လော်ရာကို ဘေးအဆောက်အဦး ၌ နေရာချပြီးနောက် မာထရီမှာ သိုင်းသူတော်စင်တောင်ရင်ပြင်၌ ရပ်ပြီးဖေးကိုစောင့်ဆိုင်းနေ၏။
ခနအကြာတွင် ရွှေရောင်ချပ်ဝတ်နှင့် ခန့်ညားသောလူငယ်လေးတစ်ယောက်ပေါ်လာပြီး မာထရီနှင့်စကားပြောနေသည်ယ မာထရီက သူ့ကို ဖေးဘက်သို့ လက်ညှိုးထိုးပြတော့ သူက ဖေးကိုပြုံးပြသည်။
“ မင်းက လူဖီမှတ်လား ငါက အင်ပါရီယန်သူရဲခေါင်းနန်းတော်က ခရစ်စွန်တန်ပဲ တွေ့ရတာဝမ်းသာပါတယ်ကောင်လေး “
ထိုသို့မိတ်ဆက်ပေးသွားပြီးနောက် လူငယ်လေးက လူဖီ၏ ခေါင်းကိုညှင်သာစွာပုတ်သည်။
သူက ရွှေရောင်နေသူရဲခေါင်းဖြစ်ပြီး ဖေးနှင့်အတူ ဘေးချင်းယှဉ်တိုက်ပွဲဝင်ခဲ့သူဖြစ်၏။ သူက အင်ပါယာ၏ အငယ်ဆုံးသော လအဆင့်လက်ရွေးစင်ဖြစ်ပေသည်။
သူလည်း သိုင်းသူတော်စင်တောင်သို့ အလည်အပတ်လာရောက်ခြင်းဖြစ်၏။
“ တကယ်လား ခင်ဗျားက ကျွန်တော့ဆရာနဲ့ ဘေးချင်းယှဉ်တိုက်ခိုက်ခဲ့တဲ့သူလား “ လူဖီမှာ ကလေးဆန်သောအသံလေးနှင့် စိတ်လှုပ်ရှားဟန်ပြုသည်။ “ ဒီနေ့ အကိုနဲ့တွေ့ရမယ်မထင်မိဘူး တွေ့ရတာဝမ်းသာပါတယ်ဗျာ “
ဤ ကောင်လေးက လူများကို မြှောက်ပြောရာတွင်အတော်လေးတော်သည်။
ဖေးနှင့်အတူ စစ်ပွဲ၌ ဘေးချင်ယှဉ်တိုက်ခိုက်ခဲ့သော ဆရာသခင်တစ်ဦးဖြစ်ရာ ခရစ်စွန်တန်မှာ နာမည်ကြီးတစ်ဦးဖြစ်ပေသည်။
ထို့မတိုင်မှီကလည်း သူက နာမည်ကျော်ဖြစ်၏။ သူ၏ ငယ်ရွယ်မှု ပါရမီ ချောမောခန့်ညားမှုတို့က သူ့နာမည်ကြီးမှုအတွက် မီးလောင်ရာလေပင့်သဖွယ်ဖြစ်နေသည်။ နာမည်ကြီးသူရဲခေါင်းများကို ကလေးငယ်များက လေးစားအားကျတတ်ရာ လူဖီလေးသူ့ကိုသိနေသည်က မထူးဆန်းလှပေ။
ဘေးမှ လော်ရာမှာ ခရစ်စွန်တန်၏ ဇာစ်မြစ်ကိုသိသည်နှင့် လူဖီလေးကိုဘေးသို့ဆွဲပြီး ခရစ်စွန်တန်ကို အရိုအသေပေးလိုက်၏။ “ မစ္စတာ ကွပ်မျက်သူ သူရဲခေါင်းဖြစ်နေတာကို ကျွန်မတို့.....”
“ ကျုပ်ကို ယဉ်ကျေးမနေပါနဲ့အရှင်မ “ ခရစ်စွန်တန်က လော်ရာကို အလျင်အမြန်ပင်ဟန့်တားလိုက်သည်။ “ လူဖီက ခုသိုင်းသူတော်စင်အရှင်ရဲ့ တပည့်ဖြစ်နေပြီဆိုတော့ သူမှာလဲ ဂုဏ်သိက္ခာကှိနေပါပြီ ကျုပ်ကို အရိုအသေပေးလို့မသင့်တော်ပါဘူး “
ခရစ်စွန်တန်က မာနကြီးသူဖြစ်ပြီး သူ့ထက်ငယ်ရွယ်သူများကို သိပ်အရေးစိုက်တတ်သူမဟုတ်ပေ။ သို့သော်လည်း လူဖီက သူ့ကိုချီကျူးထားသည့်အပြင် ဖေး၏ တပည့်လည်းဖြစ်နေသည်။
ဖေးနှင့်သူ့အကြားတွင် ပဋိပက္ခများရှိခဲ့သည်။ သို့သော်လည်း ထိုအရာများက မနေ့ကတိုက်ပွဲ၌ ပြီးသွားပြီဖြစ်သည်။ ဖေးက သူ့ကို လအဆင့်တက်လှမ်းနိုင်ရန်ကူညီခဲ့၏။ သူက ဖေး၏ တပည့်တပိုင်းလိုဖြစ်နေရာ လူဖီနှင့် သူက စီနီယာ ဂျူနီယာသဖွယ်ဖြစ်နေ၍ လူဖီကိုရင်းရင်းနှီးနှီး ဆက်ဆံခြင်းဖြစ်သည်။
သုံးယောက်သား ဆက်လက်စောင့်ဆိုင်းနေကြ၏။ သိုင်းသူတော်စင်တောင်မှ ဆက်လက်၍ လူများထွက်လာနေဆဲဖြစ်သည်။
စွန်တန်၏ သိုင်းအဆင့်က ဓားတစ်လက်ရွှေရောင်အရိုးစု အပူးကပ်မခံရခင်နှင့် တန်းတူဖြစ်ရာ သူက ဗဟုသုတအတော်လေးရှိသည်။ ထို့ကြောင့် လူဖီလေးမေးသမျှဖြေရင်း စကားကောင်းနေကြသည်။
လော်ရာကတော့ ဘေးမှသာ ပြုံးကြည့်နေ၏။ ဆယ်မိနစ်ခန့်ကြာပြီးနောက်တွင်တော့ မြင်းခွာသံများထွက်ပေါ်လာ၍ စွန်တန်လှည့်ကြည့်မိသွားသည်။ ထို့နောက်တွင်တော့ စွန်တန်မျက်နှာပျက်သွား၏။
End