မာကြောသူများ ၁
Vol. 55 Ch. 853
လူဆယ်ဦးမှာ သိုင်းသူတော်စင်တောင်သို့မရောက်မှီ ဦးစွာရင်ပြင်ပေါ်သို့ရောက်လာကြသည်။
ဦးဆောင်လာသူက ခပ်ပိန်ပိန်ရှိပြီး သာမာန်ဝတ်စုံကိုဝတ်ဆင်ထားကာ အရပ်ရှည်ခြင်းမရှိပေ။ သူက မေးစေ့နှင့် ပါးစပ်သာပေါ်လွင်သော ငွေမျက်နှာဖုံးကိုဝတ်ဆင်ထားသည်။ သူကအတော်လေးငယ်ရွယ်ပြီး အသက်၂၀ဝန်းကျင်သာရှိကာ ငွေရောင်ဆံရှည်များက လေထဲတွင်တဖျပ်ဖျပ်လူးလွန်နေ၏။ သူက တည်ငြိမ်အေးဆေးပုံရသော်လည်း သူ့ထံမှ အန္တရာယ်အငွေ့အသက်များထွက်ပေါ်နေသည်။
ထိုလူငယ်လေးအနောက်ရှိ လူကိုးဦးမှာလည်း အနက်ရောင်ဝတ်ရုံများဝတ်ဆင်ထားပြီး ကြောက်မက်ဖွယ်ရာအရှိန်အဝါများ ထုတ်လွှင့်နေကြသည်။ ထိုလူများက အသက်အရွယ်အမျိုးမျိုးရှိကြပြီး အချို့က ခြောက်ဆယ်အရွယ် လူကြီးများဖြစ်ကာ အချို့က နှစ်ဆယ်အရွယ်လူငယ်များဖြစ်ကြသည်။ အားလုံးက သာမန်ရုပ်ရည်သာရှိသော်လည်း မျက်လုံးများက ထက်ရှနေပြီး အရှိန်အဝါလည်းကြီးကြသည်။
အများစုက ကြယ်ခြောက်ပွင့်နှင့် ရှစ်ပွင့်ကြားတွင်ရှိပြီး နှစ်ယောက်က ခရစ်စွန်တန်နှင့်အဆင့်တူ အဆင့်နိမ့်လအဆင့်သို့ရောက်နေသည်မှာ အထင်ကြီးစရာဖြစ်သည်။
၎င်းတို့ကို ဦးဆောင်လာသူလူငယ်က မြင်းပေါ်မှ ခုန်ဆင်းချပြီး ၎င်းတို့ကို့စောင့်ဆိုင်းနေသော မာထရီကို ပုခုံးပုတ်ကာ အဆောက်အဦးတွင်းသို့ဝင်သွား၏။
၎င်းတို့က သိုင်းသူတော်စင်တောင်သို့ လာရောက်သော နောက်ဆုံးအသုတ်ဖြစ်ကြောင်း ထင်ရှားလှပေသည်။
“ အဲ့တာသူပဲ “ ရွှေနေမင်းသူရဲခေါင်းမှာ မျက်နှာဖုံးစွတ်လူငယ်လေးကိုကြည့်ပြီး အံ့ဩနေသည်။ ထိုသူပါ ရောက်လာမည်ဟု သူမထင်ထားပါ။
“ အကိုစွန်တန် သူတို့ကို သိတာလား သူတို့ရော ဆရာ့ဆီအလည်လာတာလား “ လူဖီက ကလေးဆန်သောအသံလေးနှင့်ပြောသည်။
“ ငါသေတော့မသေချာဘူး သူတို့ဖြစ်ပုံရတယ် “ ခရစ်စွန်တန်က လူဖီလေး၏ ခေါင်းကိုပွတ်ရင်းပြော၏။ “ သူတို့အနားသိပ်မသွားနဲ့ သူတို့က ခပ်မာမာလူစားတွေ “
“ သူတို့က အန္တရာယ်များလို့လား သူတို့ကဘယ်သူတွေလဲ “ လူဖီက သိလိုစိတ်ဖြင့်မေးသည်။
“ သူတို့က လျှို့ဝှက်မြေအောက်အဖွဲ့အစည်းတစ်ခုကပဲ ဟိုငွေမျက်နှာဖုံးစွပ်လူငယ်လေးက ခေါင်းဆောင်နှစ်ဦးထဲက တစ်ဦးပဲ သူ့နောက်ကြောင်း သူဘယ်ကလာတယ်ဆိုတာ ဘယ်သူမှမသိဘူး သူ့နောက်မှာဘယ်သူရှိတယ်ဆိုတာလဲ ဘယ်သူမှမသိဘူး သူ့နာမည်ပြောင်က လူငယ်လေးတဲ့ အဲ့အဖွဲ့စပေါ်တာ လွန်ခဲ့တဲ့တစ်နှစ်ကမှ “
“ သူတို့ကို အစကဘယ်သူမှသတိသိပ်မထားမိဘူး ဒါပေမယ့် တစ်နှစ်အတွင်းမှာပဲ အင်ပါယာရဲ့တရားဝင်မဟုတ်တဲ့ သတင်းကွန်ရက်အကောင်းဆုံးအဖွဲ့ဖြစ်လာခဲ့တာ အင်ပါရီယန်စစ်ရုံးချုပ်နဲ့ တော်ဝင်မိသားစုရဲ့ စုံစမ်းရေးဌာနတွေတောင် သူတို့အကြောင်းသိပ်မသိဘူး အဲ့အဖွဲ့အစည်းရဲ့ အသန်မာဆုံးသူက အဝါရောင်သွေးကဲဝတ်ရုံပဲ သူ့က မြေအောက်လောကမှာအသန်မာဆုံးသူပဲ သူဘယ်လောက်သန်မာလည်းတော့ဘယ်သူမှမသိကြဘူး လူအများစုပြောတာကတော့ သူက နေအဆင့်အရှင်တဲ့ “ ခရစ်စွန်တန်က ခပ်တိုးတိုးပြောပြသည်။
ကွပ်မျက်သူသူရဲခေါင်း၏ နှုတ်မှထွက်လာသောစကားများဖြစ်ရာ လော်ရာမှာယုံကြသည်ပေသည်။ ထို့ကြောင့် သူ့သားကိုအမြန်လှမ်းဆွဲပြီး ရင်ခွင်ထဲထည့်ကာ ပါးစပ်ပိတ်လိုက်၏။ အာသွက်ကလေး စကားပြောမှားမည်စိုးရိမ်၍ဖြစ်သည် ။
စွန်တန်မှာ ငယ်ရွယ်သော်လည်း အစွမ်းထက်က နိုဘယ်မိသားစုမှ မွေးဖွားသူဖြစ်၏။ ထို့ကြောင့် သူ့အနေနှင့် ထောင်လွှား၍နေနိုင်ပေသည်။ သို့တိုင်အောင် စွန်တန်ပင်လျှင် စိုးရိမ်ရသည်ဖြစ်ရာ ထိုငွေမျက်နှာဖုံးစွမ်လူငယ်မှာ မည်မျှထိ ကြောက်မက်ဖွယ်ရာကောင်းသည်ကို သိနိုင်ပေသည်။
မာထရီ၏ ဦးဆောင်မှုဖြင့် ထိုလူဆယ်ဦး ခန်းဆောင်သို့ရောက်လာကြ၏။
ထိုငွေမျက်နှာဖုံးစွပ်လူငယ်က စွန်တန်တို့ရှိရာသို့ အကဲခတ်နေသည်မှာသိသာလှသည်။ သူက စံန်တန်ကိုကြည့်ပြီး မည့်သို့အတွေးပေါက်သည်မသိ သူသာလျှင်သိသောအပြုံးမျိုးပြုံး၏။ လူဖီကိုလည်းတစ်ချက်လှမ်းကြည့်သည်။ ထို့နောက်တွင်တော့ သူ့လူများဘက်လှည့်ပြီးသာ စကားပြောနေတော့သည်။
End